kaiMarch 27, 20241min640
လူနှစ်မျိုးသာရှိသည်။များပြားလှသည့် နှစ်မျိုးနှစ်စားတို့ဝယ် နိုင်ငံရေးနွယ်ပြဆိုသည်ကား လစ်ဘရယ်(လွတ်ပြန့်စွဲ-ဘယ်နှင့် ကွန်ဆာ့ဗေးတစ်(ရှေးရိုးစွဲ-ညာ)သာဖြစ်၏။ “ရှိပြီးသားကိုကိုင်ဆုပ် မပြုပြင်မပြောင်းလဲလိုသူ”နှင့် “ရပြီးသားကိုပြင်ဆင် သစ်ဆန်းကြည့်လိုသူ”များပါ။ ကမ္ဘာ့နိုင်ငံအသီး၏ နိုင်ငံရေးဇတ်ခုံတို့ဝယ် ဘယ်/ညာတို့သည် လူဦးရေအချိုးဖြင့် မျှခြေအနီးဆုံးဖြစ်ကာ အပြန်အလှန်ဆွဲယူထိမ်းကြောင်းကြခြင်းဖြင့် မဇ္ဈိမပဋိပဒါ အစွန်းနှစ်ဖက်ရှောင်နိုင်ခဲ့ပြီး တိုးတက်ခဲ့ကြသည်။ လူဦးရေအားဖြင့် ၅၀% +အနီးစပ်ဆုံးဖြစ်လျှင်ဖြစ်သလောက် ဘယ်/ညာ ပါတီတို့တလှည့်စီအုပ်ချုပ်ကြရင်း ရှေ့သို့ချီ သမိုင်းအမည်တွင်နိုင်ခဲ့ကြ၏။ “မြန်မာဟူသမျှ ရှေးရိုးစွဲခဲ့ကြ”မြန်မာတို့သည် မူလကွန်ဆာ့ဗေးတစ် ရှေးရိုးစွဲများဖြစ်သည်။ အစွန်းရောက်နေသည်မူ၍ ရှေးစွန်းစွဲဟုပင်ခေါ်နိုင်သည်။ ရှေးအစဉ်အဆက် ထောင်စုနှစ်မျှ ထေရဝါဒဘာသာရေး၏ဘုန်းတော်ကြီးပညာသင်ကြားရေးစနစ်တွင်သာ အရိုးစွဲခဲ့ကြရကား ပညာရေးတွင်ဘာသာရေးကိုး၍ တိုး၍တွန်းကာ အစွန်းရောက်သွားဟန်ရှိသည်။ ဤသည်မျိုးအလယ်ခေတ်ဥရောပခေတ်၌လည်းဖြစ်ခဲ့ဖူးပါသည်။ နှစ်၁၀၀၀ ကျော်ကြာခံစားကြရပြီးနောက် ၁၆ရာစုတွင် သူတို့ထိုးထွက်နိုင်ခဲ့ကြ၍ တိုးတက်သောဥရောပကို တည်ဆောက်နိုင်ခဲ့ကြ၏။မြန်မာနိုင်ငံတွင် ၁၉ရာစုနှစ်လည်လောက်မှ ရှေးစွန်းစွဲ ဘုန်းတော်ကြီးကျောင်းပညာရေး၊ သက်ဦးဆံပိုင်ဘုရင်နှင့်တွဲထားသည့်နိုင်ငံရေးစံနစ်တို့အား ပြုပြင်ပြောင်းလဲရန်ကြိုးစားလာသူတို့ရှိသောအခါ ရှေးစွန်းစွဲနှင့် လွတ်ပြန့်စွဲတို့ကြီးမားသောပဋိပက္ခဖြစ်လာသည်။ မြင်ကွန်းမြင်းခုံတိုင် အရေးအခင်းဖြင့် ပြုပြင်ပြောင်းလဲလိုသူ […]


kaiMarch 25, 20243min1600
နိုင်ငံရေး၊ လူမှုရေးဆောင်ရွက်ရင်း အင်္ဂလိပ်စာ သင်ကြားကြပါစို့(၃) Activism လုပ်ငန်းတွေကို ဆောင်ရွက်ရင်း English skills ကို တိုးတက်လာနိုင်စေကြောင်း အရင်လက အတော်အသင့် ဖေါ်ပြခဲ့ပါတယ်။ ယခုလမှာ writing skills တိုးတက်လာစေမဲ့ activism လုပ်ငန်းလေးတွေ ဖေါ်ပြလိုပါတယ်။ ဦးစွာပထမ bumper sticker လေးတွေ တီထွင်ကြရအောင်။ လူသုံးများတော့ Save Myanmar ဆိုတဲ့ Bumper sticker လေးက စ စဉ်းစားကြည့်ရင် မသင့်တော်လှပါ။စာရေးသူတို့ မြန်မာလူမျိုးတွေဟာ တခြားလူမျိုးတွေ၊ အမေရိကန်တွေ ကယ်မှ၊ ဒုက္ခတွင်းက လွတ်မယ့်လူမျိုး မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး မြန်မာနိုင်ငံကြီးကို ပြန်လည်ထူထောင်ကြမှာပါ။ ဒီတော့ ထိမိမဲ့၊ အဓိပ္ပါယ်ရှိတဲ့ Bumper sticker လေးကို တီထွင်ကြရအောင်။ ကားမှာ တပ်ဆင်ကြရအောင်။ […]


kaiMarch 18, 20242min2230
အစ္စရေးတပ်က.. ဂါဇာမြို့ရဲ့.. al-Shifa ဆေးရုံကို .. ဗုံးနဲ့ထု.. ဝင်စီးပြီး ဟာမားစ် ၂၀ ကိုသတ်တယ်ဆိုပါတယ်..။ al-Shifa ဆေးရုံက.. ဆရာဝန်၂၀.. နပ်စ်၆၀နဲ့.. ဆေးကုနေတဲ့ဆေးရုံအပြင်.. လူထောင်ချီ.. စစ်ပြေးခိုလှုံနေတဲ့နေရာပါ..။ ပြီးခဲ့တဲ့နှစ်.. အောက်တိုဘာ ၇က.. ဟာမားစ်တွေ.. အစ္စရေးဆီဝင်.. လူ၁၂၀၀လောက်သတ်.. ၂၅၃ယောက်ပြန်ပေးဆွဲသွားတာက.. စတဲ့.. အစ္စရေး-ဟာမားစစ်က.. . အခုထိ.. ပါလက်စတေးနီးယန်း ၃၁၇၀၀ အသတ်ခံရပြီးပါပြီ…။ ပြီးမယ့်အရိပ်အယောင်မမြင်ရသေး..။ လူ၂သန်းကျော်ကို.. ဆေးကုပေးနေတဲ့.. ဆေးရုံ၃၆ခုရှိပြီး.. ၁၂ခုကပဲ.. တပိုင်းတစ.. ဆေးကုလုပ်ကိုင်နေနိုင်တာပါ..။ ဂါဇာမြောက်ပိုင်းမှာ.. အစ္စရေးစစ်တပ်ဝင်.. ရှင်းထုတ်လို့.. လူထုတွေကို.. တောင်ဖက်ရှောင်ခိုင်း.. အခု.. ‌‌ ဂါဇာတောင်ပိုင်း… စစ်ရှောင်နေရာတွေဝင်စီး.. ရှင်းထုတ်ဦးမယ်လည်း.. ဆိုနေပါတယ်..။ ဆိုတော့… ဆေးရုံရော.. ကျောင်းရော.. ကလေးရော.. သက်ကြီးရော.. မိန်းမရော.. […]


kaiMarch 12, 20243min2140
အမေရိကားရဲ့.. တက္ကသိုလ်/ကောလိပ်တွေဝင်ခွင့်.. SAT or ACT မလိုအပ်ဖူးလို့.. လွန်ခဲ့တဲ့.. ၃-၄နှစ်ကလုပ်ခဲ့တာကို.. တက်ဆပ်တက္ကသိုလ် University of Texas at Austin က.. ပြန်ပြီးအသက်သွင်းလိုက်ပါတယ်..။ Brown, Yale, Dartmouth, M.I.T., Georgetown and Purdue တို့ကလည်း.. SAT or ACT ပြန်လိုတယ်.. လုပ်ပြီးသားပါတဲ့..။ သတင်းအဆိုအရ.. U.T. Austin မှာ.. fall 2025 ဝင်ခွင့်တွေက.. SAT ပြန်ဖြေရမယ်… တဲ့..။ .. တက္ကသိုလ်/ကောလိပ်ပေါင်း ၂၀၀၀ ကျော်.. မလိုဘူးလုပ်ခဲ့တာပါ..။ SAT . မလိုတဲ့.. တက္ကသိုလ်စာရင်း ..အောက်ပီဒီအက်ဖ်မှာ… ကြည့်..။ Test Optional and Test Free […]


kaiMarch 11, 20242min4150
“နိုင်ငံတော်အခြေပြလား.. ကန်ပိန်းလား.. မကွဲပြား” မနေ့ညက… သမ္မတရဲ့… နိုင်ငံတော်အခြေပြမိန့်ခွန်းဟောကြားပါတယ်..။ ဟောက်စ်.. စိနိတ်နဲ့.. စူပရင်းကိုသ့်အပါအဝင်.. ကက်ဘိနက်ဝန်ကြီးများ.. ဗိုလ်ချုပ်ကြီးများ.. အားလုံးရှေ့မှာ.. ဟောကြားပြီး.. မီဒီယာတွေကလွှင့်ထုတ်တာပါ..။ သမ္မတကြီးဟောင်းထရမ့်ကို…. ၁၃ကြိမ်ထိခိုက်ပြောသွားတာမှာ… တကြိမ်မှ.. ထရမ့်ဆိုတဲ့နာမည်ကိုမသုံး.. ငါ့အရင်လူလို့သာသုံးပါတယ်..။ ထရမ့်အမာခံ.. မက်ဂါဖိုက်တာ.. Marjorie က… ဘိုင်ဒန်ခမ်းမထဲဝင်လာကထဲက… ရင်ထိုးတံဆိပ်လေးပေးပြီး.. အဲဒီအမေရိကန်က.. တရားမဝင်ခိုးဝင်သတ်တာခံရသူမို့.. အမည်ကိုပြောပါလို့.. တိုက်တွန်းခဲ့ပြီး.. မိန့်ခွန်ဟောနေတုံးလည်း.. ဖြတ်ပြီးဝင်အော်တာမှာ… ဘိုင်ဒန်က.. နာမည်ထုတ်ပြောခဲ့ပါတယ်..။ ထူးဆန်းတာက.. undocumented immigrant, အစား.. ဒီမိုကရက်တွေသုံးလေ့မရှိတဲ့.. “illegal,” လို့သုံးသွား..။ မိန့်ခွန်းထဲပါတဲ့.. ဘိုင်ဒန်.. လုပ်ပြီး.. လုပ်ပြ.. လုပ်မှာတွေကတော့.. ဒီမိုကရက်တွေထုံးစံတွေအတိုင်းမို့.. ထူးပြီးပြောစရာမရှိ..။ အမေရိကားစီးပွားရေးကတက်နေပြီး.. အလုပ်လက်မဲ့နှုန်းက.. ကျနေတာမို့… စီးပွားရေးအခြေအနေကောင်း..။ အထူးသတိထား.. လူမကြိုက်တဲ့.. နယ်စပ်ခိုးဝင်ကိစ္စနဲ့.. အစ္စရေး-ဟားမားစစ်ကို.. […]


kaiMarch 11, 20244min3920
“SAAHAS For Cause ရှဲ့ Spring Mela နွေဦးပွဲတော်” Artesia, California မှာရှိတဲ့ Artesia Park က Robert O. Little Community Center မှာ SAAHAS For Cause ရှဲ့ Spring Mela အခမ်းအနားကို မတ်၉၊ ၂၀၁၄ က တောင်ပိုင်းအာရှယဉ်ကျေးမှုအလေ့အထတွေကိုပြသပြီး ကျင်းပခဲ့ပါတယ်။ SAAHAS For Cause ဟာ US ကိုပြောင်းရွှေ့အခြေချလာတဲ့ တောင်ပိုင်းအာရှသားတွေအတွက် ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ နေထိုင်ခွင့်၊ တရားဥပဒေရေးရာ စတဲ့ လိုအပ်ချက်တွေကို အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ ၂၀၀၉ခုနှစ်က တည်ထောင်ခဲ့တဲ့ Non-profit organization တခုဖြစ်ပြီး Cerritos, California မှာ အခြေစိုက်ပါတယ်။ […]


သင့်အေးရိပ်February 28, 20248min6540
သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Feb 20 ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ရောင်းချနေတဲ့ “အောင်လံလွှင့်ချီ နွေဦးထီ”ကို မကြာခင်မှာ ပြန်လည် ဖွင့်လှစ်ရောင်းချသွားဖို့ ရှိနေပြီး ဆုကြေးငွေကျပ် သန်း ၅၀၀ ထိ တိုးမြှင့် ထားကြောင်း သိရပါတယ်။ စစ်ကောင်စီကတော့ အဆိုပါ ထီနဲ့ ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကိုတရားစွဲ၊ ဖမ်းဆီး ထောင်ချသွားမယ်လို့ ကြေညာထားပါတယ်။ ရန်ကုန်မြို့ကနေ စစ်တွေနဲ့ ကျောက်ဖြူကို လေယာဉ်နဲ့ပြန်လာတဲ့ ခရီးသည် ၆ ရာ နီးပါး လေဆိပ်အရောက်မှာပဲ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာ ခံလိုက်ရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ရခိုင်မှာ တိုက်ပွဲတွေ စဖြစ်ချိန်ကတည်းက ကုန်းလမ်းနဲ့ ရေလမ်းကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းကိုပဲ အားကိုးနေရတာပါ။ ချိုင်းနား-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွေ […]


kaiFebruary 27, 20243min2800
ဖေဖော်ဝါရီသည် မြန်မာသမိုင်းအတွက် မှတ်တမ်းကျန်ရစ်မည့်လဖြစ်သည်။ ၁ရက်နေ့ စစ်အာဏာသိမ်း ၃နှစ်ပြည့်အပြင် ၂၀၁၀ နအဖလက်ထက် ဗိုလ်ချုပ်မှုးကြီးသန်းရွှေပြဋ္ဌာန်းသွားသော စစ်မှုထမ်းဥပဒေကို လက်ရှိအာဏာသိမ်းစစ်ကောင်စီမှ ချိုင်းနီးစ်နှစ်ကူး ၁၀ရက်နေ့တွင် အသက်သွင်းလိုက်သောလဖြစ်၍ပါ။ စစ်မီးသည် မြန်မာတို့၏အိမ်တိုင်းတံခါးဝသို့ရောက်လာခဲ့ပါပြီ။ “ပြည်သူ့စစ်မှုထမ်းဥပဒေ”အသက်ဝင်လာခြင်းကို သတင်းသမားရှု့ထောင့်မှ ဖြစ်နိုင်ခြေ/ဖြစ်ခြေ ၄ချက်ထား သုံးသပ်ကြည့်ပါမည်။ “(၁) ပြုန်းတီးလျော့ကျနေသော စစ်သည်အင်အားကိုဖြည့်စည်းရန်” မြန်မာ့တပ်မတော်သည် Global Firepower (GFP 2024)စာရင်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၅တွင် အဆင့်၃၅နှင့် စစ်သည်အင်အား၃သိန်းမှ ၄သိန်းထိရှိနိုင်သည်ဆိုသည်။ အချို့မှာအင်အားဤမျှလောက်မရှိ၊ လက်ရှိ ၁၅၀၀၀၀တွင် တိုက်ခိုက်ရေးစစ်သည် ၇သောင်းခန့်ဟုသာဆိုသည်။ Justice For Myanmar မှ JUNE 14, 2022ရေးသားသတင်းတွင် စစ်တပ်သုံး Mytelဆဲလ်ဖုံးမှတဆင့်ကိုယ်ပိုင်နံပါတ်နှင့်ကောက်ယူစာရင်းအရ တပ်စခန်းပေါင်း၃၇၉တွင်းအင်အား ၃၈၆၅၀၀ဟုဆိုထားသည်။ Mytel၏နက်ဝပ်သည်ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏Viettel နှင့်ဖက်စပ်ဖြစ်ပြီး ဗီယက်နမ်တွင်မည်သည့်ဆက်သွယ်ရေးပစ္စည်းများသုံးစွဲသည်မသိရသော်လည်း မြန်မာစစ်တပ်သည် ချိုင်းနားထုတ် […]


kaiFebruary 27, 20243min2730
Their duty – to protectInstead they oppressThe Myanmar Military I rememberHearing your voiceIn the classroom next to mineWhen I checkedThere you wereWriting complex formulas on the blackboardAnd regaling your studentsWith stories to make the numbers come to life How tragicTo hear of your deathShot down in the middle of the streetLike an animalThose of us […]


kaiFebruary 22, 20243min4150
နှုကလီးယား.. စွမ်းအင်ထုတ်လို့ရတဲ့.. ယူရေနီယံက.. မြန်မာပြည်မယ်ထွက်တယ်.. သိနေကြတာကြာပါပြီ..။ ဦးနေဝင်းရဲ့မဆလလက်ထက်ကထဲက.. ရန်ကုန်-မန္တလေးလမ်းဖေါက်ရင်းတွေ့တယ်လည်း.. ဆိုကြတာမျိုး..။ ယူရေနီယံက.. မြန်မာပြည်မှမဟုတ်.. ကမ္ဘာ့နိုင်ငံတော်တော်များများမှာ.. သဘာဝအလျှောက်ထွက်ကြပါတယ်..။ သန့်စင်ထုတ်လုပ်မှုမှာသာ… သိပ်မလုပ်ရဲကြ/မလုပ်ကြတာပါ..။ တကယ်တော့..မြန်မာက… ယူရေနီယံ.. ရဲလိုးကိတ်အဆင့်လည်း.. သန့်စင်ထုတ်နိုင်ကြတာ.. ကြာပါပြီ..။ ကြာဆို.. (အမှတ်မမှားရင်) နဝတခေတ်မှာကထဲက… IAEA အဖွဲ့ဆီ.. အနုမြူစွမ်းအင်လျှပ်စစ်စက်ရုံဆောက်ဖို့.. လျှောက်ဖူးလို့ပါ..။ အာအိုင်တီမှာ.. အနုမြူစွမ်းအင်ဌာနလည်း.. ဖွဲ့ဖူး.. ကျောင်းသား/ ဘွဲ့ရတွေလည်း.. မွေးထုတ်ဖူးပါတယ်..။ ဗကပနဲ့… ကွန်မြူနစ်မုန်းတဲ့.. မြန်မာစစ်တပ်က.. ချိုင်းနားမကပ်ချင်တာနဲ့… ရုရှားဖက်သွားကပ်ပြီး.. ကြိတ်လုပ်နေတာ…။ ဆိုတော့.. လိုရင်းပြောရရင်.. အဲဒီယူရေနီယံတင်မက.. သန့်စင်ပြီး.. (လက်နက်အဆင့်)ပလူတိုနီယံ.. တွေကိုပါ.. မှောင်ခိုထုတ်ရောင်းပြီး..‌ မြေပြင်/ဝေဟင်ပစ်မစ်ဆိုင်းနဲ့.. အေကေ-၄၇ တွေဝယ်မယ်ဆိုတဲ့.. ယာကူဆာဂျပန်ကြီးအဲဘိဆာဝါကို.. ၂၀၂၂ ဧပြီ ကဖမ်းမိတဲ့အမှုပါ..။ အဲဒီအမှုဆက်က… အခုဒီရက်ပိုင်း.. အဲဘိဆာဝါကို.. […]


kaiFebruary 17, 20245min3550
” Black History Month” – SweSwe Aye ၁၉၆၇ခုနှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီ၁ က မတ်၁ထိ တလတာကာလကို Black History Month အဖြစ် United States မှာသတ်မှတ်ထားပါတယ်။ US သမိုင်းကြောင်းမှာ အာဖရိကကလူမည်းတွေကို ကျွန်ပြုဖို့အတွက် ၁၇ရာစုကနေ ခေါ်သွင်းလာခဲ့တဲ့အချိန်ကနေစပြီး ယနေ့ထက်တိုင် အခြေချနေထိုင်လျက်ရှိတဲ့ အာဖရိကန်အမေရိကန်တွေကို ဂုဏ်ပြုတာပဲဖြစ်ပါတယ်။ အာဖရိကန်အမေရိကန်တွေရဲ့ US နိုင်ငံမှာ ပါဝင်မှုတွေကို လူတွေအာရုံစိုက်နိုင်ဖို့လည်း ဒီတလတာကို ဖန်တီးသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ US သမိုင်းမှာ ဖေဖော်ဝါရီ၁ ကို National Freedom Day လို့သတ်မှတ်ခဲ့တယ်။ ၁၈၆၅ခုနှစ်၊ ဖေဖော်ဝါရီ၁မှာ သမ္မတ Abraham Lincoln က အထက်လွှတ်တော်နဲ့အောက်လွှတ်တော်က ပူးပေါင်းအတည်ပြုခဲ့တဲ့ အခြေခံဥပဒေက 13th […]