manawphyulayJanuary 9, 20225min57390
အစားအသောက်လုပ်ငန်းဆိုင်ရာ လုပ်ငန်း စတင်ချိန်တွင် ကုန်ကျစရိတ်နည်းပါးသော လုပ်ငန်းများကို စတင်နိုင်စေရန် နည်းလမ်းလေးများ ဖော်ပြပေးပါမည်။   ၁။ အစားအသောက်စီစဉ်ခြင်း။ (Meal Planning)    ပရော်ဖက်ရှင်နယ် အစားအစာ စီစဉ်သူသည် သတ်မှတ်ကာလတစ်ခုအတွင်း လူများကို ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးရန် ကူညီပေးသည်။ ကိုယ်အလေးချိန်ကျဖို့ ကြိုးစားနေသူတွေအတွက် ဒီနည်းလမ်းက အထူးကောင်းမွန်ပါတယ်။ ၎င်းတို့၏ အစားအစာအတွက် စီစဉ်ထားသော အချိန်ဇယားသည် သရေစာများနှင့် ကျန်းမာရေးနှင့် မညီညွတ်သော လှုံ့ဆော်မှု စားသုံးခြင်းကို လျှော့ချနိုင်သည်။ ဤအခန်းကဏ္ဍသည် အာဟာရ ပညာရှင်နှင့် ဆင်တူပါသည်။    ၂။ ကြံ့ခိုင်ရေးအစားအစာပြင်ဆင်မှု (Fitness Food Prep)   နောက်ထပ် အကောင်းဆုံးသော လုပ်ငန်းအကြံအစည်မှာ အစားအသောက်စီစဉ်သူနှင့် အာဟာရနည်းပြ ပေါင်းစပ်မှုဖြစ်သည်။ အားကစားသမားများနှင့် […]


manawphyulayNovember 16, 20201min24142
သမီး….. ကိုယ်ဒီတစ်သက်လုံးမှာ ကိုယ်ဘာပဲလိုချင်လိုချင် ကိုယ့်ကိုယ်တိုင် ၀ယ်နိုင်ဖို့ ကြိုးစားရပါမယ်။ တစ်ယောက်ယောက် ၀ယ်ပေးဖို့ ဘယ်တော့မှ မမျော်လင့်သင့်ပါဘူး။ မသေချာ မရေရာတဲ့ လောကကြီးမှာ “အားကိုးရတယ်” ဆိုတာ မရေရာဆုံးအထဲမှာ ပါပါတယ်။ သမီး…….. ကိုယ်အလေးချိန်လျှော့မယ်။ ဝိတ်လျှော့မယ် ဆိုတာမျိုး စကားအဖြစ်ပြောကြည့်တာပဲ ကောင်းပါတယ်။ သမီး သိရမှာ ကျန်းမာရေးဟာ အဓိက အကျဆုံးပါပဲ။ ဘယ်လောက်ပဲ ပိန်ပိန်၊ ဘယ်လောက်ပဲ စလင်းကျကျ မကျန်းမာရင် အလကားပါပဲ။ လှပတာထက် ကျက်သရေ ရှိတာက ပိုမိုတင့်တယ်တတ်ပါတယ်။ ကျက်သရေရှိဖို့ဆိုရင် အတွေးအခေါ်ရှိဖို့လိုအပ်ပါတယ်။ အတွေးအခေါ်ရှိဖို့ စာများများဖတ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သမီးက ဖက်ရှင်ကျကျ မ၀တ်စားတတ်ဘူး ဆိုရင် ရိုးရိုးရှင်းရှင်း ၀တ်စားဆင်ယင်တာက ပိုပြီး ကျက်သရေ ရှိတတ်ပါတယ်။ သမီး……. လူဆိုတာ […]


manawphyulayNovember 16, 20201min55252
ချစ်ခြင်း မုန်းခြင်း နှလုံးသွင်းမှာ၊ အချစ်များက အပြစ်များ၍၊ အမုန်းများက အရှုံးပွား၏။ ချစ်ခြင်းမုန်းခြင်း ရှောင်ကြဉ်ကင်း၍၊ မေတ္တာနှလုံး ကျင့်ကာသုံးသည့်၊ အဖြူစင်ဆုံး ဤကျင့်ထုံးကား၊ အပြစ်လည်းကင်း အရှုံးကင်းမည့်၊ မချစ်မမုန်း အကောင်းဆုံးတည်း။ မနောဖြူလေး


manawphyulayJuly 11, 20191min21487
မင်္ဂလာပါ သဂျီးနှင့် ရွာသူရွာသားအပေါင်းတို့… မရောက်တာ ကြာ အလည်တစ်ခေါက် ရောက်လို့လာခဲ့ …. မတွေ့ခဲ့ အရင်မျက်နှာများ ဘယ်ဝယ် ဘယ်ဆီ ရောက်နေသည်မသိ မှန်းဆခက်ပါဘိ….. မနောဖြူလေး


manawphyulayMarch 4, 20193min55811
မေ့မရနိုင် ၃ နှစ်တိုင် လူ့လောကသို့ ရောက်ရှိခဲ့စဉ် ကလေးဘဝမှ နွေးထွေးချစ်ခင် အပိုစကားမဆို အပြုံးချိုချိုဖြင့်နှုတ်နည်းလွန်းတဲ့ ဖေဖေ အပြောဆို သိမ်မွေ့ မေတ္တာဖြင့် သိမ်းသွင်း လမ်းမှားသွေဖယ် အေးချမ်းစွာ ပြောဆိုတတ်တဲ့ ဖေဖေ ကြွေတစ်လှည့် ဝေတစ်လှည့် လောကဓံကြားမှာ မနားတမ်း ရုန်းကန်ရင်း သူ့ဘဝကိုခင်း နင်းစေခဲ့သူ … ဖေဖေ ကျနေတဲ့ ချွေးစက်တွေနဲ့ ရုန်းကန်ခဲ့တဲ့ နေ့ရက်များက ဖေဖေ့ ရဲ့ မေတ္တာတွေကို နိုင်းပြနေပေမယ့် ဖေဖေ ဟာသားသမီးတွေကို ချစ်တယ်လို့ထုတ် မပြောခဲ့ တာ အမှန်ပါ သမီးရေ…. ဖေဖေ စိတ်ချတယ်သမီး မြေးလေးပဲ ဂရုစိုက်ပါသမီးရယ်လို့ ရင်ထဲစကား ထုတ်ပြောခဲ့သည့် ဖေဖေ မပြေလည်မှုတွေ အခက်ခဲတွေ ရင်ဆိုင်ဖြေရှင်း အိမ်ဦးနတ်ရဲ့တန်ဖိုး အမျိုးမျိုး ပြောရင်း […]


manawphyulayApril 10, 20181min9365
မင်္ဂလာပါ သဂျီးနှင့် ရွာသူရွာသားအပေါင်း သူတော်ကောင်းတို့…. မကြာခင် ရက်အတွင်းမှာ အတာကူးလို့ နှစ်ကူး အခါသမယကို ရောက်ရှိလို့ လာပါပြီ။ မင်္ဂလာ နှစ်သစ်ချိန်ခါအတွက် မနောဖြူလေးမှ ကျန်းမာ ချမ်းသာ ဘေးဘယာ ဝေးကွာစေကြောင်း ဆုတောင်း မေတ္တာ သတိတရ လာရောက်နှုတ်ခွန်းဆက်သလိုက်ရပါသည်ရှင့်။ ဒီရွာကို မရောက်ဖြစ်ခဲ့တာ ကြာပေမယ့် အဝေးက လွမ်းဆွတ်သတိရနေမိပါတယ်။ ရွာသို့ ရောက်ရှိနေခဲ့သည်မှာလည်း ဘာလိုလိုနဲ့ ၈ နှစ် တိုင်ခဲ့ပါပြီ။ ယခုချိန်ထိ အရင်စိတ်၊ အရင်အပြုံး၊ အရင်လိုပဲ မပျက်မကွက် မနောကိုလည်း ပြန်လည် သတိရပေးကြပါလို့ ပြောကြားလိုက်ရပါတော့တယ်……………


manawphyulayJanuary 17, 20181min98611
၁) လူငယ်များအတွက် ၁.၁) Switzerland နိုင်ငံတွင် သင်ကြားနေသော Dual Education & Training စနစ်များအတိုင်း သင်ကြားပေးသော မြန်မာနိုင်ငံ၏ ပထမဆုံး သင်တန်းကျောင်းကြီး ၁.၂) အလုပ်လုပ်ရင်း ပညာသင်ကြားခွင့်ရမည် အပြင် ကိုယ်ပိုင်ဝင်ငွေပါ ရရှိမည့် အခွင့်အရေး ၁.၃) ၁၅ နှစ်ကျော် တည်တံ့ခဲ့ပြီး သင်တန်းသား (၁၀၀၀) ကျော်နှင့် Profession ပေါင်းများစွာကို မွေးထုတ်ပေးခဲ့သော သင်တန်းကျောင်း ၁.၄) ဘာသာရပ်များစွာကို တစ်နေရာတည်းမှာ သင်ကြားရပြီး Non-Profit Institution ဖြစ်သည့်အတွက် မထင်မှတ်လောက်အောင် နည်းပါးသည့် ပညာသင်ကြေး ၂) Company များအတွက် ၂.၁) အရည်အချင်းရှိသော ဝန်ထမ်းကောင်းများကို ခန့်အပ်ထားလို သူများ… ၂.၂) မိမိ ဝန်ထမ်းများကို သင်ကြားပေးရန် […]


manawphyulayOctober 13, 20172min104917
Water Bus စတင်ထွက်ရှိပြီ သတင်းကြားသဖြင့် အလုပ်ဆင်းတဲ့အချိန်တွင် စောပြီး နန်းသီတာဆိပ်ကမ်းသို့ သွားရောက်ခဲ့ရာ သင်္ဘောစီးခရီးသည်များ စောင့်စားနေသည်ကို တွေ့ရပါတယ်။ ကြည့်လိုက်တော့ ကိုုယ့်လို အလုပ်ဆင်းပြန်သူ သိပ်မတွေ့ရပဲ မိသားစုအလိုက် အပျော်လိုက်စီးမည့်သူများကို တွေ့ရတယ်။ သင်္ဘောရဲ့စတင်ရာ ဂိတ်ကတော့ ဗိုလ်တစ်ထောင်ဘုရားမှ ဂိတ်စတယ်လို့ ပြောတယ်။ ဒါနဲ့ ခဏစောင့်နေတော့ တစ်ထပ်သင်္ဘောတစ်စီး ကမ်းကပ်လာတယ်။ နေရာမရမှာစိုးတဲ့အတွက် ဗိုလ်တစ်ထောင်ဘုရားဘက်ကို စီးဖို့ စိတ်ကူးလိုက်ပြီး လိုက်သွားလိုက်တယ်။ သင်္ဘောပေါ်မှာတော့ ထိုင်ခုံအပြည့်ပဲတင်တဲ့အတွက် လျော့သွားတဲ့လူဦးရေပဲ တင်တာဆိုတော့ လူအများကြီးတော့ လိုက်စီးလို့မရဘူးပေါ့။ နောက်ဗိုလ်တစ်ထောင်ဘုရားဂိတ်ရောက်တော့ အကုန်ဆင်းခိုင်းပါတယ်။ ဂိတ်ဆုံးပြီတဲ့။ ကိုယ်က အိမ်ပြန်မှာလေ အင်းစိန်ထိစီးမှာဆိုတော့ ကမ်းကို ကြည့်လိုက်တော့ လူတွေ လူတွေ မနည်းမနောပဲ ဆင်းပြီး ပြန်တက်ဖို့ မလွယ်လောက်ဘူး။ ဒါနဲ့ ယူနီဖောင်းဝတ်ကောင်လေးကို အကျိုးအကြောင်းပြောပြတော့ […]


manawphyulayAugust 2, 20171min41063
ရွာသူရွာသားများရဲ့ ဝါသနာကို ရင်တွင်းမှာ မထားပဲ မြန်မာကို ကမ္ဘာက သိအောင် လက်စွမ်းပြစေဖို့ ယခုအခွင့်အလမ်းလေးကို လက်လွတ်မခံကြစေဖို့ သတင်းကောင်းပေးလိုက်ရပါတော့တယ်။ Credit: http://photocontest.cgap.org/ ၂၀၁ရ ခုနှစ် CGAP ဓါတ်ပုံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လျက်ရှိပါတယ်။ ငွေရေးကြေးရေးဝန်ဆောင်မှုတွေက ကမာ္ဘတဝှမ်းက ပြည်သူတွေနဲ့ ရပ်ရွာ အသိုက်အဝန်းကို ဘယ်လိုကူညီနေသလဲဆိုတာကို ပေါ်လွင်စေမယ့် ဓာတ်ပုံတွေကို ပေးပို့ပြီး ပါဝင်လိုက်ပါ။ http://photocontest.cgap.org/ လျှောက်လွှာပိ်တ်ရက် – စက်တင်ဘာလ ၂၉ ရက်၊ ၂၀၁၇။ The 2017 CGAP Photo Contest is open for entries! Share your photos to join the ranks of talented photographers […]