စားနေကျ အက်ဒ်မင် ကြောင်ဖားကြီး
|479- Hits|အွန်လိုင်းလောကမှာ ကျွန်တော် လုပ်စားနေတာ အံတိုနေပြီ…မိတ်ဆွေ။ ဒီလို လုပ်စားဖို့အတွက် ပိုက်ဆံ
တော့ နည်းနည်း ရင်းရတာပေါ့။ ထောင်မြင် ရာစွန့်ပဲ မဟုတ်လား။ ဒါတွေ ရင်းပြီးရင်တော့ တစ်လ၊ နှစ်လအတွင်း
မှာပဲ ရင်းထားတဲ့ ပိုက်ဆံ ပြန်ရရုံမက ဆယ်ဆမကတောင် ၀င်ငွေတွေ တိုးလာအုံးမှာ။ ခေတ်စကားနဲ့ ပြောရရင်
တော့ “လာထားဟေ့ ပိုက်ဆံပေါ့”။ ပိုက်ဆံတွေက ဟိုက၀င်၊ ဒီက၀င်နဲ့ တော်ပါတော့လို့တောင် တားချင်လာတဲ့
အထိ ဖြစ်လာအုံးမှာဗျ။
ဟား…ဟား ဘယ်လိုလုပ်တဲ့ အစီအစဉ်များလဲ သိချင်လို့ ဟုတ်လား။ အင်း…ဒါက လွယ်ပါတယ်ဗျာ။ အရင်ဆုံး
လူများစွာ သုံးနိုင်ဖို့ ခင်ဗျား ဆိုဒ်တစ်ခု ၀ယ်ပြီး ထောင်ရမယ်။ အင်း…ခင်ဗျား ၀ယ်တယ်ဆိုတာလည်း တစ်သက်
လုံး သုံးမဲ့ အထိတော့ မဟုတ်ဘူးလေ။ သုံးလလောက် ဆိုဒ်လည်ပတ်ပြီး လုပ်စားနိုင်အောင် ဆိုဒ်မန်ဘာကြေး
ငွေကြိုသွင်းရုံလောက်ပါပဲ။ ဒီအတွက်တော့ ခင်ဗျား ပိုက်ဆံကို မနှမြောရဘူးဗျ။ ဒီလောက်တော့ လုပ်မှပေါ့လေ။
အင်း…ဒါပြီးရင်တော့ ခင်ဗျားပိုင်တဲ့ ဆိုဒ်ကို ကြည့်ပျော်ရှူပျော်ဖြစ်အောင် ဆိုဒ်ပုံစံလေး ပြင်ရမယ်လေ။ ဒီအ
တွက်တော့ နည်းပညာလေး၊ ဘာလေး တတ်ထားဖို့တော့ လိုတာပေါ့။ ဒါပြင်ပြီးသွားရင်တော့ ကိုယ့်ဂျီတော့ပ်ထဲ
ရှိသမျှ လူအားလုံးကို ဆိုဒ်ထဲကို ဖိတ်။ ဒါမှ သူတို့တွေ အသင်းသားအဖြစ် ခင်ဗျားဆိုဒ်ထဲ ၀င်လာလိမ့်မယ်။ အဲ့ဒီ
အတွက်တော့ ခင်ဗျား ဂျီတော့ပ်ဘောက်စ် ထဲမှာ လူများများ ရှိနေဖို့တော့ လိုတယ်။ ကျွန်တော့်တုန်းကလား…
ဟားဟား။ ကျွန်တော့်မှာက ဂျီတော့ပ် အကောင့်ခွဲ ဆယ်ခုကျော်လောက် ရှိနေတယ်လေ။ ပြီးတော့ အကောင့်
တိုင်းမှာလည်း လူတွေအပြည့်ဆိုတော့ ဘာမှ ပူစရာ မလိုဘူး။
ခင်ဗျားအတွက်ကတော့ လူများများ ရှာရလိမ့်မယ်။
အဲ့ဒီလို ခင်ဗျား လူရှာပြီး ဖိတ်ပြီးပြီ ဆိုပါတော့။ ဆိုဒ်ထဲ ၀င်လာတဲ့ အသင်းသားတွေမှ သူတို့ ဖိတ်လို့ လူပိုဝင်
အောင် ဆွယ်တဲ့နည်းလည်း ရှိသေးတယ်ဗျ။ အဲ့ဒီအတွက်တော့ ခင်ဗျားရဲ့ ဆိုဒ်ကို အချိန်ပေးဖို့တော့ လိုတယ်။
ဒါကတော့ သူတို့ တင်သမျှ ပိုစ့်တွေ ဆွေးနွေးချက်တွေကို ကိုယ်က ရှယ်ယာ(ပြန်မျှဝေ) တာပါပဲ။ ဒါမှ သူတို့
ကလည်း သူတို့ ရေးသမျှ အကြောင်းအရာအကုန် ဆိုဒ်ရှိလူစုံ မျှဝေးပေးတယ်ဆိုပြီး သူတို့ရဲ့ သူငယ်ချင်းတွေကို
အားပေးဖို့ ဖိတ်ကြလိမ့်မယ်။ အဲ့ဒီတော့ ခင်ဗျားလည်းလူဖိတ်၊ သူတို့လည်း လူဖိတ်ဆိုတော့ ခင်ဗျား ဆိုဒ်ကြီးက
စည်းကားလာတာပေါ့ဗျာ။
အော်…ခင်ဗျားက ကြံကြံဖန်ဖန် မေးပြန်ပြီ။ သူတို့စာတွေကို ကျွန်တော် ဖတ်ဖြစ်ရဲ့လား…ဟုတ်လား။
ဟားဟား… ခင်ဗျား ရယ်စရာ ပြောပြန်ပြီ။ ပိုစ့်တွေတိုင်း ကျွန်တော် လိုက်ဖတ်ရအောင် ကျွန်တော်တို့က
အတည်အတံ့ အက်ဒ်မင် လုပ်တာမှ မဟုတ်တာ။ သွားစမ်းပါဗျာ။ သူတို့ပိုစ့်တွေကို အတည်ပြုပေးပြီ၊ ပြန်မျှဝေ
လိုက်လို့ လူတွေ ပိုဖိတ်ပေးဖို့ပဲ အရေးကြီးတာဟာ။ ကျန်တာတော့ ဘာမှ မလိုပါဘူး။
ဒီတော့ ခင်ဗျားဆိုဒ်ကြီး လူများလာပြီ ဆိုပါတော့။ အင်း…ဒါပြီးရင် ဒုတိယ အစီအစဉ်ကတော့ အရင်ဆုံး
ခင်ဗျား ပိုစ့်တစ်ခု အမြန်တင်ဖို့ပဲ။ ဘာ..ပို့စ်တင်ရမှာလဲ ဟုတ်လား။ ဖြည်းဖြည်းပေါ့ဗျာ။ ပြောမှာပေါ့။ ခင်ဗျားက
လောနေပြန်ပြီ။ အဲ့ဒီပိုစ့်က ပရဟိတလုပ်ဖို့ နယ်ဘက်က တာဝန်ခံတွေ အလိုရှိကြောင်း၊ အက်မင်အဖြစ်လည်း
ခန့်အပ်မည်ဖြစ်ကြောင်း အားလုံးကို ရာထူးနဲ့ မျှားလိုက်ပေါ့။ အဲ့ဒီပိုစ့်တင်တော့ ဘာဖြစ်လဲ.. ဟုတ်လား။ အင်း…
ဒါများ တွေးကြည့်ရင် လွယ်လွယ်လေး။ အွန်လိုင်းသုံးတာက သိတဲ့အတိုင်း လူငယ်အများစုဆိုတော့ အက်ဒ်မင်
မလုပ်ချင်သူက ခပ်ရှားရှားပဲလေ။ ဒီတော့ အနယ်နယ် အရပ်ရပ်က လူတွေဆီက ခင်ဗျားအစား ငွေကောက်ပေး
ဖို့ တာဝန်ခံတွေ ရလာတာပေါ့။ ကျွန်တော့်တုန်းကဆို သူရှိတယ်၊ ငါရှိတယ် ပြောလွန်းအားကြီးလို့ အဲ့ထဲကမှ
နည်းပညာ အနည်းငယ်လောက် အသုံးချတတ်သူကို ရွေးရသည်အထိ။
အင်း…ဒါပြီးလို့ ခင်ဗျားအတွက် တာဝန်ခံအက်မင်တွေနဲ့ အိုကေပြီ ဆိုရင်တော့ တတိယ အစီအစဉ်ကို ရွေ့
လျားဖို့ လှုပ်ရှားရတာပေါ့။ အင်း…လှုပ်ရှားဖို့ အကြောင်းနဲ့ ပတ်သက်လို့ လူရွှင်တော်တွေ ပြောတာတောင်
ကျွန်တော် သွားသတိရမိသေး။ ဘာတဲ့… လှုပ်ရှားမှ မုန့်စားရမယ် ဆိုလား။ ဟား…ဟား ဒီစကားက ကျွန်တော်နဲ့
အံကိုက်ပဲဗျာ။ ခုတော့ ခင်ဗျားကို ပြောနေတာဆိုတော့ ခင်ဗျားနဲ့ ကွက်တိပေါ့ဗျာ ဟားဟား။
အင်း…ဟုတ်တယ်ဗျ။ ဒီတတိယ အစီအစဉ်အတွက်ကလည်း ခင်ဗျားအတွက် ပိုစ့်တင်ရမှာပါပဲ။ ဒီတစ်ခါပို့စ်
ကတော့ ပွဲသိမ်းရိုက်ချက်လို့တောင် ခေါ်သင့်တယ်။ ဟားဟား ကျွန်တော် နာမည်ပေးတာ လှသလား။ အင်း…
ခင်ဗျားတောင် ကြိုက်တယ်ဆိုမှတော့ ကျွန်တော် နာမည်ပေးတာ မမှားဘူးပေါ့။ အင်း..ဒါထား.. ရေးဖို့ပိုစ့်
အကြောင်း ဆက်ပြောကြရအောင်။
ဒီပို့စ်ထဲမှာ ခင်ဗျား ဘာရေးရမလဲဆိုတော့ ဘယ်နေ့အတွက်၊ ဘယ်နေရာမှာ ဆိုဒ်အသင်းဝင်များဖြင့် စည်
စည်ကားကား ပရိဟိတ လုပ်ကြမည်ဖြစ်ကြောင်း၊ အဲ့ဒီအတွက် စေတနာရှိသလောက် ထည့်ဝင်စေလိုကြောင်း၊
နယ်ဘက်က လူတွေကိုလည်း တာဝန်ခံများကို ပြောပြပြီး ပေးလှူနိုင်ပါကြောင်း တင်လိုက်ပေါ့။ ရန်ကုန်ကလူတွေ
နဲ့ နိုင်ငံခြားက လှူမဲ့ အလှူငွေတွေကိုတော့ ခင်ဗျားဆီပို့ဖို့ ဘဏ်ကနေ ငွေလွှဲခိုင်းပေါ့။ နယ်ဘက်ကတော့ တာ
ဝန်ခံအက်ဒ်မင်တွေက ခင်ဗျားအတွက် လှုပ်ရှားပေးကျလိမ့်မယ်။ ပြီးရင် ဒီပို့စ်ကို ဆိုဒ်က လူတိုင်းသိနိုင်အောင်
တစ်ပတ်တစ်ခါ မျှဝေပေါ့။
ဒါတွေ လုပ်ပြီးရင်တော့ ပရဟိတအလှူလုပ်ခါနီး တစ်ပတ်အလိုမှာ ခင်ဗျား နယ်က တာဝန်ခံအက်ဒ်မင်တွေ
အားလုံး ရန်ကုန်တက်ဖို့ messages ပို့ရမယ်။ စာထဲမှာ ရေးရမှာက တာဝန်ခံတွေကို အကြိုဆွေးနွေးပွဲလုပ်ဖို့၊
ပိုက်ဆံပါ ရသလောက် စုပြီးယူလာဖို့ ခေါင်းစဉ်တပ်ပြီး ဖိတ်လိုက်ပေါ့။ အဲ့ဒီလို ဆွေးနွေးပွဲမှာ အရေးကြီးဆုံးက
ခင်ဗျား ရုပ်လုံး မပြဖို့ပဲ။ လူရည်လည်တဲ့ တခြားသူတစ်ယောက်ကို ခင်ဗျားအစား ဟန်ဆောင်ခိုင်းပြီး ပိုက်ဆံ
တွေ ယူလာဖို့ပဲ။ အဲ့ဒီအတွက်တော့ သူ့ကိုလည်း နည်းနည်းပါးပါး စွန့်ကြဲလိုက်ပေါ့။ ငွေက ဒုတိယ ဘုရားသခင်
ပဲဟာ။ သူက ခင်ဗျားအတွက် ကျေကျေနပ်နပ်ကြီး သရုပ်ဆောင်ပေးလိမ့်မယ်။
သူက တစ်ခါတည်းပဲ ခင်ဗျားအတွက် သရုပ်ဆောင်ရမှာလားဆိုတော့ မဟုတ်ဘူး။ ခင်ဗျား ရလာတဲ့ ပိုက်ဆံ
ထဲကမှ ၁၀ပုံ ပုံလို့ အဲ့ဒီထဲက မှ ၁ပုံကို တကယ့်အလှူအဖြစ် ခင်ဗျား လုပ်ရအုံးမယ်။ အဲ့လို လုပ်ရင် ခင်ဗျား ရုပ်
လုံးပြဖို့အတွက် သူ့ကို ပဲ ငှားရအုံးမှာပဲလေ။ အဲ့ဒီအတွက် သူကတော့ သရုပ်ဆောင်ကောင်းဖို့တော့ လိုတယ်။
ခင်ဗျားက ဇာတ်ကြိုတိုက်ပေးလိုက်ပေါ့…ဗျာ။
အဲ့ဒီ အလှူမှာလည်း ခင်ဗျားက အသင်းသားအနေနဲ့ ပိုက်ဆံလိုက်ကောက်လို့တောင် ရသေး။ အက်ဒ်မင်ချုပ်
က ခင်ဗျားကို ကိုယ်စားလွှဲပြီး ရန်ပုံငွေအတွက် ပိုက်ဆံကောက်ခိုင်းတယ်လို့ ဆိုပြီး လိုက်ကောက်ပေါ့ဗျာ။
ဒီတော့ ခင်ဗျား အလှူငွေအတွက် သုံးထားတဲ့ ပိုက်ဆံတွေကို လာတဲ့သူတွေက ပြန်ဖြည့်ပေးသွားလိမ့်မယ်။
နောက်ဆုံး အလှူတစ်ပွဲပြီးလို့ ခင်ဗျား စာရင်းချုပ်လိုက်ရင် ဆိုဒ်အတွက်သုံးလစာ မန်ဘာဖိုးရယ်၊လူငှားခရယ်
ကြေရုံသာမက အသားတင်ငွေက သိန်းနဲ့ချီ ကျန်ခဲ့တယ်ဗျာ။ ကဲ မပိုင်ပေဘူးလား။ ကျွန်တော့်တုန်းကဆို ခပ်
လတ်လတ် ကားတစ်စီးတောင် ၀ယ်စီးနိုင်သည့် အထိပဲ။
အင်း…ဒီနည်းအတိုင်း ခင်ဗျား သုံးလဆက်တိုက် ဆက်လုပ်စားပေါ့ဗျာ။ သုံးလပြည့်လို့မှ တချို့လူတွေက
ခင်ဗျား လုပ်စားတဲ့အကြောင်း မရိပ်မိသေးရင်း ခြောက်လစာ ဆိုဒ်လည်ပတ်နိုင်ဖို့ မန်ဘာကြေးသွင်းပြိး ထပ်
ငွေချူပေါ့ဗျာ။
ဒါပေမဲ့ ခြောက်လကျော်သွားရင်တော့ ခင်ဗျား ရပ်လိုက်ဖို့ လိုမယ်။ အချို့သူတွေက အကင်းပါးကျလွန်းလို့
ဒီနည်းလမ်းကို ရိပ်မိသွားနိုင်တယ်။ အဲ့ဒီတော့ နောက်ဆုံးလ ရောက်ရင် ပရဟိတကို အကြီးအကျယ်လုပ်ပြီး ငွေ
ထုပ်ပိုက်လို့ ဆိုဒ်ကနေ ခြေရာဖျောက်ပေတော့။ ဆိုဒ်မန်ဘာကြေးလည်း ထပ်မသွင်းနဲ့တော့။ သူ့ဘာသာသူ
အလိုလိုပိတ်ပြီး ပျက်သွားလိမ့်မယ်။
အင်း…ခင်ဗျားကတော့ ဒီလမ်းရိုးအတိုင်းပဲ ဆိုဒ်အသစ် ပြန်ထောင်ပြိး နာမည်ပြောင်းကာ ဆက်လုပ်စားပေး
တော့ပဲ။ ဒီအတွက်တော့ ကျွန်တော့်တို့ မြန်မာနိုင်ငံက အွန်လိုင်းရာဇ၀တ်မှုလို့လည်း မရှိတော့ ကျွန်တ်ာတို့
အတွက်တော့ စားပေါက်ချောင်တာပါပဲ။ ဒီအတွက်တော့ စုံထောက်တွေလည်း မရှိတော့ ကျွန်တော်တို့လိုလူ
တွေ များများ လုပ်စားလို့ ရတာပေါ့။ ပျော်စရာကြီး ဟားဟား။
ဒါပဲနာ်..ဒီအကြောင်းတွေကို ခင်ဗျားကို မိတ်ဆွေရင်းမို့ ကျွန်တော် ပြောတာ။ ဘယ်သူ့ကိုမှ ပြန်မပြောနဲ့အုံး။
တော်ကြာ လူတွေ အားလုံးသိကုန်လို့ ကျွန်တော်တို့ စားပေါက် ပိတ်နေအုံးမယ်။ အင်း…ဒီအကြောင်း ခင်ဗျား
ဘယ်သူ့ကိုမှ ပြန်မပြောဘူးလို့ ကတိပေးမယ် မဟုတ်လား။ အင်း..အင်း… ဒါဆို အိုကေ။
စေတနာဖြင့်…
စေပိုင်ထွဋ်(ပုသိမ်)
မှတ်ချက်။ ။ ဖြစ်ရပ်မှန်အား အခြေပြု၍ ရေးဖွဲ့ထားပါသည်။ ။ ဖြစ်ရပ်မှန်အား အခြေပြု၍ ရေးဖွဲ့ထားပါသည်။ ရိုးသား၍ အရည်အချင်းရှိသော အက်ဒ်မင်များ
ကို ရည်ညွှန်းခြင်း မဟုတ်ပါ။ လူထုအား ပရဟိတဟု ခေါင်းစဉ်ပြကာ ဆိုဒ်တစ်ခုပြီး တစ်ခုထောင်လျှက် လိမ်စား
နေကြသော အက်ဒ်မင်များလည်း ရှိကြောင်း အသိပေးလိုခြင်းသာ ဖြစ်သည်။
Related posts:


ဖြစ်ရပ်မှန်ဆိုပါကလား..
သများတို့ ရွာထဲကတော့ ရိုးရိုးသားသားဖိုးသခွာလေးလေးတွေပါနော်
ပါးစပ်ထဲ လက်ညှိုးထိုးထည့်တာတောင် မကိုက်ဘူး
ဘီယာလောင်းထည့်မှ ဂလုဂလုဆို နင်မှာဆိုးလို့  မြိုချရတာ Just kidding နော..
ဒီလိုရေးဖြစ်တာကောင်းပါတယ်..
တစ်ခုခုဆို လူတွေ..ရမ်းသမ်းမယုံတော့ဘူးပေါ့
ကျုပ်တို့  မင်မင်ကတော့ ရိုက်စားမလုပ်တဲ့အပြင် သူကတောင် ပြန်ပေးနေသေး
ဘောကောင်းတာ.ဘောကောင်းတာ..
Was this answer helpful?
LikeDislikeခုမှ ဒီနေရာကိုေ၇ာက်တာဗျ
ပိုစ့်တင်တာ မကျွမ်းတော့ ခေါင်းစဉ်တောင် မပါလာဘူး
တယ်ဂျင်းရေ…
ခေါင်းစဉ်ကတော့ ဒီနေရာကနေပဲ ထည့်ပေးလိုက်မယ်
တချို့ဆိုဒ်တွေမှာ ကျွန်တော် တင်တော့ အက်မင်တွေက နာမည် အမျိုးမျိုး ပေးကြတယ်ဗျ
အဲ့ဒါတွေ ထားပြီး
ကျွန်တော် နဂိုပေးနေကြ နာမည်ကတော့ ဒီမှာပါပဲ ရေးလိုက်ပါတယ်
“စားနေကျ အက်ဒ်မင် ကြောင်ဖားကြီး”
ပါ
အက်ဒ်မင် လူလိမ်တွေကို ဖော်ထုတ်ရင်း လူကောင်းတွေကို ပိုကြည်ညိုအောင်လို့ ရေးကြည့်လိုက်တာ
ရည်ရွယ်ချက် ရောက်မရောက်တော့ မသိဘူး
စောစောစီးစီး လာဝေဖန်ပေးတဲ့ ကိုစိန်ပေါက်ပေါက်ကိုတော့ ဤနေရာကနေ
ကျေးဇူးတင်ပါတယ်ဗျာ..
ခင်လျှက်
စေပိုင်ထွဋ်(ပုသိမ်)
Was this answer helpful?
LikeDislikeတိန် …
ကြောင်ဖားကြီး ဆိုပဲ ….
ရွာထဲမှာ ကြောင် နဲ့ ဖား ရှိတာ မသိလေရော့သလားဗျာ …..
(ဒါမှမဟုတ် တမင်များ သမတာလား ဟင်င်င်…)
နောက်တာပါ ပုသိမ်သားရေ …. ခင်လို့ပါဗျာ…
အတည်ပြောမယ်နော…
ထိပ်ဆုံးအနေနဲ့ …အပြုသဘောဆောင်တဲ့ ပိုစ့်မို့ ….၀မ်းမြောက်စွာကြိုဆိုကြောင်း
ပြောပါရစေဗျ…..။
မသိသေးတဲ့လူတွေအတွက် အလွန်တန်ဖိုးကြီးတဲ့ ဗဟုသုတဖြစ်တယ်ခင်ဗျ…..
ခင်ဗျား စေတနာကို စိတ်လိုလက်ရ လက်ခုတ်တီးမိသလို ဝေဖန်စရာလည်း ရှိတယ်ဗျ…
ဒါကတော့ ခင်ဗျား ရဲ့ …စာရေးဟန် ပါဗျာ …။
ကို အတိသဉ္ဇာ နာဂရ ချစ်သူ ထောက်ပြသွားသလိုပေါ့ဗျာ…
တိုက်ဆိုင်မှုတွေ ရှိတဲ့အခါ ….ခင်ဗျားကို အထင်လွဲစရာဖြစ်သဗျ….
ခင်ဗျားရေးဟန်က ကိုယ့်ကိုကိုယ် ဗီလိန်အဖြစ်ခံပြီး …
အဆိုပါ ..ခင်ဗျားစကားအရဆိုရင်တော့(ကြောင်ဖားတွေ) ရွံစရာကောင်းပုံကို
မီးမောင်းထိုးပြခဲ့တာပဲမဟုတ်လားဗျာ …..။
သည်တော့ စာရေးဟန်ကို ကိုယ်တွေ့ စာတွေ့ တွေ့ဖူးကြုံဖူးတဲ့
လူတယောက်ယောက်အနေနဲ့ ကိုယ့်သူငယ်ချင်းမိတ်ဆွေ တယောက်ယောက်ကို
ဘေးကနေ ပြောပြပေးတဲ့ ဆွေးနွေးပေးတဲ့လေ နဲ့ ရေးမယ်ဆို အလွန်ကောင်းမှာပါ
လို့ ပြောချင်ပါတယ်ဗျ….
ကျနော် သိ လို့ တတ်လို့ ဆြာ ၀င်လုပ်တာမဟုတ်ပါဗျာ….။
ရွာသား တပါတ်နွမ်း(မဟောင်းသေး) တဲ့ လူတယောက်အနေနဲ့…
တတ်စွမ်းသမျှ အပြုသဘောဆောင်ရေးသားသူ သူငယ်ချင်းတယောက်ကို
လက်ကမ်းအကြံပြုမိတယ်ဗျာ…
ခင်တဲ့
Inz@ghi
Was this answer helpful?
LikeDislikeတစ်ခုခုကိုများစောင်းမြောင်းပြီးဘေတီးနေလေရော့သလား ရွာသူားတို့ ခင်များ။
ကြည့်လုပ်ပါအုံးနော်။ရွာထဲမှာလဲ အလှူရှိနေတာကိုသိသိကြီးနဲ့ ခုမှဝင်ရေးတယ်
ဆိုတော့ စဉ်းစားရခက်ကြီး ကိုပုသိမ်သားရေ။
Was this answer helpful?
LikeDislikeခက်ပါရောလား
အတိသဉ္ဇာ နာဂရ ချစ်သူရေ…
အမှန်အတိုင်းပြောရရင်
ရွာထဲမှာ အလှူရှိမှန်းလည်း ကျွန်တော် မသိပါ
ခုမှ မန်ဘာအဖြစ် အသင်းဝင်လာခြင်းကို ဆိုလိုပါသည်။
ဘယ်သူ့ကိုမှလည်း ပုတ်ခတ်ဘေးတီးလိုစိတ် မရှိပါ။
ရှေးပညာရှိကြီးများ ဆုံးမထားသည့်အတိုင်း စာကောင်းရေးနိုင်ဖို့
စိတ်ကောင်းကို အတတ်နိုင်ဆုံး ထည့်နိုင်အောင် ကြိုးစားနေပါသည်။
အားလုံးကို ခင်လျှက်..
စေပိုင်ထွဋ်(ပုသိမ်)
Was this answer helpful?
LikeDislikeဖတ်ရတာ တစ်မျိုးကြီး ပါကလား
တစ်ကယ်တမ်း ဖြစ်သင့်တာ တစ်ခု ကို ပြောရမယ် ဆိုရင်
အဲဒီ ငလိမ်တွေ နာမည် နဲ့ သူတို့ ဆိုက်နာမည် တွေ ထည့်ရေးတာ သင့်လျော်ပါလိမ့်မယ် ။
Was this answer helpful?
LikeDislikeအဲ့ဒီကိစ္စကို ကျွန်တော် ရှင်းပြချင်ပါတယ်
သူငယ်ချင်း…
ဖြစ်ရပ်မှန်တစ်ခုဟာ ဆိုးတဲ့အကြောင်းကို ဖော်ပြရေးမယ်ဆိုရင်
အဲ့ဒီသူ နာမည် ထည့်ရေးသင့်တယ်လို့ သူငယ်ချင်း ယူဆသလား။
နာမည်ဆိုတာက အမျိုးမျိုးပြောင်းနိုင်ပါတယ်
ကျွန်တော်က အကြောင်းအရာကို အဓိကထား ရေးလိုခြင်းသား ဖြစ်တယ်။
တကယ်လို့ နာမည်အမှန် ထည့်ရေးတယ်ဆိုပါကလည်း သူတို့ မိသားစုဟာ သူ့သား
လုပ်တာနဲ့ သူတစ်ပါးက ရှုံချစရာအဖြစ် ဂုဏ်သိက္ခာထိခိုက်လိမ့်မယ်။ အမှန်တကယ်လည်း သူ့သား ဒီလို လုပ်မှန်းလည်း မိသားစုက မသိဘူးဆိုပါတော့။ လူတစ်ယောက်လုပ်ရပ်ဟာ ဘာမှ မဆိုင်တဲ့အခြားသူကို ထိ ခိုက် သလိုမျိုးပုံစံဖြင့် ကျွန်တော် မရေးချင်ဘူး။
လက်တောင် အတို အရှည်မတူသေးတာ လူထဲမှာလည်း လူဆိုးရှိကြောင်း သိအောင်လို့ ရေးမိတာ လွန်တာရှိလည်း ၀န္ဒာမိပေါ့ဗျာ။
Was this answer helpful?
LikeDislikeဒါမျိုးလေးတွေလဲသိထားသင့်ပါတယ်…..
ကျေးဇူးဘဲစေပိုင်ထွဋ်ရေ……
Was this answer helpful?
LikeDislikeရွာထဲမှာလဲအလှူရှိနေပါတယ်ဒါပေမဲ့ရွာထဲကအလှူကပွင့်လင်းမြင်သာပါတယ်
ခုပို့စ်တင်တဲ့စေပိုင်ထွဋ်ရဲ့ပို့စ်ကလဲတကယ်ဖြစ်ရပ်ကိုအခြေခံထားတာဖြစ်လို့
ကြိုဆိုပါတယ်ဖြစ်နိုင်လို့ပါ…..
Was this answer helpful?
LikeDislikeခိုင်းစားခံနေကျ အက်ဒ်မင် ကြောင်ဖားကြီးက.. “စားနေကျ အက်ဒ်မင် ကြောင်ဖားကြီး” ခေါင်းစဉ်ပြန်တပ်ပေးလိုက်ပါတယ်ခင်ဗျာ…
ဒီလိုစာလေးတွေ ဖတ်တော့ကြည့်ချင်သား…။
Was this answer helpful?
LikeDislikeတော်သေးတာပေါ့ ။ထိတ်စည်းလွဲသွားလို့။ ဒဲ့ဝင်သွားရင်တော့မလွယ်ဘူးနော်သူကြီး။
Was this answer helpful?
LikeDislikeခေါင်းစဉ်ကြည့်ကာ ဒီကြောင် နဲ့ ဒီဖား တော့ အအုပ်ခံ ရပြီ ဆိုပြီး ဝမ်းသာအားရ ဝင် အဖတ်
မဟုတ်ဘဲဖြစ်သွားတယ်။
သို့သော်လည်း စေပိုင်ထွဋ် ရယ် မယုံလို့မဟုတ်ငြားသော်လည်း အဲဒီလောက် လွယ်ပါ့မလားဟယ်။
ဘာဘဲဖြစ်ဖြစ် လူတွေ ကို ဘယ်လိုညာလို့ရတယ် ဆိုတာ ပြောထားတော့ လူတွေ အညာခံရဖို့ Chance နဲသွားတာပေါ့။
အဓိကကတော့ ကိုယ်စီးတဲ့မြင်း အထီးလား အမလား သိအောင် အရင်ကြိုးစားပြီးမှ မြင်းတက်စီးသင့် သလားဘဲ။ (ဘာကြောင့် လဲ တော့ မသိဘူး၊ စကားပုံ မို့ ဆိုင်မလား ဆိုပြီး ယူသုံး လိုက်တာ)
စကားမစပ် – မင်းရော ဒီမှာ ဝင်ပြီး စာမရေးခင် ဒီ ဂေဇက်အကြောင်း ကို အရင်လေ့လာ ခဲ့ရဲ့လား။
ဒီရွာ ကတော့ အားလုံး ရိုးသားကြိုးစား ဖိုးသခွါး လေးတွေ အစစ်ပါ။ စေပိုင်ထွဋ် ဆက်ရေးလာမဲ့ စာတွေကို စောင့်ပြီး အားပေးနေကြပါတယ်။
လှိုက်လှဲစွာလဲ ကြိုဆိုပါတယ်။
ခင်တဲ့
အရီးလတ်
Was this answer helpful?
LikeDislikeကျွန်တော်တော့ကြိုက်တယ်ဗျာ…အူတူတူ အတတ နဲ့ မခံရအောင်သတိပေးတာပါဘဲ..
ပွင့်လင်းမြင်သာတဲ့ ဂေဇက်အလှူနဲ့တော့ မဆိုင်ပါဘူး။
ဒါပေမဲ့ ..အရီးလတ်ပြောသလို…
“သို့သော်လည်း စေပိုင်ထွဋ် ရယ် မယုံလို့မဟုတ်ငြားသော်လည်း အဲဒီလောက် လွယ်ပါ့မလားဟယ်။“
ကျွန်တော်လဲမလွယ်ပါဘူးဟုထင်နေပါကြောင်း..အင်တာနက်မှသုံးတတ်နေပီဆိုရင်..နဲနဲတော့လူရည်လယ်
တယ်ပြောလို့ရပါတယ်…တချို့သော ဂျီတော့ နဲ့ ဂိမ်းနှစ်မျိုးသာစွဲစွဲမြဲမြဲသုံးနေသူများကိုတော့ လိမ်လို့
လွယ်ကောင်းလွယ်ပါလိမ့်မည်..(မိမိအယူအဆကိုတင်ပြခြင်းသာဖြစ်ပါကြောင်း)။
ပသို့ဆိုစေကာမူ..အလိမ်မခံရစေရန်ရည်ရွယ်ရွေ့တင်ပေးသော..စေပိုင်ထွဋ် (ပုသိမ်) အားဝမ်းမြောက်စွာကြို
ဆိုပါသည်ခင်ဗျား….
Was this answer helpful?
LikeDislikeနောက်တင်မဲ့ပိုစ်လေးတွေကိုစောင့်ဖတ်နေပါတယ် … ။
အရေးအသားကိုတော့စိတ်ထဲကသိနေသလိုလိုဘဲ ..။
Was this answer helpful?
LikeDislikeအရေးအသားကို ကြည့်ခြင်းနဲ့ ခေသူ မဟုတ်တာသတိထားမိပါပြီ ပို့စ် အသစ်တင်. တင်ပေးပါအုံး ဟော်တယ်
ကို မလာဘူးပေမဲ့ ၀န်ထမ်းတွေက တည်းဘူးသူလို အတွေ့အကြုံရှိမှန်းသိပါတယ် wellcome ပါ ကိုစေပိုင်ရေ
စိတ်တော့မတိုတတ်ရဘူးနော်
Was this answer helpful?
LikeDislikeခေါင်းစဉ်ကတော့ အက်ဒ်မင်ရယ် ကြောင်၇ယ် ဖားရယ်က စားနေကြတဲ့…ဟီဟီး နောက်တာနော်…။ အားပေးသွားပါကြောင်း…..
Was this answer helpful?
LikeDislikeသူပြောတာတွေက တကယ်ကိုဖြစ်တတ်ပါတယ်။
ဒါပေမယ့် အခုလုပ်နေတဲ့ရွာထဲကအလှူကတော့ အတည်ပါ။
ဘယ်သူကိုမှ ထည့်ရမယ်ဆိုပြီး ဇွတ်ငွေလိုက်မကောက်ပါဘူး။
လာယူပါဆိုတဲ့သူကိုသာ သွားယူပါတယ်။.
အမှန်အတိုင်းလုပ်ကြတာ သေချာတဲ့အတွက် ကျနော်တို့ ၀ိုင်းဝန်းကူညီရောဦးဆောင်သူပါ
ဘယ်သူဘယ်လိုပြောပြော စိတ်လုံပါတယ်။
တိုက်ဆိုင်နေလဲ ပြဿနာမရှိပါ။
သူရေးထားတဲ့ထဲကလူနဲ့ကျနော်တို့က တစ်လမ်းစီမို့ပါ။
Was this answer helpful?
LikeDislikeသူငယ်ချင်းတို့ အားလုံးသော အမြင်ကို လက်လည်း လက်ခံပါတယ်။
အားလုံးကိုလည်း လေးလည်း လေးစားပါတယ်။
ကျွန်တော်က ဘာမှ မဟုတ်တဲ့ စားရေးသူပါ။ စာဖတ်ဝါသနာပါလို့ အဲ့ဒီစိတ်ကနေ စာရေးဖြစ်ခြင်း ဖြစ်လာပါတယ်။
ဒီဆိုဒ်ကိုလည်း ၀ါရော အသက်ရော ကြီးတဲ့ နောင်တော်ကြီး တစ်ပါးက ညွှန်လိုက်လို့ ရောက်လာတာပါ။
ဒီဆိုဒ်အကြောင်းကိုလည်း ကျွန်တော် ဂဃနဏလည်း သေချာမသိပါ။
နည်းနည်း မေးချင်ပါတယ် ခင်ဗျား။ ဒီဆိုဒ်မှာ ၀ါရင့် သမ္ဘာရင့်  ကျင်လည်သူများ… ခင်ဗျား။
ဒီဆိုဒ်မှာ ကျွန်တော် မဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ စာအနည်းအကျဉ်းရော တင်လို့ ရပါသလား ခင်ဗျာ။
မသိလို့ မေးခြင်းသားဖြစ်သည်။
အားလုံးကို ခင်လျှက်…
စေပိုင်ထွဋ်(ပုသိမ်)
Was this answer helpful?
LikeDislikeကိုစေပိုင်ထွဋ်ရေ .. သူကြီးစည်းကမ်းချက်ထဲမှာတော့ မတွေ့ဘူး .. အခြားသူများလည်း ဂျာနယ်ပါ ဆိုပြီးတင်ကြတာ တွေ့တော့ ရမယ်လို့ထင်ပါတယ် .. သူများစာ ကော်ပီလုပ် မတင်ဘို့ သာ နဲ့ ကိုယ်ပိုင်ဆို ရမှာပါ .. တွေ့မိလို့ပြောတာနော် ၀ါရင့် သမ္ဘာရင့်လို့ မဟုတ်ဘူးနော် .. ဘယ်သူမှ ဖြေထားတာလည်းမတွေ့လို့ ပါ ..
Was this answer helpful?
LikeDislikeကျေးဇူးပါပဲ ကိုထူးဆန်းရေ…
ကျွန်တော် က ကော်ပီကူးတာလည်း ၀ါသနာမပါပါဘူး
ကိုယ်တိုင်ရေးတွေပဲ တင်မှာပါ..
ခုလို ရှင်းပြတဲ့အတွက်လည်း ကိုထူးဆန်းကို ကျေးဇူးတင်ပါတယ်ဗျာ
Was this answer helpful?
LikeDislikeစာတော့သိဝူး..။ play girl မဂ္ဂဇင်းမှာ အရွေးခံရဖူးတဲ့ ကျနော့်ဓာတ်ပုံ တင်တုန်းကတော့ သဂျီးက အိမ်ခေါ်ထမင်းကျွေးတယ်။ သူ့မိန်းမနဲ့ခလေး မြန်မာပြည်ပြန်နေလို့ ညအိပ်ညနေပါ နေသွားပါဆိုပြီးတော့။ ကျနော်ကြောက်လို့ မသွားရဲခဲ့ပါ…။
Was this answer helpful?
LikeDislikeမွေးမိခင်၏မွေးရပ်မြေမှ စေပိုင်ထွဋ်(ပုသိမ်) ကို ၀င်ရောက်အားပေးသွားပါကြောင်းနှင့် တိုးတိုးတိတ်တိတ် မေးချင်တာဒီကိစ္စမျိုးတွေ တကယ်ရှိသလားလို့
Was this answer helpful?
LikeDislikeတကယ်လည်း ရှိလို့ ဖြစ်ရပ်မှန်လို့ ရေးရတာပါ ခင်ဗျာ
အားပေးတဲ့ အတွက်လေး ကျေးဇူးတင်ပါတယ်….
နောက်လည်း ဒီဆိုဒ်မှာ ဖတ်လည်း ဖတ်မယ် ရေးလည်း ရေးမယ်ဗျာ
ခင်လျှက်…စေပိုင်ထွဋ်(ပုသိမ်)
Was this answer helpful?
LikeDislikeကြိုဆိုပါတယ်ပုသိမ်သားလေးရေ……
Was this answer helpful?
LikeDislikeသိထားသင့်တဲ့ အကြောင်းရာ မို့ ကျေးဇူးတင်မိပါတယ်…။
ကိုရင် ပြောပြမှပဲ ဒီလိုအဖြစ်မျိုးရှိကြောင်း သိရတော့တာ…။
နောင်ကိုလဲ အခုလို အကျိုးရှိစေမဲ့ စာတွေကိုရေးသားတင်ပြနိုင်ပါစေလို့….
Was this answer helpful?
LikeDislikeကြိုဆိုတဲ့သူ အားလုံးကိုလည်း ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင်ပါတယ်ဗျာ
အမှားရှိရင်လည်း ကြိုတောင်းပန်အပ်ပါတယ်။
ခင်လျှက်………
Was this answer helpful?
LikeDislike