လမ်းမထက်က အသက်ပေါင်းများစွာ
|591- Hits|တစ်နေ့တာ မောပန်းနွမ်းနယ်မှုတွေကို ကျော်ဖြတ်ရင်း ၊ဆေးခန်းမှ ပြန်ရောက်ပြီး ခဏနားနေစဉ်တွင် “ ဂျိန်း …ဂျိန်…. ဂျိန်း “ ဆိုသည့်အသံနှင့်အတူ အော်ဟစ် ဆူပူသံများ ညံသွားတော့သည် ။ မည်သည့်အကြောင်းကြောင့်ဟု သိလိုသည့်အတွက် အိမ်ရှေ့ထွက်ကြည့်မိသော အခါ ရုပ်ပျက်ဆင်းပျက် ယာဉ်တိုက်မှုတစ်ခုဧ။် အနိဌာရုံမြင်ကွင်းကို မြင်လိုက်ရသည် ။ လူများအုံခဲလျှက်ရှိသဖြင့် တစ်စုံတစ်ရာ အကူညီပေးနိုင်ရန် အနားကပ်သွားမိသည် ။ မြင်ရသည့်မြင်ကွင်းမှာ သာမန်လူတွေအဖို့သွေးပျက်ခြောက်ချားဖွယ်ကောင်းလွန်းလှပြီး ၊ နှလုံးရောဂါရှိသူအဖို့ ရှော့ရသွားနိုင်သည့် သွေးသံတရဲရဲ မြင်ကွင်းမျိုးဖြစ်သည်။
ဘေးလူများဧ။်ပြောပြချက်အရ လိုက်အေ့စ်ကားတစ်စီမှာ ညအချိန် မီးစုံမဖွင့်ပဲမောင်းလာပြီး ရှေ့ကား အကွယ်မှ လမ်းဖြတ်ကူးရန်ကြံစည်နေသော ကာယအလုပ်သမား လေးဦးအား အရှိန်ပြင်းထန်စွာဖြင့် ဖြတ်တိုက်ခဲ့ခြင်းဖြစ်သည် ။တိုက်ပြီးပြီးချင်းမောင်းပြေးသွားသော်လည်း ပတ်ဝန်းကျင်မှ လူအများ ကားနံပါတ်ကို မှတ်နိုင်ခဲ့သည် ။ ကျွန်တော်ရောက်သွားသော အချိန်တွင် တစ်ဦးမှာ ကားကြိတ်ဒဏ်ဖြင့် ပွဲချင်းပြီးသေဆုံးပြီး ကျန်သုံးဦးမှာ အသက်ငွေ့ငွေ့ဖြင့် ကူညီရာမဲ့ ဖြစ်နေတော့သည် ။ ပတ်ဝန်းကျင် လူအုပ်ကြီးသည် ကားလမ်းပိတ်မျှ ၀ိုင်းကြည့်နေကြပြီး အကူညီတစ်စုံ ပေးရန် မည်သည်ကစပြီး လုပ်သင့်သည်ကို ဝေခွဲမရပဲ သွေးအလိမ်းလိမ်းတို့ကို ကြည့်ပြီးမှင်သက်နေတော့သည် ။ တစ်ချို့ ရပ်ကွက်သားတို့မှာလည်း သက်ဆိုင်ရာကိုဖုန်းဆက် သတင်းပို့သူက ပို့ ၊ ကားသမားကို ဆဲသူကဆဲနှင့် ရုတ်ရုတ်သဲသဲဖြစ်နေတော့သည်၊၊
ကျွန်တော်ရောက်သွားချိန်တွင် ထိုလူအများ ဆေးရုံပို့ဖို့အရေး ၀ိုင်းကူကြရန် ပတ်ဝန်းကျင်ကိုပြောသောအခါ ၊ မှင်သက်နေရာမှ သတိဝင်လာပြီးကူညီမည့်သူများ ထွက်လာကြသည် ။ ထို့နောက် အားလုံးတက်ညီလက်ညီဖြင့် ကားတားသူကတား ၊ ဒဏ်ရာရသူကိုပွေ့ချီသူက ပွေ့ပြီး ဆေးရုံရောက်ရေး ကြိုးပမ်းခဲ့ကြသည် ။ လူနာတင်ကားခေါ်ဖို့ထက် ဆေးရုံအရင်ရောက်ရေးသာ ဇောကပ်နေခဲ့သည် ။ ဆေးရုံသို့ကိုယ်တိုင် လိုက်ပါ ကူညီသူများလည်းရှိသည် ။ ခဏအကြာတွင် သက်ဆိုင်ရာမှ တာဝန်ရှိသူများ ရောက်လာကြပြီးယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သတ်ပြီး သတင်းယူကြရာ တာဝန်သိ မျက်မြင်သက်သေ ပြည်သူများက သေချာစွာ အသေးစိတ်ပြောပြပေးကြပြီး ၄င်းတို့ သိသမျှ ကားနံပါတ်အပါဝင် အခြားအချက်လက်များကိုပြောပြပြီးသတင်းပေးခဲ့ကြသည် ။
အဖြစ်ပျက်တို့လျှင်မြန်စွာ ဖြစ်ပျက်သွားသည့်ခဏ သွေးပျက်ဖွယ်မြင်ကွင်းကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်း ဖြစ်နေသော လူတို့ ၊ အကူညီတောင်းသော အခါ မရွံမရှာ ကူညီသောမြင်ကွင်းသည် ကျွန်တော့်အာရုံတွင်စွဲထင်နေတော့သည် ။ မကြာသေးခင် အချိန်က အီးမေးလ်နှင့် ဘလော့အချို့တွင် အလွန်ပေါ်ပြူလာဖြစ်ခဲ့သော သတင်း တစ်ပုဒ်ကို သတိရမိသည် ။ တရုတ်နိုင်ငံတွင် နှစ်နှစ်အရွယ်ကလေးငယ်ကားတိုက်မိသော အခါ မည်သူမျှမကူညီသောကြောင့် ကားက နောက်တစ်ကြိမ် ထပ်ကြိတ်မိခြင်းဖြစ်သည့် ကြေကွဲဖွယ်ရာဖြစ်ရပ်ပင်ဖြစ်သည်။ ၄င်းတို့ဧ။် လူနေမှုအဆင့်တန်း ၊ စီးပွားရေး အခြေအနေ မည်မျှပင် တိုးတက်ကောင်းမွန်သည်ဖြစ်စေ ကျွန်တော်တို့ မြန်မာလူမျိုးတို့ဧ။် ရိုင်းပင်းသည့်စိတ်ဓါတ် နှင့် အရင်းခံစိတ်ရင်းဖြင့် ကူညီတတ်သော စိတ်ဓါတ်ကို မမှီနိုင်ကြောင်း ဂုဏ်ယူဖွယ်ရာ တွေ့မြင်ခဲ့ရသည် ။
ဤဖြစ်စဉ်ဖြစ်ပွားရခြင်းသည် အကြောင်းရင်းများစွာရှိသည် ။ သက်မှတ်နှုန်းထက် ပိုမိုကာကားအရှိန်ပြင်းစွာ မောင်းနှင်ခြင်းကြောင့် လည်းကောင်း ၊ ရှေ့မီးအစုံဖွင့်မမောင်း၍သောကြောင့်လည်းကောင်း ၊ သတိလက်လွတ်မောင်းနှင်ဖြင်းကြောင့်လည်းကောင်း ၊ လူကူးမျဉ်းကြားမှ မကူးသောကြောင့်လည်းကောင်း ၊ သတိလက်လွတ် လမ်းဖြတ်ကူးသောကြောင့်လည်းကောင်း ၊ လမ်းမီးများ မလင်းတလှည့်လင်းတလှည့်ဖြစ်နေခြင်းကြောင့် လည်းကောင်း ၊ စသည့် များစွာသော အချက်တို့ပေါ်တွင် မူတည်နေသည် ။ အဆိုးထဲမှ အကောင်းဟုဆိုရမည့်အချက်မှာ ထိုနေ့ညက မီးလာသောကြောင့်ပင်ဖြစ်သည် ။ ယခင်နှစ်လို မီးပျက်သော့နေ့မျိုးတွင် ဖြစ်ပွားပါက ပိုမို ထိခိုက်နစ်နာမည့် အခြေနေမျိုးဖြစ်နိုင်သည် ။
အချို့သောကားများသည် ရှေ့မီး တစ်လုံးကျွမ်းဖြင့် မောင်းနှင်ကြသည် ။ ထိုအချိန် လမ်းဖြတ်ကူးသူမှာ ကားဟု မထင် ဆိုက်ကယ် နှင့် အခြား ယာဉ် ဟုသာထင်ပြီး ကားလမ်းဖြတ်ကူးကြသည် ။ ထိုအခါမျိုးတွင်လည်း ယာဉ်တိုက်မှု ဖြစ်နိုင်သေးသည် ။ နေ့အခါတွင် ဟန်မပျက်မောင်းနှင်နေကြသဖြင့် မသိသာသော်လည်း ညအခါတွင် မီးတစ်လုံးတည်း ထွန်းခြင်းကြောင့် လမ်းဖြတ်ကူးသူ ကားတိုက်မှု ဖြစ်ပွားနိုင်သည် ။ signal ပြမီးများမကောင်းလျှင် ကွေ့သောအခါ အချက်ပြမီး မလင်းနိုင်သဖြင့် အလားတူ ယာဉ်တိုက်မှုမျိုးဖြစ်နိုင်သည် ။ ညအချိန် ဖြစ်လင့်ကစား ချမှတ်ထားသည့် မောင်းနှင်နှုန်းသာ မောင်းနှင်သင့်သည် ။ အချို့သော သစ်လုံးကားများ နှင့် ကွန်တင်နာ မောင်းနှင်သူများသည် ညအချိန် သောက်စားထားသော အရှိန်ဖြင့် မိမိတို့မောင်းနှင်သော ကားဝိတ်၊ ထုထည်ကို မငှဲ့တွက်ပဲ ကားသေးလေးများ နီးတူ ၊ ကျော်တတ်ခြင်း ၊ လမ်းကြောလုခြင်း ၊ ပြိုင်မောင်းခြင်းများကို ရဲတင်းစွာ ပြုလုပ်လျှက်ရှိသည် ။ ညဘက်တွင် ရှောင်တခင် စစ်ဆေးခြင်းမျိုး မရှိသောကြောင့်လည်း ဤသို့ မောင်းနှင်ခြင်းဟုပင် ယူဆမိပါသည် ။
အချို့သောလမ်းများသည်လည်း အိမ်ဆောက်ပစ္စည်းသယ်ယာဉ်များဧ။် မဆင်မခြင်တင်ဆောင်မှုကြောင့် မြေမှုန်များ ၊ ကျောက်စရစ်ခဲများ ပြန့်ကြဲလျှက် ရှိပြီး ၊ အချို့သော ယာဉ်များမှ ဆီယိုဖိတ်မှုများကြောင့် လမ်းမထက်တွင် ဆီများပေပွလျှက်ရှိပြီး ၊ အရှိန်ဖြင့် မောင်းနှင်လာသော ကားများ မတော် တဆ slip ဖြစ်နိုင်သည် ။ မိုးတွင်းအခါမျိုးတွင် ပို၍တောင် slip ဖြစ်နိုင်သေးသည် ။ လူတစ်ဦးတစ်ယောက်ဧ။် ဆင်ခြင်တုံတရားနှင့် အသိဥာဏ် ခေါင်းပါးမှုတို့ကြောင့် လမ်းပေါ်တွင်ပင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူအချို့ အသက်ဆုံးရှုံးမှုနှင့် ကိုယ်လက်အင်္ဂါပဲ့ကြွေမှု ဖြစ်ပွားနိုင်သည် ။
ယခုကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာတွင်ရှိသော လူကူးမျဉ်းကြားဆွဲထားသော မျဉ်းများသည် ဆွဲတုန်းခဏသာ ထင်သာမြင်သာရှိပြီး နောက်ပိုင်းမျဉ်းကြားပျောက်သွားတော့သည် ။ ပျောက်သွားသောအခါ ထပ်မံ ဆေးခြယ်ခြင်းနှစ်ခါ သုံးခါသာ ပြုလုပ်ကြသော်လည်း ၊ နောက်ပိုင်းတွင် လုံးဝမပြုတော့ပဲ လူအများလည်း ကြုံလျှင် ကြုံသလို ဖြတ်ကူးကြတော့သည် ။ ဤသို့ဖြစ်ရခြင်းမှာ မည်သူတွင် တာဝန်ရှိပါသနည်း ။ မျဉ်းကြားထင်သော နေရာမျိုးတွင်သာ မျဉ်းကြားပေါ်က ကူးစေပြီး မျဉ်းကြားမထင်သောနေရာမျိုးတွင် မည်သို့သော အရေးယူမှု များ မပြုလုပ်ခြင်းသည် အမှန်တကယ် စည်းကမ်းလိုက်နာစေလိုသော ပြယုဂ်မှ ဟုတ်ပါလေစဟု တွေးတောမိပြန်သည် ။ စည်းကမ်းချမှတ်ထားသည့်အတိုင်း မျဉ်းကြားမှ ကူးစေလိုလျှင် မျဉ်းကြားကို ထင်သာ မြင်သာရှိအောင်ဆွဲပေးထားရမည် ။ ရေတက် ငါးဇင်ရိုင်းလို အခု တမျိုး တော်ကြာတမျိုး ထလုပ်၍ ရသည့်ကိစ္စမဟုတ်ပေ ။ လမ်းကူးသူများ အနေဖြင့်လည်း တွေဝေငေးမောခြင်း ၊ စကားအလွန်ကျွံပြောဆိုခြင်းများဖြင့် သတိလက်လွတ် လမ်းမကူးသင့်ပါ ။ ယာဉ်စည်းကမ်းထိန်းသိမ်းရေးနှင့် တိုးလျှင် ဖမ်းကာဒဏ်ရိုက်ရုံသာ ရှိသော်လည်း ဘရိတ်ပေါက်သော ကားမျိုးနဲ့ တိုးပါက အသက်သေခြင်းအပြင် ၊ ဒုက္ခိတပါဖြစ်နိုင်ကြောင်း သတိရစေလိုပါသည် ။
ယာဉ်တိုက်မှု ဖြစ်ပြီးနောက်တစ်ရက် ဆေးရုံသွားဖို့ လမ်းမထွက်တော့ မြင်ရခဲတဲ့ မြင်ကွင်းမျိုးတွေ့လို့ အံ့အားသင့်မိပါတယ် ။ လမ်းသွယ် သုံးလမ်းခြား စီလောက်ကို ယာဉ်ထိန်းရဲ တစ်ယောက်နှုန်းဖြင့် လူများ ယာဉ်များ ထိန်းကျောင်းနေသည်ကို မြင်ရသောကြောင့်ပါ ။ ယာဉ်တိုက်မှုတစ်ခုကြောင့် ထိုသို့ စည်းကမ်းထိန်းသိမ်းပေးခြင်းသည် မှန်ကန်သော်လည်း ရက်ပေါင်းမည်မျှသာ ထိုသို့လုပ်ဆောင်မည်ဟု မခန့်မှန်းနိုင်ပေ ။ တစ်ရက်သော်လည်းကောင်း ၊ နှစ်ရက်သော်လည်းကောင်း ၊ တပတ်သော်လည်းကောင်း ၊ တစ်လသော်လည်းကောင်း ဖြစ်ကောင်းဖြစ်နိုင်သည် သို့သော် အချိန်တိုင်းတာ တစ်ခုထိသာ ယာဉ်တိုက်မှုကို ကာကွယ်နိုင်ပြီး နောက်ပိုင်းတွင်လည်း အလားတူ ကိစ္စရပ်များပြန်လည်ဖြစ်ပေါ်နိုင်သေးသည် ။ ခဏတာ စည်းကမ်းပေးခြင်းမျိုးထက် တစ်သက်တာ ခေါင်းထဲ စွဲစေမည့် ပညာပေးခြင်းမျိုး ၊ ဒဏ်ရိုက်ခြင်းမျိုးလည်း မလွဲမသွေ လိုအပ်သေးသည် ။
ထို့ပြင် ဒစ်ဂျစ်တယ်နည်းပညာသုံးပြီး အော်တိုကောင့် လုပ်သော မီးပွိုင့်များလည်း မှန်ကန်ဖို့ လိုသေးသည် ။ အထူးသဖြင့် လှည်းတန်းမီးပွိုင့်လိုနေရာမျိုးတွင် ဒစ်ဂျစ်တယ် မီးပွိုင့်အသုံးပြုထားသော်လည်း သတ်မှတ်ထားသော ကြာချိန်အတိုင်း မရေတွက်စေပဲ တစ်ခါတစ်ရံ မီးပွိုင့်ကိုရပ်ပြီး တဖက်ယာဉ်ကြောကိုသာ ဖြတ်သန်းခွင့်ကြာမြင့်စွာပေးထားခြင်းဖြင့် တခြားယာဉ်ကြောမှ စောင့်ဆိုင်းရသော ယာဉ်များ မျဉ်းသေဖြတ်ပြီး ကျော်တက်လာကာ မီးပွိုင့်ြ့ဖတ်ဖို့ စောင့်စားကြတာကြောင့် မလိုလားအပ်တဲ့ယာဉ်လိုင်းရှုပ်ထွေးမှုတွေ ဖြစ်ပေါ် စေပါသည်။ ပြည်လမ်းဘက် ယာဉ်ကြောသည် အင်းစိန်လမ်းယာဉ်ကြောလောက် ကားရှုပ်ထွေးမှု မရှိသော်လည်း ၊ ထို ယာဉ်လိုင်းကိုသာ ကြာမြင့်ချိန် ပိုမိုပေးကာ ဖြတ်သန်းစေခြင်းသည် နည်းနည်းလေးတော့ လွဲနေသည်ဟုထင်မိသည် ။ ဒါ့ပြင် လှည်းတန်းဈေးဘက်မှ မီးပွိုင့်ကိုပေါင်းစုံသော လမ်းသည် တခြားလမ်းများထက်ပိုမိုသေးငယ်ပြီး လမ်းဘေးဈေးသည်များ ၊ စည်းကမ်းမဲ့ ကားပါကင်ထိုးသူများကြောင့် သွားရအလွန်ကြပ်ပြီး ၊ မီးပွိုင့်ကြောင့်လည်း ကြံ့ကြာမှုများ ရှိနေသည် ။
စေတနာထား၍ပြောလိုက်ချင်ပါသည် လမ်းကူးသူဆိုလျှင် ယာဉ်တိုက်ခံရလျှင် ဒဏ်ရာ အသေးစားမှ သေသည့်အထိဖြစ်တတ်သည် ။ ယာဉ်မောင်းသူမှာလည်း တရားစွဲခံရ ၊ ထောင်ချခံရနိုင်သည် ။ ယာဉ်မောင်းမှာ အတိုက်ခံရသူသေလျှင် ပုဒ်မ ၃၀၄(က) ပေါ့လျှော့ခြင်းဖြင့် သေစေမှုဖြင့် တရားစွဲခံမည် ခုနှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်သည် ။ ရဲအရေးပိုင်သည့် အမှုဖြစ်သည် ။ အာမခံ လုံးဝမရနိုင်ပါ ။ကြေအေးခွင့်လုံးဝမရှိနိုင်ပါဟု ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေစာအုပ်တွင် ဖော်ပြထားသည် ။
လူမသေလျှင် ပုဒ်မ ၃၃၇ ၊ အခြားသူဧ။် အသက်ကို (သို့) လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှုတစ်ခုကို ပြုလုပ်ခြင်းဖြင၊့် နာကျင်စေမှုဖြင့် ယာဉ်မောင်းမှာ တရားစွဲခံရမည် ။ ၂နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ။ ဤအမှူသည်လည်း ရဲအရေးပိုင်သော အမှုဖြစ်သည် ။ အာမခံရသည် ၊ ကြေအေးခွင့်မရှိပေ။
ပုဒ်မ ၃၃၈ အရ အခြားသူဧ။် အသက်ကို (သို့) လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှု တစ်ခုခုကို ပြုခြင်းဖြင့် အပြင်းထန်နာကျင်စေမှု ။ ငါးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ခ့ရမည့်အပြင် ၊ ငွေဒဏ်လည်းချမှတ်နိုင်သည် ။ရဲအရေးပိုင်သည်။ အာမခံရသည် ။ ကျေအေးခွင့်ရှိသည်ဟု ဖော်ပြထားသည် ။
ပုဒ်မ ၃၃၇သည် နာကျင်စေမှု ၊ ပုဒ်မ ၃၃၈သည် အပြင်းထန်နာကျင်စေမှု ဖြစ်သည် ။ ယင်းကို သက်ဆိုင်ရာတာဝန်ရှိ ဆရာဝန်ကြီးများက ဆုံးဖြတ်ပေးရသည် ။ တရားသူကြီးက စစ်ဆေးချက်များကို နားထောင်ပြီး အမိန်ချသည် ။ သတိတစ်ချက်လွတ်ရုံမျှဖြင့် ယာဉ်တိုက်မှု ဖြစ်ပွားနိုင်ပြီး ၊ မိမိနှင့်တစ်ကွ အိမ်သူအိမ်သားများပါ စိတ်ထောင်းကိုယ်ကြေဖြစ်နိုင်ပါသဖြင့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း သတိရှိကြဖို့ နှိုးဆော်လိုက်ချင်ပါတော့သည် ။ စာဖတ်သူများနှင့် ရွာသူရွာသားတို့လည်း ယာဉ်တိုက်ခံရခြင်း ၊ ယာဉ်တိုက်မှုဖြစ်ခြင်း စသော ဘေးဥပါဒ် အန္တရာယ်မှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးနေမိပါတော့သည် ။
Related posts:


ဟုတ်တယ်ဗျာ..
သတိထားပြီး သွားကြလာကြ
ကျနော်ဆို မီတာကဖေးထဲကဟာတွေ ကြည့်ကြည့်ပြီး လမ်းသွားရင် ကျီးကန်းလို အကုန်လျှောက်ကြည့်နေမိတယ်..
အန္တရာယ်က တစ်ခါတလေ မထင်မှတ်ပဲ ရောက်ရောက်လာတတ်တယ်ဗျ
အခုက ယာဉ်မောင်းကော ကူးတဲ့လူကော ၂ဘက်လုံး ပေါ့ဆလို့ ဖြစ်တာ..
သတိထားကြ..
သများလဲ သတိထားလွန်းလို့ .အိုဗာကဲ ဖြစ်နေပြီ
Was this answer helpful?
LikeDislikeသတိမမူ ဂူမမြင်ဆိုသလိုပါပဲ …. ပေါ့ဆစွာ သွားလာနေကြမယ် …ဖြစ်တော့မှ ဆပ်ပြာသည်လင်ပျောက်သလိုမျိုး…………….. မြင်ဖူးတယ် … ။
တစ်ချို့ကျတော့လည်း ကားမတိုက်တိုက်အောင် အသက်နဲ့ ရင်းပြီး စီးပွားရှာကြတယ် … ဘယ်လို နားလည်ရမှန်းတောင် မသိတော့ဘူး … ။
Was this answer helpful?
LikeDislikeအင်းပြောရရင်တော့ကားမောင်းသမားဖက်ကအခက်အခဲကိုပြောကြည့်မယ်နော်။ ကားမောင်း ရတာညဖက်ဆိုအရမ်းခက်ခဲပါတယ်။ အဓိကကတော့လမ်းမီးမရှိတော့ရှေ့မြင်ကွင်းဘာမှမမြင်ရဘူး။ တကယ်ပြောတာ။ ကားမီးဖွင့်ထားလဲပတ်ဝန်းကျင်ကမှောင်နေတော့ လမ်းကူးတဲ့သူတွေကို မမြင်ရတာတော့အမှန်ပဲ။ အကျီ င်္အရောင်ရင့်တွေဝတ်ထားရင်ပိုဆိုးပါတယ်။ အနားရောက်မှမြင်ရတာ။ လမ်းကူးတဲ့သူတွေကတော့ကားမီးရောင်နဲ့သူတို့ကိုမြင်ရတယ်ထင်ပေမဲ့ တကယ်တော့လုံးလုံးမမြင်ရပါဘူး။ လမ်းကူးလာတာအနားရောက်မှချည်းပဲမြင်ရပါတယ်။ အရှိန်မပါရင်တော့ကပ်ရှောင်နိုင်ပေမဲ့အရှိန် ပါလာရင်မလွယ်ပါဘူး။ မျဉ်းလည်ကြောမှရပ်နေရင်တောင် အနားရောက်မှမြင်ရပါတယ်။ လမ်းမီးလင်း တဲ့လမ်းတွေဆိုရင်တော့ရှင်းရှင်းလင်းလင်းမဟုတ်တောင်မြင်ရပါသေးတယ်။ ရန်ကုန်မှာကများသော အားဖြင့်လမ်းမီးမရှိတဲ့လမ်းတွေများတော့ညဖက်ကားမောင်းရင်မနဲကြည့်ပြီးဖြည်းဖြည်းမောင်းရပါတယ်။
နှစ်ဦးနှစ်ဖက်သတိထားကြမယ်ဆိုရင်တော့ဒီအဖြစ်ဆိုးတွေကနေဝေးနိုင်မှာပါ။
Was this answer helpful?
LikeDislikeဒေါက်တာပို့ စ်ကို ဖတ်အပြီး ၊ “ ဖိုင်နယ် ဒက်စတီနေးရှင်း ” ရုပ်ရှင်တွေ ကို သွားသတိရမိသဗျာ ။ မန်းတလေး မှာ လဲ ၊ စည်းကမ်းလိုက်နာဖို့ လိုအပ်မှုတွေ အများကြီးပါ ။ သူငယ်ချင်း ဆရာဝန်တွေ ၊ ဆေးရုံကြီး အိုင်စီယူ မှာ နိုက်ဂျူတီ ဝင်ရင် ၊ ညတိုင်း ကား ၊ ဆိုင်ကယ် အက်ဆီးဒင့် ကေ့စ် မတွေ့ ရတဲ့ ည မရှိသလောက်ဘဲတဲ့ ။
Was this answer helpful?
LikeDislikeတစ်လောက ကျွန်တော်တို့နားက လူတစ်ယောက် ကားတိုက်လို့ သေသွားခဲ့တယ် ခင်ဗျ။
သူ သေသွားတာကို ဆေးရုံရောက်မှ ဖုန်းဆက်လို့ သိရတာ။
သူ့ကို တိုက်သွားတဲ့ ကားသမားကတော့ တိုက်ပြီးတာနဲ့ ထွက်မပြေးဘဲ လူနာကို ဆေးရုံဆီ သူ့ကားနဲ့ ကိုယ်တိုင်ကိုယ်ကျ လိုက်ကုပေးသေးတယ်။ ပြီးတော့ ဆရာဝန်တွေကိုလည်း သူကားနဲ့ တိုက်မိတဲ့အကြောင်း ပြောရှာတယ်ဗျ။ ဒါပေမယ့် ဒဏ်ရာက ပြင်းတော့ အသက် မရှင်ရှာခဲ့ပါဘူး။ သေသူရဲ့ မိသားစု ကိုလည်း သူကိုယ်တိုင် စုံစမ်း အကြောင်းကြားပြီး စိတ်ကျေနပ်လောင်အောင် ပြုလုပ်ပေးပါသေးတယ်။ သေသူ မိသားစု ကလည်း သူ့ကို ကျေအေး ပေးခဲ့ပါတယ်။
ဒီလို လူမျိုး ကျပြန်တော့လည်း ရိုးသားတယ်လို့ ပြောရမလား။ လေးစားစရာ ကောင်းတယ်လို့ ပြောရမလားပဲ ခင်ဗျ။
Was this answer helpful?
LikeDislikeနယ်ဖက်တွေမှာလဲ ဆိုင်ကယ်ရော၊ကားတွေပါ အက်ဆီးဒင့်ဖြစ်ရင် မောင်းပြေးကြတာ
အကျင့်တစ်ခုလိုဖြစ်နေပီ။ဥပဒေကြောင်းအရ ရင်ဆိုင်ရင် အပိုကုန်ကျလို့ များလား၊ဒါမှ
မဟုတ်ရင် အခက်အခဲကိုမရင်ဆိုင်ရဲလို့ လားတော့မသိပါဘူး။နောက်ပိုင်း နယ်ဖက်တွေ
မှာ လိုင်စင်မဲ့ ကားတွေရော၊ဆိုင်ကယ်တွေပါ ပေါလာနေတယ်လေ။
Was this answer helpful?
LikeDislikeပလက်ဖေါင်းပေါ်တက်တိုက်ရင် ၊ လမ်းဘေးဆင်းတိုက်ရင်၊ မျဉ်းကြား မီးပွိုင့်တွေမှာတိုက်ရင်တော့
ယာဉ်မောင်းရဲ့အပြစ်သာဖြစ်ပါတယ်။
လမ်းမပေါ်မှာတိုက်ရင်တော့ လမ်းကူးသူရဲ့ ချွတ်ယွင်းချက်က ပိုများပါတယ်။
အပြစ်ဒါဏ်ချမယ့် တရားသူကြီးတွေ
စီရင်ချက်မချမီ အဲဒီလမ်းပေါ် အဲဒီအချိန် ကိုယ်တိုင်ကားမောင်းကြည့်ရင်
အမှန်အတိုင်းဆုံးဖြတ်နိုင်မယ်ထင်တာပဲ။
(ဒီပိုစ့်ထဲက ကားကတော့ မီးမစုံတဲ့အတွက် ကားအပြစ်ကပိုများပါတယ်။)
Was this answer helpful?
LikeDislikeတကဲ့ စေတနာ အပြည့်နဲ့ စကားလုံးတွေ ကို မြင်ခဲ့ပါတယ် သားရေ။
တကယ်တော့ မြန်မာလူမျိုး မှာ ပင်ကိုယ် စေတနာ နဲ့ ကူညီချင်တဲ့ စိတ်ရှိကြပါတယ်။
ဒါဟာ အရီးတို့ ရဲ့ ဂုဏ်ယူစရာ ယဉ်ကျေးမှုလေးပါဘဲ။
စားဝတ်နေမှု မပြေလည်ခြင်း တွယ် က အဲဒီ ဂုဏ်ယူစရာ ယဉ်ကျေးမှုလေးတွေကို တိုက်စားခဲ့တာလို့ ထင်တာပါဘဲ။
လူကိုတိုက်မိရင်တော့ နှစ်ဖက်လုံးမှားရင်တောင် ကားမောင်းသူက ပိုတာဝန်ရှိသလားပါဘဲ။
တုံတုံ ပြောသလို ကားတိုက်ခံပြီး ငွေညှစ်တာ တွေလဲ ကြားဘူးပါတယ်။
အကောင်းဆုံးကတော့ သတိမောင်း ရုံပါဘဲ။
တကယ်တော့ လမ်းကူးသူ ကလဲ စည်းမရှိ၊ ကားမောင်းသူကလဲ စည်းမရှိတဲ့ အခါမှာတော့ ကားတိုက်မှုဖြစ်ဖို့ လွယ်နေတော့တာပေါ့။
ဒါမျိုး သတိပေးပညာ ဆောင်းပါးလေးတွေ မပြတ်ရှိနေဖို့ လိုတာမို့ အရီးတို့ အားပေးပါတယ် သားရေ။
အချိန်လေးပေးပြီး ရေးနေပါ။
ကျေးဇူးပါဘဲ။
Was this answer helpful?
LikeDislikeဒီပို့စ်ထဲမှာပြောထားသလိုပဲ သစ်လုံးကားနဲ့ ကွန်တင်နာတွေ နင်းကန်ပြီးမောင်းကြတာ ကားမောင်းတဲ့ လူတွေရဲ့ အသိဥာဏ်နိမ့်ပါးလို့လား မပြောတတ်ဘူး ။ မနေ့က ညနေပိုင်းမှာ ရွာမ ကွေ့နားက ရွာမဟိုတယ်ရှေ့မှာ ပေလေးဆယ် ဟိုက်ကျူဒ့်ကွန်တင်နာကြီး တုံးလုံးလဲတာ … ညဘက် ကိုးနာရီ ဆယ်နာရီတိုင် ကရိန်းနဲ့ ပြန်ဆွဲမလို့ မပြီးသေးဘူး … ။
ကျွန်မနားမလည်တာ တစ်ခုရှိတယ် …ကျွန်မတို့စက်ရုံကလည်း ကွန်တင်နာတွေ အမြဲတမ်း သုံးပြီး export လုပ်နေတာပါ … ။ ဆိပ်ကမ်းကို နေ့လည်ဖြစ်ဖြစ် ၊ ညနေစောင်းဖြစ်ဖြစ် အစောဆုံးပို့ပေးရတယ် .. ။ ဒါမှ နောက်တစ်ရက် သဘောင်္စထွက်လို့ရမှာ … ။ အခုလို ဒရကြမ်းမောင်းနေတဲ့ကွန်တင်နာနဲ့ သစ်လုံးသယ်ယာဉ်တွေက … ညဘက် ရှစ်နာရီကျော်မှ … တ၀ူးဝူးမောင်းလာကြတာ … ဘယ်ဆိပ်ကမ်းကို သွားကြသလဲ စိတ်ဝင်စားလွန်းလို့ပါ .. ။ ကွန်တင်နာတောင်မှ ပေနှစ်ဆယ်နည်းပြီး .. ပေလေးဆယ် တွေချည်းပဲ ..ဒါတောင် ပေလေးဆယ် ဟိုက်ကျူဒ်သုံးထားတာက ပိုများတယ် … ။
ဆိပ်ကမ်းကိုပို့ဖို့အချိန်လည်း မဟုတ်တဲ့ အပြင် ၊ ဆိပ်ကမ်းက ထုတ်ပြီး စက်ရုံကို လာတဲ့ … အလုပ်လုပ်ချိန်လည်း မဟုတ်တော့ … ဘာလို့ များ .. ညဘက်ထွက်တွေချည်း များနေရသလဲ … သိချင် စိတ်ပြင်းပြမိပါတယ် .. ။
Was this answer helpful?
LikeDislikeအော်မနေ့ကကွန်တိန်နာမှောက်တယ်ကြားတာ လက်စသတ်တော့အိမ်နားမှာကိုး။ မသိလိုက်ဘူး။ အဲဒီဘုရင့်နောင်လမ်းကတော့ ည ၁၀ နာရီကျော်တာနဲ့ကားကြီးတွေပြိုင်မောင်းနေတာ။ ၀ုန်းဒိုင်းကြဲနေတာပဲ။ ကွန်တိန်နာ၊ သစ်လုံးကားနဲ့ ဒိုင်နာတွေ။ ဖြစ်လိုက်ရင်လဲမကြားဝံ့မနာ သာချည်းပဲ။ တညလုံးကားသံတွေဝုန်းဒိုင်းကြဲနေတာ။ ညလုံးပေါက်ပဲ။ တခါတလေဆိုက်ကား ကပါသေး။ လမ်းလည်ကချည်းပဲမောင်းတာသူတို့ကလဲ။
Was this answer helpful?
LikeDislikeအစ်မရေ … ညဘက်ကို မီးကလည်း လင်းတလှည့် မလင်းတလှည့်နဲ့ … မောင်းနေတဲ့ တချို့ကားကြီးတွေ မီးတစ်ဖက် ကျွမ်းနေပါလျှက် အသားကုန် ဒုန်းစိုင်းမောင်းနေတာ … ယာဉ်စည်းကမ်းသာ တကယ်ထိန်းသိမ်းမယ်ဆိုလျှင် 24နာရီ အရေးယူတဲ့ စနစ်တွေ ရှိသင့်တယ် … ။
ကုန်သယ်ယာဉ်တွေ ညဘက်မောင်းတာ အန္တရာယ်များလွန်းတယ် … ။ လင်းလင်းချင်းချင်းကျတော့လည်း လူမြင်မှာ စိုးလို့ နေမယ်
Was this answer helpful?
LikeDislikeမော်တော်ပီကယ်ကဘုရင့်နောင်လမ်းမှာမနက် ၆ ည ၆ ထိပဲရှိတယ်။ တောင်းချက်ကတော့ကမ်းကုန်ပဲ။
Was this answer helpful?
LikeDislike“လမ်းသွယ် သုံးလမ်းခြား စီလောက်ကို ယာဉ်ထိန်းရဲ တစ်ယောက်နှုန်းဖြင့် လူများ ယာဉ်များ ထိန်းကျောင်းနေသည်ကို မြင်ရသောကြောင့်ပါ “‘
ဒေါက်တာရေ .. သူတို့ဘကြီးတော်တွေ လာမှာမို့လို့ ချထားတာထင့်ပါ့ ။ အဲ့ဒီလိုဘဲ ချထားလေ့ရှိတယ် ။ ညက ယာဉ်တိုက်မှုနဲ့ တိုက်ဆိုင်သွားတယ် ထင်တယ် …
Was this answer helpful?
LikeDislikeယာဉ်တိုက်မှုက ၄ယောက်တောင်ဖြစ်ပြီးမောင်းပြေးသွားတာရယ်။ ယာဉ်ထိန်းရဲ များ ဘာလုပ်နေလဲဟု မေးစရာရှိလာနိုင်တာရယ်ကြောင့် ယာဉ်ထိန်းရဲများတာဝန်ချထားတာဖြစ်နိုင်ပါတယ်။
စာဖတ်သူများရော၊ ၀င်ရေးသူများကိုပါ စာရေးသူမှ အထူးကျေးဇူးတင်ပါတယ်။ နောင်များလည်း အားပေးပါဦး။ သိလိုသူများကို လည်း မေးမြန်းနိုင်ပါသည်။ အချိန်ရလျှင်ရသလို ပြန်ဖြေပေး၊ ပို့ စ်တင်ပေးပါမည်။
Was this answer helpful?
LikeDislikeကားလမ်းကူးချိန်ယာဉ်တိုက်မှုဖြစ်တယ်ဆိုတာကတော့တဖက်ဖက်ကမှားတာပါပဲ
တချို့ကလည်းအလယ်မျဉ်းကြောမှာရပ်နေတာကိုတက်တိုက်သွားတာရှိတယ်
ဒါကျတော့ကိုယ့်လမ်းကြောကိုမမောင်းတာအသိသာကြီးပါ
တချို့လမ်းကူးသူတွေကလည်းကားကိုဂရုမစိုက်ကြပါဘူး
ကားလာနေတာတောင်လှုပ်စိလှုပ်စိလျှောက်ပြီးကူးတဲ့သူကရှိသေး
ကားတစ်စီးလုံးမြင်နေရဲ့သားနဲ့ဖြတ်ပြေးတဲ့သူတွေလည်းရှိတယ်
မနက်ရုံးသွားညနေရုံးပြန်တိုင်းအချိုးမပြေတဲ့သူတွေတပုံကြီးတွေ့ရတယ်
တခါတခါကျတော့လည်းကိုယ်စီးသွားတဲ့ကားကအချိုးမပြေဘူး
ဘာပဲဖြစ်ဖြစ်မောင်းသူရောလမ်းသွားလမ်းလာရောနှစ်ဖက်လုံးဆင်ခြင်နိုင်ရင်တော့
အကောင်းဆုံးပါပဲ
Was this answer helpful?
LikeDislikeblueroseလေး ပြောသလိုပါပဲ။ မိမိဘက်ကမမှားတောင် တခြားဘက်ကမှားရင်လည်း ကိုယ်ပဲခံရမှာလေ။ ကိုယ်မှားရင်တော့ သွားပြီပေါ့။ ဒါကြောင့် အသက်ကို ကံ၊ဥာဏ်၊၀ီရိယ စောင့်ရတာပေါ့။ ကံကြောင့် မသေ၊ ဥာဏ်မယှဉ်လို့ သေရတာတွေလည်းအများကြီးနော်။ဝီရိယ ကတော့ ကားပဲစီးစီး၊လမ်းပဲလျှောက်လျှောက် လိုတာပဲ။ အားလုံးကို ဘေးကင်းစေချင်တာပဲလေ။ ယာဉ်တိုက်မှု တွေ ကင်းဝေးကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။
Was this answer helpful?
LikeDislikeဟုတ်ပါတယ်မီးရဲ့စာလေးကိုဂရုစိုက်ပြန်ပြောလို့ကျေးဇူးတင်ပါတယ်
ဒေါက်တာပြောသလိုပါပဲကားပဲစီးစီး၊လမ်းပဲလျှောက်လျှောက်လိုပါတယ်
လွန်ခဲ့တဲ့နှစ်နှစ်လောက်ကမနက်ပိုင်းရုံးအလာမှာမဟာဗန္ဓုလလမ်းပေါ်က
ဘိုကလေးဈေးကားမှတ်တိုင်မျက်စောင်းထိုးလောက်အရောက်မှာပေါ့
ကားမှတ်တိုင်ကိုအထူးကားလိုတစ်စီးရပ်လိုက်တာမှာဘာဖြစ်မှန်းမသိ
ရှေ့ကကားကိုဝင်ဆောင့်တယ်အဲချိန်မှာဒိုင်နာတစ်စီးကမှတ်တိုင်ကထွက်ဖို့အလုပ်
ဒိုင်နာကိုပါဝင်ဆောင့်လိုက်တာမြင်နေတဲ့အချိန်လေးအတွင်းမှာပဲ
အနားနားကိုဒိုင်နာကြီးကဝုန်းဆိုရောက်လာတယ်
ပလက်ဖောင်းအစပ်လေးမှာရပ်နေတုန်းလေးပေါ့
လူလည်းတော်တော်လန့်သွားတာပလက်ဖောင်းကနေသာဆင်းလိုက်ရင်တော့မတွေးရဲစရာ
အဲချိန်မှာတွယ်စီးတဲ့သူတယောက်ကအတက်အဆင်းမှာတုံးလုံးကြီးသွေးတွေရဲနေတာပဲ
ပြီးတော့အော်နေတာကယ်ပါဦးနာလို့ပါဆိုပြီးတော့ကျန်တော့သူတွေကအထဲမှာ
စပါယ်ယာတောင်အထဲရောက်နေတယ်သူကသနားပါတယ်အလုပ်သွားမလို့ချိုင့်လေးနဲ့
အဲနေ့တနေကုန်ထမင်းတောင်မစားနိုင်ဘူးရင်တွေတုန်လို့
အဲကတည်းကကိုယ်ကကားပေါ်မှာလည်းမလွယ်ပါလားလို့သိလိုက်တာ
ဂေဇက်မိသားစုအားလုံးလည်းဘယ်နေရာရောက်ရောက်သတိလေးနဲ့နေကြပါလို့
ဆရာလုပ်တာတော့မဟုတ်ပါဘူးနော်
Was this answer helpful?
LikeDislikeဟုတ်ပါတယ်မီးရဲ့စာလေးကိုဂရုစိုက်ပြန်ပြောလို့ကျေးဇူးတင်ပါတယ်
ဒေါက်တာပြောသလိုပါပဲကားပဲစီးစီး၊လမ်းပဲလျှောက်လျှောက်လိုပါတယ်
သုဝဏ္ဏဘက်ရေစက်မှတ်တိုင်နားမှာဆိုညပိုင်းကားတိုက်လို့သေတာနှစ်ယောက်ရှိပါပြီ
ကားလမ်းကူးတာတဖက်ကကားလာလို့လမ်းလယ်မှာရပ်နေတုန်းတိုက်သွားတာပါ
ကားတွေကတော့မောင်းပြေးသွားတယ်
ကိုယ်ကကားမောင်းနေတာပဲဖြစ်ဖြစ်လမ်းသွားတာပဲဖြစ်ဖြစ်အမြဲတမ်းဂရုစိုက်သင့်ပါတယ်
ဂေဇက်ကညီအကိုမောင်နှတွေလည်းဘယ်နေရာရောက်ရောက်
အမြဲသတိထားပြီးဂရုစိုက်ကြပါလို့သတိပေးချင်ပါတယ်
ဆရာလုပ်တာမဟုတ်ပါဘူးနော်
Was this answer helpful?
LikeDislikeလူကူးမျဉ်းကျားတွေကို လူတွေ မျဉ်းကျားကနေမှ ဖြတ်ကူးချင်လောက်တဲ့၊မျဉ်းကျားရောက်အောင် လျှောက်ဖို့ ၀န်မလေးစေတဲ့ (မျဉ်းကျားရောက်ဖို့ အဝေးကြီးပြန်လျှောက်နေရရင် ကြုံရာကပဲကူးမှာပေါ့) အကွာအဝေးတိုင်းမှာ ဆွဲပေးသင့်ပါတယ်။
လူကူးမျဉ်းကျားက ကူးတဲ့သူတိုင်းကို ကားတွေက လေးလေးစားစားရပ်ပေးသင့်ပါတယ်။
မျဉ်းကျားမှာ လူရှိရက်နဲ့ ရပ်မပေးရင် တိုင်လို့လည်းရ၊ အပြစ်ကြီးကြီးလည်း အရေးယူသင့်ပါတယ်။
မျဉ်းကျားကမကူးပဲ ကြုံရာက ကူးတဲ့သူကို တိုက်မိတဲ့ အပြစ်ဒဏ်နဲ့ မျဉ်းကျားပေါ်ကသူကို တိုက်တဲ့ အပြစ်ဒဏ် အဆပေါင်းများစွာ ကွာသင့်ပါတယ်။
လူကို ကားတိုက်လို့ ပစ်ပြေးရင် ပြင်းထန်တဲ့ ပြစ်ဒဏ်ချသင့်ပါတယ်။
ဆေးရုံလိုက်ပို့တဲ့ ကားသမားကို ပြစ်ဒဏ်လျှော့ပေးသင့်ပါတယ်။
ပတ်ဝန်းကျင်လူတွေက လည်း ကားတိုက်တယ်ဆို ၀ိုင်းပြီး ကားသမားကို ဆွမ်းကြီးလောင်းတဲ့ အကျင့်လေးတွေ ဖျောက်သင့်ပါပြီ။
Was this answer helpful?
LikeDislikeမဒုံကြီးပြောသလိုပါပဲ။ မြန်မာပြည်မှာက လုံးဝကိုပြင်ရမှာရော၊ ပြင်သင့်တာတွေပါ အများကြီး။ အချိန်တို အတွင်းမှာ အများကြီးပြင်နိုင်ရင် သိပ်ကောင်းမှာနော်။ နို့ မို့ ဆိုရင် ကိုယ်တွေက အသက်ကြီးပြီး သေသာသွားမယ်။ ဒုံရင်းနဲ့ သိပ်မကွာဘူးဆိုရင် နေရကျိုးမနပ်ဘူးလို့ ပြောရမှာပဲ။ ကိုယ့်ဖီးလ်ထဲက ညီလေး၁ယောက်တောင် ချယ်ရီဝက်ဂွန် သွားတန်းဆီတာ မနက်၆နာရီထဲကပဲ။ ရလည်းမရပါဘူး။ နောက်တော့မှသိရတာက လမ်းကြောင်းရှိတယ်၊ ၅သိန်းတဲ့ ။ကျနော်ဖတ်တဲ့ ဂျာနယ်က ကားချပေးတဲ့  စက်မှုဝန်ကြီးနဲ့ အင်တာဗျူးမေးထားတာကတော့ အမှန်အကန်ချပေးတာတဲ့ ။ အသက်ကြီးပြီး အစိုးရ၀န်ထမ်းလုပ်ခဲ့ တဲ့ လူများသာ ဦးစားပေး ပေးတယ်လို့ ပြောတာပဲလေ။ အခုလဲ ကားပါမစ်တွေ၊ရှိုးရွန်းတွေဖွင့်မယ်ဆိုသူများဆိုတာကလည်း စဉ်းစားကြည့်လိုရတာပါပဲ။မြန်မာပြည်ကို သည်ထက်မက အမြန်ဆုံးတိုးတက်ပါစေလို့ ပဲ ဆုတောင်းနေရတာ အမောပါပဲ။
Was this answer helpful?
LikeDislike