တာရာမင်းဝေ ၏ အနုပညာကို လွမ်းဆွတ်ခြင်း
|476- Hits|* * အပြစ် ရှိလျှင် ခွင့်လွတ်တော်မူပါ ..
မိုးရေချိန် ကျဲပါးသော
ရာသီဥတု အလွတ် တစ်လုံးထဲတွင်..
ကျွန်တော်..၀င် ပုန်းခဲ့ရဖူးပါသည် ။
** အပြစ်ရှိလျှင် ခွင့်လွတ်တော်မူပါ..
ဤပေါက်ချွန်းဖြင့် တစိုက်စိုက် တူးရင်း..
ဟင်းလင်းပြင်ထဲတွင် ညပ်နေသည့် သစ်သီတစ်လုံးကို..
ကျွန်တော်..ခူးခဲ့မိပါသည်။
ထို သစ်သီး မှာ ပြာသော ရနံ့ ရှိပါသည် ။
* * အပြစ်ရှိလျှင် ခွင့်လွတ်တော်မူပါ ..
သို့ တည်းမဟုတ်..အပြစ်ယူတော်မူပါ..
* * မည်သို့ ပင် ဖြစ်စေ…
သင်လာသောအခါတွင် တိုက်ကျွေးရန်…အတွက်
အေးချမ်းတတ်သော သောက်ရေ ဖြူဖြူတစ်ခွက်ကို..
ယခုပင်လျှင်….
ဤ လက်များ ဖြင့် ….ခပ်ယူ ခဲ့ပြိး ဖြစ်ပါသည် ။
* * မည်သို့ ပင် ဖြစ်စေ…
ကျွန်တော်ကတော့….မျှော်နေမည် ဖြစ်ပါသည် ။
________________________________________________
ဆရာ တာ၇ာမင်းဝေ
ရေးတဲ့ ကဗျာလေးတစ်ပုဒ်ပါ။
သိုးဆောင်း ဂစ်တာ တစ်လက်ရဲ့  မှတ်တမ်း… ဆိုတဲ့ စာအုပ်..
စာမျက်နှာ..286/ 287 မှာ ပါတဲ့ ကဗျာ ဖန်တီးမှု တစ်ခုပါ ။
ကဗျာ ရဲ့ နာမည်ကတော့….”‘ မျှော်သူ…”‘ တဲ့ ။
ကျွန်တော် ဒီ ကဗျာလေးကို … ရှုထောင်းတစ်ခု ကနေ ဝေဖန်ချင်ပေမယ့် ..
မဝေဖန်တော့ပါဘူး ။ ကျွန်တော်..ဝေဖန်ချင်တဲ့ ရှုထောင့်ကိုပဲ..ပြောခဲ့ပါမယ်။
“” စံသွေခြင်း .”"…..ဆိုတဲ့ မော်ဒန် အယူအဆ တစ်ရပ်နဲ့ ..တိုင်းထွာဝေဖန်ချင်တာပါ..။
စံသွေခြင်း…ဆိုတဲ့ အယူအဆ ဟာ…မော်ဒန် / ပို့ စ်မော်ဒန် နဲ့  ပက်သက်၇င်..မသိ မဖြစ်တဲ့
အချက် ပါပဲ.။ အခေါ် အပြောများတဲ့ အယူအဆ ဆိုပါတော့ ။
အများလက်ခံထား ပြီးတဲ့  သတ်မှတ်ချက်များ… ၊
အဲဒီ သတ်မှတ်ချက်များ ရဲ့  ကောင်းခြင်း / ဆိုးခြင်း ဂုဏ်သတ္တ်များကို..
ကမောက်ကမ ဖြစ်အောင်…လွဲ ဖယ် ပြခြင်း….လို့  ပြောရ မှာပါ ။
စံ..သတ်မှတ်ချက်များကို သွေဖည် လိုက်ခြင်း ပေါ့လေ..။
ဒီ ကဗျာမှာ…
စံ သွေ ထားတဲ့  စကားလုံးတွေ..ပါနေပါတယ် ။
ပုံ စံ ထုတ်ပြရရင်……
၁ / ရာသီဥတု အလွတ်တစ်လုံး…
၂ / ဟင်းလင်းပြင်ထဲတွင် ညပ်နေသည့် သစ်သီး….
၃ / သစ်သီးမှာ..ပြာသောရနံ့  ရှိခြင်း….
…. ……………………………………………
_________________________________________
ပြိးတော့ ………………
ဒီ ကဗျာကို ကာရန် စနစ် ထဲက ရုန်းထွက် ထား ပြီး.လွတ်လပ်စွာ.ေ၇းထားပါတယ်။
စကားပြော ဟန်..နဲ့  ရေးထားတယ်..လို့ ပြော၇င် ပိုမှန်ပါလိမ့်မယ်။
ဒါဟာ လည်း..ကဗျာ..ဆိုရင် ကာရန် ပါမှ ..ဆိုတဲ့သတ်မှတ်ချက် / စံနှုန်း ကို သွေဖည်ထားပါတယ် ။
___________________________________________________________________________
ဆရာ တာရာမင်းဝေ ရဲ့  ကဗျာ ဖန်တီးမှု ကို တင်ပြ ချင်ရုံပါပဲ..။
ဒါကြောင့် ကျွန်တော့် ယူဆချက်တွေကို အကျယ် တ၀င့် မပြောလိုသေးပါဘူး ။
ကျွန်တော်က ဝေဖန်ရေးဆရာ.(CRITIC ) တစ်ယောက် မဟုတ်သေးပါဘူး ။
ကိုယ် ချစ်တဲ့  အနုပညာကို….
ကိုယ်တိုင် လေ့လာ ဆန်းစစ်ချင်တဲ့ ..
(သာမန် …)အနုပညာချစ်တဲ့ သူ..လူငယ်တစ်ယောက်ပါပဲ..။
_________________________________________
ကျွန်တော်က ဆ၇ာတာရာမင်းဝေ ရဲ့  အနုပညာ ဖန်တီးမှုတွေက်ု..
လေးစားမိပါတယ် ။
မော်ဒန်ကဗျာဆိုရင်..နားမလည်ဘူး..ဆိုသူတွေလည်း..ခံစားလို့ ၇နိုင်လောက်အောင်..
ဆ၇ာ့  ဖန်တီးမှုတွေက သိမ်မွေ့ လှပ တယ် ထင်ပါတယ်။
ဆရာ့  ကဗျာတွေ ထဲမှာ..
မော်ဒန် ဖန်တီးမှုတွေက စီးဝင်နေပေမယ့်….
အင်မတန် သိမ်မွေ့ … နက်နဲ.ပါတယ် ။
အဲဒီလို ဖန်တီးပြနိုင်တယ်..ဆိုတာကိုက
အံ့သြ ချီးကျူးစရာ ပါပဲ..။
အခု ဆရာ့  ဖန်တီးမှု တစ်ခုကို ( ဆရာ့  အတွက် အလွမ်းပြေ )
ပြန်လည် တင်ပြ လိုက် ရတာကို ကျွန်တော်… ကျေနပ် ၀မ်းသာပါတယ် ။
_____________________________________________________________
ကောင်းရာ..မွန်ရာ ဘုံဘ၀မှာ…
ငြိမ်းချမ်းပြည့်စုံ နေပါစေ..လို့ …..
ဆုတောင်းနေပါတယ် ။
______________________________
စာချစ်သူ များ အားလုံးကို… ခင်မင်လေးစားစွာဖြင့် ..
အလင်းဆက်
Related posts:



ဆရာ တာရာမင်းဝေ ဟာ နိုင်ငံရေး ..နဲ့ ပက်သက် ပြိး.ထောင် ဒဏ် 5 နှစ် လောက် ကျခံခဲ့၇ဖူးပါတယ်။
နာမည်ရင်းက ချစ်ညီညီ လို့  ခေါ်ကြပါတယ်။ ရွှေဘုန်းလူ..ဆိုတဲ့ကလောင် နဲ့လည်း စာပေတွေ ဖန်တီးခဲ့ပါတယ် ။
သူသေဆူံးချိန်မှာ…သူ့ ရဲ့ ဇနီးနဲ့  သားလေး..ခေတ်နေ… တို့  ကျန်ရစ်ခဲ့ပါတယ် ။
ဆ၇ာ့ ကို လွမ်းလို့  င်္ဒီ ပို့ စ်ကို တင်လိုက်ပါတယ် ။
အားလုံးကို ခင်မင် လေးစားလျက်
alinsett.art@gmail.com
Was this answer helpful?
LikeDislikeတာရာမင်းဝေဆိုတာကျနော်တို.မျိုးဆက်ကိုအတွေးအခေါ်တွေကိုပြောင်းလဲစေခဲ့တဲ့စာရေးဆရာ
ကောင်းတစ်ယောက်ဆိုတာငြင်းလို.မရပါဘူး။ သူရေးခဲ့တဲ့စာလေးတွေကိုတင်ကျရအောင်…။
Was this answer helpful?
LikeDislikeကောင်းတယ်ဗျာ
ကဗျာကော.ကဗျာအပေါ် ကိုယ့်အယူအဆလေးကော ထည့်ရေးပေးတာ
ကျနော်တို့ အတွက် များကြီး အကျိုးရှိပါတယ်..
Was this answer helpful?
LikeDislikeဟုတ်ကဲ့ ကိုစိန်ပေါက်ပေါက်ရေ.။ ကျွန်တော်ေ၇း ရကျိုးလေး နပ်ပါတယ် ။
အခု လို အားပေး တာ…ကျေးဇူးပါပဲ။
Was this answer helpful?
LikeDislikeကျွန်တော် တာရာမင်းဝေ စာအုပ်အားလုံး မဖတ်ဖူးပေမယ့် ၊ တော်တော် များများတော့ ဖတ်ခဲ့ဖူးတယ် ။ ကျွန်တော် က ဖတ်ပြီးမေ့ပစ်တဲ့ လူစား ဆိုတော့ ၊ ဒီနေ့ တိုင်အောင် ၊ စာအုပ်အငှားဆိုင်ရောက်လို့ ၊ အခြား ဖတ်စရာမရှိရင် ဖတ်ပြီးသား တွေ ပြန်ငှားဖတ်နေတုန်းဘဲ ။ အခုလို တာရာမင်းဝေ ကဗျာလေး တွေ ပြန်ဖတ်ရတာ အရသာရှိတာဗျာ ။
Was this answer helpful?
LikeDislikeကိုပေရေ… ကျေးဇုးပါပဲ။နော်။
တာရာမင်းဝေ ကို ကျွန်တော် .. စာ စဖတ်ချိန်ကတည်းက နှစ်သက်ခဲ့တာပါ ။
ကျွန်တော်လည်း ကိုပေ..လိုပါပဲ။ ပြန် ငှားဖတ်တုန်း ။ တွေ့ ၇င် ၀ယ် သိမ်းတုန်း ဆိုပါတော့ ။
တာရာမင်းဝေ ကို အနုပညာသမားတစ်ယောက် အဖြစ် အသိအမှတ် မပြု..ပဲကို မနေနိုင်ပါဘုး။
တာ၇ာမင်းဝေ ကို ချစ်တဲ့ သူအားလုံးကို ကျွန်တော် ချစ်ခင်ပါတယ်။
စာပေ..ချစ်တဲ့ သူအားလုံးကိုပေါ့ …
Was this answer helpful?
LikeDislikeကျွန်တော်ကတော့  ဆရာတာရာမင်းဝေကိုလေးစားအားကျနေသူတစ်ယောက်ပါ။
ဆရာ့ ရဲ့ စာတော်တော်များများဖတ်ဖူးပါတယ်
ပြိုင်မြင်းတို့ ရဲ့ ခွာသံကို [18]ခေါက်ဖတ်တာတောင်
အကုန်သဘောမပေါက်ဘူး…
အနုပညာကိုအဓိပါယ်ဖွင့်တဲ့ဆရာတွေထဲမှာဆရာတာရာကတော့
လေးလေးနက်နက်တိတိကျကျဖွင့် ဆိုထားတာ
စာပေအသိုက်အ၀န်းမှာတော်တော်ဂယက်ရိုက်သွားလောက်အောင်
ပြောင်မြောက်ပါတယ်
အခုလိုဆရာ့ ရဲ့ စာပေကိုအလွမ်းပြေတင်ပြပေးတဲ့ အတွက်ကိုအလင်းစက်
ကိုအထူးကျေးဇူးတင်ကြောင်းပြောပါရစေခင်ဗျာ
Was this answer helpful?
LikeDislikeကျွန်တော်လဲဆရာတာရာမင်းဝေရေးတဲ့စာအုပ်ဆိုမလွတ်တမ်းဖတ်ခဲ့တဲ့ကောင်ပါ။
ဟိုတစ်လောကမှသူနိုင်ငံရေးလှုပ်ရှားမှုတွေကိုဖတ်ပီးပိုလေးစား ပိုနှမြောမိတယ်
သရက်ထောင်မှာသူရယ်သူ.အကို ကိုအောင်ဒင်ရယ် လူ.အခွင့်အရေးအတွက်
လှုပ်ရှားခဲ့ကြတာတွေကိုဖတ်ရတော့……………………..
သူလိုလူမျိုးဒီနေ.ဒီအချိန်ရှိစေချင်လိုက်တာ
Was this answer helpful?
LikeDislikeတာရာမင်းဝေရဲ့ ၀တ္ထုတွေ ကို နှစ်သက်ပါတယ်။
နှမျောတမ်းတမိပါရဲ့။
Was this answer helpful?
LikeDislikeသရက်ထောင်ထဲမှာ ချစ်ကိုကို(ကိုအောင်ဒင်)နဲ့ ချစ်ညီညီ(ရွှေဘုန်းလူ)တို့ အတူတူထောင်ကျ
ခဲ့ပါတယ်။ ကိုအောင်ဒင် အာအိုင်တီမှာတက်နေတုန်း စာရေးတော့ ကလောင်အမည်က
“တာရာမင်းဝေ” ပါ။ သရက်ထောင်ထဲမှာဘဲ ကိုကို့ ကလောင်နာမည် ညီ့ကိုပေးပါလို့
ချစ်ညီညီ(ရွှေဘုန်းလူ)ကတောင်းလို့ သူ့အကို ချစ်ကိုကို(ကိုအောင်ဒင်–ဘားမားကဲန်းပိန်းယူကေ)
ကပေးခဲ့တယ်လို့ ဆိုပါတယ်။
“တာရာမင်းဝေ” အမည်လေးရဲ့ သမိုင်းကြောင်းပါ။
Was this answer helpful?
LikeDislikeကျွန်တော်လည်း တာရာမင်းဝေ
ပရိသတ်ပါပဲ။
သူ့ကဗျာတွေကို ကြိုက်သလို သူ့စာတွေလည်း မြတ်နိုးပါတယ်
ခုထက်ထိ သူ့စာ အဟောင်းတွေ ကျွန်တော် ပြန်ဖတ်တာတောင်
ဖတ်လို့ မ၀သေးသလို ခံစားရတယ်။
သူမရှိတော့ပေမဲ့ သူ့စာတွေကတော့ ပရိတ်သတ်တွေရဲ့ နှလုံးသားထဲမှာ
အသက်ဝင်နေဆဲပါလို့ ထင်ပါတယ်။
ခင်လျှက် စေပိုင်ထွဋ်(ပုသိမ်)
Was this answer helpful?
LikeDislikeဆရာသစ်မင်းရေ…
ဆရာ ပြောတဲ့  တာရာမင်းဝေ ကလောင် ဇစ်မြစ်က ကျွန်တော် သေချာတောင် မသိခဲ့ပါဘူး။ အခုလို ပြောပြပေးတာ သိပ်ကျေးဇူးတင်မိပါတယ် ။
ကျွန်တောက ဆရာ တာရာမင်းဝေ..ထောင်ကျဖူးတယ် ။ ထောင်က ထွက်လာပြိးနောက်မှာမှ
တာရာမင်းဝေ ရယ်…လို့  စာပေ တွေ ဖန်တီးတယ်…ဒီလောက်ပဲ..သိခဲ့ပါတယ် ။
အခု လို ပြောပြတာ တကယ် ကျေးဇူးပါပဲ ။
ကျွန်တော့် ပို့စ်တိုင်းကို ၀င်ရောက် ဖတ်ရှု..ဝေဖန်ပေးလို့ လည်း..ကျေးဖူးတင်ပါတယ် ။ ဆရာရေ.. ဆက်လက် အားပေးနေပါဦး.နော်။
_____________________-
သူလိုလူမျိုး ဒီနေ့  ဒီအချိန်ထိ ရှိနေစေချင်တယ်…ဆိုတဲ့  ကျွန်တော့် မိတ်ဆွေ ကိုလည်း..ကျေးဇူးတင်ပါတယ် ။ ကျွန်တော် တို့  အားလုံး….တာ၇ာမင်းဝေ ကို တစ်သဘော ထဲ..ထားပြိး မြတ်နိုးကြရတာ..ပါ။
____________________________
ကိုစေပိုင် နဲ့  မဟာဇော်..၊ ပြိးတော့ ပဒုမ္မာ……
အားလုံး…အားလုံးကို..ကျေးဖူးပါပဲ..လို့ ….
ခင်မင်လေးစားစွာ..ဖြင့်…
alinsett.art@gmail.com
Was this answer helpful?
LikeDislikeလွတ်လပ်ခြင်းနတ်သမီးနဲ့ မပေါင်းဖက်ခဲ့ရသော
ကြယ်ကြွေသတို့ သားသို့ နှုတ်ဆက်ခြင်း
အားပေးသွားပါတယ် ကိုအလင်းဆက်ရေ။
Was this answer helpful?
LikeDislikeကျနော် ခင်တဲ့
ကို အလင်းဆက်ရေ…
ကျနော် က စာမစုံပါဘူးဗျာ …
ဆြာရွှေဘုန်းလူ စာတွေ ဖတ်တော့ ဖတ်ဖြစ်ရဲ့ ….
သို့သော် ….ကျနော့် ကဗျာနှလုံးကပဲ ထူလွန်းအားကြီးသလား …
ရုပ်ဝတ္ထုနောက် လိုက်လွန်းသော ကျနော့် ဇော စိတ်တွေကပဲ ….
ကျနော့်ကို ကန်းစေသလား ကျနော်မသိ. ….
သို့သော်ကျနော် သည် ဆြာ ဆုံးပါးပြီးနောက်ပိုင်းမှ …
ဆြာ့စာတွေ ဆြာ့ ကဗျာတွေ ပြန်ဖတ်ဖြစ် ပြန်ခံစားဖြစ်တဲ့ ….ချာတိတ်ရယ်ဗျာ…
သေရင် ကလပ်စစ်ကယ်လ် ဖြစ်သတဲ့ ……ရှေးစကားပါ….။
ကျနော့် အတွက်တော့ ဆုံးပါးသွားတဲ့ ဆြာတယောက်ရဲ့ တန်ဖိုး နဲ့ အနုပညာ ကို
နှောင်းမှ သိရ ခံစားရ နှမြောတသဖြစ်ရ ….ပါတယ်ဗျာ ….။
ကျနော်က ဆြာမင်းလူ သိပ်နှစ်သက်တဲ့ကောင်လေ ….။
ဆြာမင်းလူရယ် …တာရာမင်းဝေရယ် ..နီကိုရဲရယ်…..
အသွင်မတူသော်လည်း သူတို့ စာတွေထဲမှာ တယောက်ကို တယောက် ကလူကြည်စယ်ကြတာလေးတွေ
ပြန်ဖတ်ဖြစ်တဲ့အခါ …… ရင်ဘတ်ထဲမှာနွေးတယ်ဗျာ …….။
……………….တာရာရဲ့ ကဗျာ …တာရာ ရဲ့စာ ….အဆင့်မြင့်မြင့်နဲ့ ဖတ်ကြည့်ပါ ………………….
ဆြာမင်းလူရဲ့ စာပေ စင်တင်စတိတ်ရှိုးပွဲ ဆိုတဲ့ စာစုထင်ရဲ့ …..
မနော်ဟရီနဲ့ …ဆြာရွှေဘုန်းလူ စုံတွဲကို သည်သီချင်းနဲ့ …နောက်ထားတယ်ဆိုတာလေး လက်ကနဲ
ပြန်အမှတ်ရလိုက်မိတယ်ဗျာ ….. အော် …ကြော်ငြာခေတ်ဦးလို့ ပြောလို့ရမယ့် ကျနော်တို့ ချာတိတ်ဘ၀တုန်းကပေါ့…
အော် …မေ့လို့ ကိုယ့်ဆြာ ….
တာရာမင်းဝေ မသေပါဘူးဗျာ ….
ဟုတ်တယ်ဟုတ် ???
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislikeနာဂရ ချစ်သူရေ.. အားပေးသွားတာ သိပ်ကျေးဇူးတင်ပါတယ်နော်။
ခင်တဲ့  ဂီဂီရေ…. တာ၇ာမင်းဝေ နဲ့  ဆရာ မင်းလူ တို့ က တစ်ယောက်ကိုတစ်ယောက် စ ကြနောက်ကြနဲ့  တကယ့်ကို ပျော်စ၇ာပါပဲ ။ နီကိုရဲ..ရောပေါ့လေ။
ဂီဂီက တာ၇ာမင်းဝေ မသေဘူး…ဆိုလို့  ကျွန်တော်…လည်း အံ့သြသွားသေးတယ် ။
ဆရာ သေတုန်းက ကျွန်တော် ကိုယ်တိုင် လိုက်ပါ ပို့ ဆောင်.ေ.ပးသေးတယ်လေ။
အခုမှ သေချာ ပြန် တွေး ကြည့်တော့……
ဟုတ်တယ်ဗျ။ ဆရာတာရာမင်းဝေ မသေသေးဘူး။ သူ ဟာ…အနုပညာသမား စစ်စစ် တစ်ယောက်အဖြစ်… ဆက်လက် ရှိနေသေးပါတယ် ။
ဘယ်နေရာမှာ ရှိသလဲ..ဆိုတော့….အနုပညာကို ကျိန်စာမိနေသူတွေ..လို …. ချစ်နေမိတဲ့..
စာပေအနုပညာတောမှာ..မျောနေတဲ့  စာချစ်သူ…လူငယ်တွေ..ရဲ့ နှလုံးသားထဲ..မှာ…
မှတ်ဥာဏ်တွေ..ထဲ မှာ….
ဆရာတာရာမင်းဝေ…ရှင်သန်နေသေးတယ်။
ခင်တဲ့  ဂီဂီရေ….
ကျေးဇူးပါပဲ..ဗျာ….
လေးစားစွာ…ခင်မင်လျက်..
အလင်းဆက်
Was this answer helpful?
LikeDislike