17
မြင်မိတဲ့ဟင်းလျှာများပုံ
|584- Hits|ကျနော်မြင်မိတဲ့ စားစရာဟင်းလျှာများဖြစ်ပါတယ်
အသိတယောက်က အကူအညီတောင်းလို့ဓတ်ပုံရိုက်ရင်း ရွာသူရွာသားများအားမျှဝေပါ၏

ဒါကတော့ ကြက်သားကုန်းပေါင်ကြီးကျော်ပါ (ပဲငပိနဲ့ရောပြီးအရသာစပ်ထားတာပါ) မြန်မာအရသာနဲ့နဲနဲလေးမတူပါဘူးဗျာ
လေးစားရပါသော မန်းတလေးဂဇက် သူဂျီးနဲ့ရွာသူရွာသားများ ခင်ဗျား မြင်မိတဲ့ဟင်းလျှာများပုံဖြစ်ပါတယ်
သီခံအားပေးတော်မူကြပါ မောင်အောင်
Related posts:






ကုန်းဘောင်ကြီးကြော် ဆွဲချင်လိုက်တာဗျာ
ဘိုလုပ်ရမလဲ အူးအောင်ရဲ့
သများ သရေကျလာဘီ..(သရေကျတယ်ဆိုတော့ မနိုင်မရှုံးပေါ့)
ချဉ်ငံစပ်လေး ကြော်ထားရင် သိပ်ကောင်းမှာပဲ ရှလွတ်..
တစ်ငုံမော့လိုက်..တူလေးနဲ့ ညှပ်ပြီး တီးလိုက်နဲ့  ဘယ်လောက်နိပ်မလဲနော်..
Was this answer helpful?
LikeDislikeကိုအောင်ရေ…
ဂဏန်းလက်မနဲ့ seafood နှစ်ပွဲကြိုက်တယ်တော်။
စားချင်တယ်။ မနက်ဖြန် ဝယ်စားဦးမယ်။
Was this answer helpful?
LikeDislikeကြက်သားကုန်းပေါင်ကြီးကြော်စားချင်တယ်။
Was this answer helpful?
LikeDislikeဗိုက်ချာပါတယ် ချိုနေမှ .. ဒီပို့စ် သွားဖတ်မိတယ် … ။
ဟိုက် … ပြောရင်းဆိုရင်း .. ဗိုက်ထဲက ဂွီ … တဲ့။ စစ်ဖြစ်နေပြီ။
ဖြစ်တော့ဘူး … လစ်မှ ..
Was this answer helpful?
LikeDislikeမစားရဝခမန်းပါလား ကိုအောင်ရေ။
အားပေးပြီး လျှာရည်ကျသွားပါတယ်။ချလွတ်……ချလွတ်
Was this answer helpful?
LikeDislikeစားမရတာလာပြနေပြန်ပြီ….။ အဲဒိလိုကြပ်ကြပ်လုပ်…။ ၀ဋ်လည်မယ်..။
Was this answer helpful?
LikeDislikeကျွန်တော် ဖတ်ဖူးတဲ့ ဟသ ထဲကလိုဆိုရင်
“ ဟင်းချက်ပြိုင်ပွဲကြီး တစ်ခုကျင်းပကြပါတယ်၊ ဟင်းချက်ဆရာတွေ အများကြီး လာရောက်ပြီးတော့ ယှဉ်ပြိုင်
ကြပါတယ်၊ စစ်မယ့်လူကြီးက မရောက်သေးပါဘူး၊ အရင်ဆုံး ခေါင်းဆောင် တစ်ယောက်က လိုက်ပြီးတော့ စစ်ပါတယ်၊ဟင်းပွဲ တစ်ခုရှေ့ကိုရောက်တော့ ဒါ ဘယ်သူ့လက်ရာ လဲ လို့မေးလိုက်ပါတယ်၊ အဲဒါနဲပဲ လူ တစ်ယောက်က ခပ်မြန်မြန် ထွက်လာပြီးတော့ ကျွန်တော်ပါခင်ဗျာ လို့ ပြာပြာသလဲလဲ ဖြေလိုက်ပါတယ်၊ အဲဒါနဲ့ ခေါင်းဆောင်က ဘာပြန်ပြောလိုက်သလဲ ဆိုတော့ မင်း နောက်ကို လူကြီးတွေ မစားခင် အရင် နှိုက်မစား နဲ့တဲ့”
—————————————————————————————————————
ကျွန်တော် စကားမစပ် mandalaygazettemembers@im.partych.at ကို Add ပေးပါလားဗျာ၊ လူစုပြီးတော့ ပွါးချင်လို့ပါ….
Was this answer helpful?
LikeDislikeပဲသီးကြော်မြင်မိတော့ တရုတ်ပြည်ကို သတိရသွားတယ် …
အဲဒီပဲသီးက အချဉ်စိမ်ထားပြီးသားမို့ ကြော်လိုက်ရင် စားလို့ကောင်းပါတယ် … မကြော်ပဲ ဒီအတိုင်းလဲစားကြတယ် …
Was this answer helpful?
LikeDislikeဟုတ်ပါတယ်ဗျာ ပဲသီးကအချဉ်ဖောက်ထားတာပါ ဒီဆိုင်ကရှန်ဟိုင်းအရသာကိုအဓိကထားပါတယ် ဈေးလဲတော်တော်ကြီးပါတယ်ဗျာ ဟုတ်ပါတယ်သူကြီးရေပင်လယ်မျှော့ပါ သူကဈေးအကြီးဆုံးပါ ဒီဆိုင်မှာဟင်းအမျိုးပေါင်း ၁၀၀ကျော် ရောင်းပါတယ်ထိတိုင်ပေမြို့ မှာတော်တော်လေးနာမယ်ကြီးသလို စီးပွါးရေးကောင်းသလို ဆိုင်ခွဲပေါင်းများစွာရှိပါတယ် ၊ဟုတ်ပါတယ် ဆရာလေးဂီရေ့ ၆၀၀ဒီ ပါ (ကင်မရာ+2မှန်ဘီလူး) ၁၁၀၀အစိမ်း ပါ ဟိုဟာဒီဟာဝယ်ရင်း ၁၄၀၀ကျော်မြောက်သွားကြောင်း
အခုခေတ်ကကင်နွန်ခေတ်ပဲလေရွာသူရွာသားများအားအစဉ်လေးစားလျှက်
Was this answer helpful?
LikeDislike- ပဲသီးချိုချဉ်ဘယ်လိုအရသာလည်းတော့မသိ.. ပဲသီးကို စိမ်းစိမ်းလေးတွေ မြင်ရမှာ စားချင်တာ…။
- ဂဏန်းလက်မကတော့.. အဲဒီလိုအတုံးလိုက်ကြီးဆိုရင်… အင်း..ရှလွှတ်…။
- ပင်လယ်စာဆိုဆာ.. မျှော့လားဟင်င်င်…။ ဈေးကြီးမဲ့ပုံနော…။
- ကုန်းဘောင်ကြီးကျော်က.. တမျိုးပဲ.. မြေပဲတို့..ငရုပ်သီးကြော်တို့.. အဆာပလာအစုံလည်းမပါဘူး..ကြက်သားအတုံးလည်းကြီးတယ်.။
- ပဲပြားနဲ့ငါးသေးသေးဆိုတာကတော့.. အေ၇ာင်လှတယ်..။
တပုံချင်းသေချာကြည့်ပြီး.. စားလိုက်ပါကြောင်း..။
(ရိုက်ထားတာ သေသေချာချာကြီးနော.. မီနှူးလုပ်ဖို့လားတောင်မသိ… )
စကားအတင်းစပ်..

ပြီးခဲ့တဲ့..စနေက သွားစားခဲ့တဲ့ဆိုင်ကဓါတ်ပုံ (အပေါက်ဝ တန်းစီစောင့်နေတုံး) ဆဲလ်ဖုံးနဲ့..ရိုက်တင်လိုက်ပါကြောင်း…။
Was this answer helpful?
LikeDislikewow… ဘဲကင်ပုံတင်ပါလို့ ပြောမလို့…. ဆုတောင်းပြည့်သွားပြီ…။ သိပ်အစား မသောင်းကျန်းနဲ့ သဂျီးရေ… ဒီနေ့အစားသရဲ နောက်နေ့ဘဲ ဖြစ်နေမယ်။ ကြောင်ကြီး ပါးစပ်ထဲ ရောက်လာရင်တော့ သဂျီးဝင်စားဖြစ်လည်း စားမှာပဲ..။
Was this answer helpful?
LikeDislikeကောင်းပါတယ် အောက်မေ့နေတာ …600D ပဲ …:D
ချက်ပြုတ်၇ိုက်ကူးမှု အားလုံးကို ၀င် ရှလွတ်…အဲ့ ..အားပေးသွားပါကြောင်း..။
ခင်တဲ့
ဂီ
Was this answer helpful?
LikeDislikeအိုက်လူဂျီး သေရင် ပိတ်တာဖြစ်မှာ သေချာတယ်
များတို့ ကို မစားရ အညှော်ခံဖြစ်အောင် လာလုပ်တွားဒယ်..
ကြက်ကုန်းဘောင်ကြီးကို ညက အိပ်မက်ထဲတောင်မက်တယ်..
ဂယ်လဲစားရဘူး..
လူဇိုး..
Was this answer helpful?
LikeDislikeဂဏန်း လက်မချိုချင်ကျော်လေးစားသွားပါတယ်
Was this answer helpful?
LikeDislikeအောင်မ၄၄၄ ကြည့်လို့ကောင်းလိုက်တာ…
စားရရင် ပိုကောင်းမယ်
Was this answer helpful?
LikeDislikeအင်း ဂလုဂလုဂလု
မြင်သာမြင်ပြီး မကြင်ရလို့ 
ဂလုဂလုဂလု
( တံတွေးမြိုသံ)
Was this answer helpful?
LikeDislikeအမလေး ဖြစ်မှ ဖြစ်ရလေ.. (ရင်ဘတ်ကို ဖိ)
(သက်ပြင်းလေးချ)
လုပ်ရက်လိုက်တာ..
သိပ်ဆိုးတာပဲ..
လွန်လွန်းအားကြီးတယ်နော်.. ဟွန့် ( ခြေစောင့် )
ဘာလို့များ ပုံတွေတင်ရတာလဲ အဘရေ.. အဘရဲ့.. အဟင့်..
ဂလု.. ဟင်းးးးးးးးးးးးးးး (နှုတ်ခမ်းထော်)
ဗိုက်ဆာ လိုက်တာ..
စားချင်လိုက်တာ.. ဘယ်မှာ စားရမလဲဟင်..
လမ်းကြုံရင် ရန်ကုန် ပို့လိုက်ပါ.. ဟိဟိ.. (ဓါတ်ပုံ မဟုတ်ဘူးနော် အနံ့အရသာ ပါတဲ့ စားပွဲလေး)
စားချင်စရာတွေမြင်နေရတာ စိတ်မကောင်းဘူး (မစားရလို့)
Was this answer helpful?
LikeDislike