14
ဝန်ထမ်းများဝမ်းမြောက်ဖွယ်ကာလရောက်တော့မည်
|655- Hits|အစိုးရ၀န်ထမ်းလစာတွေကို ဒီနှစ်ဘားဂျက်ကုန် မတ်လကုန်မှစပြီး
အာဆီယံလစာနှင့်ညီအောင် တိုးမြင့်ပေးတော့မယ်လို့ စစ်တပ်အရာရှိတစ်ဦးဆီက
သတင်းတိုးတိပ်တဲ့သတင်းထွက်လာပါပြီ
အနိမ့်ဆုံးဝန်ထမ်းက 1သိန်းကျော်ရမည်ဟုလဲ တိုးတိပ်စွာသိရပါသည်
ဒို့ပြည်သူဝန်ထမ်းတွေဝမ်းသာနိုင်ကြပါစေ
ငထွား
Related posts:


ဟုတ်နိုင်ပါမလား ကိုရင် ငထွား ၊
မဟုတ်ပဲ ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှ အခက် နော် ။
Was this answer helpful?
LikeDislikeဘာပဲ ပြောပြော ဖြစ်လာမှ ယုံ တော့ မယ်။
ဒါဒို့ပြေ ဒါဒို့ မြေ လေ ကိုဝင်းဇော်ရယ်..
ကုန်ဈေးနှုန်း က လစာတိုး မယ်လို့ အသံကြားယုံ နဲ့ တခါ တက်မယ်။
သေချာသလောက် ရှိ ရင် တခါ တက်မယ်။
တကယ် ကို တိုးသွားပြီ ဆို တခါ တက် မယ်။
လစာ တခါ တိုးရင် ကုန်ဈေးနှန်း သုံးခါ တက်မယ်။
Was this answer helpful?
LikeDislikeကုန်ဈေးနှုန်းတက်ရင် ဘုန်းကြီးဈေး ကျတယ်တဲ့၊ ဘတ်ဂျက်က ဘုန်းကြီးဘက် မရောက်တော့လို့…
Was this answer helpful?
LikeDislikeနေချင်းညချင်း ဘဏ်တိုးနှုန်းချတာ၊ နေချင်းညချင်း ငွေကြေးလဲလှယ်မှုနှုန်းထား သတ်မှတ်တာ၊ ကား ဒဏ်ကြေး တွေ ဒေါ်လာ နဲ့ သတ်မှတ် ပြီး မြန်မာ ငွေကြေး ဖောင်းပွအောင်လုပ်တာဟာ နိုင်ငံတော် အကျင့်ပျက် များနှင့် စီးပွားရေးလက်ဝါးကြီးအုပ် ၀ိသမလောဘသားတို့ သူတို့ရေရှည်အကျိုး အတွက် လောဘတကြီး ငွေရှာနေတာပါ ။
သူတို့မှာ ဒေါ်လာငွေ မဲ တွေဘဲ ရှိ တယ်၊ ဒေါ်လာတက်တော့သူတို့ မြန်မာ ငွေ မဲ တွေ ပွားမှာ ။ မြန်မာ ငွေကြေး ဖောင်းပွအောင်လုပ်တဲ့နည်းတနည်း ပါ ။
ငွေကြေး ဖောင်းပွအောင်လုပ်တော့ နိုင်ငံတော် အကျင့်ပျက်တွေဘဲ ဦးမော့လာ ပြီး မြန်မာပြည်သူတွေ ဘဲ ဆင်းရဲမွဲတေ မှာ ။ မြန်မာပြည်သူတွေ နဲ့တိုင်းပြည်ဘဲ ဒုက္ခရောက်ပါလိမ့်မယ်..။
အစိုးရက ကော်မတီတွေ အသင်း တွေ ဖွဲ့ပြီး တိုင်းပြည် အတွက် ပြည်သူတွေ အတွက် လုပ်ပေး သယောင်ယောင်နဲ့
ဂုဏ်သိက္ခာမဲ့ ပေါ်လ စီချမှတ် လုပ်တာ အစိုးရအတွက် အန္တရာယ် (Risk) အကြီးအကျယ် ရှိနေတယ်။
မြန်မာပြည်သူတွေ ကံကောင်း ကြ ပါစေ။ မြန်မာပြည် ကံကောင်း ပါစေ။ ကုန်ဈေးနှုန်းကျ ပါစေ။
ကောင်းမှုကိုလုပ်တယ်ဆိုရင် မကောင်းမှုတွေကို ရပ်ရမယ်။ မ ကောင်းမှုတွေ မရပ်ဘဲနဲ့ ကောင်းမှုကို အပေါ်ယံလုပ်ပြလို့ မရပါဘူး။
ငွေကြေး ဖောင်းပွအောင် အတင်းမလုပ်ပါ နဲ့။
Was this answer helpful?
LikeDislikeနိုင်ငံတော်ကြီး ပျက်စီးအောင် အကျိုးယုတ်အောင် နိုင်ငံသူားများ ဒွတ်ခရောက်အောင်
ကြံစည် ဖေါ်ဆောင်နေကြသူများ ကို မေတ္တာပို့ပါ၏ ။
Was this answer helpful?
LikeDislikeညွှန်မှူးနဲ့ အထက်အရာရှိကြီးတွေ ပေးတဲ့အခွင့်အရေး ခံစားခွင့်လျှော့ လိုက်ရင် အောက်ခြေ ၀န်ထမ်းတွေကို
လစာတိုးပေးနိုင်ပါမယ် ဓါတ်ငွေ့သိုက်က ရတဲ့ငွေလဲဘတ်ဂျက်ထဲမချန်ဘဲ ရောက်မယ်ဆိုရင် တိုးနိုင်မှာပါ
အာရပ်ကမ္ဘာ ရေနံနဲ့ အို ကေနေတာဘဲလေ
Was this answer helpful?
LikeDislikeအူမတောင့်မှသီလစောင့်နိုင်မယ်ဆိုသလို အဓိကအရေးကြီးတဲ့ လစာကိုစားဝတ်နေရေးလုံလောက်အောင်တိုးပေးပြီးရင်တော့ တိုင်းပြည်အုပ်ချုပ်မှုယန္တယားချောမွေ့စွာလည်ပတ်နိုင်ဖို့ အခြေခံအုတ်မြစ်ဖြစ်တဲ့အတွက် ကိုယ်ကျင့်တရားနဲ့စွမ်းဆောင်ရည် မြင့်မားလာအောင်လေ့ကျင့် သင်တန်းပေးဖို့လိုမယ်ထင်ပါတယ်။ လစာတိုးဖို့အတွက် ဌာနတွေမှာလည်း သင့်တော်တဲ့ဝန်ဆောင်မှု ယူသင့်ပါတယ်။
ဒါမှသာ ၀န်ထမ်းတွေရဲ့ အကျင့်ပါနေပြီဖြစ်တဲ့ လာဘ်စားမှု တဖြေးဖြေးအမြစ်ပြတ်နိုင်မယ်ထင်ပါတယ်။
Was this answer helpful?
LikeDislikeဟုတ်လားဗျ …အနှီ ၀န်ထမ်းတွေပေတဲ့ ဆားဗစ်စ် ကရော ဘယ်တော့ အာစီယံခွာလထီ ဖြစ်မလဲ ဟင်င်င်…
ရုံးမှာ ချဲတွက် ….အင်္ကျီရောင်း …၀တ္ထုဖတ် လုပ်တာလေးတွေက …
အာချီယံ မှာလည်း တူတူပဲလားဟင်င်င်…..
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislikeဟုတ်တယ်ဗျာ ကိုအင်ဇာဂီရေ။လစာတိုးပေးတယ်မပေးဘူးဆိုတာထက်၊
ပေးထားတဲ့(သို့ )ပြည်သူ့ ငွေကိုစားနေတဲ့ဝန်ထမ်းတွေအလုပ်ကိုအလုပ်
နဲ့ တူအောင်လုပ်ကြပါသလားပြန်မေးရပါမယ်။အဓိကအနေနဲ့ လစာမတိုး
ခင်မှာအကျင့်ပျက်ဝန်ထမ်းတွေကိုလျှော့ချမယ်၊ဘာအလုပ်မှမယ်မယ်ရရ
မလုပ်ဘဲ လစာတွေတနင့်တပိုးယူထားတဲ့ စစ်တပ်ထဲကခွေးသူတောင်းစား
တွေကို ဖြုတ်ပြစ်မယ်ဆိုရင်ကို ထိရောက်နေပါပီ။
ကို kyawkyaw11ရေ……
အစိုးရ၀န်ထမ်းလစာတွေကို ဒီနှစ်ဘားဂျက်ကုန် မတ်လကုန်မှစပြီး
အာဆီယံလစာနှင့်ညီအောင် တိုးမြင့်ပေးတော့မယ်လို့ စစ်တပ်အရာရှိတစ်ဦးဆီက
သတင်းတိုးတိပ်တဲ့သတင်းထွက်လာပါပြီ။အနိမ့်ဆုံးဝန်ထမ်းက 1သိန်းကျော်ရမည်ဟုလဲ
တိုးတိပ်စွာသိရပါသည်။ဒို့ပြည်သူဝန်ထမ်းတွေဝမ်းသာနိုင်ကြပါစေ ။
ခုလိုပြောတော့ ဝမ်းသာရပေမယ့် ဝမ်းနည်းစရာလဲသွားတွေ့ တယ်ဗျာ။ခင်များက စစ်တပ်က
ဘယ်လိုကောင်ဆီက နေသတင်းရတယ်တော့ မသိဘူးပေါ့ဗျာ။နို့ ပေမယ့်ဖြစ်နိုင်တာက သူတို့ 
စစ်တယ်ထဲက သူတောင်းစားတွေ လခတိုးမှာလား၊အောက်ခြေက ငယ်သားတွေရဲ့ လူမှုဘဝတွေ
အတွက်လား၊ခွဲခြားပြီး သန့် လိုက်ဖို့ ကောင်းနေပီ။
Was this answer helpful?
LikeDislikeအစိုးရ၀န်ထမ်းလစာတွေ တိုးပြီး နိုင်ငံတော် အကျင့်ပျက်တွေဘဲ ဦးမော့လာရင် မြန်မာပြည်သူတွေ ဘဲ ဆင်းရဲမွဲတေ မှာ ။
ကော်မတီတွေ အသင်း တွေ ဖွဲ့ပြီး တိုင်းပြည် အတွက် ပြည်သူတွေ အတွက် လုပ်ပေး သယောင်ယောင်နဲ့
သူတို့အတွက်အဓိက က နိုင်ငံတော်ကြီး ပျက်စီးအောင် အကျိုးယုတ်အောင် လုပ်တာဘဲလေ ။
အဓိကအရေးကြီးဆုံးက အကျင့်ပျက်ဝန်ထမ်းတွေကို သန့် လိုက်ဖို့ ကောင်းနေပီ။ ကော်မတီတွေ အသင်း တွေ က အကျင့်ပျက်ဝန်ထမ်းတွေကို တွေကို ဖြုတ်ပြစ်မယ်ဆိုရင် လစာတိုးပေးမယ် ဆိုတာထက် ဝမ်းသာရပါမယ်။
ဒါမှသာ လစာတိုး ရင် ကုန်ဈေးနှန်းကျမယ်။
အဓိကအရေးကြီးဆုံးက အကျင့်ပျက်ဝန်ထမ်း တွေကို ဖြုတ်ပြစ်မယ်ဆိုရင်ကို ထိရောက်နေပါပီ။
ဒို့ပြည်သူဝန်ထမ်းတွေဝမ်းသာနိုင်ကြပါစေ ။
မြန်မာပြည်သူတွေ ကံကောင်း ကြ ပါစေ။ မြန်မာပြည် ကံကောင်း ပါစေ။ ကုန်ဈေးနှုန်းကျ ပါစေ။
Was this answer helpful?
LikeDislikeလခ အများကြီးရတော့ အများကြီး ကိုင်ရတာပေါ့။ ချိုချဉ် တစ်လုံး တစ်ထောင်ဖြစ်နေမှ ဒွတ်ခ..ဖွဟဲ့ လွဲပါစေ
Was this answer helpful?
LikeDislikeလစာမတိုးပ` ကုန်ဈေးနှုန်တိုးသွားရင် မလွယ်ဘူးဗျို့။
Was this answer helpful?
LikeDislikeတကယ်တိုးရင်တော့ဝမ်းသာစရာဘဲပေါ့
Was this answer helpful?
LikeDislikeအဲ့ဒီလို ဖွတဲ့ လူတွေကြောင့်ခက်တာ … တကယ်တိုးမှ သာ တိုးတယ်ပြောသင့်တာ… မဟုတ်လျှင် တကယ်လည်း မဟုတ်ပဲ တိုးမယ် ကြားတိုင်း တက်တက်သွားတဲ့ ကုန်ဈေးနှုန်းထဲ ခေါင်းတောင်မဖော်နိုင်တော့တဲ့ ဘ၀တွေ ဘယ်လောက်များနေခဲ့ပြီလဲ … ။
ရုန်းရင်း နစ်ရင်း .. နစ်ရင်း ရုန်းရင်းနဲ့ …… အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ခုအတွက် ကြိုဝမ်းမသာ ရဲပေမယ့် … တက်သွားတဲ့ တခြားစရိတ်တွေအတွက်တော့ ၀မ်းမနည်း ချင်ဘူး တော်ရေ …. ။
Was this answer helpful?
LikeDislike