စဉ်းစားကြစေလိုပါတယ် ( ၁၀ )
|715- Hits|စဉ်းစားကြစေလိုပါတယ် ( ၁၀ )
” Wow “ ရဲ့ ” ဂျင်းနီရယ် မယ်လိုဒီရယ် ဥက္ကဋ္ဌကြီးရယ် ” Post က ဓါတ်ပုံထက်စာရင်
ဒီ ဓါတ်ပုံက ပိုတွေးစရာ များလို့ တွေးကြည့်မိတာပါ ။
အင်း သီချင်း ဆိုခတွေက ဒေါ်လာနှင့် လက်ငင်းရှင်းရတယ် ထင်တယ် ။
အခန်းထဲမှာ သီးသန့် ဆိုကြတာမို့လို့ ကြေးကြီးတာ ဖြစ်ရမယ် ။
ဒေါ်လာ ရာတန်တွေကို အုပ်လိုက်ကိုင်ပြီးကို ရှင်းနေတာ ။
မယ်လိုဒီက ဒေါ်လာ တစ်ရာတန်လေးက ခေါက်နေလို့ ပြန်လဲခိုင်းနေတာလား ။
ဦးဇော်ဇော် နှင့် ဆရာစိုင်း ( Alpine ) က တော်တော် အပေးအကမ်း ရက်ရောပုံ ရတယ် ။
ဂျင်းနီလေးဆို ပျော်နေလိုက်တာ ။
သာဓုပါဗျာ ၊ သာဓုပါ ။
အင်း သူတို့ခမျာ တော်တော် ဒုက္ခရောက်ရှာမှာပဲ ။
အစိုးရက ငွေစက္ကူ တစ်သိန်းတန်တို့ ၊ တစ်သန်းတန်တို့ ထုတ်မပေးတော့ ၊
မကိုင်ချင်ပဲနှင့် အမေရိကန် ဒေါ်လာကိုပဲ အုပ်လိုက် ကိုင်သုံးနေရရှာတယ် ။
ဦးဇော်ဇော် နှင့် ဆရာစိုင်း ( Alpine ) ကို အပြစ် မမြင်ပါဘူး ။
သူ့ ရှိလို့ သူ သုံးတာပဲနော့် ။ မုဒိတာ ပွားနိုင်ပါတယ် ။
ဒီစကား မှန်ရင် ၊ နောင်ဘဝ ကိုယ်လည်း ဒီလို သုံးနိုင်ပါစေဗျာ ။ ဟီ ဟိ ။
စဉ်းစားမိတာက ၊ မြန်မာပြည်မှာ ဆင်းရဲချမ်းသာ ကွာဟမှု စများလာ နေပြီလားလို့ ။
အဘ ထင်တယ် ၊ တချို့ အောက်ခြေဝန်ထမ်းလေးတွေဆိုရင် ၊
တစ်နှစ်လုံး ခြစ်ချုတ်ပြီး စုရင်တောင်မှ ၊
မယ်လိုဒီ ကိုင်ထားတဲ့ ရာတန် တစ်ရွက်စာကိုတောင် စုမိပါ့မလား ။
အကြွေးပြီး အကြွေး ပါတ်နေရရှာတဲ့ ဘဝ တွေလေ ။
သူတို့များ ( ဂျင်းနီ ၊ မယ်လိုဒီ & etc ) ကျတော့ လွယ်ပုံရတယ် ။
အစိုးရမင်းများလည်း ဒီ ဓါတ်ပုံလေးကို ကြည့်မိရင်တော့ ၊
အဘ လိုပဲ အတွေးဝင်မိမယ် ထင်တာပဲ ။
ဒါမှမဟုတ် အလုပ်မရှိ အလုပ်ရှာ ပြဿနာ အစတွေ
လိုက်ဆွဲထုတ်နေတဲ့ ပြဿနာ အဘ လို့ပဲ ထင်မလား မသိ ။
စဉ်းစားကြစေလိုပါတယ် ။
မြို့မေတ္တာ ခံယူမယ့် ၊
အဘ F R ။
Related posts:



အဘ မေ့ကျန်ခဲ့ပါတယ် ။ Sorry ပါ ။
Credit to Myatphone Linn / Face Book / Photo /ေ၇ပေါ်ဆီ ချဉ်ဖတ်များ………ပုံ ( ၂ ) ။
Was this answer helpful?
LikeDislikeဆင်းရဲချမ်းသာကတော့ဘာကွာသလဲမမေးနဲ.။ဟိုတစ်လောကအဘဖောပြောသလို
ဗမာပြည်ကလူတွေအင်မတန်ချမ်းသာတယ် သြဇီကလူတွေတောင်ခရီးတစ်ခါထွက်ဖို.
ဘယ်လောက်စုရတယ် ဗမာပြည်ကသူဌေးကြီးတွေရဲ့သားသမီးတွေဘယ်လောက်ပိုက်ဆံ
သုံးနိုင်သလဲဆိုတာကိုယ်တွေ.ပါပဲ။ဆင်းရဲလွန်းလို.ထမင်းရည်သောက်နေရတဲ့လူတွေကို
လည်းတွေ.ခဲ့ဖူးတယ်။စင်တင်မှာတစ်ဘရိတ်တည်းသိန်း၂၀၀ကျော်ဖိုးပန်းကုံးစွတ်လိုက်တဲ့
ကောင်ကိုလည်းတွေ.ခဲ့ရတယ်။လူငယ်ဗျား အဖိုးကြီးမဟုတ်ဖူး။ဆင်းရဲချမ်းသာကွာလား
မကွာလားအဘဖောစဉ်းစားကြည့်ပေတော့။အဲပိုက်ဆံပမာဏဟာလူတစ်ယောက်ရဲ.ဘဝ
ကိုအနည်းနဲ.အများပြောင်းသွားစေနိုင်တယ်။အဲကောင်ကအဲပိုက်ဆံကိုတစ်ရက်ထည်း
တစ်နေရာထဲမှာတစ်ထိုင်တည်းဘာမဟုတ်တဲ့မိန်းမတွေအတွက်သုံးချပလိုက်တယ်။
Was this answer helpful?
LikeDislikeဟင့် ပုံတင်ချင်ရင် ကိုယ့်ဟာကိုတင်ပေါ့ ပိန္နဲပင်ကို ဆွဲထဲ့နေရသေးတယ်…

နောက်တာပါ။ မနေ့က ဒီနှစ်ပုံ Facebook မှာ အတော် ပလူပျံသွားတယ်။ အဘဖောပြောသလိုပဲ တွေးမိတာလေးတွေရှိပေမဲ့ အင်းပေါ့လေ ဒီလိုဆိုတော့လဲ ဟိုလိုတော့ရှိတာပေါ့ ဒီအတိုင်းသွားရင်တော့ ဟိုသင်းတွေက ဟိုဟာဆိုသလို…. ဟယ် သိတော့ဝူး
Was this answer helpful?
LikeDislikeအလိုလေး.
ဒေါ်လှ တစ်ရာတန်လေးတွေရတဲ့ မျက်နှာက သူ့ မေဂျီးဒေါ်ကြီး သေရာက ပြန်ထလာတဲ့အတိုင်းပဲ
ပျော်မြူးနေကြတာ
အင်းလေ
ငါဆိုလဲ ဘာမှမလုပ်ရပဲ ဒေါ်လှ တစ်ရာရရင် ဟာ့တ်အတက်ခ်ဖြစ်ပြီး ကိစ္စရှောသွားနိုင်တာပဲ
လူမသေခင်
နာမည်တွေ အရင်သေနှင့်ကြပြီမိုလို့ .စိတ်မကောင်းလှပါကွယ်..
တရာနဲ့ ပဲ ဖြေကြပေါ့
Was this answer helpful?
LikeDislikeexchange လုပ်နေကြတာလေ။ တဒေါ်လာကို ၁၀၀၀နှုန်းနဲ့ ဒေါ်လာ၁၀၀ကို တစ်သိန်းနဲ့လဲပေးနေတာထင်တယ်။
Was this answer helpful?
LikeDislikeအောင်မငီး … အူလှိုက်သည်းလှိုက် ဝမ်းသာတယ်ဆိုတာ ဟို .. လေးယောက်ကို ကြောတာနေမှာ .. ။
ဒီဘက်က ဘူးကြီးတွေ … အဲ .. ယောင်လို့ … အူးကြီးတွေကလည်း အပေးအကမ်း ရက်ရောလိုက်ပုံများ ကြော ကြောချင်ဘူး။ အဲ … အကြံတစ်ခုရပြီ။ အဲဒီ အူးကြီးတွေဆီ ငွေဖလား အကြီးကြီးနဲ့ အလှူသွားခံရမယ် … ဟီ … ဟိ … အဲဒီကြ မလှူလို့ကတော့ သူကြီး တက်တိုင်မယ် … ဒါဗြဲ …
Was this answer helpful?
LikeDislikeလူတွေ စဉ်းစားကြxxxxx စဉ်းစားကြ လောကအတွက် +++++++ သင်ဟာသမိုင်းကြောင်း ကောင်းဖို့ တစ်ခုခုလုပ်ခဲ့သလား ………. ။ (ကိုကျော့် လေသံဖြင့် ဖတ်ပါ…။ ) အဘဖောရေ….။ ဘိုင်ကျလို့ ဘေးထိုင်နေရတော့လည်း တစ်ခါတစ်လေကျတော့ ဘုပြောဖြစ်တယ်ဗျ….။
Was this answer helpful?
LikeDislikeမလွယ်ပါဘူး.. အဘရယ်.. လွယ်ပါဘူး..
ဟနေတာတော့ တော်တော်လေး ဟနေတာပါဗျာ..
ဟက်တက်မကွဲဖို့ဘဲလိုပါတော့တယ်…
ကျနော် အရင်ကလည်း ပြောခဲ့ဖူးပါတယ်… နာမည်ကြီး မော်ဒယ်တွေ
အဆိုတော်တွေဟာ လုပ်ငန်းရှင်ကြီးတွေရဲ့ အမြှောင်သာသာဖြစ်နေပါတယ်…
အခုနာမည်ကြီးချင်သူတော်တော်များများကလည်း အဲ့လမ်းကို လိုက်ချင်လို့
ပိုက်ဆံအကုန်ခံ စီးရီးထုတ်၊ ဗီဒီယိုရိုက်ပြီး လူကြော်ငြာနေတယ်ပဲ… ကျနော်တော့
မြင်ပါတယ် အဘရယ်… အင်း.. အင်း..
ရွှေပြည်တော် မျှော်တိုင်းဝေးနေတော့မယ်.. ထင်ပါတော့တယ်.. အဘရယ်…
Was this answer helpful?
LikeDislikeမယ်လိုဒီရုပ်ရှင်မရိုက်တော့ဘူးဆိုတာဒါ့ကြောင့်ဖြစ်မယ်ထင်တယ်နော်။ ရုပ်ရှင်ရိုက်တာထက်ပိုကိုက်တယ်။
Was this answer helpful?
LikeDislikeလူတွေကတော့ အမျိုးမျိုးပါပဲ…
ပိုက်ဆံရှိတာချင်းတူပေမယ့် ပိုက်ဆံကို တန်ဘိုးထားပုံချင်း
ပိုက်ဆံသုံးပုံချင်းတော့ မတူကြဘူး..။
အင်း…. ပိုက်ဆံရှာရပုံချင်းလဲ မတူကြပဲကိုး…….
Was this answer helpful?
LikeDislikeသက်မဲပိုက်ဆံအောက်သို့..
ဆင်ခြင်တုံမဲ့သောသူတို့တွေကအရောက်ခံ၏..
ကိုယ့်၏ဂုဏ်သိက္ခာတန်ဘိုးအားငွေကြေးဖြင့်အသုံးချခံရန်မသင့်ဟုထင်မြင်မိပါသည်။
Was this answer helpful?
LikeDislikeရွာသူားတို့ရေ ရာတန် က တရွက် နှစ်ရွက် မဟုတ်ဘူးနော် ။
ခရမ်းရောင် ကောင်မလေး ကိုင်ထားတဲ့
ပုံရဲ့ ဘယ်ဖက် အစွန်ဆုံးက ပိုက်ဆံအုပ်က ဒေါ်လာအုပ်နော် ။
အဘ အထင်တော့ မယ်လိုဒီ မိုက်ကရိုဖုန်း နှင့် တွဲကိုင်ထားတဲ့
မြန်မာ ပိုက်ဆံအုပ် တစ်အုပ်ကလွဲရင် ကျန်တာ ဒေါ်လာအုပ်တွေ ကြီးပဲ ။
captainamerica အပေါ်မှာ မန့်ခဲ့သလိုပဲ
မထင်ရှားတဲ့ Celebrity မဟုတ်တဲ့ လူငယ် သူဋ္ဌေး တစ်ယောက်က
မထင်ရှားတဲ့ Celebrity မဟုတ်တဲ့ စားသောက်ဆိုင် စင်တင်က အဆိုတော် တစ်ယောက်ကို
တစ်ညတည်းကို သိန်း နှစ်ရာဖိုး ပန်းကုံး စွပ်တယ်ဆိုတော့
Celebrity သူဋ္ဌေးကြီးတွေဖြစ်တဲ့ ဦးဇော်ဇော် နှင့် ဆရာစိုင်း ( Alpine ) တို့က
Celebrity ဂျင်းနီ ၊ မယ်လိုဒီ တို့ကို ဆုချတာဆိုတော့ ?????
အင်းးးးးး Australia, America, UK, Japan စသဖြင့်မှာ နေနေကြရတဲ့ လူမွဲလေးတွေ မှာတော့
နောင်ဘဝမှပဲ သူတို့လို ကံကောင်းဖို့ ဆုတောင်း ရတော့မယ် ။
ဝန်ခံပါတယ် ။ သြဇီမှာနေတဲ့ လူမွဲလေး အဘ F R ပါ ။
Was this answer helpful?
LikeDislikeအဘဖော သူတို့ကိုတိုင်းပြည်အကြွေးအရင်ဆပ်ခိုင်းလိုက်မယ်။ ဘယ့်နှယ့်လဲ။
Was this answer helpful?
LikeDislikeကိုအဘဖော –
ကျွန်မတော့ နှစ်မျိုး တွေးမိတယ်။
(၁) အဲဒါ တစ်ဒေါ်လာ တန် တွေ ရော မဖြစ်နိုင်ဘူးလား။
(၂) မဟုတ်ဘဲ ရာတန် တွေ ဆိုရင်တော့ ကိုယ့်ချွေးနဲစာလေးနဲ့ သမာအာဇီဝ ရလာတဲ့ ငွေ တွေတော့ လုံးဝ မဖြစ်နိုင် ဟု ထင်ပါကြောင်း။
အဲဒါ ကျောင်းတက်ခွင့် မရတဲ့ ခလေးတွေ၊ ဆေးကုခွင့် မရလို့ အသက်မဆုံးသင့်ဘဲ ဆုံး ခဲ့ရတဲ့ ကျေးရွာကလူတွေ ရဲ့ ပိုင်သင့်တဲ့ ငွေတွေ အခွင့်အရေး တွေ၊ ပြည်သူ့ ပိုက်ဆံတွေ ကို သုံးနေတာ။
တနည်း အဲဒါ မိုနိုပိုလီ ပိုက်ဆံတွေ။
Was this answer helpful?
LikeDislikeမဖြစ်နိုင်ဘူး တစ်ဒေါ်လာတန် အုပ်ဆိုလို့ကတော့
သူတို့လို Celebrity သူဋ္ဌေးကြီးတွေ မပြောနှင့်
ကျွန်တော့်လို ငမွဲတောင် လက်အလေးခံ ၊ သိက္ခာအကျခံပြီး မကိုင်ဘူး ။
မ Khin Latt ရေ မြန်မာပြည်က သူဋ္ဌေးကြီးတွေ အရမ်းချမ်းသာ နေပြီနော် ။
နိုင်ငံခြားမှာနေတဲ့ မြန်မာတွေ ဘယ်လိုမှ မမှန်းရဲ စိတ်ကူး မယဉ်ရဲ လောက်အောင် ချမ်းသာပါတယ် ။
အပေါ်မှာ captainamerica မန့်ခဲ့သလိုပဲ
မထင်ရှားတဲ့ Celebrity မဟုတ်တဲ့ လူငယ် သူဋ္ဌေး တစ်ယောက်က
တစ်ညတည်းကို သိန်း နှစ်ရာဖိုး ပန်းကုံး စွပ်တယ်ဆိုတာ ။
သူတို့ပိုက်ဆံတွေ သန့်မသန့်တော့ ကျွန်တော်လည်း မသိဘူး ။
Was this answer helpful?
LikeDislikeအရင်ဘဝကဒါနကောင်းခဲ့သူတွေ သုံးကြပါ ဖြုန်းကြပါ။
Was this answer helpful?
LikeDislikeပြီးခဲ့တဲ့ လထဲက ပွဲ တစ်ခုကို မျက်စေ့လည်ပြီး ရောက်သွားခဲ့တယ်
ဒေါ်လာတွေ အုပ်လိုက်ကိုင် ဆုချနေတာ
အားကျရမှာလား ၊စိတ်မကောင်းဖြစ်ရမှာလား၊ မုဒိတာ ပွားရမှာလား မသိ
အနားရောက်လာလို့ ကြည့်မိတာတော့ ဒေါ်လာ ၂၀ တန် အုပ်လိုက်ပါ
Was this answer helpful?
LikeDislikeမုဒိတာပွားပါဗျာ..
အရင်းရှင်ငွေရှင်တွေကို ..အားပေးပါ..။ သူတို့တွေ နံရံတွေထဲငွေတွေမမြုတ်ထား..ရွေတွေမ၀ယ်ထား.ရင်ကို မဆိုးပါဘူး..
… နိုင်ငံတကာလှည့်မသုံးပဲ..ပြည်တွင်းသုံးပေးတာကိုတောင် ကျေးဇူးတင်ရမှာပါ..။
သူတို့က.. ဒီမိုကေ၇စီစံနစ်မှာ ..အရင်းရှင်နိုင်ငံတွေမှာ.. အဓိကမောင်းနှင်အားတွေပေါ့…။
လွန်လာရင်သာ.. နည်းနည်းဝိုင်းတောင်းပန်တောင်းဆိုရမှာ..။
ယူအက်စ်လိုပေါ့..
We are the 99% ငါတို့သည် ၉၉ရာခိုင်နှုန်းဖြစ်ပါတယ်ဆိုပြီး…
Was this answer helpful?
LikeDislikeHope those money can be pure like Alpine…
Was this answer helpful?
LikeDislikeဇော်ဇော်(max) နဲ့ အဖွဲ့ကို မော်ဒယ်လေးတွေ ပန်းဦးဆက်ရတယ် ဆိုတဲ့စကား
တစ်လောက………… တက္ကစီ သမားတစ်ယောက် ပြောတာကြားရပါတယ်။
အံ့သြလွန်းလို့ ငုတ်တုတ်မေ့သွားတာ……..
ကိုယ့်အရေးကြီးစာရွက်တွေ အဲဒီကားပေါ် ကျန်ခဲ့တဲ့ အထိ။
ပြန်ပေးကြပါ……… တွေ့သူများ….။
အသိ၊ သတိဆိုတာ…..ပိုသည်မရှိပါ။
Was this answer helpful?
LikeDislikeသူ့ဆိုင်းနဲ့သူ့ဇတ်ပေါ့ဗျာ အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်နေတဲ့တိုင်းပြည်မှာဒီလို သုံးဖြုန်းနေတာကိုဒေါ့ အံ့ဩမိတာအမှန်ပဲ (ကိုယ်လူမျိုးကိုယ်တကယ်ချစ်တဲ့ အမေစုဒို့နဲ့ကွာပါ့)အထင်ကြီးစရာမရှိမိပါဗျာ
Was this answer helpful?
LikeDislikeဒေါ်လာတွေမနည်းပါလားဗျာ။အရေးထဲမှာ ဟိုတစ်ယောက်က
ပိုက်ဆံမှင်စိုလို့ လား၊လက်ရိုးကျိုးနေလို့ လား ပြန်လဲခိုင်းနေတယ်ထင်တယ်။
ဒါမှမဟုတ် ခေါင်းကြီး၊ခေါင်းသေးရွေးနေတယ်ထင်ပါတယ်။အရှက်ကိုမရှိကြ
တော့ပါလားကွယ်။
Was this answer helpful?
LikeDislikeလေးယောက်တောင်နော်။ ကျန်တဲ့နှစ်ယောက်လည်း ရမှာပါပဲ။
တခြားလူတွေကိုတော့ မပြောတတ်ဘူး။
ဂျင်းနီလေးကတော့ ငယ်ငယ်လေးကတည်းက ၃၈ဖြာမင်္ဂလာတရားတောတွေကို သရုပ်ဖော်တဲ့ ဇာတ်တွေမှာ သရုပ်ဆောင်နေတာကို တွေ့ဖူးတော့…
သီတဂူဆရာတော်ကြီး ဟောဖူးတဲ့ ယောင်းမလို လူနဲ့၊ လျှာလိုလူဆိုတာကို သွားသတိရမိတယ်။
Was this answer helpful?
LikeDislikeအင်း
လုပ်ကြပါ စားကြပါ ပျော်ကြပါ ပါးကြပါ
ငါတို့ကတော့ ဒီမှာ ပိုက်ဆံလေး လေးငါးထောင်ရဖို့အရေး
သူတို့များကျတော့ လွယ်လိုက်တာ
အပျိုစစ်တော့ မဟုတ်တော့ဘူး
အပျိုတော့ ဟုတ်တယ်
အနူပညာရှင်တွေထဲကမှာ အပျိုစစ်ပါတယ်လို့ပြောလို့ရတဲ့မိန်းကလေးရှိသေးရဲ့လား
Was this answer helpful?
LikeDislikeဇော်ဇော်ကပေးချင်နေတာကို ဦးစိုင်းကနှမျှောလို့ ဖမ်းတားတာလားမသိ….နေပါဥိးကွ..နေပါဦးကွ.. ငါရေပရစေဦး…..ဆိုပြီး..ဟီဟိ…ဦးစိုင်း အသက်ကြီးပြီ ၊အပျော်အပါးလေးလျှော့ပါဦး… အဲဒီပိုက်ဆံတွေကချင်ကိုလှူလိုက်ပါလား….
Was this answer helpful?
LikeDislikeနယ်က ရန်ကုန်လာအလုပ်လုပ်တဲ့ အနိမ့်ဆုံးဝန်ထမ်းတယောက်ရဲ့လစာနဲ့သင်္ကြန်ရုံးရက်ရှည် မှာနယ်ပြန်ဘို့ကား၊ရထားခအသွားအပြန်စရိတ်အတွက်အမောက ဒီပုံထဲကလူတွေနဲ့ ဘာမှမဆိုင်သလိုပဲ။
Was this answer helpful?
LikeDislike