မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေဖော်ဝါရီလ ၄ရက်နဲ့ ၅ ရက်နေ့များတွင် မန္တလေးကို သွားရောက်ပြီး၊
မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ အခက်အခဲမျိုးစုံတွေ
ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။
နိုင်ငံတော်အစိုးရထံမှ ကွင်းငှားရမ်းစဉ်က ညွှန်ကြားချက်စည်းကမ်းကြောင့် ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် မငှားရမ်းနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကလည်းပြောကြားခဲ့ပါတယ်
“ဘောလုံးကွင်းက ဘောလုံးအဖွဲ့ချုပ်က ပိုင်တာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်အနေ နဲ့ နှစ်၃၀စာချုပ်နဲ့ နိုင်ငံတော်အစိုးရထံက ငှားရမ်းထားတာပါ။ ငှားစဉ်စာချုပ်ချုပ်ကတည်း က ဘောလုံးအားကစားအပါအ၀င် နိုင်ငံတော်က အထူးစီမံတဲ့အခမ်းအနားတွေရယ်၊ အားကစားနဲ့နွယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကလွဲရင် ကျန်တာတွေ ငှားခွင့်မရှိပါဘူးလို့ ညွန်ကြားချက်ရရှိထားတဲ့အတွက် မငှားတာပါ။ ဘောလုံးအဖွဲ့ချုပ်က မငှားတာမဟုတ်ပါဘူး။ ငှားခွင့်မရှိလို့ မငှားတာပါ။ အဲဒီအပေါ်မှာ NLD အနေနဲ့လည်း ဘောလုံးအဖွဲ့ချုပ်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ အစိုးရအထက်အဖွဲ့အစည်းတစ်ခုခုက အထူးကိစ္စတစ်ခုအနေနဲ့ ခွင့်ပြုလိုက်တယ်ဆို ရင်တော့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ခွင့်မပြုစရာ အကြောင်းမရှိပါဘူး”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောကြားခဲ့သည် ။
ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့သွားရောက်မည့်ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရသော်လည်း ယခုလ၇ရက်နေ့တွင် ပုသိမ်ခရီးနှင့် ၁၁ရက်နေ့တွင် ကော့မှူးခရီးစဉ်တို့ကို သွားရောက်မည်ဖြစ်ကြောင်း ယနေ့ညနေ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကာတားနားနှင့်တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။
သို့သော် ……………..
. ပြည်သူရဲ့ အပြည့်အ၀ထောက်ခံမှုကို ရနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ကို လာရောက်တဲ့နေ့တွေဖြစ်တဲ့ ဖေဖေါ်ဝါရီ 6ရက်နဲ့ 7 ရက်တွေမှာ တက္ကသိုလ်တွေမှာ ရုတ်တရက်စာမေးပွဲအနေနဲ့ ကျောင်းသားကျောင်းသူတွေကို Pre exam စစ်မယ်လို့ သတင်းရရှိပါတယ် ။

နွယ်ပင်

About နွယ်ပင်

နွယ် ပင် has written 232 post in this blog.

Related posts:

  1. မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည့် မိန့်ခွန်းဘယ်လို Live ကြည့်ရမလဲ ??????
  2. Green Exhbition အား ရွေ့ဆိုင်းခြင်း
  3. ၅ သိန်းတန် ဂျီအက်စ်အမ်ဖုန်းများ အမှန်တကယ် ချထားပေးမည် ဖြစ်သော်လည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
  4. မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား ရေမွှေး ဖျန်းခြင်း ရေသပ္ပာယ်ခြင်း မပြုလုပ်ရ
  5. ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီ