California ရဲ့အဓိကစိန်ခေါ်မှုတွေအတွက် ဖြေရှင်းဖို့ကြိုးစားခဲ့သူ ၆ဦး(သို့မဟုတ်) James Irvine Foundation Leadership Award ဆုရသူ ၆ဦးနဲ့ ဆွေးနွေးတဲ့အစီအစဉ်ကို ၂၀၂၄ခုနှစ်၊ မတ်၂၆က Ethnic Media Services က စီစဉ်ခဲ့သည်။ ဆုရသူ၆ဦးက သူတို့ဆောင်ရွက်ခဲ့သော အလုပ်များနှင့်အကြောင်းရင်းများကို ဆွေးနွေးခဲ့သည်။ Elizabeth Baham, Reach University က California ရင်ဆိုင်နေရသည့် အကြီးမားဆုံးစိန်ခေါ်မှုများထဲက စာသင်ကျောင်းများတွင်ဆရာရှားပါးခြင်းအကြောင်းကို ပထမအချက်အနေဖြင့်ဆွေးနွေးခဲ့သည်။ ဆရာနေရာ တစ်သောင်းခန့်လစ်လပ်လျက်ရှိပြီး နောက်၃နှစ်တွင် ၂၀% ဆရာများက ပင်စင်ယူခြင်းအပါအဝင် ဆရာအလုပ်ကိုစွန့်ခွာသွားမည်ဟု အချက်အလက်များအရ ခန့်မှန်းရပြီး အချိန်ပိုင်းအစားထိုးဆရာများဖြင့် စာသင်ခန်းများတွင်စာသင်ကြားပေးနေသော်လည်း အတန်းတခုစီ၏စံနှုန်းမီစွာသင်ကြားနိုင်မှုများကိုစဉ်းစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ” ဆရာရှားပါးခြင်းဟာ စာသင်ခန်းကကျောင်းသားအရေအတွက်အနည်းအများအပေါ် သက်ရောက်မှုရှိတယ်။ ကျောင်းသားတွေရဲ့ Academic နဲ့ extracurricular သင်ကြားမှုအပိုင်းတွေကိုလျော့နည်းစေတယ်။ […]