သြောင်း တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်
တစ်ဆယ့်လေးချက် ဓမ္မစက်
တစ်ဆယ့်ရှစ်ချက် သံဃစက်
လရောင်ဝင်းလျက် ရှင်ပစ္စေက ဗုဒ္ဓါ ရဟန္တာစက်
မြင့်မိုရ်တောင်ဦး မြင့်ခေါင်ကြူးလျက် မိဘစက်
ဂုဏ်ကျေးဇူး အထူးသိလျက် ဆရာ့စက်
ဝရဇိန်လက်နက် ဗြဟ္မာ့စက်
မိုးကြိုးလက်နက် သိကြားစက်
လောင်မီးကျလျက် နတ်တို့စက်
ဘွဲ့ဖြူလက်နက် ဘီလူးစက်
မာန်ဟုန်ပြင်းလျက် ဂဠုန်မင်းစက်
အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်
သုံးထောင့်သင်္ချာ ဟိမဝန္တာ
အာဏာစိုးလျက် သီဟစက် …
စက်ကြီး ၁၃ ပါး ရွတ်သံကြားက ဘေးများမြင်မူ မကောင်းမူတို့ ဝေးကကြဉ်ရှောင် အောင်စေတတ်သည် မြတ်သည့်ပညာ ဆရာတည်း … ။
သြောင်းနမော ဗုဒ္ဓ နုဘာဝေန …
သြောင်းနမော ဓမ္မာ နုဘာဝေန …
သြောင်းနမော သံဃာ နုဘာဝေန …
သြောင်းနမော ဒူရေ ဒူရေ သွားဟုံဟုံ ………… ။

ဤသို့ဤနှယ် အန္တရာယ်၊ ရန်စွယ်အပေါင်းအား ဘေးသို့ ရှဲစေခြင်းငှာ စက်ကြီး ၁၃ ပါး ဂါထာ မန္တာန်ဖြင့် မောင်းထုတ် ပြီးသည့်နောက် လွယ်ကူစွမ်းထက် ပီယဆေး တစ်လက်အား မစွံတကာ့ မစွံကြကုန်သော သဗ္ဗေသတ္တာ ကမ္မတကာ … အဲလေ … သဗ္ဗေသတ္တာ ဝေနေယျာ အပေါင်းတို့ကို သနားမေတ္တာ ဂရုဏာဖြင့် ပေးသနားပေအံ့ :D :D ။ ___ (ကွက်လပ်) လိုချင်သော်လည်း မရကြကုန်သော လူပျိုကြီး၊ အပျိုကြီး အပေါင်းတို့ လိုက်လံ မှတ်သားကြလေကုန် ………… ။

ဆေးနည်းအတွက် လိုအပ်သည့်အရာများ

ဆေးနည်းအတွက် လိုအပ်သည့် အမယ်များမှာ ခက်ခက်ခဲခဲ မဟုတ်၊
နံပါတ် (၁) ကွမ်းရွက်တစ်ရွက်၊
နံပါတ် (၂) နှမ်းဆီစစ်စစ် တို့သာ ဖြစ်လေသည်။
မြို့ပေါ်တွင် ရောင်းချသော နှမ်းဆီစစ်စစ် များမှာ အမည်ခံသာ များ၍ တကယ့်နှမ်းဆီ စစ်စစ်ကို ရရှိရန် လိုအပ်လှပေသည်။

ဆေးနည်း ဖော်စပ်ရန်

ဆေးနည်း ဖော်စပ်ဖို့ရန်အတွက် ပထမဆုံး ကွမ်းရွက်ပေါ်တွင် နာမည်ကို ရေးသားရပေမည်။ မိမိ၏ နာမည်ကို ဆိုလိုခြင်း မဟုတ်။ မိမိ ချစ်ခင်မြတ်နိုးမိသောသူ၏ နာမည်ကို ရေးသားရပေမည်။ ထိုသို့ ရေးပြီးသည့်နောက် ကွမ်းရွက်ကို ပြာချ၊ ပြာချ ဟူသော စကား၏ ဆိုလိုရင်းမှာ ကွမ်းရွက်ကို ပြာ ဖြစ်သည်အထိ မီးရှို့ ရမည်ကို ဆိုလိုခြင်း ဖြစ်၏ (ဤကား မသိသေးသူများအတွက် စကားချပ်)။ ကွမ်းရွက်ပြာအား နှ

မဟာရာဇာ အံစာတုံး

About မဟာရာဇာ အံစာတုံး

has written 89 post in this blog.

မျက်နှာ မများတတ်ဘူး ... ဒါပေမယ့် အားကြီး ချစ်တတ်တယ် ... အဟိ .. :)

Related posts:

  1. ဘ၀မှာ အခက်အခဲတွေကို အောင်မြင်အောင် လွယ်ကူစွာ ကျော်ဖြတ်ချင်ရင် (2)
  2. ငွေအကြွေ လွယ်ကူစွာ လဲလှယ်နိုင်ပြီ။
  3. ဘ၀မှာ အခက်အခဲတွေကို အောင်မြင်အောင် လွယ်ကူစွာ ကျော်ဖြတ်ချင်ရင် (1)
  4. စက်ရုပ်လက်ထက်ပေးသော စုံတွဲ
  5. A – တစ်ခု၊ တစ်ကောင်၊တစ်ယောက်