တိုးမြှင့်ပေးသင့်ပြီဖြစ်သော အရပ်ဘက်ဝန်ထမ်းလစာ
|529- Hits|မြန်မာနိုင်ငံမှာ တပ်မတော်အစိုးရကနေ အရပ်သားအစိုးရပုံစံပြောင်းလဲခဲ့ရာ သမ္မတကြီးဦးသိန်းစိန်မှ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီကျင့်စဉ်များထွန်းကားရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရဖြစ်ပေါ်ရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများရရှိရေး၊ ပညာရေးနှင့်ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် အနာဂတ်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပေးကြေငြာခဲ့ပါတယ်..။
သမ္မတကြီးရဲ့ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရဖြစ်ပေါ်ရေးမှာ နိုင်ငံ့ဝန်ထမ်းများရဲ့ အခန်းကဏ္ဍဟာ အရေးပါပါတယ်..။ ၀န်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်လို့ ဆိုစကားရှိပါတယ်..။ ၀န်ထမ်းများ စားဝတ်နေရေးပြေလည်ပြီး ကျန်းမာချမ်းသာမှ တိုင်းပြည်တာဝန်များကို အားကျိုးမာန်တက် ထမ်းရွက်နိုင်မှာ ဖြစ်ပါတယ်..။ စားဝတ်နေရေးမပြည့်စုံတဲ့ ၀န်ထမ်းတွေအနေနဲ့ လာဘ်ပေးလာဘ်ယူစနစ်ကို ငြင်းဆန်နိုင်ဘို့ မလွယ်ကူပါ..။ (ရာထူးကြီးအာဏာပိုင်ဗျူရိုကရက်များနဲ့ လုပ်ငန်းရှင်တွေပူးပေါင်းပြီး လက်ဝါးကြီးအုပ် ဝေစားမျှစားလုပ်တာကတော့ စားဝတ်နေရေး မပြည့်စုံလို့ မဟုတ်နိုင်ပါ..။)
နောက်ပြီး ကိုယ့်မိသားစုကို လူတန်းစေ့မထားနိုင်တဲ့ လစာနှုန်းထားနဲ့ တော်တဲ့၊ ကောင်းတဲ့ အစိုးရ၀န်ထမ်းများရဖို့ မဖြစ်နိုင်ပါ..။ ၀န်ထမ်းကောင်းတွေမရှိဘဲ ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ သန်ရှင်းသောအစိုးရဆိုတာ အောင်မြင်ဖို့ မလွယ်ကူပါ..။ အာဆီယံနိုင်ငံအချို့မှာ အစိုးရ၀န်ထမ်းအဖွဲ့ကို ကျစ်ကျစ်လစ်လစ်ဖွဲ့စည်းပြီး အတော်ဆုံးလူတွေကို လခကောင်းကောင်းပေး စုဆောင်းတယ်လို့ သိရပါတယ်..။ အနိမ့်ဆုံးဝန်ထမ်းလစာတွေကို လူနေမှုစရိတ်နဲ့ကာမိအောင် ညှိနှိုင်းပေးပါတယ်..။ အရာထမ်းများအနေနဲ့ စင်ကာပူနိုင်ငံမှာ အင်ဂျင်နီယာဘွဲ့ရများ၏အလုပ်ဝင်စ ပျမ်းမျှအခြေခံလစာဟာ စင်ကာပူဒေါ်လာ ၂၇၄၅၊ ဥပဒေပညာဘွဲ့ရများ၏ အခြေခံလစာဟာ စင်ကာပူဒေါ်လာ ၂၇၃၈ (မြန်မာငွေ ၁၆သိန်းခန့်) ဖြစ်ကြောင်း သိရပါတယ်..။
မြန်မာနိုင်ငံမှာတော့ အရပ်ဘက်တက္ကသိုလ်များမှ ဘွဲ့ရပညာတတ်များအနေနဲ့ မိမိပညာနဲ့ကိုက်ညီတဲ့ အစိုးရအလုပ်ရဖို့ မလွယ်ကူဘဲ၊ အထူးသဖြင့် အစိုးရပြန်တမ်းဝင်အရာရှိဖြစ်ရန် ခက်ခဲပါတယ်..။ စစ်ဘက်တက္ကသိုလ်များမှ ကျောင်းဆင်းများမှာ တိုက်ရိုက်ပြန်တမ်းဝင်အရာရှိခန့်အပ်ခံရပြီး လစာငွေမှာလည်း အရပ်ဘက်ပြန်တမ်းဝင်အရာရှိနဲ့ အလွန်ကွာခြားပါတယ်.။ အရပ်ဘက်ကူးပြောင်းတာဝန်ထမ်းဆောင်တဲ့ စစ်ဘက်ဝန်ထမ်းများအနေနဲ့ အရပ်ဘက်လစာငွေအပြင် စစ်ဝန်ထမ်းပင်စင် (၂)ခုပူးတွဲခံစားနိုင်ပါတယ်..။
ယခင်တပ်မတော်အစိုးရလက်ထက်က အရပ်သားဝန်ထမ်းများရဲ့လစာကို နှိမ့်ချထားပြီး စစ်ဘက်ဝန်ထမ်းလစာများအား တိုးမြှင့်ပေးခဲ့တဲ့အတွက် လစာနှုန်းထားများ (၂)ဆလောက် ကွာဟနည်းပါးနေပါတယ်..။ စစ်ဘက်ဝန်ထမ်းများ (အထူးသဖြင့် ရာထူးကြီးအဆင့်)အနေနဲ့ လက်ရှိလူနေမှုစရိတ်များကို ကျော်လွှားဖို့ အခက်အခဲမရှိပေမယ့် အရပ်ဘက်ဝန်ထမ်းများမှာ လက်ရှိကုန်ဈေးနှုန်းများ၊ မီတာခများ၊ ရထားခ၊ ကားခ၊ နေထိုင်ရေးစရိတ်များကို ရင်ဆိုင်ဖို့ ခဲယဉ်းပါတယ်..။
နိုင်ငံတော်အစိုးရအနေနဲ့ ဈေးကွက်စီးပွားရေးအရ ယခင်အစိုးရအဆက်ဆက် အရှုံးခံရောင်းချလာတဲ့ လောင်စာဆီ၊ မီတာခ၊ သယ်ယူပို့ဆောင်ခများကို ကမ္ဘာ့ပေါက်ဈေးနဲ့အညီ တိုးမြှင့်ခဲ့ပြီးဖြစ်တဲ့အတွက် အရပ်ဘက်ဝန်ထမ်းလစာများကိုလည်း (ကမ္ဘာ့အဆင့်မီ၊ အာဆီယံအဆင့်မီမဟုတ်တောင်) တိုင်းပြည်တာဝန်ကို အတူတကွထမ်းဆောင်နေတဲ့ စစ်ဘက်ဝန်ထမ်းများနည်းတူ လစာမြှင့်တင်ပေးရင် ကျိုးကြောင်းဆီလျော်ပြီး မျှတမှုရှိလိမ့်မယ်လို့ ထင်ပါတယ်..။ (တစ်ခြားရည်ရွယ်ချက်နဲ့ စစ်ဘက်အရပ်ဘက်လစာငွေတွေကို တမင်နှိမ့်ချခွဲခြားထားတာ မဟုတ်ဘူးဆိုရင်)။ သို့မှသာ စစ်ဘက်၊ အရပ်ဘက် နိုင်ငံဝန်ထမ်းအချင်းချင်း အခွင့်အရေးတန်းတူညီမျှ သွေးမကွဲဘဲ စည်းလုံးညီညွတ်စွာနဲ့ တိုင်းပြည်တာဝန်များ အတူတကွထမ်းဆောင်နိုင်ကြမှာ ဖြစ်ပါတယ်..။
နိဂုံးချုပ်အနေနဲ့ ယခုပြည်ထောင်စုလွှတ်တော်ခေါ်ယူပြီး နိုင်ငံတော်ဘတ်ဂျက်အတွက် စည်းဝေးတိုင်ပင်နေတဲ့အချိန်မှာ မလိုအပ်တဲ့အခြားကုန်ကျစရိတ်တွေကို လျှော့ချပြီး အမှန်တကယ်လိုအပ်နေတဲ့ အရပ်ဘက်ဝန်ထမ်းများရဲ့လစာငွေအား တိုးမြှင့်ပေးခြင်းဖြင့် နိုင်ငံဝန်ထမ်းများ၏လူမှုစီးပွားရေးဘ၀မြင့်မားတိုးတက်ပြီး အစိုးရကောင်းတစ်ရပ် ပေါ်ထွန်းလာနိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါတယ်..။
(၂-၂-၂၀၁၂ မြန်မာ့အလင်းသတင်းစာပါ ဒုရဲအုပ်သင်တန်းသားခေါ်ယူတဲ့ကြော်ငြာကို ဖတ်မိပြီး ရေးလိုက်တာပါ..။ လျှောက်ထားသူများဟာ ဘွဲ့ရဖြစ်ရမှာဖြစ်ပြီး သင်တန်းဆင်းရင် လစာငွေ(၅၃၀၀၀-၁၀၀၀-၅၈၀၀၀) ရမယ်လို့ ဆိုပါတယ်.။ ဥပဒေစိုးမိုးဖို့ သက်စွန့်ဆံဖြားထမ်းဆောင်ရမဲ့ ရဲအရာရှိတစ်ယောက်ရဲ့ လစာငွေဟာ တစ်ရက်ကို ကျပ်၂ထောင် မရှိပါဘူး..။ ဒီလစာနဲ့ မိသားစုစားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘယ်လိုသုံးမလဲ..? ။ ဥပဒေပြင်ပက ကမ်းလှမ်းလာမဲ့ လာဘ်လာဘတွေကို ဘယ်လိုရင်ဆိုင်မလဲ..?)
Related posts:
- ထောင်ဒဏ်နှင့်ငွေဒဏ် တိုးမြှင့်ပြင်ဆင်ထားသော အိန္ဒိယ အက်ဥပဒေကို မြန်မာရေလုပ်သားများ သတိပြုရန်လို
- စတေကာကပ် ယာဉ်များအား အမြင့်ဆုံးစီမံချက် ဒဏ်ကြေးငွေ ကျပ်သုံးသိန်းအထိ တိုးမြှင့်ကာ ပိုမို တင်းကြပ်စွာ အရေးယူနေ
- မြောက်ကိုရီယား ခေါင်းဆောင် သူ့သားငယ်အား ဗိုလ်ချူပ်ရာထူး တိုးမြှင့်ပေး
- ေဆးလိပ်ေသာက်ြခင်းေြကာင့် ဆယ်ေကျာ်သက်များ စိတ်ကျေဝဒနာ ြဖစ်နိုင် ေြခတိုး
- စစ်ရေးပူးပေါင်းမှု တိုးမြှင့်ရန် တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး


အာဗျာ………….ဒါက တရားဝင် ရမှာကိုပြောထားတာလေဗျာ………………
Was this answer helpful?
LikeDislikeကျွန်တော်တို့ဆီမှာ လခဆိုရင် တရားဝင်ရတာက ဘယ်လောက်..။ အောက်ဆိုဒ်ကဘယ်လောက်..လို့ ပြောကြတယ်..။
တစ်ချို့က ရာထူးကအရေးမကြီးဘူး..။ နေရာက အရေးကြီးတယ်လို့လည်း ပြောကြတယ်..။
ဘယ်နည်းနဲ့ရရ ပိုက်ဆံရှိရင် လူရာဝင်တယ်လို့ အများက ထင်ကြတယ်..။
တရားမ၀င် ၀င်ငွေရတာ ဂုဏ်ယူနေကြတယ်..။
သမ္မတကအစ သန့်ရှင်းရေးအထိ အရည်အချင်းရှိတဲ့ အကျင့်ကောင်းတဲ့ဝန်ထမ်းတွေ များများရှိလာမှ ကျွန်တော်တို့ တိုင်းသူပြည်သားတွေ စိတ်ချမ်းသာပါမယ်..။
အခုရနေတဲ့တရားဝင်လစာငွေနှုန်းနဲ့ဆိုရင် (ပါမစ်တွေ၊ မြေကွက်ဝယ်ခွင့်၊ ကားလျှောက်ခွင့်တွေမပါ) ၀န်ထမ်းတော်တော်များများ မှန်မှန်ကန်ကန်ရပ်တည်ဖို့ မလွယ်ကူပါ..။
Was this answer helpful?
LikeDislikeကိုယ်တွေမှာတော့ အစိုးရ၀န်ထမ်းလုပ်တာ ၇ နှစ်ကျော်ပြီ အောက်စိုက်ဆိုတာဘာမှန်းတောင်မသိဘူး ရတဲ့လစာကိုပဲ တစ်နေ့ကို ဘယ်လောက်ပဲ သုံးမယ်ဆိုပြီး ရှိတဲ့ပိုက်ဆံလေးကို ရေတွက်နေရတာ
Was this answer helpful?
LikeDislikeမကျေနပ်ဘူး မကျေနပ်ဘူး ဒါတွေကို မကျေနပ်တော့ဘူး
စစ်ဘက်တက္ကသိုလ်များမှ ကျောင်းဆင်းများမှာ တိုက်ရိုက်ပြန်တမ်းဝင်အရာရှိခန့်အပ်ခံရပြီး လစာငွေမှာလည်း အရပ်ဘက်ပြန်တမ်းဝင်အရာရှိနဲ့ အလွန်ကွာခြားပါတယ်.။ အရပ်ဘက်ကူးပြောင်းတာဝန်ထမ်းဆောင်တဲ့ စစ်ဘက်ဝန်ထမ်းများအနေနဲ့ အရပ်ဘက်လစာငွေအပြင် စစ်ဝန်ထမ်းပင်စင် (၂)ခုပူးတွဲခံစားနိုင်ပါတယ်..။
စစ်ဗိုလ်တွေကို အပြစ်မဆိုချင်တော့ပေမယ့်
အရပ်ဘက်ဌာနတွေကို ဟိုဘက်ကနေလှိမ့်ဝင်
မိခင်ဌာနမှာ အောက်ကလူတွေက ရာထူးတွေကြပ်နေတော့ ရာထူးမတက် ပိတ်မိကုန်
ပင်စင်သာယူသွားတယ် ပြန်တမ်းဝင် အရာရှိမဖြစ်လိုက်ရတဲ့ အရပ်ဘက် အရာရှိငယ်တွေ တစ်ပုံကြီး ……
ဒါတွေကို ပြင်ပေးကြပါဗျို့ ….
Was this answer helpful?
LikeDislikeဒီမိုကရေစီနိုင်ငံတစ်ခုမှာ နိုင်ငံ့ဝန်ထမ်းအချင်းချင်း လစာဝင်ငွေ ခွဲခြားထားခြင်းဟာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်…။
တပ်မတော်သားတွေ သက်စွန့်ကျိုးပမ်း တာဝန်ထမ်းဆောင်ရတာရှိသလို အရပ်ဘက်ဝန်ထမ်းများလည်း ပင်ပင်ပန်းပန်း တာဝန်ထမ်းဆောင်ရတာ ရှိပါတယ်..။
အတွေ့အကြုံရင့်ကျက်တဲ့ အင်ဂျင်နီယာကြီးတွေ၊ ဆရာဝန်ကြီးတွေဟာ စစ်တက္ကသိုလ်ကျောင်းဆင်း ဒုဗိုလ်တစ်ယောက်ထက် လစာငွေအများကြီးလျော့နည်းတာ ပညာရှင်တွေအတွက် ၀မ်းနည်းစရာ ကောင်းပါတယ်..။ တရားမ၀င် အောက်ဆိုဒ်ငွေမရဘဲ လစာသက်သက်နဲ့ ရပ်တည်ရမယ့် ပညာရှင်တွေအနေနဲ့ လစာအရရော၊ သိက္ခာအရရော အစိုးရအလုပ်လုပ်ဖို့ ခဲယဉ်းပါလိမ့်မယ်..။ ၀န်ထမ်းကောင်းတွေနည်းရင် အစိုးရလည်းညံ့ဖျင်း၊ တိုင်းပြည်လည်းဒုက္ခရောက်ပါလိမ့်မယ်..။
အရင်တပ်မတော်အစိုးရလက်ထက်မှာ စစ်ဘက်ဝန်ထမ်းလစာငွေနဲ့ အရပ်ဘက်ဝန်ထမ်းလစာငွေ ခွဲခြားထားတာ မပြောလိုပေမယ့် အခု အရပ်သားဒီမိုကရေစီအစိုးရလက်ထက်မှာ ပြုပြင်သင့်တယ်လို့ ထင်ပါတယ်..။
Was this answer helpful?
LikeDislikeပက်ပက်စက်စက် ကိုတိုးပေးသင့်ကြောင်းပါ။
Was this answer helpful?
LikeDislikeတစ်ခုဘဲပြတ်ပြတ်သားသားပြောပါရစေ။အရပ်ဘက်လစာတွေ(အရပ်ဘက်လစာတွေ)တိုးပေးသင့်ပါတယ်။ကျွတ်တော်အစိုးရအလုပ်မလုပ်ပါ။
Was this answer helpful?
LikeDislikeတစ်ခုဘဲပြတ်ပြတ်သားသားပြောပါရစေ။အရပ်ဘက်လစာတွေ(အရပ်ဘက်လစာတွေ)တိုးပေးသင့်ပါတယ်။ကျွန်တော်အစိုးရအလုပ်မလုပ်ပါ။
Was this answer helpful?
LikeDislikeအရပ်ဘက်လစာတွေတိုးပေးသင့်တယ်။ကျွန်တော်အစိုးရလခစားမဟုတ်ပါ။
Was this answer helpful?
LikeDislikeတိုးသင့်တာကြာပါပြီ…..အောက်ချေဝန်ထမ်းကို..အခြေခံပြီး..စားလောက်တဲ့လစာငွေပမာနကို…
တိုးမြင့်သင့်ပါတယ်…ဒါမှလဒ်ပေးလဒ်ယူတွေပပျောက်သွားမှာပါ.
Was this answer helpful?
LikeDislikeကျနော် အစိုးရဝန်ထမ်းပါ. လစာနှင့်ထမင်းဝဝစားရန်မလောက်ပါ. ဘာနဲ့စားသလဲ. မိန်းမလုပ်စာမှီစားနေတယ်. လစာကတော့ မိန်းမသုံးနေတဲ့ ဖွတ်ချက်လေးရဲ့ ဆီဘိုးပါ..
Was this answer helpful?
LikeDislikeကျွန်တော်တို့ တော့ ဖြစ်လာပါစေလို့ မျှော်ကိုးပါတယ်။ အပြောအဆိုခံနေရတာလည်း များလှပါပြီ။ အုပ်ချုပ်ရေးမှူးရဲ့ အပြောအဆိုကိုပါ။ တစ်ခြားမဟုတ်ပါဘူး။ အုပ်ချုပ်ရေးမှူးဆိုတာ အိမ်က အချစ်တော်ကြီးကို ပြောတာပါ။ ( မိန်းမလေ )
Was this answer helpful?
LikeDislikeကိုသန်းလွင်ဦး ပြောသလိုပါဘဲ။မေးထားတဲ့မေးခွန်းလေး အရမ်းကောင်းပါတယ်ဗျာ။ပြန်ကူးပြီးမန့် လိုက်ပါတယ်။
တကယ်တော့ ရဲဝန်ထမ်းတွေ ဆင်းရဲကြပါတယ်။တချို့ ဆိုတော်တော်လေးသနားစရာပါ။
(၂-၂-၂၀၁၂ မြန်မာ့အလင်းသတင်းစာပါ ဒုရဲအုပ်သင်တန်းသားခေါ်ယူတဲ့ကြော်ငြာကို ဖတ်မိပြီး ရေးလိုက်တာပါ..။ လျှောက်ထားသူများဟာ ဘွဲ့ရဖြစ်ရမှာဖြစ်ပြီး သင်တန်းဆင်းရင် လစာငွေ(၅၃၀၀၀-၁၀၀၀-၅၈၀၀၀) ရမယ်လို့ ဆိုပါတယ်.။ ဥပဒေစိုးမိုးဖို့ သက်စွန့်ဆံဖြားထမ်းဆောင်ရမဲ့ ရဲအရာရှိတစ်ယောက်ရဲ့ လစာငွေဟာ တစ်ရက်ကို ကျပ်၂ထောင် မရှိပါဘူး..။ ဒီလစာနဲ့ မိသားစုစားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘယ်လိုသုံးမလဲ..? ။ ဥပဒေပြင်ပက ကမ်းလှမ်းလာမဲ့ လာဘ်လာဘတွေကို ဘယ်လိုရင်ဆိုင်မလဲ..?)
Was this answer helpful?
LikeDislikeလူလွတ်တောင်မလောက်တာပါ
Was this answer helpful?
LikeDislike၅၃၀၀၀ ဆိုတာအကြီးတန်းစာရေးလစာနဲ.တူတူပါပဲလား။ ဒုရဲအုပ်လစာကအဲဒီလောက်ပဲရတာလား
Was this answer helpful?
LikeDislikeဟုတ်ပတော် ဟုတ်ပ ။ စစ်တပ်က တစ်ပွင့် နဲ့ ရဲက တစ်ပွင့်လစာ က ကွာခြားပါတယ်တော် ။ ဘွဲ့ရပညာတတ် အရာရှိလို့သာပြောတယ် နေရတာကို ကြည့်ဦးမလား ။ အမိုးစုတ် အကာပေါက်ပြီး အခင်းကကျွံကျနေတဲ့ အခန်းကျဉ်းကလေးထဲမှာ နေရတာပါတော်ရေ ။
တစ်လတစ်လ တပ်သားသစ်မစုဆောင်းနိုင်လို့ အထုအထောင်းခံရတာလဲ ရှိသေး ။ အရာရှိတောင် ဒီလောက်ဖြစ်နေတာ ဘယ်သူကကိုယ့်ဘ၀အတွက်အာမခံချက် မရှိပဲ တပ်ဖွဲ့ထဲကို ၀င်ရဲပါ့မလဲတော် ။
Was this answer helpful?
LikeDislikeပူပါနဲ့ 
ဆပ်ကြေးတွေ များကြီးရှိပါသေးတယ်
Was this answer helpful?
LikeDislikeအနိမ့်ဆုံးဝန်ထမ်းလစာကို အခြေခံ ၁၅၀၀၀၀/လောက်
အကြီးတန်းဝန်ထမ်းလစာကို ၃၀၀၀၀၀/လောက်
ညွှန်မှုးလစာကို ၆၀၀၀၀၀/လောက် ပေးမှ
လာဘ်ပေးလာဘ်ယူကိုတိုက်ဖျက်ဘို့ လက်တွေ့ကျမယ်။
Was this answer helpful?
LikeDislikeလစာကို တိုးသင့်တာလား။
ပြည်သူတွေ ရဲ့ ဝင်ငွေ နဲ့ စားရိတ် ကို မျှအောင် လုပ်သင့် တာလား။
သက်ဆိုင်သူများ အသေအချာ စဉ်းစားပေးရမဲ့ အချိန်ရောက်နေပါပြီ။
ဒီအတိုင်း ဆက်သွားနေလို့က တော့ လစာတွေ တိုးပေးလိုက်၊ ကုန်ဈေးနှုန်းတွေ က ပြန်ကျော်လိုက် နဲ့ ဂျာအေးသူ့ အမေရိုက် ဖြစ်နေမှာပါ။
ကုန်ဈေးနှုန်း မမြင့်အောင် ဈေးသည်၊ ကုန်သည် တွေကို အတင်းအနိုင်ကျင့် ဈေးနှုန်းတွေကို အတင်း ရပ်ထားခိုင်းလို့လဲ မရပါဘူး။
ဈေးတက် တယ် ဆိုတာ က ဝယ်လိုအား နဲ့ ရောင်းလိုအား မမျှလို့ပါ။
အခြေခံစားကုန် တွေကို ပေါပေါများများ ရအောင် ……
ဥပမာ – စိုက်ပျိုးရေးလုပ်တဲ့ တောင်သူတွေ၊ မွေးမြူရေး လုပ်သူတွေကို နည်းပညာရော၊ ငွေကြေးရော အသေအချာ ပံ့ပိုးပေးရမယ်။
ဒီတော့ သူတို့ကလဲ ဈေးကွက်မှာ သင့်တင့်ဈေး နဲ့ ပြန်ရောင်းနိုင်မယ်။
ပိုအောင်လုပ်ပြီးလဲ ပြည်ပ ကို တင်ပို့ နိုင်မယ်။
ဒါဆို နိုင်ငံခြား ဝင်ငွေ လဲ ရမယ်။ ဒါပေမဲ့ ဒီ လုပ်ငန်း ဟာ တစ်ဦးတစ်ယောက် တစ်ဖွဲ့ လက်မှာ ရှိနေ ရမှာတော့ မဟုတ်ဘူး။
ကျန်တဲ့ သွင်းကုန် တွေ ကို လဲ တစ်ဦးတစ်ယောက် တစ်ဖွဲ့ မှာဘဲ လက်ဝါးကြီးအုပ် မထားရင် ဒါမျိုး ကို စိတ်ဝင်စားသူတွေ ဝင်လုပ်မယ်။
ဒီကနေ ပြိုင်ဆိုင်မှု ဈေးကွက် ရပြီး ဈေးကို တတ်နိုင်သ၍ ချလာမယ်။ ပစ္စည်းတွေ ရဲ့ အရည်အချင်းလဲ တက်လာမယ်။
တကယ်တော့ ကျွန်မက အောက်ခြေအကျဆုံးကိုသာ တွေးနိုင်တာပါ။
အဆင့်မြင့်မြင့် နဲ့ လက်တွေ့ကျအောင် အကြံပေးနိုင်တဲ့ သက်ဆိုင်ရာ ပညာရှင်တွေ ပြည်တွင်းမှာ အများကြီးရှိနေပါတယ်။
သူတို့ ကို ပြောခွင့် ပေးပြီး သေသေချာချာ နားထောင်နိုင်တဲ့ နား၊ အမှန်ကို မြင်နိုင်တဲ့ မျက်စိ နဲ့ ပြည်သူတွေကို ဆင်းရဲတွင်းက ဆွဲတင်ချင်တဲ့ စိတ်စေတနာ ရှိဖို့ဘဲ လိုတာပါ။
တစ်ဘို့ထဲ ကြည့်ပြီး ချမ်းသာ နေတာ တွေ ဟာ တကယ်တော့ သန်းပေါင်းများစွာသော ပြည်သူတွေ ဆီက ထမင်းလုတ် တွေ၊ မျက်ရည် တွေ ရင်းပြီး ဖြစ်လာတာ ဆိုတဲ့ အဖြစ်မှန်ကို တကယ် သိမြင်လာနိုင် ဖို့ ကိုလဲ ဆုတောင်း လိုက်ပါတယ်။
Was this answer helpful?
LikeDislikeအပေါ်က Comment ပေးတဲ့ “Davit, ကို King, Cho, MTY, တူးတူး၊ ကိုသော်၊ ကိုချစ်သူ၊ ပုမ၊ Captain ကြီး၊ ဦးဦး၊ မခင်လတ် ညီကိုအစ်မများအားလုံး ကျေးဇူးတင်ပါတယ်..။
ကျွန်တော် ဒီပိုစ့်ကိုရေးတာ -
(၁) အရည်အချင်းပြည့်ပြီး၊ စည်းကမ်းကောင်းတဲ့ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်ဖို့ အခြေခံလိုအပ်ချက်တွေ လုပ်ပေးနိုင်ဖို့…။ (ဘယ်အစိုးရတက်တက် နိုင်ငံဝန်ထမ်းတွေက ပြည်သူတွေကို Service ပေးရမှာဖြစ်လို့)
(၂) အရပ်ဘက်ဝန်ထမ်းနဲ့ တပ်မတော်ဝန်ထမ်း လစာနှုန်းထား ကွာဟနေတာကို ပြန်လည်ညှိနှိုင်းပြီး အရပ်ဘက်ဝန်ထမ်းလစာငွေများကို တိုးမြှင့်ပေးဖို့…။
(နိုင်ငံဝန်ထမ်းအချင်းချင်း လစာနှုန်းထားခွဲခြားထားခြင်းဟာ စည်းလုံးညီညွတ်မှုကို လျော့နည်းစေလို့ တမင်ခွဲထားတာမဟုတ်ရင် ပြန်လည်ပြင်ဆင်သင့်ပါတယ်)
Was this answer helpful?
LikeDislikeကို Thanlwinoo ရေ
အဘ ရဲ့ ” စဉ်းစားကြစေလိုပါတယ် ( ၈ ) ” Post မှာ
နဲနဲ တို့ထိထားတယ်နော် ။
အားပေးပါအုန်း ။
Was this answer helpful?
LikeDislikeအဘ ၀င်ဖတ်ပြီး Comment ပေးသွားတာ ၀မ်းသာဂုဏ်ယူပါတယ်ခင်ဗျား..။
အဘ Post ကို ဖတ်ကြည့်ပါ့မယ်.။
Was this answer helpful?
LikeDislikeမလတ်..ရဲ့ အဆိုကလျှော်ကန်သင့်မြတ်တယ်လို့်ပြောပါရစေ။
Was this answer helpful?
LikeDislikeလစာတိုးဆိုရင် ညွှန်မှုးအထက် မပါစေချင်ပါ သူတို့ရဲ့လစာအပြင်ရတဲ့အခွင့် အလမ်းတွေ ကများလွန်းတယ်
သူတို့တိုးယူတဲ့ အဆက အရာရှိပေါက်စ ၃ ယောက်စာလောက်တိုးယူကြမှာ ရောမင်းတစ်ပုံ ငါတစ်ပုံခွဲတဲ့
ကိန်းမျိုးဖြစ်မှာလဲ ပူမိပါသေး ……..
Was this answer helpful?
LikeDislikeအကျင့်ပျက်ခြစားမှုတွေ ဒါကြောင့်ဖြစ်နေတာပေါ့။ဥပမာ ကျောင်းဆရာ/ဆရာမတွေ က ဒီဝင်ငွေနဲ့ ရမလား ကျူရှင်တွေပြရတာပေါ့ အဲဒီမှာ ကျောင်းဘက်ကို ပေါ့သွားရော ပိုက်ဆံမရှိတဲ့သူက ဘယ်လိုစာတတ်တော့မလဲ ။ဒါတင်မဟုတ်ဘူးကျူရှင်ကကောင်တွေကလည်း စပေါ့ရတော့ အောင်တယ်။ဘာမှမတတ်တာတူတူပဲ ။ဆရာကလည်းသူ့ကျူရှင်နာမည်ကြီးအောင်စပေါ့တွေပေးပေါ့ (ဆရာတိုင်းကိုမဆိုလိုပါ)။ အစိုးရအလုပ်နေရာတိုင်းမှာပေါ့။သူ့ခွင်နဲ့သူချည်းပဲ။
Was this answer helpful?
LikeDislikeကျွန်တော့်ရဲ့  နှစ်သီးစားသောပုဇွန်စိမ်းများ အကြောင်း ဆိုတဲ့ post ထဲမှာလည်းရေးထားပါတယ်
habit ကနေ character ဖြစ်သွားတာကြာပြီဆိုတော့ ပြောင်းလဲဖို့ ရာ အချိန်တွေအများကြီး
ပေးရတော့မှာပါ အနည်းဆုံး generation ၃-၄-၅ ဆက်လောက်တောင်လိုမယ်ထင်တယ်..
မနှိုင်းကောင်းနှိုင်းကောင်း….. ဗမာပြည်က ခွေးတွေနဲ့  ဘိုခွေးတွေ ကိုဘဲ ကြည့်ပါ…
ဗမာခွေးက ကားစီးရဲဖို့ နေနေသာသာ ဟိတ်…ဆိုပြီး တောက်တစ်ချက်ခေါက်လိုက်တာနဲ့ 
အမှီးကုတ်ပြီးပြေုးပြီ…..
ဘိုခွေးကျတော့ ကြောက်ဖို့နေနေသာသာ..ကားပေါ်ကနေတောင် ပြန်ဟောင်သွားသေးတယ် …
ဗမာစစ်သားတွေလည်း ဒီလိုဘဲလေ..
ရှေ့ တန်းမှာ အငတ်ခံနိုင်အောင်ဆိုပြီး သင်တန်းမှာကတည်းက စပါးလုံးဖြူးထားတဲ့ စာကွဲထမင်းနဲ့ 
အဖတ်မပါတဲ့ ပဲဟင်း.. အမဲရွတ် တစ်ဖတ် လောက် နဲ့  လေ့ကျင့်ပေးခဲ့တာ..အကုန်လုံး
ရှူနာရှိုက်ကုန်းချိနဲ့နဲ့ ပိန်ညောင်ညောင် ကိုယ့်သေနတ်လောက်တောင်မနိုင်တစ်နိုင်ထမ်းနေရချိန်မှာ
စစ်တကယ်တိုက်ရတော့ အကုန်ဂန့်ကုန်ကြရော…
ဘိုစစ်သားတွေကျတော့………..ပေါင်တစ်ရာလောက်လေးတဲ့ကျောပိုးအိတ်နဲ့ kit တွေဝတ်စုံတွေနဲ့ 
လက်နက်တွေကိုဒီလောက်ပူအိုက်နေတဲ့ သဲ ကန်တာရထဲမှာသယ်ပြီးစစ်ဆင်ရေးထွက်နိုင်တာဟာ..
အစားအစာ.. အဟာရကြောင့်လား…လစာကြောင့်လား..စိတ်ဓါတ်ကြောင့်လား…ဘာကြောင့်လဲဆိုတာ..
စဉ်းစားသာကြည့်ကြပါတော့ဗျာ…..
Was this answer helpful?
LikeDislikeလစာတိုးပြီး၊အဲဒါကာမိအောင် အခွန်တွေတိုးကောက်ရင်လည်း၊ မုန်လုံးစက္ကူကပ်၊ဂျာအေးသူ့အမေရိုက်ဖြစ်မှာကြောက်ရသေး။
တိုင်းပြည်ကြီးကလည်း၊အကြွေးတွေဗလပွ၊
ရွှေအိတ်လည်းဘေးမရှိ
ပုဇွန်ထုပ်လည်းသွေးမရှိ။
ပေးစရာလည်းငွေမရှိ
ပြေးစရာလည်းမြေမရှိ ပါလားကွယ်ရို့။
Was this answer helpful?
LikeDislikeငှက်ပျောသီးပေးရင် မျောက်တွေဘဲလာမယ် ဆိုတာမျိုးလိုပေါ့။
ပြင်ရမှာက စနစ်တစ်ခုလုံးပါ။
Was this answer helpful?
LikeDislikeငှက်ပျောသီးပေးရင် မျောက်တွေပဲလာမယ် ဆိုတာမျိုးလိုပေါ့။
ပြင်ရမှာက စနစ်တစ်ခုလုံးပါ။
Was this answer helpful?
LikeDislike