ဇာတ်သိမ်းဆိုတာ

တစ်ခန်းရပ်လိုပါ

ဒီနေရာမှာရပ်လိုက်ပေမယ့်

ဟိုတစ်ဖက်မှာ

တစ်ခြားဇာတ်ရုပ်နဲ့ ထွက်ပေါ်လာမှာပဲ

ငါမရှိတဲ့

နင့်နှလုံးသားမှာ

အဖော်ပြုမယ့်သူက နည်းမှမနည်း

ငါတောင် ဂျူနီယာဖြစ်ပေမယ့်

တစ်ခြားတစ်ဖက်မှာ

အများစုရဲ့ စီနီယာပေါ့

ဒီအထာကို

ရီတာပေါ့လို့ မပြောနိုင်

ဝေဒနာကိုကြိတ်

ဒဏ်ရာကိုပိတ်လို့

ငှက်တစ်ကောင်နဲ့အတူ ငါပျံသန်းလိုက်တယ်

တိမ်ပေါ်မှာ အရုပ်ရေး

အရှုပ်အထွေးကင်းတဲ့

ရွာပြင်မှာ

ဖူးစာကို ဦးရာလို့မသတ်မှတ်

မင်းအတွက်နဲ့ ငါဟာ မျက်ရည်စက်လက်

ဒိအတွက်နဲ့

အချစ်ကို ဇာတ်သိမ်းတော့မယ်

နောက်ထပ်…..

ချစ်ရမည့်သူ မပေါ်သ၍ပေါ့ …………

အကျဉ်းထောင်က (နှလုံးသားမြို့)

မင်းကောင်

 

 

မိုးသောက်ချိန်

About မိုးသောက်ချိန်

has written 57 post in this blog.

ရှူးးးးးးးးးးးးးးးးးးး ...................

Related posts:

  1. သတင်းထူးမဟုတ်ပါဘူး (စတင်မိတ်ဆက်ခွင့်ပေးပါ)
  2. သူကြီးကို ထောက်ခံတာလား !!!!!!!!!!
  3. တိတ်တခိုးအချစ်
  4. ဇာတ်သိမ်း (ကဗျာ)
  5. ကြာပန်းလေးတွေရဲ့ ဒဏ္ဍာရီ(၁၀) ဇာတ်သိမ်း