အစ္စရေးတပ်က.. ဂါဇာမြို့ရဲ့.. al-Shifa ဆေးရုံကို .. ဗုံးနဲ့ထု.. ဝင်စီးပြီး ဟာမားစ် ၂၀ ကိုသတ်တယ်ဆိုပါတယ်..။ al-Shifa ဆေးရုံက.. ဆရာဝန်၂၀.. နပ်စ်၆၀နဲ့.. ဆေးကုနေတဲ့ဆေးရုံအပြင်.. လူထောင်ချီ.. စစ်ပြေးခိုလှုံနေတဲ့နေရာပါ..။ ပြီးခဲ့တဲ့နှစ်.. အောက်တိုဘာ ၇က.. ဟာမားစ်တွေ.. အစ္စရေးဆီဝင်.. လူ၁၂၀၀လောက်သတ်.. ၂၅၃ယောက်ပြန်ပေးဆွဲသွားတာက.. စတဲ့.. အစ္စရေး-ဟာမားစစ်က.. . အခုထိ.. ပါလက်စတေးနီးယန်း ၃၁၇၀၀ အသတ်ခံရပြီးပါပြီ…။ ပြီးမယ့်အရိပ်အယောင်မမြင်ရသေး..။ လူ၂သန်းကျော်ကို.. ဆေးကုပေးနေတဲ့.. ဆေးရုံ၃၆ခုရှိပြီး.. ၁၂ခုကပဲ.. တပိုင်းတစ.. ဆေးကုလုပ်ကိုင်နေနိုင်တာပါ..။ ဂါဇာမြောက်ပိုင်းမှာ.. အစ္စရေးစစ်တပ်ဝင်.. ရှင်းထုတ်လို့.. လူထုတွေကို.. တောင်ဖက်ရှောင်ခိုင်း.. အခု.. ဂါဇာတောင်ပိုင်း… စစ်ရှောင်နေရာတွေဝင်စီး.. ရှင်းထုတ်ဦးမယ်လည်း.. ဆိုနေပါတယ်..။ ဆိုတော့… ဆေးရုံရော.. ကျောင်းရော.. ကလေးရော.. သက်ကြီးရော.. မိန်းမရော.. […]