ကုသိုလ်ကံအကျိုးလက်ငင်းခံစားခဲ့ရသူ အင်းဝမြို့စား ဒပ်ဖရင် – ဦးမြင့်ဝေ
|330- Hits|
မြန်မာနိုင်ငံအား နယ်ချဲ့အင်္ဂလိပ်တို့သည် ၁၈၂၄ခုနှစ်တွင် ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ၊ ၁၈၅၃ခုနှစ်တွင် ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ၊ ၁၈၈၅ခုနှစ်တွင် တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ ဟူ၍ စစ်ပွဲကြီး သုံးကြိမ်တိုင်ပြုလုပ်ပြီး သိမ်းယူခဲ့သည်။
မြန်မာတို့ဘုရင် သီပေါမင်းအား အိန္ဒိယပြည် အနောက်ဖက်ကမ်းခြေရှိ ဘုံဘေ(Bombay) (ယခု-မွန်ဘိုင်း)မြို့မှ တောင်ဖက် မိုင် ၃၀၀ခန့် အဝေးတွင်ရှိသော ရတနာဂီရိသို့ ပို့ဆောင် အကျဉ်းချထားခြင်းဖြင့် မြန်မာနိုင်ငံ၏ ရှင်ဘုရင် အုပ်ချုပ်ရေးစနစ်ကို နိဂုံးချုပ်စေခဲ့သည်။
အင်္ဂလိပ်တို့သည် မန္တလေးနန်းတော်အား သိမ်းပိုက်ပြီးနောက်တွင် မန္တလေးနန်းတော်ကြီး တစ်ခုလုံးအား အင်္ဂလိပ်စစ်ရုံးနှင့် အရပ်ဖက် အုပ်ချုပ်ရေးရုံးများအဖြစ် အသုံးပြုခဲ့သည်။ ရှေးယခင်က မြန်မာရှင်ဘုရင်နှင့် မင်းမှုထမ်းများ နေထိုင်ခဲ့သော နန်းတော်ဆောင်များသည် စစ်တန်းလျားများ၊ နားနေခန်းများ၊ ထမင်းစားခန်းများ၊ သိုလှောင်ခန်းများ ဖြစ်လာခဲ့လေသည်။
ထို့သို့သိမ်းပိုက်ပြုပြင်မှုတွင် ပြဿနာတစ်ရပ်မှာ မြန်မာရှင်ဘုရင်များရှိစဉ်က ကိုးကွယ်ထားခဲ့သော ဗုဒ္ဓဆင်းတုတော်များ ထားရှိရေးပင်ဖြစ်သည်။ ဗုဒ္ဓဆင်းတုတော်များမှာ အဆောင်တိုင်းတွင်ရှိသည့်အတွက် စစ်တန်းလျားများတွင် နေရာပေးရန် အခက်အခဲရှိလာခဲ့သည်။ အင်္ဂလိပ်စစ်မှုထမ်းများမှာလည်း ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြသောကြောင့် ဆင်းတုတော်များအား မရိုသေ၊ ကောင်းစွာသိမ်းဆည်းခြင်းလည်း မရှိခဲ့ပါ။
အရာရှိငယ်များက ဗုဒ္ခရုပ်ပွါးတော်များအားလေးစားရကောင်းမှန်းသိ၊ ခြေနင်း ကြမ်းပြင်ပေါ် တွင်ခွေးနှင့်မနီးမဝေး၌ထားခဲ့သည်။ “ဒပ်ဖရင်”ကမူ ဗုဒ္ခရုပ်ပွါးတော်များအား မန္တလေးမြို့ပေါ် တွင်သီတင်းသုံးနေထိုင်တော်မူနေသော၊ ဆရာတော်သံယာတော်များထံရိုသေစွာပြန်လည် ဆက်ကပ်ခဲ့ပါသည်။
အင်္ဂလိပ်စစ်တပ်များ နေရာယူပြီးသောအခါ အိန္ဒိယနှင့် မြန်မာပြည်ဆိုင်ရာ အင်္ဂလိပ် ဘုရင်ခံချုပ် ဖြစ်သူ ဒပ်ဖရင်သည် မန္တလေးနေပြည်တော်သို့ အမြင့်ဆုံး အစိုးရအရာရှိကြီး အနေဖြင့် ရောက်ရှိခဲ့သူဖြစ်သည်။ ဒပ်ဖရင်သည် ရန်ကုန်မှ ပြည်သို့ ရထားလမ်းဖြင့် သွားခဲ့သည်။ ပြည်မှတဆင့် မန္တလေးနေပြည်တော်သို့ သင်္ဘောဖြင့်သွားရောက်ခဲ့သည်။ မန္တလေးအရောက်တွင် အင်္ဂလိပ်နှင့် မြန်မာစစ်ဖက်နှင့် နယ်ဖက်မှ အရာရှိများက ခရီးဦး ကြိုဆိုခဲ့ကြသည်။

မန္တလေးသို့ရောက်လာသော ဒပ်ဖရင်သည်ပထမ နေ့တွင် စစ်ကိုင်းဖက်သို့ သွားရောက်စစ်ဆေးခဲ့သည်။ ဒုတိယနေ့တွင် မန္တလေးမြို့ပေါ်တွင် သီတင်းသုံးနေထိုင်တော်မူသော ဗုဒ္ဓဘာသာဆိုင်ရာ ဆရာတော်ကြီးများအား ရိုသေစွာ ပင့်လျှောက်၍ ဗုဒ္ဓဘာသာအား လွပ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြောင်း၊ သာသနာရေးဆိုင်ရာ အင်္ဂလိပ်တို့ မူဝါဒကို တင်ပြလျှောက်ထားခဲ့သည်။ ထို့အပြင် နန်းတော်အတွင်း၌ ဗုဒ္ဓဆင်းတုတော်ကြီးများအားလည်း ဆရာတော်ကြီးများထံ ရိုသေစွာ အပ်နှံတော်မူခဲ့ခြင်းဖြစ်သည်။
ထိုဆင်းတုတော်ကြီးများထဲမှ ပြည်လုံးချမ်းသာရ ဟုအမည်ရှိသော ဆင်းတုတော်ကြီးအား ဆရာတော် ဦးဒီပ ဟုအမည်ရှိသော ဆရာတော်ကြီးက စာရေးသူတို့ နေထိုင်ရာ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ သို့ပင့်ဆောင်တော်မူခဲ့သည်။ ကြို့ပင်ကောက်မြို့သူမြို့သားများကလည်း ပါတော်မူသွားသော မြန်မာဘုရင်အား အမှတ်တရ အနေဖြစ်နေစေရန် ဘကြီးတော်ဘုရားလက်ထက်မှသည် သီပေါမင်းအထိ မြန်မာဘုရင်အဆက်ဆက် ကိုးကွယ်ခဲ့သော ဆင်းတုတော်ကြီးအား ကြို့ပင်ကောက်မြို့ အရှေ့မြို့ပတ်လမ်းရှိ ဗောဓိရုက္ခ ကျောင်းတွင် တည်ထားကိုးကွယ်ခဲ့သည်မှာ ယနေ့တိုင် အထင်အရှားဖြစ်သည်။
ဤကဲ့သို့ ဗုဒ္ဓဆင်းတုတော်ကြီးများအား ကိုယ်တိုင် ရိုသေစွာ နေရာချထားပေးသော ဆောင်ရွက်မှုသည် ဒပ်ဖရင်အတွက် ကြီးစွာသော ကုသိုလ်ကံ တစ်ရပ်ဖြစ်ခဲ့သည်ဟုဆိုချင်ပါသည်။
ထိုသို့ စစ်ရေး၊ အုပ်ချုပ်ရေး၊ ဘာသာရေး အစီအမံများ ဆောင်ရွက်ပြီးသော် ဒပ်ဖရင်သည် ရန်ကုန်သို့ ပြန်လာခဲ့သည်။ နောင်တွင် ၀ိတိုရိယဘုရင်မကြီးက ဒပ်ဖရင်အား အင်းဝမြို့စားဟူသော ဘွဲ့ကို ပေးအပ်ခဲ့သည်။ ရန်ကုန်မြို့ရှိ ဆေးရုံကြီးတစ်ရုံကိုလည်း ဒပ်ဖရင်ဆေးရုံ (ယခု ဗဟိုအမျိုးသမီးဆေးရုံကြီး) ဟု အမည်ပေးခဲ့သည်။
ဒပ်ဖရင်၏ အမည်အပြည့်အစုံမှာFrederick Hamiltion-Temple-Blackwood, 1st Marquess of Dufferin and Ava ဟူ၍ဖြစ်သည်။
ဒပ်ဖရင်သည် အင်္ဂလိပ်အစိုးရ၏ တာဝန်များ ထမ်းဆောင်ရင်း အိုင်ယာလန်တွင် နေထိုင်စဉ် တစ်ညတွင် လူတစ်ဦးသည် လူသေထည့်ရန် ခေါင်းတစ်လုံးအား မိမိထံသို့ ယူလာသည်ကို အိပ်မက်ထဲမြင်တွေ့ခဲ့ရသည်။ ခေါင်းထမ်းလာသောသူနှင့် မျက်နှာချင်းဆိုင်မိသောအခါ ခေါင်းထမ်းလာသူက နောက်ပြန်လှည့်သွားပြီး အမှောင်ထုအတွင်း ပျောက်ကွယ်သွားခဲ့သည်။ အဆိုပါ ခေါင်းကို ထမ်းလာသောသူအား ဒပ်ဖရင်ကကောင်းစွာမှတ်မိနေခဲ့သည်။
ထိုဖြစ်ရပ်မှ နောင်၁၀နှစ်ခန့်အကြာတွင် ဒပ်ဖရင်သည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့သို့အသွား ဂရင်းဟိုတယ်၌ တည်းခိုနေစဉ် ဟိုတယ် ဓာတ်လှေကားမောင်းသူမှာ လွန်ခဲ့သော ၁၀နှစ်က မိမိ အိုင်ယာလန်တွင် နေထိုင်စဉ် ညကြီးအချိန်
မတော် မိမိထံ လူသေထည့်ရန် ခေါင်းတစ်လုံး လာပို့သော သူနှင့် တစ်ထေရာတည်းတူသည်ကို တွေ့ရသည်ဟုဆိုသည်။ ဒပ်ဖရင်သည် ထိုသူမောင်းသော ဓာတ်လှေကား အားမစီးဘဲ မိမိနေထိုင်ရာအခန်းသို့ ခြေလျင်တက်သွားခဲ့သည်။ မကြာမီ ထိုဓာတ်လှေကားပြုတ်ကျပြီး ခရီးသည်နှင့် ဓာတ်လှေကားမောင်းသူပါ သေဆုံးခဲ့ ရသည် ဟုဆိုသည်။
ဤဖြစ်ရပ်အား ဒပ်ဖရင်က မိတ်ဆွေများအား မကြာခဏ ပြောကြားခဲ့ကြောင်းသိရသည်။ ယင်းဖြစ်ရပ်အား တိုက်ဆိုက်မှုတစ်ခုဟု ဆိုလိုပါကလည်း ဆိုနိုင်ပါသည်။
ဘာသာရေးရှုထောင့်မှ ကြည့်လျှင် ဒပ်ဖရင်သည် ဘုရားကို ဘုရားမှန်း၊ တရားကို တရားမှန်း၊ သံဃာကို သံဃာမှန်းသိပြီး ရိုသေသူတစ်ဦးဖြစ်သောကြောင့်”မင်း ဒီလူနှင့်တွေ့လျှင် သေဘေး ကြုံလိမ့်မည်’”ဟု သဘောပါရှိသော နိမိတ်ပြခြင်းခံခဲ့ရသည် ဟူ၍လည်းကောင်း၊ “ကုသိုလ်ကံ အကျိုး လက်ငင်းခံစားခဲ့ရသည်” ဟုလည်းကောင်း ဘာသာရေးရှုထောင့်မှ သုံးသပ်၍လည်း ရနိုင်ပါသည်။
အဆိုပါဖြစ်ရပ်သည် အင်္ဂလိပ်အစိုးရ၏ အဆင့်မြင့် အရာရှိကြီးတစ်ဦး ကိုယ်တိုင် ပြောကြားချက် ဖြစ်သောကြောင့် အထင်ကရ ဖြစ်ရပ်ကြီး တစ်ခုလည်း ဖြစ်ခဲ့လေသည်။
ဒပ်ဖရင် ကွယ်လွန်ပြီးနောက်BBCအသံလွှင့်ဌာနမှလည်း ဤဖြစ်ရပ်ကို လေ့လာ့ခဲ့သည်ဟုလည်းသိရပါသည်။
ကိုးကားချက်
(၁)ဒေါ်ကြန် - မြန်မာ့သမိုင်းသုတေသနစာတမ်းများ
(၂) Google search – Dufferin and the Ghost
(၃) A.T. Stewart — The Pagoda War
မှတ်ချက်။။ ။ မန္တလေးဂေဇက် ဒီဇင်ဘာ ၂၀၁၁ ထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။
Related posts:



အိပ်မက်မက်တာက သွေးသားဖောက်ပြန်လို့ .မြင်တာကို စွဲလို့ …နတ်တွေသတိပေးလို့ ဆိုပြီး မက်ရတဲ့ အကြောင်းတွေတော်တော်ရှိတယ် မှတ်ဖူးတယ်
သွေးသားဖောက်ပြန်လို့ မက်တာ မမှန်ဖို့ များပြီး တစ်ခါတလေ မှန်တတ်တယ်..
တစ်ခုခုကို မြင်မိကြားမိပြီး အိပ်မက်မက်ရင် မှန်တာ..မမှန်တာ ရှိရဲ့
နတ်တွေသတိပေးလို့ မက်ရင် ရာနှုံးပြည့် မှန်တတ်တာဂျ
ပြီးတော့ မက်တဲ့အချိန်နဲ့ လိုက်ပြီး မက်တဲ့အတိုင်းဖြစ်လာဖို့ ကာကလဲ ကွဲသေးတယ်
ညပိုင်းတို့ ..ညာဥ့်ဦးပိုင်းတို့ မိုးသောက်ယံတို့ ..ဆိုပြီးကွဲတာ
မိုးသောက်ယံမက်ရင် တစ်ပတ်အတွင်း မှန်တယ်..
မက်တဲ့အခါ ဒဲ့ မက်သလို..တစ်ခါတလေ တွတ်မက်တယ်..
မက်တာကို အတိတ်ကောက်တတ်ဖို့ လဲ လိုသေးတယ်.
ဒပ်ဖရင်း မက်တာက ဘာသာရေးနဲ့  ညှိပြီးထင်ကြေးပေးရရင် ဘုရားအပေါ်.ရိုရိုသေသေ ပြုမူခဲ့လို့  နတ်ကောင်းနတ်မြတ်တွေက
အန္တရာယ်က လွတ်အောင် နိမိတ်ပေးခဲ့တာလို့ ပဲ ထင်ပါတယ်…..
ဒီအိပ်မက်သာ မမက်ခဲ့ရင် ဒပ်ဖရင်း သေမှာ မလွဲဘူးလေ့..
ဘယ်ဘာသာမဆို မကိုးကွယ်ရင်နေ.ပျက်ရယ်ပြုဖို့ မသင့်ဘူးလို့ ပဲ မှတ်ယူထားပါတယ်..
မှားတာရှိရင် တောင်းပန်ပါတယ်..
..
ဒေါ်စိန်ပေါက်
Was this answer helpful?
LikeDislikeDreams have positive effects on our lives!
So our dreams will come true!
Was this answer helpful?
LikeDislikeဒီနေ့ညပိုင်းမက်တဲ့ အိပ်မက်ထဲက ကောင်မလေးက ဖရဲကို ဖက်နမ်းတယ်
ညာဉ့်ဦးပိုင်းမက်တဲ့ အိပ်မက်ထဲမှာ ကောင်မလေးက ဖရဲကို ချစ်တယ်တဲ့
မိုးသောက်ယံမက်တဲ့ အိပ်မက်ထဲမှာ ကောင်မလေးက …..
အိပ်မက်စာအုပ်ထဲဖတ်ကြည့် အကုန်ပါတယ်
ကိုရင်စည်သူကိုမေးကြည့်လေ
Was this answer helpful?
LikeDislikeဟုတ်ပါ တယ် ဗျာ ဒေါ်စိန်ပေါက် ပြော သလို မကိုးကွယ် တာနဲ့ ၊ မလေး စား တာ သပ်သပ် စီ ဆို တာ။
Was this answer helpful?
LikeDislikeပို့လေးအတွက် ကျေးဇူးအထူးပါ
Was this answer helpful?
LikeDislikeစဆီမဆိုင်တွေးပြီးပြောရရင်တော့
အနောက်တိုင်းသားတွေနဲ့ မြန်မာပြည်က ဗျောင်းဗျန်ကြီးဖြစ်နေတယ်
ကိုယ့်အမျိုးဖက်ကိုယ်လိုက်ပြောရရင် သူတို့မှားဒါ
မြန်မာတွေက နံနက်ခင်းအာရုံတက်ကိုတန်ဖိုးထားတယ်
အနောက်တိုင်းသားတွေက အာရုံတက်ချိန်မှာကောင်းကောင်းအိပ်တယ်
ညနေ နေဝင်ချိန်ကိုအရသာခံပြီးကြည့်တယ် မြန်မာတွေတွက်တော့ နေဝင်ချိန်ဟာ အပုတ်ချိန်ဘဲ
ဘာအယူလဲတော့သိဘူး ဗေဒင်နည်းလားဘာလား
မသာအခေါင်းကြီးထမ်းတယ်အိပ်မက်လို့ကတော့ လောင်းကစားလုပ် အဟုတ်နိုင်ရမည်
မသာလောင်းကို နှစ်ယောက်ထမ်းတယ်အိပ်မက် ကိုယ်နဲ့အတူထမ်းတဲ့သူကိုခေါ်ပြီး
လောင်းကစားသွားလုပ် သေခြာပေါက်နိုင်တယ်
ဆိုတော့ကာ အဲ့သည်ဗေဒင်ကျမ်းလား ဘာကျမ်းလားသိဘူး အဲ့သည်လူကြီးလိုက်စားလို့ကတော့
သူ့အိပ်မက်ထဲကလူတွေ့တာနဲ့ ခေါ်ပြီးဖဲသွားရိုက်ဘို့ မညှိတာကဘဲ ကံကောင်းတယ်မှတ်ရမလားနော
ကိုယ်တွေက ဗုဒ္ဓဘာသာတွေဆိုတော့ ဒို့ဘုရားရုပ်တုတွေရိုသေလို့ဘာညာကွိကွ
စားမြုံ့ပြန်လို့ရပေမယ့်
ကြားနေဝါဒနှင့်ဝေဖန်ရရင်တော့
အိပ်မက်ကလေးက ထူးဆန်းပါတယ်
တစ်ခုရှိတာ ဒီလူကြီးအယူကြီးမှု့တစ်ခုလို့လဲပြောလို့ရတာဘဲ
သူ့အိပ်မက်ထဲမှာ သူ့ကိုအခေါင်းကြီးထမ်းလာပေးတယ်ဆိုတာကို သူတစ်ခုခုယူဆထားပုံရပါတယ်
သူလိုကိုယ်လို ဘာမှမယူဆထားတဲ့သူဆို အဲ့သည်လူကိုတွေ့တာနဲ့
ဟလိုမိုင်ဖရန်း လတ်အိုဗာတန်းရီးယားအဂိုး အိုင်ဟဲ့ဒ်Aဒရီးမ်း
ယူအာ အခေါင်းကြီးတစ်ခုထမ်းလာတာ
ဘဲရီးဘဲရီးထူးဆန်းတယ် ခုတော့ခင်ဗျားနဲ့ကျုပ် ဓာတ်လှေကားထဲမှာတွေ့တယ်
လာ ကျုပ်တို့ ထန်းရည်သွားချမယ် ဘာညာလေတွေပေါမှာပေါ့
ခုတော့မဟုတ်ဘူး သူ့အယူသီးမှု့ကြောင့် ဟိုလူတွေတွေ့တာနဲ့ ပတ်ပြေးတာ ကံကောင်းသွားတယ်
ဒါနဲ့ဇဂါးမစပ်
ဓာတ်လှေကားမောင်းတယ်ဆိုတာက ဘာကိုခေါ်သဒုံး သဂျီးမင်းတရားတော်မြတ်ကြီးခင်ဗျား
ဓာတ်လှေကားကိုမောင်းတဲ့ ဓာတ်လှေကားဒရိုင်ဘာဆိုတာရှိသလား
ဒီလိုဆို ဟန်ကျပြီ
ဓာတ်လှေကားမောင်းတတ်တယ်
ဓာတ်လှေကားဒရိုင်ဘာအလိုရှိသူများဆက်သွယ်ပါ
ပုံ
michaeljonnyaungpu@hotmail.com
Was this answer helpful?
LikeDislikeွကံကံရဲ့ အကျိုးလေးတွေအကြောင်းရေးရင် ဒီစာသူကြီးမမြင်ပါစေနဲ့ဆိုပြီး သူ့ကိုခနဲ့ ကြလွန်းလို့ တို့သူကြီး တန်ပြန်တာထင်ပါရဲ့ ဟုတ်ကဲ့ ဒီလောက်ဆို သဘောပေါက်ပါပြီ ဟီး
Was this answer helpful?
LikeDislike