မနော အလှူ သဂျီး ကောင်းမှု အပိုင်း ၁
|454- Hits|မနော အလှူ သဂျီးကောင်းမှုဆိုတဲ့အတိုင်းပါပဲ။ မန်းဂေဇက်ရွာထဲသို့ ၂၀၁၀ ခုနှစ် မေ ၇ ရက်မှာ မနော စတင်ရောက်ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မေ ၇ ရက်ဆိုရင်ဖြင့် မနော ရောက်ရှိခဲ့တာ ၃ နှစ်တင်းတင်းပြည့်တော့မှာ ဖြစ်ပါတယ်။ ၃ နှစ်မပြည့်ခင်အတွင်း လှူဒါန်းခွင့်ကြုံဆုံလာခဲ့ပါတယ်။ မနော လှူတယ်ဆိုပေမယ့်လည်း စာမူခ တစ်သိန်း ပေးအပ်တဲ့ သဂျီးကို အလွန်တရာမှ ဒီနေရာလေးကနေ ဂါရ၀ပြု ကျေးဇူးတင်လိုက်ပါတယ်။ ကိုယ့်ရဲ့စာမူခအဖြစ် ဒီလို ရရှိလာမယ်လို့ မနော ဘယ်တုန်းကမျှ မတွေးမိပါဘူး။ စိတ်ထဲလည်း မရှိခဲ့ပါဘူး။ ၀ါသနာကြောင့် ကိုယ်ပိုင်ဆိုက်တွေ ဖိုရမ်တွေ ၀င်ရောက်ရေးသားရင်း မန်းဂေဇက်ရွာထဲမှာ နွေးထွေးပျော်ရွှင်လာခဲ့ရပါတယ်။ ဒီအရာကတော့ ဘာနဲ့မှ မလဲနိုင်အောင် ဖြစ်မိတာပါပဲ။ မိတ်ဆွေတွေ အပေါင်းအသင်းတွေ နှစ်နှစ်ကျော် သုံးနှစ်အတွင်း တိုးပွားလာခဲ့တာဖြင့် မနောအတွက် တန်ဖိုးအရှိဆုံးအရာတွေပါပဲ။ ခုတော့ သဂျီးက လှူနိုင်အောင် ဖန်တီးခဲ့အတွက် မနောရဲ့ အလှူဒါနကို ၀ိုင်းဝန်းပီတီခံစားပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။ သဂျီးဆီက စာမူခအဖြစ် တစ်သိန်းပို့လိုက်တယ်လို့ မနော သတင်းကြားထဲက လှူချင်တဲ့စိတ်ဆန္ဒက ရင်ထဲကနေ အုံကြွလာတာဟာဖြင့် အစည်းအတားမဲ့ ဖြစ်စေခဲ့ပါတယ်။ ဒီတော့ မေမေ့က ရွှေစက်တော်သွားချင်တယ်ပြောနေတုန်းလေးမှာပဲ တစ်ဝက်ကို မေမေ့အတွက် ကန်တော့ဖြစ်ခဲ့ပါတယ်။ဆုံးသွားပြီဖြစ်တဲ့အဘိုးအဘွားတွေကို
စိတ်မှာရည်စူးပြီး ကျန်တစ်ဝက်ကိုလည်း သားသမီးမဲ့တွေ၊ ဆွေမျိုးမဲ့တွေဖြစ်တဲ့ နေ၀င်ချိန်အချိန်လေးကို စောင့်နေကြသော ဘိုးဘွားများအတွက် ဆည်းဆာရိပ်ဘိုးဘွားရိပ်သာမှာ လှူဒါန်းဖြစ်ခဲ့ပါတယ်။ မလှူခင် အလှူစာရင်းကြိုတင်ပေးရတာဖြစ်တဲ့အတွက် လှူရမည့်နေ့ ၆ ရက်နေ့ မနက် ၈ ခွဲတွင် သွားလှူမည့် နေရာ ဆည်းဆာရိပ်ဘိုးဘွားရိပ်သို့ လိုက်ပို့မည့် အန်တီနဲ့ ချိန်းထားရာ တာမွေအ၀ိုင်းထိပ်သို့ ရောက်ရှိပြီး ၉ နာရီလောက်မှ ရိပ်သာတည်ရှိရာ အမှတ်- ၈၀၃/၈၀၅၊ မဟော်သဓာလမ်း၊ (၁၂)ရပ်ကွက်၊ အရှေ့ဒဂုံသို့ သွားရောက်ခဲ့ပါတယ်။ အတော့်ကို သွားရောက်ခဲ့ရပါတယ်။ ၁၀ ခွဲလောက်ရောက်တော့ အဘိုးအဘွားတွေကို ရေမိုးချိုး၊ သနပ်ခါးလိမ်းပေးနေတာ တွေ့ရပါတယ်။ တချို့ ကိုယ်တိုင်သွားနိုင်တဲ့သူတွေကျတော့ ကိုယ်တိုင်ရေချိုးအ၀တ်အစားလဲပြီး လမ်းလျှောက်တုတ်ကောက်နဲ့ လမ်းလျှောက်နေကြပါတယ်။ သားသမီးပစ်ထားတဲ့မိဘတွေပါသလို လမ်းဘေးမှာ ငတ်ပြတ်ပြီး ရောဂါဖြစ်နေတဲ့ အဘိုးအဘွားတွေလည်း ပါကြတာကို တွေ့ရပါတယ်။ အဘိုး ၁၁ ယောက်နဲ့ အဘွား ၂၆ စုစုပေါင်း ၃၇ ယောက်ရှိတဲ့ ဆည်းဆာရိပ်ဟာဖြင့် တကယ့်ကို နေ၀င်ချိန်ကို စောင့်စားနေကြတဲ့ နိဗ္ဗာန်မရောက်ခင်စပ်ကြား ဘ၀ကူးကောင်းအောင် ဖန်တီးနေကြသလားလို့ ထင်မြင်နေမိပါတယ်။
``မွေးဖွားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏အစ´´ ဟူသော လူ့လောကသဘာဝတွင် အိုနာသေရေးနှင့် မလွဲမသွေရင်ဆိုင်ကြရမည်မှာ အမှန်တရားပင်ဖြစ်ပေသည်။
ထိုရှောင်လွှဲမရသော အကြောင်းတရားများနှင့် ရင်ဆိုင်ကြရသူများတွင်ကုသိုလ်ကံကောင်းသူများအဖိှု့၎င်းတို့၏ ဘ၀နေ၀င်ချိန်ထိ မရောက်ခင်အကြား ဘ၀ကိုပင်ပန်းဆင်းရဲကြီးစွာ
ဖြတ်ကျော်နေရရှာသည်။ အကျိုးပေးကံကောင်းသည့်
ဘိုးဘွားများအဖို့ သား သမီး မြေး များနှင့် ပျော်ရွှင်နေချိန်တွင် ကံအကျိုးပေးနည်းလှသည့် ဘိုးဘွားများမှာ ပြုစုစောင့်ရှောက်မည့်သူများ မရှိ၍သော်လည်းကောင်း၊ အခြေအနေအရပ်ရပ်ကြောင့်
လက်ခံစောင့်ရှောက်ထားရသော်လည်း ဘိုးဘွားများအပေါ် မနှစ်မြို့သဖြင့် ငြူစူမှုမျိုးစုံ အောက်တွင် သိမ်ငယ်စွာ ခံစားနေထိုင်ကြရကာ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြ ရပါသည်။ ထို့ကြောင့် ကြင်နာစွာ
စောင့်ရှောက်မည့်သူ ကင်းမဲ့နေသော ဘိုးဘွားများအတွက် မိသားစုသဖွယ် နွေးထွေးစွာ စောင့်ရှောက်ပေးနိုင်သော သီးသန့်ရိပ်သာကလေး တစ်ခုလိုအပ်လာပါသည်။
အကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့ နေကြသော ဂီလာနဘိုးဘွားများအား ကြင်နာစွာဖြင့် ၎င်းတို့အပေါ်တွင် နားလည်စာနာစိတ်၊ သည်းခံစိတ်ဖြင့် ပြုစုယုယပေးမည့်
နွေးထွေးသောမေတ္တာများဖြင့် ဖေးမကူညီနိုင်ကြစေရန် မတည်ငွေဖြင့် “ဆည်းဆာရိပ်´´ ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းကို အကောင်အထည်ဖေါ်ခဲ့ကြ ပါသည်။
ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အများပြည်သူစေတနာရှင်များ၏ အကူအညီများ လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့်ကျွန်ုပ်တို့နှင့် အတူ ဘိုးဘွားများအား နွေးထွေးသော
လက်များဖြင့်ဖေးမကူညီကြပါရန် မေတ္တာရပ်ခံပါသည်။
အဖွဲ့အမည်။ ။ ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့
တည်နေရာ။ ။ (၁) မစိုးရိမ်ကျောင်းလမ်း၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ သန်လျင်မြို့။
(၂) အမှတ်-803/805၊ မဟော်သဓာလမ်း၊ (၁၂)ရပ်ကွက်၊ အရှေ့ဒဂုံ။
ရည်ရွယ်ချက်။ ။ အသက်အရွယ်အိုမင်း၍ ကျန်းမာရေးချို့တဲ့ကာ ခိုကိုးရာမဲ့နေသော ဘိုးဘွားများအား မိသားစုပုံစံဖြင့် ကြင်နာယုယမှုပေးရန်။
လုပ်ငန်းအစီအစဉ်။ ။ အဖွဲ့ဝင် အလှူရှင်တစ်ဦးမှ လှူဒါန်းသော အသင်းပိုင်မြေနေရာတွင် စေတနာရှင်များ၏ အလှူငွေများဖြင့်
အဆောက်အအုံဆောက်လုပ်၍ လုပ်ငန်းစတင်ရန်၊ ထိုမှတဖန် အလှူငွေတိုးတက်မှု အပေါ်တွင် အခြေခံ၍ မြေနှင့် အဆောက်အအုံတိုးချဲ့၍ ဆည်းဆာရိပ်ဂီလာနဘိုးဘွားများ ထပ်မံလက်ခံရန်။
လက်ခံမည့်ဘိုးဘွား။ ။(၁) လူမျိုး၊ ဘာသာမရွေး ကျွေးမွေးထောက်ပံ့မည့် သားသမီး၊ ဆွေမျိုးများမရှိသည့် ကျန်းမာရေးချို့တဲ့နေသော ဘိုးဘွားများ။
(၂) သား၊ သမီး၊ ဆွေမျိုးများရှိသော်လည်း ပြုစုစောင့်ရှောက်နိုင်သည့်အခြေအနေမရှိသည့် ဘိုးဘွားများ။
အသက်ကန့်သတ်ချက်။ အသက်(၇၀)နှင့် အထက် ဘိုးဘွားများ (လိုအပ်ပါက ကျန်းမာရေးနှင့် အခြားအချက်အလတ်များကို ထည့်သွင်းစဉ်းစား၍ ကန့်သတ်ချက်ကိုအမှုဆောင်အဖွဲ့မှ
ညှိနှိုင်းလက်ခံပါမည်။)
ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်မှု။
(၁) ဂီလာနဘိုးဘွားများ၏ လက်ရှိ ကျန်းမာရေးအခြေအနေနှင့် လှုပ်ရှားနိုင်စွမ်းကိုကြည့်၍ တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ကျန်းမာရေးဝန်ထမ်းများနှင့်
စေတနာရှင်များမှ စနစ်တကျပြုစုစောင့်ရှောက်ပေးရန်။
(၂)ဘိုးဘွားများ၏ ကျန်းမာရေးကို ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ အခါမလပ် ကြည့်ရှုစောင့်ရှောက်သကဲ့သို့ အမှုဆောင်အဖွဲ့မှလည်း နေ့စဉ်အလှည့်ကျသွားရောက်ကြည့်ရှု၍
လိုအပ်ချက်မှန်သမျှ ဖြည့်ဆည်းပေးရန်။
(၃) ဘိုးဘွားများအတွက် အာဟာရပြည့်ဝ၍ သန့်ရှင်းလတ်ဆတ်သော အစားအစာများကို စီမံကျွေးမွေးခြင်း၊ အသုံးအဆောင်၊ အ၀တ် အထည်နှင့် နေရာထိုင်ခင်းစသည်တို့အား သန့်ရှင်းသပ်ရပ်စွာ
ထားရှိစေခြင်း၊ ဘိုးဘွားများ ဘာသာဝင်အလိုက် ကိုးကွယ်ပွားများ အားထုတ်မှုကို ၄င်းတို့၏ဆန္ဒအတိုင်း ကူညီဆောင်ရွက်ပေးရန်။
ဥပမာ – တရားစာအုပ်ဖတ်ပြခြင်း
– တရားခွေဖွင့်ပေးခြင်း
– ရှုမှတ်ပွားများရန်အတွက် လမ်းပြပေးခြင်း
ဝန်ထမ်းရွေးချယ်။ ။ လူမှုဝန်ထမ်းကိစ္စများကို စိတ်ပါဝင်စား၍ ဆေးပညာတတ်မြောက်သူများ၊ သက်ကြီးရွယ်အို ဘိုးဘွားများကို ချစ်မြတ်နိုး၍စိတ်ရှည်သည်းခံနိုင်သူများ ဖြစ်ပါသည်။
ဆက်သွယ်လှူဒါန်းရန်
ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)
ဖုန်း – ၀၉ ၉၉ ၂၈၅၄၉၊ ၂၀၅၄၅၁
ဒေါ်သက်နွယ် (တရားရုံးချုပ်ရှေ့နေ)
ဖုန်း – ၃၈၈၁၃၂၊ ၀၉ ၅၀၄၃၉၅၉
ဒေါ်ထွေးမြင့် (တရားရုံးချုပ်ရှေ့နေ)
ဖုန်း – ၀၉ ၉၀ ၄၂၄၈၈၊ ၂၉၀၉၆၄
ဒေါ်စန်းစန်း (တရားရုံးချုပ်ရှေ့နေ)
ဖုန်း – ၀၉ ၅၀၅၉၉၈၂
ဒေါ်ရီရီမေ (တရားရုံးချုပ်ရှေ့နေ)
ဖုန်း – ၀၉ ၅၀၅၅၀၆၀
ဒေါ်ငွေလှ
ဖုန်း – 09 5177320, 293288
(နံနက် ၁၀ နာရီမှ ၄ နာရီအတွင်း)
ဒေါ်ခင်မေထွေး (တရားရုံးချုပ်ရှေ့နေ)
ဖုန်း – ၀၉ ၅၀၈၈၂၀၃
ဒေါ်ထားထား (စာရေးဆရာမ စုထား)
ဖုန်း – ၀၉ ၂၀၁၇၉၆၁
ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ရှင်သန်အောင်မြင်ရေး အတွက် ပရဟိတစိတ်ဓာတ်ဖြင့် ၀ိုင်းဝန်းကူညီကြပါစို့။
ပုံတွေက ကွန်နက်ရှင်မကောင်းလို့ ထပ်မံတင်ပေးပါမယ်နော်…
Related posts:




သာဓုပါ အကိုရေ
ခုလို လှူဒါန်းကူညီတဲ့အတွက် နောင်ဘ၀ လူပြိုဂျီးဘ၀မှ ကျွတ်လွတ်ပါစေလို့  ကျနော် ဆုတောင်းပေးလိုက်ပါတယ်..
နောင်လဲ များများလှူနိုင်ပါစေ
အလှူရေခွက် လက်နဲ့ မကွာ ဘာဆိုလားပဲ ဆုတောင်းပေးလိုက်ပါတယ်..
အားလုံး အမျှ..အမျှ..သာဓု.သာဓု..
Was this answer helpful?
LikeDislikeဘယ်ကအကိုလဲဟင် … မနောဖြူလေး ဘယ်တုန်းက ဘ၀ပြောင်းသွားတာလဲ
မနောရေ .. ၂၀၁၀ ကနေ ၂၀၁၂ က ၂ နှစ် မဟုတ်ဘူးလား …
Was this answer helpful?
LikeDislikeတိုးတိုးပြော ဝေေ၀ရေ- တော်ကြာ ကိုဝေေ၀ ဖြစ်နေဦးမယ်။
ဒေါ်စိန်ပေါက်က တစ်ယောက်တည်း ဘ၀ပြောင်းရတာ အဖော်မရှိလို့ အခြားလူတွေကိုလည်း လိုက်ပြောင်းပေးနေတာ။
မနောရေ- လိုအပ်တဲ့နေရာတွေကို ဖြည့်ဆည်းပေးတာမို့ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်သွားတယ်နော်။
Was this answer helpful?
LikeDislikeကျေးဇူးပါ ညီစိန်မျောက်ရေ………
လက်လှမ်းမီသလောက်တော့ ခေါ်ကြည့်ပါသေးတယ်။ အလုပ်ဖွင့်ရက်ဆိုတော့ မအားကြတာများနေတာနဲ့ သူများကို အားနာလို့ ကိုယ့်ဘာသာသွားဖြစ်လိုက်တော့တယ်။
Was this answer helpful?
LikeDislikeအစ်ကိုဂျီး စိတ်ဖွေးပိစိရေ ….
အားပေးသွားပါတယ်နော…
ကြိတ်ကြိတ်ပီးတောင်းတဲ ဆုတွေပြည့်ပါစေဗျား…
Was this answer helpful?
LikeDislikeများကိုလဲ ဆုတောင်းပေးဦးလေ
Was this answer helpful?
LikeDislikeပေါက်ဖော်ကြီးလည်း
ဝက်ခေါက်ရောင်းပြီးလှူနိုင်ပါစေ
ဘီအီးလဲ များများသောက်နိုင်ပါစေ
တောင်မလေးတွေနဲ့ KTV တက်နိုင်ပါစေ
တော်ပြီ ဒီလောက်ဘဲရမယ်
Was this answer helpful?
LikeDislikeမမမနောရေ အရမ်းကိုမွန်မြတ်တဲ့ အလုပ်ပါဗျ။အားပေးတယ်နော်။
“မွေးဖွားခြင်းသည် သေခြင်းတရားဆီသို့ ဦးတည်နေသော ခရီးလမ်း၏အစ´´
Was this answer helpful?
LikeDislikeမနောရေ
သာဓု ၃ ကြိမ်ခေါ်ပါတယ်။
အကျိုးရှိတဲ့ အလှူတွေ ရွေးလှူပေးတဲ့အတွက် မနောရော သူကြီးပါ ကုသိုလ်အကျိုးတွေ ဘ၀မခြားရကြပါစေ။
ရှေ့ဆက်ပြီးလည်း ရေးနိုင်ပါစေ။
Was this answer helpful?
LikeDislikeသာဓုပါ အန်တီမနောရေ
မှားလို့ တောင်လေးနဲ့ ဆုံဆည်းနိုင်ပါစေ
နောက်လည်းလှူနိုင်တန်းနိုင်ပါစေ
ပြုခဲ့မိသော ကောင်းမှုကုသိုဟ်ကြောင့် အရပ်ပိုရှည်ပါစေ
အရပ်ရှည်သော ဖရဲနဲ့
စတာပါ အစ်မမနော
Was this answer helpful?
LikeDislikeကျေးဇူးပါမနောရေ။ ဟိုနေ့ကပဲအိတုန်ကိုနောက်တခါလှုရင်အဲမှာလှုရအောင်လို့ပြောနေတာ။ အိတုန်ကတောင် ဒီတခါအမသွားရင်ဓါတ်ပုံရိုက်ခဲ့ပါဆိုပြောနေသေးတာ။ အတော်ပဲဖြစ်သွားတယ်။
မနောရေသတင်းစကားပို့လိုက်အုံးမယ်နော်။ ခဏ။ အိတုန်ရေအမပြောတဲ့ဘိုးဘွားရိပ်သာကဒါပဲသိလား။
လမ်းကတော့မဟောသဓာလမ်းလို့ပြောပေမဲ့တကယ်ရေးထားတာက
ဟိုင်ဆင်ဒူးဝါးလမ်းပါ။
Was this answer helpful?
LikeDislikeဟုတ်ကဲ့ အစ်မရေ .. မှတ်ထားပါတယ် … လက်လှမ်း မှီသလောက်လေး သွားလှူဦးမယ်လို့လည်း တွေးထားပါတယ် .. ပြောမယ့်သာပြောရတာ .. အစ်မပြောပြတဲ့ အမေအိုကြီးကို အိတ်နဲ့ ထုတ်ပြီး အမှိုက်ပုံမှာ လာပစ်သွားတဲ့ အကြောင်း နားထောင်ရင်းနဲ့တောင် စိတ်မကောင်းဖြစ်ပြီး … မျက်ရည်ဝဲမိတယ် … ။ ကိုယ်တိုင်များ မျက်မြင်တွေ့လို့ကတော့ …. ၀မ်းနည်းလို့ ဆုံးမှာ မဟုတ်ဘူး … ။
အသက်ရှင်စဉ်အတွင်း ကိုယ်တတ်နိုင်သလောက်လေးနဲ့ … ဒါနပြုချင်တယ် .. ။
Was this answer helpful?
LikeDislikeဟုတ်တယ်ညီမ။ အမသွားတိုင်းလဲမျက်ရည်ဝဲရပါတယ်။ အဘွားတွေနဲ့စကားပြောရတာ ရီလဲရီရ၊ ပျော်လဲပျော်ရပါတယ်။ ပြန်တော့လဲစိတ်မကောင်းဖြစ်ရတယ်။ အမကတော့လှုဖို့ရှိတိုင်းအဲဒီကိုသွားဖြစ်ပါတယ်။မကြာမကြာလဲသွားဖို့ဆုံးဖြတ်ထားပါတယ်။
Was this answer helpful?
LikeDislikeမနော ရေ – သာဓု၊ သာဓု၊ သာဓုပါ။
ကိုယ်မသုံးဘဲ အမေ့ ဆန္ဒဖြည့်ခဲ့ တာရော၊ သက်ကြီးအဖိုးအဖွား တွေအတွက် ကိုလှူတာရော အရမ်းကို မြတ်တဲ့ ဒါနပါ။
မနောလဲ လိုအင်ဆန္ဒ အားလုံးပြည့်ပါစေ။ ပိုပြီး လှူနိုင်ပါစေ။
ခင်မင်စွာဖြင့်
အရီးလတ်
Was this answer helpful?
LikeDislikeဘယ်လိုလဲ..မနောမမရေ..
လုပ်အားစစ်စစ်နဲ့ရတဲ့.. ငွေမို့.. တန်ဖိုးရှိလွန်းတယ် မထင်မိဘူးလား..
အဲဒီလုပ်အားကလည်း အလဟသမဖြစ်ပါဘူး…။
လူရာထောင်သောင်းချီပြီး..အကျိုးများခဲ့တာပါ…။
တကယ်တော့.. အဲဒီကျပ်တသိန်းက.. တခြားတယောက်ကလှူသွားတာခင်ဗျ…
ကျုပ်က..စီစဉ်ပေးယုံတင်ပါ…
ဒါပေမဲ့.. ဒီငွေဟာ.. ကုသိုလ်တွေထပ်ထပ်ဆင့်ပွားသွားတာမို့.. မွန်မြတ်တဲ့အလှူလို့.. အသိအမှတ်ပြုလိုပါတယ်..။ သာဓုပါခင်ဗျား…
Was this answer helpful?
LikeDislikeဘယ်နှယ်ပြောပါ့လိမ့် သဂျီးရယ်… သွားလှူပြီးတုန်းက ခံစားရတဲ့ ပီတိကတော့ ဘာနဲ့မှ တုနှိုင်းမရပါပဲ။ အရင်ထဲက ရည်စူးထားတဲ့အလှူတစ်ခု ဖြစ်မြောက်သွားပေမယ့် ထပ်ဆင့် အမြဲလှူဒါန်းချင်တဲ့စိတ်ကတော့ ပိုပြီး တိုးပွားလာပါတယ်။ ၂ နှစ်တာရဲ့ တန်ဖိုးရှိတဲ့အချိန်လေးက ရရှိတဲ့ အကျိုးကျေးဇူးတစ်ခုဆိုလည်းမမှားပါဘူး။ နောင်လာမယ့် ၂ နှစ်မှာကော ဒီလိုကော အလှူငွေထပ်မံရရှိနိုင်ပါ့မလားဆိုတာ မသေချာဘူးလေ… ဆက်ပြီး လှူချင်ပါသေးတယ်။
Was this answer helpful?
LikeDislikeအစ်မ မနောရေ သာဓုခေါ်ပါတယ် … ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ … ပြီးခဲ့တဲ့ အပတ် စနေနေ့ကမှ မသဲနုအေးနဲ့ ခဏဆုံပြီး စကားလက်ဆုံကျရာက ဆည်းဆာရိပ်အကြောင်း တစ်စွန်းတစ်စကြားသိရပါသေးတယ် …. ။ မသဲနုအေး ပြောပြချက်အရ အစွန့်ပစ်ခံမိဘတွေအများစု နားခိုရာနေရာလေးပါ … ။ မိမိက ကိုးလလွယ် ဆယ်လဖွားခဲ့တဲ့ ကျေးဇူးကိုတောင် မထောက်ပဲ … မိမိ အသက်ရွယ်ကြီးရင့်ပြီး အိုမင်း မစွမ်းဖြစ်လာတာနဲ့ အိမ်မှာထားရတာ မသတီတော့သလို ကျက်သရေယုတ်သလိုမြင်လာပြီး … လာစွန့်ပစ်သွားကြပါသတဲ့ … ။
ဘယ်လိုပဲ စားဝတ်နေရေး ခက်ခဲ ခက်ခဲ မိမိရဲ့မိဘကို ပစ်ရက်တဲ့ စိတ်ဓါတ် လူအများစုမှာ မရှိတတ်ကြပါဘူး … ။ လူ့တိရိစ္ဆာန် အနည်းစုမှာသာ ဒီလို စိတ်ဓါတ်မျိုး ရှိနေခဲ့တာ .. ။ မလုပ်အပ်တဲ့ အပြုမူမျိုးပါပဲ … ။
ဒီနေ့မနက် ဖယ်ရီကားစောင့်နေတုန်း … ခွေးမကြီးတစ်ကောင် ပါးစပ်ကြီးဖြဲပြီး အီကြာကွေးတွေ လေးငါးချောင်းကို ကိုက်ကာ ရှေ့က ဖြတ်သွားတော့ … ဒီလောက်လောဘကြီးတဲ့ ခွေး … ဘယ်သယ်သွားမလို့လဲ … သိချင်စိတ်နဲ့ စောင့်ကြည့်မိတယ် … တဖက်ကားလမ်းကူးသွားပြီး တိုက်ကြားက သူ့မိသားစုဆီဖြစ်တဲ့ … ခွေးပေါက်လေး တွေဆီ သယ်သွားကျွေးတာတွေ့တယ် … ဒီမြင်ကွင်းလေးကိုကြည့်ပြီး …. မိဘမေတ္တာဆိုတာ … ခွေးတွေမှာတောင် … အပြည့်ဝရှိတတ်ကြတယ်လို့ နားလည်သွားမိတယ် … ။
Was this answer helpful?
LikeDislikeအန်တီမနော
ဟန်နီအပြော
ကြံစည်သဘော
လျှံမြည်ပေါ..။
Was this answer helpful?
LikeDislikeမနောရဲ့ ကုသိုလ်ကို သာဓု ၀င်ခေါ်ဆိုသွားပါတယ်။
နောက်ထပ် နောက်ထပ် သဂျီးဆီမှ များများရပါစေလို့ ဆုတောင်းပါတယ်။
Was this answer helpful?
LikeDislikeဆူးလည်း ပေးတဲ့ဆုတွေ တစ်ဝကြီးနဲ့ ပြည့်စုံပါစေနော်။
Was this answer helpful?
LikeDislikeအစ်မမနောရေ .. သာဓုပါနော် …
နောက်လဲ ဒီထပ်ပိုလှူဒါန်းနိုင်ပါစေ ..
Was this answer helpful?
LikeDislikeမွန်မြတ်တဲ့ မြတ်ဒါနကို လှိုက်လဲစွာနဲ့ သာဓုခေါ်ပါတယ်ဗျာ။ နောင်များမှာ လည်း မကြာမကြာ ဆက်တိုက် လှုနိုင်ပါစေ။
Was this answer helpful?
LikeDislikeပေးတဲ့ဆုလည်း ပြည့်ပါစေ…. ပေးတဲ့သူလည်း ပြည့်ပါစေ…………
Was this answer helpful?
LikeDislikeသာဓု သာဓု သာဓု ပါညီမရေ
Was this answer helpful?
LikeDislikeသာဓု သာဓု သာဓု ပါအမဒီထက်မကလှူနိုင်ပါစေ စာမူခလည်းထပ်ရပါစေနော် အမအလှူကိုအမနဲ့ထပ်တူထပ်မျှ ကုသိုလ်ရရပါစေ
Was this answer helpful?
LikeDislike