Tourism မှာ အလုပ်လုပ်တုန်းက အမြဲတမ်းတွေးဖြစ်နေခဲ့တာတွေ။ Religion, Tradition, Culture ကြားမှာ ခဏခဏ တွေးရခက်တာတွေ အများကြီးပဲ။ ဥပမာဆို ကိုယ့်အတွေးအရ ရှင်လောင်းလှည့်တာဟာ မလိုအပ်ဘဲ ပိုက်ဆံအများကြီးကုန်တယ်၊ အဲဒီကုန်တဲ့ပိုက်ဆံဟာ အလှူကျွေးမွေးစရိတ်ထက် အဆများစွာ ပိုကုန်တယ်၊ အဲဒီငွေတွေကို တကယ်လိုတဲ့နေရာမှာ လှူတာဖြစ်ဖြစ်၊ ကျွေးမွေးစရိတ်ထဲ ထည့်လိုက်တာဖြစ်ဖြစ်ဆို ပိုမကောင်းဘူးလား။ ဒီလိုပဲ ဆိုင်းတွေထည့်တာလည်း အပိုငွေကုန်တယ်၊ အလှူက ပကာသနတွေများနေတယ်လို့ တွေးဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံခြားသားဧည့်သည်တွေအတွက် ပုဂံမှာ ရှင်ပြုပွဲ စီစဉ်ပေးရတယ်။ ရှင်လောင်းလှည့်တာတွေ၊ ဆံချတာတွေ၊ အလှူကျွေးတာတွေ အကုန် ကုန်ကျစရိတ်ကို သူတို့ဆီက ကောက်တာ။ မှတ်မှတ်ရရ မင်းနန်သူရွာမှာ ထင်တယ်၊ ဘုရားလေးတွေကြားထဲကနေ တန်းစီပြီး ရှင်လောင်းလှည့်ထွက်လာတာ၊ တအားလှတာပဲ။ နိုင်ငံခြားသားတွေက အဲဒါကို တကူးတကကြည့်ပြီး ဓာတ်ပုံရိုက်ကြတာ။ […]


kaiApril 11, 20243min2350
“Burman” is the original name used to refer to the ethnic groups and languages of what is now commonly known as “Burmese.” Prior to British colonization and the First Anglo-Burmese War in 1824, the term “Burman” was commonly used in literature and historical accounts to denote the people and language of the region. If one […]


kaiApril 10, 20244min1090
California Department of Public Health (CDPH) ၏ သတင်းထုတ်ပြန်ချက်- Pyramid Wholesale ရောင်းချသောလိင်စွမ်းဆောင်မှုအတွက် ဆေးများကို မသောက်ရန် ဒုတိယအကြိမ်သတိပေးခြင်း။ ဧပြီ၉၊ ၂၀၂၄။ CDPH သည် Pyramid Wholesale ရောင်းချသောလိင်စွမ်းဆောင်မှုအတွက်ဆေးများကို မသောက်ရန် ဒုတိယအကြိမ်သတိပေးလိုက်သည်။ နောက်ဆက်တွဲဆေးများသည် ဆေးစာပါမှဝယ်ယူနိုင်သောဆေးများဖြစ်သည့် Sildenafil (Viagra) နှင့်/သို့မဟုတ် Tadalafil (Cialis)တို့ပါဝင်သော်လည်း ပါဝင်ကြောင်း မကြေငြာထားဘဲ သောက်မိပါက နေမကောင်းခြင်း၊ ဒဏ်ရာရခြင်းများနှင့် အသက်ကိုပါထိခိုက်နိုင်သည်။ အဆိုပါဆေးများသည် လိင်စွမ်းဆောင်မှုအတွက်ဖြည့်စွတ်စာဆေးများ dietary supplements အသွင်ဖြင့် ရောင်းချလျက်ရှိပြီး အဆိုပါဆေးများထဲတွင် ဆေးစာဖြင့်သာဝယ်ယူနိုင်သောဆေးများပါဝင်နေသော်လည်း ပါဝင်ပစ္စည်းများတွင် ဖော်ပြထားခြင်းမရှိချေ။ ထိုဆေးများသည် အင်တာနက်တွင်လဲ ရောင်းချလျက်ရှိသည်။ California Department of Public Health သည် […]


အောင်တိုးသည် အပြင်ပန်းတွင် အေးစက် ငြိမ်သက်သောသူ ဖြစ်သော်လည်း အစင်းသိ သူငယ်ချင်း အရင်းတယောက် အနေဖြင့်မူ သူသည် စိတ်ကူးယဉ် အဆန်ဆုံး လူတယောက် ဖြစ်ကြောင်း ကျနော် ကောင်းကောင်း နားလည်ပါသည်။ “ကဲ…ငါ့အထင် သနားစရာ ကောင်မလေး အလောင်းနဲ့ ဟို ငွေသေတ္တာကို နောက်ပိုင်းကြ တွေ့ရော ဆိုပါတော့။ ” “အေးပါ..မင်းစိတ်ဝင်စားတယ်ဆိုတော့ ကျန်တဲ့ အပိုင်းကို ငါ ဆက်ပြောပါ့မယ်။” ဇာတ်ရှိန်တက်ကာ စိတ်ခံစားမှုမြင့်လာသည်နှင့်အမျှ ကမူကလေးပေါ်မှ သဏ္ဌာန်သည်လည်း ကျနော်တို့၏ မျက်လုံးတွင် ရှေးကထက်ပင် ပို၍ ပြတ်သားလာတော့သည်။ “အေး…ဒီလိုနဲ့ မကြာပါဘူးကွာ..ရွာကလည်း သူတို့ရဲ့ ငြီးငွေ့စရာ နိစ္စဓူဝ အလုပ်တွေနဲ့ ပြန်ပြီး လည်ပတ်နေ တာပေါ့။ ဦးဩကြီးကိုလည်း ဘယ်သူမှ သတိမရတော့ပါဘူး။ ဒီလူကြီးကလည်း အရင်ကတည်းက […]


kaiApril 9, 20243min1510
“မြန်မာတို့ရဲ့.. အကောင်းဆုံးတွေ” အသီးမှာ သရက် အသားမှာ ဝက် အရွက်မှာ လက်ဖက် ပန်းမှာ မြတ်လေး အအေး သီတာ ရေမှာမိုးများ ယောက်ျားတွင်ပေ၊ ပရမေ သုရာ မိန်းမ ကညာ ပြည်တွင်ဗာရာ၊ မြစ်မူဂင်္ဂါ၊ ထူးမြတ်စွာ။ ( ယောက်ျားတွင်ပေ၊ ပရမေ သုရာ = ရဲရင့်သူ) ဖတ်ဖူးမှတ်ဖူးတာက.. ကြာပါပြီ..။ မှတ်မိသလောက်ချရေးလိုက်ပါတယ်..။ ( မှားရင်ပြင်ပါ) အမှတ်မမှားရင်.. မန်လည်ဆရာတော်ကြီးရဲ့.. မဃဒေဝထဲပါတာဖြစ်၏.။ အဲဒါကို.. အသီးမှာ.. တစ်ရက်၊ အသားမှာ တစ်ဝက်..။ အရွက်မှာလက်ဖဲ့.. ထလုပ်တဲ့သူနဲ့… ဟို.. Asian SEA Story ပေ့ချ်ကလည်း.. မြန်မာအကောင်းဆုံးသတ်မှတ်တဲ့.. နိုင်ငံတော်အသီးက.. သခွားသီးဖြစ်လိုဖြစ်နဲ့မို့… တတ်သလောက်မှတ်သလောက်ပြန်တည့်ပေးလိုက်ပါကြောင်း…။ တကယ်တော့.. အဲဒီ အကောင်းဆုံးအထူးဆုံးဆိုတာကလည်း.. (ထုံးစံအတိုင်း).. […]


အတန်ကြာသောအခါ အောင်တိုးသည် မနေနိုင်တော့သဖြင့် – “အင်း…အဲဒါနဲ့ ပက်သက်လို့ ဇာတ်လမ်းလေး တပုဒ်လောက် လုပ်စမ်းပါဦး။” “အေး…ဇာတ်လမ်း တပုဒ်တော့ ရှိတယ်။ မင်း မအိပ်ချင်သေးဘူး ဆိုရင် ငါ ပြောပြမယ်လေ။” “ရတယ် ပြောကွာ..။” “ဟိုး တောင်ကုန်းနောက်က ရွာကလေးကို တွေ့လား။ အေး အဲဒီရွာကလေးမှာ တခါတုန်းက သေအံ့မူးမူးနဲ့ လူကြီး တယောက်ရှိခဲ့ဘူးသကွ။ ဦးဩကြီး လို့ပဲ ဆိုကြပါစို့။ ဒီလူကြီးက အထက်အညာဘက်မှာ ရွှေထည် အတုတွေ ဘာတွေ သွားရောင်းရင်း အတော်ဟန်ကျနေ ဆိုပဲ။ နောက်တော့ အဲဒီနယ်က လူတွေက ရိပ်မိသွားတော့ သူလည်း အထုပ်ပိုက်ပြီး ဒီကို ပြန်ပြေးလာတာပေါ့။ ဒီပြန်ရောက်တာနဲ့ သူ့အိမ်ကို ချဲ့ဖို့ ပြင်တာပဲ။ တို့ ဒီဘက် ရွာနီး […]


(For the blood is the life[1] (1905) အမည်ရ ဤဝထ္ထုတိုသည် အီတာလျံနွယ်ဖွား စာရေးဆရာ Francis Marion Crawford ၏ အကောင်းဆုံး ဝတ္ထုတိုများအနက် ကျနော် အမှီးရေးသော ဒုတိယမြောက် တပုဒ်ဖြစ်ပါသည်။ ပထမ တပုဒ်အား အော်သံပေးသော အရိုးခေါင်း အမည်ဖြင့် ပြန်ဆိုထားပါသည်။ ) ကျနော်သည် တက္ကသိုလ် ကျောင်းသားဘဝ၌ ဦးအံ့မောင် ဆိုသော လူကြီးတဦးနှင့် ကံအားလျော်စွာ ခင်မင်ခွင့် ရခဲ့ပြီးနောက် မြို့နှင့် အတော်လှမ်းသော တောင်ကုန်း တောင်တန်းများကြားရှိ ၎င်း၏ ဥယျာဉ်ခြံသို့ မကြာခဏ ဆိုသလို သွားရောက် လည်ပတ်ခဲ့ရာမှ နောက်ဆုံးနှစ် ဒုတိယနှစ်ဝက်တွင် စာမေးပွဲ မရှုံးစေရန် အသဲအသန် ကြိုးစား နေရသဖြင့် မရောက်ဖြစ်သည်မှာ […]


kaiApril 5, 20244min2480
Asian အာရှလူမျိုးများကို ရန်လိုရွံမုန်းခြင်းဖြစ်စဉ်များအတွက် ပထမဆုံးဒစ်ဂျစ်တယ်အရင်းအမြစ် ” The Asian Resource Hub” AAPI Asian American Pacific Islander များကိုရန်လိုရွံမုန်းခြင်းနှင့်ခွဲခြားဆက်ဆံခံရခြင်းအရေအတွက်သည် ပြီးခဲ့သည့်နှစ်များအတွင်း United States တွင်မြင့်မားလျက်ရှိသော်လည်း ရန်လိုရွံမုန်းခြင်းကြောင့်တိုက်ခိုက်ခံရခြင်း၊ ရာဇဝတ်မှုမြောက်ခြင်းကိစ္စအများစုမှာ တိုင်ကြားခြင်းမရှိကြချေ။ တုန့်ပြန်ချက်အနေဖြင့် AAPI တို့ကိုလိုအပ်သည့် လူမှုရေးဝန်ဆောင်မှု၊ ဥပဒေရေးရာအကူအညီ၊ စိတ်ကျန်းမာရေးဝန်ဆောင်မှု၊ civic engagement နှင့် policy advocacy များကိုဝန်ဆောင်မှုပေးနေသောအဖွဲ့အစည်းများ၊ anti-Asian hate incidents များနှင့် APPI ကွန်မြူနတီ Data များကို နိုင်ငံအဝှမ်း ရှာဖွေနိုင်သော လမ်းညွှန်ဖြစ်သည့် Asian Resource Hub ကို Asian Americans Advancing Justice Southern California […]


သင့်အေးရိပ် စုဆောင်းတင်ပြပါသည်။ Mar 22 ။ ပြည်တွင်းဈေးကွက်မှာ အခေါက်ရွှေ ၁ကျပ်သားကို ၄၂ သိန်းကျပ်ဝန်းကျင်နဲ့ ဒီနေ့မှာ အမြင့်ဆုံးရောက်ရှိနေကြောင်း ရွှေရောင်းဝယ်ရေးလုပ်ကိုင်နေသူတွေက ပြောပါတယ်။ စစ်အာဏာမသိမ်းခင်က ရွှေ ၁ကျပ်သား ၁၃ သိန်းဝန်းကျင်ရှိခဲ့ရာကနေ ၃နှစ်ကျော်အတွင်းမှာ ၂၉ သိန်းကျပ်မြင့်တက်ခဲ့တာဖြစ်ပါတယ်။ US ဒေါ်လာကတော့ ၁ ဒေါ်လာကို ကျပ် ၃,၇၀၀ ကျပ် ဝန်းကျင်နဲ့ အရောင်းအဝယ် လုပ်နေကြပါတယ်။ တပတ်အတွင်း တဖြည်းဖြည်းတက်လာတဲ့ စက်သုံးဆီ အောက်တိန်း (95)ရဲ့ ဆိုင်စျေးနှုန်းဟာ ဒီနေ့မှာ ၁လီတာကို ၂,၉၀၀ ဖြစ်လာပြီးစျေးတက်ပေမဲ့ ရန်ကုန်မှာ လိုသလောက် ဝယ်လို့မရဘဲ အချိန်ကြာ တန်းစီနေရတဲ့အပြင် နယ်တွေမှာတော့ ၁ လီတာကို ၄,၀၀၀ ကျပ်လောက်အထိရောင်းချနေပါတယ်။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က အထက်လေညှင်းတောင်ကျေးရွာကို […]


kaiMarch 27, 20241min3940
လူနှစ်မျိုးသာရှိသည်။များပြားလှသည့် နှစ်မျိုးနှစ်စားတို့ဝယ် နိုင်ငံရေးနွယ်ပြဆိုသည်ကား လစ်ဘရယ်(လွတ်ပြန့်စွဲ-ဘယ်နှင့် ကွန်ဆာ့ဗေးတစ်(ရှေးရိုးစွဲ-ညာ)သာဖြစ်၏။ “ရှိပြီးသားကိုကိုင်ဆုပ် မပြုပြင်မပြောင်းလဲလိုသူ”နှင့် “ရပြီးသားကိုပြင်ဆင် သစ်ဆန်းကြည့်လိုသူ”များပါ။ ကမ္ဘာ့နိုင်ငံအသီး၏ နိုင်ငံရေးဇတ်ခုံတို့ဝယ် ဘယ်/ညာတို့သည် လူဦးရေအချိုးဖြင့် မျှခြေအနီးဆုံးဖြစ်ကာ အပြန်အလှန်ဆွဲယူထိမ်းကြောင်းကြခြင်းဖြင့် မဇ္ဈိမပဋိပဒါ အစွန်းနှစ်ဖက်ရှောင်နိုင်ခဲ့ပြီး တိုးတက်ခဲ့ကြသည်။ လူဦးရေအားဖြင့် ၅၀% +အနီးစပ်ဆုံးဖြစ်လျှင်ဖြစ်သလောက် ဘယ်/ညာ ပါတီတို့တလှည့်စီအုပ်ချုပ်ကြရင်း ရှေ့သို့ချီ သမိုင်းအမည်တွင်နိုင်ခဲ့ကြ၏။ “မြန်မာဟူသမျှ ရှေးရိုးစွဲခဲ့ကြ”မြန်မာတို့သည် မူလကွန်ဆာ့ဗေးတစ် ရှေးရိုးစွဲများဖြစ်သည်။ အစွန်းရောက်နေသည်မူ၍ ရှေးစွန်းစွဲဟုပင်ခေါ်နိုင်သည်။ ရှေးအစဉ်အဆက် ထောင်စုနှစ်မျှ ထေရဝါဒဘာသာရေး၏ဘုန်းတော်ကြီးပညာသင်ကြားရေးစနစ်တွင်သာ အရိုးစွဲခဲ့ကြရကား ပညာရေးတွင်ဘာသာရေးကိုး၍ တိုး၍တွန်းကာ အစွန်းရောက်သွားဟန်ရှိသည်။ ဤသည်မျိုးအလယ်ခေတ်ဥရောပခေတ်၌လည်းဖြစ်ခဲ့ဖူးပါသည်။ နှစ်၁၀၀၀ ကျော်ကြာခံစားကြရပြီးနောက် ၁၆ရာစုတွင် သူတို့ထိုးထွက်နိုင်ခဲ့ကြ၍ တိုးတက်သောဥရောပကို တည်ဆောက်နိုင်ခဲ့ကြ၏။မြန်မာနိုင်ငံတွင် ၁၉ရာစုနှစ်လည်လောက်မှ ရှေးစွန်းစွဲ ဘုန်းတော်ကြီးကျောင်းပညာရေး၊ သက်ဦးဆံပိုင်ဘုရင်နှင့်တွဲထားသည့်နိုင်ငံရေးစံနစ်တို့အား ပြုပြင်ပြောင်းလဲရန်ကြိုးစားလာသူတို့ရှိသောအခါ ရှေးစွန်းစွဲနှင့် လွတ်ပြန့်စွဲတို့ကြီးမားသောပဋိပက္ခဖြစ်လာသည်။ မြင်ကွန်းမြင်းခုံတိုင် အရေးအခင်းဖြင့် ပြုပြင်ပြောင်းလဲလိုသူ […]


kaiMarch 25, 20243min3890
နိုင်ငံရေး၊ လူမှုရေးဆောင်ရွက်ရင်း အင်္ဂလိပ်စာ သင်ကြားကြပါစို့(၃) Activism လုပ်ငန်းတွေကို ဆောင်ရွက်ရင်း English skills ကို တိုးတက်လာနိုင်စေကြောင်း အရင်လက အတော်အသင့် ဖေါ်ပြခဲ့ပါတယ်။ ယခုလမှာ writing skills တိုးတက်လာစေမဲ့ activism လုပ်ငန်းလေးတွေ ဖေါ်ပြလိုပါတယ်။ ဦးစွာပထမ bumper sticker လေးတွေ တီထွင်ကြရအောင်။ လူသုံးများတော့ Save Myanmar ဆိုတဲ့ Bumper sticker လေးက စ စဉ်းစားကြည့်ရင် မသင့်တော်လှပါ။စာရေးသူတို့ မြန်မာလူမျိုးတွေဟာ တခြားလူမျိုးတွေ၊ အမေရိကန်တွေ ကယ်မှ၊ ဒုက္ခတွင်းက လွတ်မယ့်လူမျိုး မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး မြန်မာနိုင်ငံကြီးကို ပြန်လည်ထူထောင်ကြမှာပါ။ ဒီတော့ ထိမိမဲ့၊ အဓိပ္ပါယ်ရှိတဲ့ Bumper sticker လေးကို တီထွင်ကြရအောင်။ ကားမှာ တပ်ဆင်ကြရအောင်။ […]


kaiMarch 18, 20242min3440
အစ္စရေးတပ်က.. ဂါဇာမြို့ရဲ့.. al-Shifa ဆေးရုံကို .. ဗုံးနဲ့ထု.. ဝင်စီးပြီး ဟာမားစ် ၂၀ ကိုသတ်တယ်ဆိုပါတယ်..။ al-Shifa ဆေးရုံက.. ဆရာဝန်၂၀.. နပ်စ်၆၀နဲ့.. ဆေးကုနေတဲ့ဆေးရုံအပြင်.. လူထောင်ချီ.. စစ်ပြေးခိုလှုံနေတဲ့နေရာပါ..။ ပြီးခဲ့တဲ့နှစ်.. အောက်တိုဘာ ၇က.. ဟာမားစ်တွေ.. အစ္စရေးဆီဝင်.. လူ၁၂၀၀လောက်သတ်.. ၂၅၃ယောက်ပြန်ပေးဆွဲသွားတာက.. စတဲ့.. အစ္စရေး-ဟာမားစစ်က.. . အခုထိ.. ပါလက်စတေးနီးယန်း ၃၁၇၀၀ အသတ်ခံရပြီးပါပြီ…။ ပြီးမယ့်အရိပ်အယောင်မမြင်ရသေး..။ လူ၂သန်းကျော်ကို.. ဆေးကုပေးနေတဲ့.. ဆေးရုံ၃၆ခုရှိပြီး.. ၁၂ခုကပဲ.. တပိုင်းတစ.. ဆေးကုလုပ်ကိုင်နေနိုင်တာပါ..။ ဂါဇာမြောက်ပိုင်းမှာ.. အစ္စရေးစစ်တပ်ဝင်.. ရှင်းထုတ်လို့.. လူထုတွေကို.. တောင်ဖက်ရှောင်ခိုင်း.. အခု.. ‌‌ ဂါဇာတောင်ပိုင်း… စစ်ရှောင်နေရာတွေဝင်စီး.. ရှင်းထုတ်ဦးမယ်လည်း.. ဆိုနေပါတယ်..။ ဆိုတော့… ဆေးရုံရော.. ကျောင်းရော.. ကလေးရော.. သက်ကြီးရော.. မိန်းမရော.. […]