၂၀၁၀ ဇွန်လ ၁ ရက်နေ့ နံနက် ၉း၃၀ မှ ၁၁း၃၀ အထိ၊ ရန်ကုန်မြို့ Myanmar Info-Tech၊ Room 205 တွင် NUS က GDSS (Graduate Diploma in Systems Studies) ၀င်ခွင့်စာမေးပွဲကျင်းပပြီးစီးခဲ့သည်။ စာရင်းရှိ ၆၃ ဦးရှိပြီး ၆၂ ဦးဝင်ရောက်ဖြေဆိုခဲ့သည်။ အားလုံးအတွက် ကံကောင်းပါစေဟု ဆုတောင်းပေးပါတယ်။
ဝင်ရောက်ဖြေဆိုသူအများစုမှာ ရန်ကုန်နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ်များ (UCSY, UCSM) မှဘွဲ့ ရအများစုဖြစ်သည်။ အသက်အားဖြင့် ၁၉၇၃ခုနှစ်မွေးဖွားသူ (၃၇ နှစ်) မှ ၁၉၈၉ခုနှစ်မွေးဖွားသူ (၂၁ နှစ်) အထိရှိကြောင်းတွေ့ ရသည်။
ဖြေဆိုသူအများစုသည် သချာင်္ပိုင်းတွင်တော်ကြသော်လည်း အင်္ဂလိပ်စာပိုင်းတွင်အတော်အားနည်းကြောင်းတွေ့ ရသည်။ Myanmar Info-Tech ကိုပင် Info Teach ဟုပင် မှားယွင်းရေးကြသည်။ ဖြေဆိုသူအများစုသည်လည်း Transcript မထုတ်ရသေးသော၊ Transcript ကိုပင်ဘာမှန်းမသိသေးသောသူများလည်းပါဝင်နေကြောင်းထူးဆန်းစွာတွေ့ ရှိရသည်။ သက်ဆိုင်ရာကျောင်းများက မည်သည့်အခါကမှ မထုတ်ပေးကြောင်းကိုလည်း အတင်းအကြပ် ငြင်းဆိုသည်များကိုလည်းတွေ့ ရသည်။
စာမေးပွဲကို NUS မှဝန်ထမ်းများနှင့် BC မှဝန်ထမ်းများက ပူးပေါင်းစောင့်ကြပြီး အမှတ်ခြစ်ချင်းနှင့် ကျန်ကိစ္စများအားလုံကို NUS က၀န်ထမ်းများကပင် ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Kaung Myat Htut

About Kaung Myat Htut

Kaung Myat Htut has written 23 post in this blog.

Currently working as Lecturer in Regent Business Academy and YIUS (Yangon Institute of University Studies) lecturing E-Commerce, Information Systems & Organization, Marketing, Introduction to Computing and Programming subjects. Also Working as a Translator/Writer in PC World Myanmar and Auto Mobile PC Guide Magazine.

Related posts:

  1. သူငယ်ချင်းထံမှ Passport ကောက်ရကြောင်း Forward Message
  2. အသုံးဝင်တဲ့ IT Websites
  3. ရန်ကုန်-မန္တလေးလမ်းပိုင်း၌ သင်္ကြန် အထူးရထား အစုန်/အဆန် နှစ်စင်း ပြေးဆွဲမည့် အစီအစဉ် ကြိုတင် အသိပေး ကြေညာ
  4. ၀န်ထမ်း အိမ်ခန်းနေရာများ နေရာချထားရာတွင် အဂတိလိုက်စားမှုများရှိနေ
  5. Mr. Kurt Campbell နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ သုံးဦး ပုံကို လျှပ်တပြက် ဝိုင်းတော်သားတွေ ဖိုတိုရှော့နဲ့ သုံးပြီး ပြည်သူကို လိမ်လည်ခြင်းလား ?