အချစ်ကြောင့် ပွင့်သော ပန်းကလေးများ….
|363- Hits|ခပ်ညံ့ညံ့ ယောကျာ်းတွေကို အထင်မကြီးတတ်သော သီတာ့ ကို ကျွန်တော် ချစ်ပါသည် ။
သီတာ သည် ကျွန်တော့် အိပ်မက် ဦး..ဖြစ်သည် ။ သီတာ့အကြောင်းကို ခေါင်းစဉ်များစွာ..ဖြင့်
အိပ်မက် မက်ရတာ ..ကျွန်တော်..ပျော်ပါသည် ။
ကျွန်တော် သည်…သီတာ့ကို ချစ်သောကြောင့်…ယဉ်ယဉ်လေး ရူးနေသော…လူငယ်အဖြစ်..ရှင်သန်ခဲ့ဖူးပါသည် ။
အဲဒါ…မှားယွင်းမှုတစ်ခု..လား….?
________________________________________________
( ခ )
အချစ်သည်..နှောင်ကြိုး..တစ်ချောင်း..ဖြစ်နေလိမ့်မည်..ဟု…
ဘယ်တုန်းက မှ…မထင်ခဲ့ပါ..။
ကျွန်တော့် ဘ၀တစ်ခုလုံးကို… အထပ်ထပ်အခါခါ..ရစ်ပတ် တုပ်နှောင် ခံလိုက်ရပြီးမှ…
အချစ်၏ နှောင်ကြိုး ဆန် မှုကို….ကောင်းကောင်း ..သိသွားသည်..။
သို့ သော်…. နှောင် ဖွဲ့ တတ်သော…အချစ်၏ ချုပ်ကိုင် သိမ်းပိုက်နိုင်စွမ်းရှိမှုကိုပင်…
ကျွန်တော်က မက်မောနေပြန်သည် ။
( စွန့် စားခြင်းကို..နှစ်သက်တတ်သော..လူငယ်များ၏ သဘာဝပဲ.ဖြစ်လိမ့်မည် ထင်ပါသည် ။ )
အချစ်သည်…..တော်ရုံ အင်အားဖြင့်…ရုန်ထွက် ၍ မရနိုင်သော ထောင်ချောက် တစ်ခု..ဖြစ်ပါစေဦးတော့..။
ထိုထောင်ချောက်ထဲမှာ အမိခံလိုက်ရသော…အရသာကို လိုချင်မိပါသည် ။
အဲဒါ…..မိုက်မဲမှု တစ်ခုလား….?? 
_________________________________________
( ဂ )
ခပ်ညံ့ညံ့ ယောကျာ်းတွေကို အထင်သေးသောကြောင့်….သီတာသည်..ခပ်ညံ့ညံ့ မိန်းမတစ်ယောက် မဟုတ်ကြောင်းကို ပြောစရာ မလိုတော့ပါ ။
သိပ်တော်သော..မိန်းမတစ်ယောက်ကိုမှ…မြတိနိုးမိသောကြောင့်..ကျွန်တော့်ကိုယ် ကျွန်တော်..ပြန် အံ့သြရပါသည် ။
ကျွန်တော်က အစစအရာရာ ညံ့နေသေးသော..လူငယ်သာဖြစ်ပါသည် ။ သို့ သော်…သီတာ့ကို ချစ်သော အချစ်ကိုတော့ အလွန်.
ခမ်းနားကြီးကျယ်စွာ…ပိုင်ဆိုင်ထားပါသည် ။
အဲဒါ….မဖြစ်သင့်တဲ့ ကိစ္စတစ်ခု လား….? ? ?
_______________________________________
( ဃ )
သီတာက ကျွန်တော့်ကို…မချစ်ပါ..။
သူမ မှာ မချစ်ပဲ..နေခွင့်..ရှိပါသည်။
ကျွန်တော်က သီတာ့ကို ချစ်သည် ။
ကျွန်တော့်မှာ ချစ်ပိုင်ခွင့် ရှိပါသည် ။
ထို့ ကြောင့်..ကျွန်တော် သီတာ့ကို နှစ်နှစ်ကာကာ ချစ်နေပါသည် ။
ထိုအခါ…………………
ကျွန်တော့်သူငယ်ချင်းများက..ကျွန်တော့်အဖြစ်ကို..ရယ်ကြသည် ။
ကိစ္စမရှိပါ ။
သူတို့ မှာ…ရယ်ပိုင်ခွင့် ရှိပါသည် ။
___________________________________________
( င )
ကိုယ့်ကို ပြန်မချစ်သော..မိန်းမတစ်ယောက်ကိုမှ…
တွယ်တာ ကျွမ်းချစ်နေရသော..ကျွန်တော့်အချစ်သည်… နည်းနည်းတော့ သနားစရာကောင်းပါလိမ့်မည် ။
သို့ သော်……ကျွန်တော် ဆက်ချစ်သွားပါမည် ။
တစ်ဖက်သက် အချစ်သည် အလွန် ချို မြိန် မွှေးပျံ့ သော…၊ အလွန် အရသာ ရှိသော..အဆိပ်များကို..
မက်မောစွာဖြင့် သောက်နေရသလိုပင် ဖြစ်သည် ။
သီတာ့ကို ပို..ပို ချစ်လာခြင်းသည်…အဆိပ်တက် လာခြင်းပဲ.ဖြစ်သည် ။
အဲဒါ…အချစ် ရဲ့  မာယာ တစ်ခုလား…..ဒါမှမဟုတ်..အချစ်ရဲ့ ကျိန်စာ တစ်ခုလား..? ? ? ? ?
____________________________________-
( စ )
ထိုသို့ ဖြင့်…………………………………………
ကျွန်တော်သည်….အဆိပ်များကြောင့် တဖြည်းဖြည်း..လောင်ကျွမ်း ပျောက်ကွယ်သွားပါလိမ့်မည် ။
အဲဒါလည်း..ကိစ္စမရှိပါ..။
ကိုယ့်ကို ပြန်မချစ်သော မိန်းမ တစ်ယောက်ကိုမှ..အချစ်ပြနိုင်ဆုံးသော..( ခပ်ညံ့ညံ့ ) လူငယ်တစ်ယောက်အဖြစ်..
ကမ္ဘာမြေပေါ်မှာ ရှင်သန်ခဲ့ရမှာ………………………………….
ကမ္ဘာမြေပေါ်..မှာ…ရှင်သန်ခဲ့ရမှာ……
အဲဒါ……ကျေကျေနပ်နပ် ဂုဏ်ယူ သွားရမယ့် ဖြစ်ရပ်တစ်ခု…မဟုတ်ဘူး..လို့ …
သင်…………ငြင်း မလား…..? ? ? ?
___________________—
( အချစ်ကို ရူးသွပ်စွာ ကိုးကွယ် သော..ညီငယ်တစ်ယောက်..သို့ ….)
စာချစ်သူများ..အားလုံးကို…….
လေးစားစွာဖြင့် …
အလင်းဆက်
12 . 11 .2011 . 09း 30 am…
( မာန်ပြေ ရန်ပြေ ဘုရားရင်ပြင်တော် )
Related posts:



ကျမလဲ အချစ်ကို ရူးသွပ်စွာကိုးကွယ်ခဲ့ဖူးပါတယ်..
ဒီလို ချစ်ခွင့်ရဖို့  အူးသိမ်းစိမ်ဆီ ခွင့်ပြုချက်တောင်းစရာ လိုမယ်မထင်ပါဘူး
ဒီမိုကဒေစီလို့ အော်အော်နေကြတဲ့အတွက် ကျမမှာ ရူးသွပ်ခွင့်ရှိပါတယ်..
ဒါကြောင့် ရူးသွပ်စွာချစ်နေခွင့်ပြုပါလို့  မပြောတော့ပါဘူး..
ကျမမှာ ရူးသွပ်ခွင့်ကို အိုဘားမားက တားမြစ်လျင်တောင် သဂျီးတူလေးကို ရူးရူးသွပ်သွပ်ချစ်သွားမှာဖြစ်ပါတယ်..
ပုံ၊
ဒေါ်စိန်ပေါက်..
စကားမစပ်
အမရေ
တဖြည်းဖြည်းချင်း လက်ရာမြောက်လာကြောင်း ပြောခဲ့ပါတယ်နော့..
ဝမ်းဒေးကြရင် အမလိုရေးစပ်သီကုံးနိုင်အောင် ကျမလဲ ကြိုးစားပါဦးမယ်..
ကျမမှာ ကြိုးစားပိုင်ခွင့်ရှိပါတယ်..ကြိုးစားပါဦးမယ်..
အားပေးလျက်
Was this answer helpful?
LikeDislikeဒေါ်စိန်ပေါက်ပေါက်..တဲ့လား…။
ကျွန်မ ကိုတော့ ..အဲလေ..ယောင်လို့ ..ကျွန်တော့်ကိုတော့… အမျိုးသမီးလို့ မထင်လိုက်ပါနဲ့နော်.။
ဒေါ်လေးစိန်နဲ့တွေ့ မှပဲ..ကျွန်မလည်း..(အဲ..ယောင်ပြန်ပြီ.).ကျွန်တော်လည်း… မိန်းမတစ်ယောက်လို့  အထင်ခံရတော့တယ် ။
ကြိုးစားပိုင်ခွင့် ၊ ရေးသီ ပိုင်ခွင့် ရှိပါသော…. ဒေါ်လေးစိန်ရေ….
ဒေါ်လေးရေးတဲ့ ပို့ စ်တွေလည်း….အင်မတန် ကောင်းတာကို…ကျွန်တော် သိနေပါတယ်နော်။
အားပေးသွားတာကို..ကျေးဇူးတင်ပါတယ် ။
ခင်မင်စွာ….
alinsett.art@gmail.com
Was this answer helpful?
LikeDislikeသီတာမင်းသမီးလေးကို လိုချင်တပ်မက်မောသူ
မောင်ဖရဲမင်းသားလေးနဲ့ မယှဉ်နိုင်
ချစ်ပြိုင်ပွဲမှာ
ကျွန်မကို နမ်းတာဘယ်သူတဲ့လဲ
ငါပဲ ငါပဲ
ကျွန်မကို ချောင်းတာဘယ်သူတဲ့လဲ
စိန်ပေါက်ပေါက်
ရွှီး..ရွှီး..ရွှီး..ရွှီး..ရွှီး..ရွှီး..ရွှီး..ရွှီး..
အချစ်ကိုလိုတာထက်ပိုသွားရင် မကောင်းဘူးနော်။
Was this answer helpful?
LikeDislikeဘီအီးလဲ အဲလိုပဲ အမရဲ့
လိုတာထက်ပိုသောက်ရင် မနက်ကျ မထနိုင်တော့ဘူးတော့
Was this answer helpful?
LikeDislikeအဆိပ်တက် လာခြင်းနှင့် 
မာယာ တစ်ခု လား ၊့ ကျိန်စာ တခုလား…စကားလုံးတွေက အ၇မ်း လှတယ်..သုံးထားတာ။
သင်ငြင်းမလားဆိုတော့ ……
မငြင်းပါဘူး…..။။
သိပ်ကောင်းတဲ့  ၀တ္ထုတိုလေးပါဘဲ။
သဘောကျတယ်..။
Was this answer helpful?
LikeDislikeမန္တလာသူရေ.. ကျေးဇူးပါပဲ.ဗျ။
ကျွန်တော်..ရေးတဲ့ စာမူလေးကို သဘောကျတယ်ဆိုလို့ ..။
စကားလူံးတွေ..သုံးတာကိုလည်း…လတယ်..ပြောလို့  အားတက်သွားပါပြီ။
ကျေးဇူးတင်ပါတယ်..။
စာဖတ်သူအားလုံးကို ခင်မင်စွာ…ကျေးဇူးတင်နေပါတယ်နော်.။
Was this answer helpful?
LikeDislikeကိုအလင်းစက်ရဲ့ အာဘော်လေးကို ကူးသွားတယ်နော်။ဒီလိုလေးပေါ့…..
မေ က ကျွန်တော့်ကို…မချစ်ပါ..။
သူမ မှာ မချစ်ပဲ..နေခွင့်..ရှိပါသည်။
ကျွန်တော်က မေ့ကို ချစ်သည် ။
ကျွန်တော့်မှာ ချစ်ပိုင်ခွင့် ရှိပါသည် ။
ထို့ ကြောင့်..ကျွန်တော် မေ့ကို နှစ်နှစ်ကာကာ ချစ်နေပါသည် ။
ထိုအခါ…………………
ကျွန်တော့်သူငယ်ချင်းများက..ကျွန်တော့်အဖြစ်ကို..ရယ်ကြသည် ။
ကိစ္စမရှိပါ ။
သူတို့ မှာ…ရယ်ပိုင်ခွင့် ရှိပါသည် ။
___________________________________________
Was this answer helpful?
LikeDislikeအလင်းဆက်ရေ-
လောကကြီးမှာ ဘယ်ဟာမှ တရားသေ ဆုပ်ကိုင်ထားလို့မရဘူးပြောရမလား…
တွေ့ဖူးတာ – အရပ်ပုတဲ့လူက အရပ်ရှည်တဲ့လူကို ကြိုက်တယ်။
အသားမဲတဲ့လူက အသားဖြူတဲ့လူကို ကြိုက်တယ်။
ဝ တဲ့လူက ပိန်တဲ့လူကို ကြိုက်တယ်။
မတူယှဉ်တွဲနေထိုင်ရေး လို့ပဲ ပြောရမလား…..
Was this answer helpful?
LikeDislike