လွမ်းဇာတ်ခါးပါပဲ…“မ”
|241- Hits|“မ”ရယ်….
လက်ပူမိတဲ့ ဝေဒနာညည့်ဆိုး
ဒဏ်ရာဖြင့် ပဲ့ကြွေအလွမ်းတွေကို
ဘယ်ရာသီက ချော့သိပ်ပေးမှာလဲ။
လူတစ်ကိုယ်စာ အငွေ့ပျံမတတ်
ပြုစားရက်လွန်းတဲ့…“မ”ရယ်
လွမ်းအပူမီး ရင်သို့ထိုးဖောက်
အလျှံတငြီးငြီး ထတောက်နိုင်လွန်းတယ်။
“မ”ကြောင့် သမုဒယ အချစ်ဖွဲကဗျာတွေ
စာအုပ်လေးထဲ သောင်ထွန်းခဲ့ဖူးတာ
“မ”ကြောင့် ညတိုင်းမက်တဲ့ ပန်းအိမ်မက်
သိင်္ဂါရရနံ့ မွှေးပျံ့သင်းခဲ့တာ
“မ”ကြောင့် အနုပညာ မှော်ဝင်လက်
်စာပန်းချီ ဈာန်လမိုင်းကပ်တာ
ခုတော့…အားလုံး အဆုံးမှာ အရှုံးပဲ စံချိန်တင်ခဲ့တော့မှာလား။
ထားခဲ့ပါတော့…“မ”
ကျွန်တော့်ဘ၀… လက်ရှိအချိန်က
မိုးမှောင်ကျလွန်းလို့ ကြယ်ဖမ်းမထွက်နိုင်ဘူး
ကုန်းပေါ်ရောက်လွန်းလို့ ငါးလည်း မမျှားနိုင်ဘူး
မှန်အရိပ်ကို အတည့်ကြည့်ချင်မိသမျှ
ဒီကောင့်အတွက်…
တမာလို သင်ခန်းစာ ခါးသက်အလွမ်း
ကဗျာလည်းနွမ်းလို့…
ကြိတ်မှိတ်ဝါးရင် မျိုချလိုက်တာ ကောင်းပါတယ် ။ ။
စေပိုင်ထွဋ်(ပုသိမ်)
Related posts:


ကဗျာ ဆရာ ပါပဲလား…. အားပေးနေတယ်နော်
ရွာထဲ မှာလဲ ကဗျာ သမားတွေ ရှိတယ်ဗျ…
Was this answer helpful?
LikeDislikeဟီး အကိုရေ ကြည့်လုပ်အုံးဗျာ
လက်ပူမိတယ်ဆိုတော့ ဘယ်နေရာလဲဗျ
ကြည့်ရ၊ဖတ်ရတာ လွမ်းဆွေးကုန်၏
ကျေးဇူးပါဗျ
Was this answer helpful?
LikeDislikeခါးသက်သက်လေးတွေက တစ်ခါတလေ အရသာရှိမှာပါဗျာ
ခါးခါးလေးလဲ တစ်ခါတလေ မြိုလိုက်ပါ..အချိုကြီးပဲဆိုရင်လဲ ကြာရင် သွားပိုးစားတတ်တယ်
လဂါးနောက်ဒါ..
ဆက်ရေးပါဦး..
Was this answer helpful?
LikeDislikeကြိုဆိုတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ
ကဗျာ ဆရာတော့ ဟုတ်ပါဘူး
ကဗျာရေးသူပါ
စာရေးဆရာတော့ မဟုတ်ပါဘူး
စာရေးသူပါ
Was this answer helpful?
LikeDislike