Wai PhyoeJuly 3, 20123min79418
ခုမှရောက်တာမို့လို့ပုံနည်းသွားတာနားလည်ပေးစေလိုပါတယ် မှတ်ချက်။ ၊အောက်ဆုံးပုံမှာ apartment web မှာ ကြိုက်လွန်းသဖြင့် ရေကူးကန်ပုံကို ကူးယူပြခြင်းဖြစ်သည်


Wai PhyoeJune 20, 20121min109048
အားလုံးမျှော်လင့်စောင့်စားနေတဲ့ Samsung Galaxy S3 ကတော့ iPhone4 ကိုကျော်တက်ပြီး NO.1 Smart Phone နေရာကိုလှလှပပလေးသိမ်းယူနိင်ခဲ့ပြန်ပါပြီ။ ဖုန်းကလဲ ဒီဇိုင်းနဲ့ဈေးနှန်းနဲ့တင်လူရှိန်လောက်ပါတယ် ဒါပေမဲ့လည်း အားနည်းချက် အားသာချက်ကတော့အမြဲလိုပါလာစမြဲပါ။လူငယ်တွေပါးစပ်ဖြားမှာတော့ Ferrari of SmartPhone ဆိုပဲ ။ ပာုတ်မှာပါ ဒီဇိုင်းကလန်းသကိုဗျာ။အရင်ဆုံးဒီဇိုင်းပိုင်းလေးကိုကြည့်ကြအောင်  Samsung S3 ရဲ့လုံးဝခွဲထွက်လိုက်တဲ့အချက်ကတော့ S2 တို့အရင်ဖုန်းတုန်းကတို့လို လေးထောင့်မပာုတ်ပဲအနားသတ်တွေကိုလုံးဝလုံးချလိုက်ပါတယ်။နောက်ထပ်အားသားချက်တစ်ခုကတော့ ဒီဇိုင်းက အမျိုးသားကော အမျိုးသမီးကောကိုင်ဖို့အဆင်ပြေတာပါပဲ။ဒါ့အပြင်ဖုန်းဇောင်းတွေအကုန်လုံးအနားလုံးထားပါ တယ်။အဲ့တော့ပုံစံကပိုပြားသယောင်ယောင်ဖြစ်သွားပါတယ်။ Weight ကတော့ ၁၃၃g ပဲဆိုတော့တော်တော်လေးကိုပေါ့ပါးပါတယ်။ အလျား*အနံကတော့       136.6 x 70.6 x 8.6 mm ဆိုတော့ Touch ကြီးကြီးသုံးချင်သူတွေအတွက်အလွန်ပဲအဆင်ပြေစေပါတယ်။                                                                    Camera Galaxy S3 ရဲ့ Camera ကတုမရှိလို့မဆိုနိင်ပေမဲ့ မရှိမဖြစ်လို့တော့ဆိုနိင်တယ်ဗျာ။ S2တို့ […]


Wai PhyoeJune 19, 20122min73624
ကျွန်တော့် အဖြစ်ကဆိုးပါတယ်ဗျာ သူများတွေလို Canon Mark 2  5D  လဲမကိုင်နိင် Wide Screen Camera လဲမရှိ။ ယုတ်စွအဆုံး အိမ်သုံး Digital Camera တောင်မရှိဘူးဗျာ။ ဆိုတော့ကာ……………………..ဖုန်းလေးနဲ့ရိုက်ထားတဲ့ပုံချာချာလေးတွေကိုပဲ အားပေးပါတော့ဗျာ ဆြာတေသင်ပေးမယ်လို့လဲမျှော်လင့်ပါတယ်ဂျာ။  


Wai PhyoeJune 19, 20122min3272
SuperComputers ဒီတစ်ပတ်မှာတော့ကွန်ပျူတာနယ်ပယ်နှင့်အကျွမ်းတဝင်မရှိသေးသောသူများအတွက် “စူပါကွန်ပျူတာ” အမျိုးစားနှင့်မိတ်ဆက်ပေးလိုက်ပါရစေ။သာမန်အားဖြင့် ကျွန်တော့်တို့တွေခွဲခြားထားတာက PC နဲ့ Laptop ဆိုပြီးနှစ်မျိုးခွဲထားပါတယ်။တကယ်တော့ ဒီနှစ်မျိုးထဲမကပါဘူးတခြား SuperComputer,Mainframes နဲ့ WorkStation တွေဆိုတာရှိပါသေး တယ်။အဲ့ဒီ ၃မျိုးထဲမှစိတ်ဝင်စားစရာ SuperComputer အကြောင်းကိုအခြေခံလေးပြောချင်ပါတယ်။ Super Computer တွေဆိုတာခုလက်ရှိမြင့်ပါတယ်ဆိုတဲ့ Computer တွေမဖြေရှင်းနိင်မကိုင်တွယ်နိင်သေးတဲ့ပြသာနာတွေကိုတွက်ချက်ဖို့အတွက်အထူးဒီဇိုင်းဆွဲထား တဲ့ကွန်ပျူတာကြီးတွေလို့အကြမ်းဖျင်းဆိုနိင်ပါတယ်။ SuperComputer တွေကိုဥပမာအားဖြင့် ကားတွေဒီဇိုင်းဆွဲရာတွင်သောလည်းကောင်းလေယဉ်ပျံများတည်ဆောက်ရာတွင်လည်းကောင်းအ ထူးသုံးကြပါတယ်။ခုဆိုရင်အာကာသယဉ်တွေကိုအကောင်းဆုံးဒီဇို်င်းဆွဲရာတွင်လည်း SuperComputer တွေကမပါမပြီးဖြစ်လာပါပြီ။အဲ့ဒါတွေအပြင် ရာသီဥတုခန့်မှန်းတာတွေ၊ဆေးဝါးအသစ်တွေ တည်ထွင်ဖို့တွက်ချက်တာတေ၊ွဓါတုဒြပ်ပေါင်းတွေတည်ထွင်ရာမှာလည်းသုံးကြပါတယ်။Scientist တွေကလည်း Atomများနဲ့ဖွဲ့စည်းထားတဲ့Particlesတွေ၊ကြယ်တွေGalaxyတွေတည်ဆောက်ပုံက အစ SuperComputer တွေနဲ့ပဲတွက်ချက်နေရပါတယ်။ SuperComputer များကိုအကျယ်ပြန့်ဆုံးသုံးသော Field များကိုပြပာုဆိုပါကစစ်တပ်များမှာအတွင်ကျယ်ဆုံးသုံးကြပါတယ်။SuperComputer များကတာဝေးပြေးလက်နက်များကိုထိန်းချုပ်ရာတွင်အတိကျဆုံးနှင့်အမြန်ဆုံးဖြစ်ပါသည်။အချို့နေရာများတွင်လည်းSuperComputer များကိုနည်းပေါင်းစုံနှင့်သုံးကြပါသည်။ Super Computerများနှင့်တခြား Computer များကွာခြားချက်မှာ SuperComputerများသည် ပြသာနာတစ်ခု Task တစ်ခုတည်းကိုသာ တစ်ချိန်တည်းတွင်ဖြေရှုင်းပါသည်။ ဆိုလိုရင်းမှာ Task တစ်ခု […]


Wai PhyoeJune 18, 20122min57413
ယနေ့အိုင်တီခေတ်တွင်လူအများစုသည် Brand စုံ၊ဈေးနှန်းစုံ Computer မျိုးစုံတို့ကိုသုံးလာကြသည်။ထိုသို့တိုးတက်လာသည်မှာလည်းလျှော့ကျရန်မရှိ၊တိုးပြီးရင်းတိုးဘို့သာရှိလာတော့သည်။ ထို့အတူ Software Application များစွာလည်းသူ့ထက်ငါအပြိုင်ထွက်ပေါ်လာကြသည်။ လူငယ်များကလည်း Computer များနှင့်ပက်သတ်လာလျှင်Professional ပိုပြီးဆန်လာကြသည်။ Application များစွာအကြောင်းကိုအသေးစိပ်သိကြသည်၊မသိလည်းသိရန်သင်တန်းတွေတက်ကြမေးကြမြန်းကြနှင့်ကြိုးစားကြသည်။သို့သော်အားလုံးသတိမထားကြမိသည်မှာ မိခင်ပင်ရင်း ှApplication ကြီးဖြစ်သည့် Operating System များအကြောင်းဖြစ်သည်။ Operarting System သည်ထဲထဲဝင်ဝင်သိရန်ခက်သည်၊နက်ရှိင်းသည်။သို့သော်အားလုံးအခြေခံအားဖြင့်သိသင့်သဖြင့် လက်လှမ်းမိသမျှ မသိမဖြစ်အခြေခံအချက်လေးများကိုဖော်ပြလိုပါသည်။ OS ဆိုတာဘာလဲ? Operating System ဆိုသည်မှာကွန်ပျူတာတစ်လုံးကိုထိန်းချုပ်ရန်အတွက်အခြေခံအကျဆုံး Software တစ်ခုပာုသတ်မှတ်နိင်ပါသည်။OS များတွင်အခြေခံအားဖြင့် အဓိကအားဖြင့် Function 3 ခုရှိပါသည်။ပထမတစ်ခုမှာ Hardware အစိတ်အပိုင်းတွေကိုညှိနှိုင်းပေးခြင်းနှင့်ကိုင်တွယ်စီမံခြင်းဖြစ်ပါသည်။ဥပမာအနေဖြင့်OS တစ်ခုသည် Printer, memory , disk ,mouse နဲ့  keyboard စ တဲ့အခြေခံ Hardware တွေကိုထိန်းချုပ်ရပါတယ်။ဒုတိယတစ်ခုကတော့ File များကိုထိန်းချုပ်စီမံရပါသည်။ဥပမာအနေဖြင့် floppy […]


Wai PhyoeJune 15, 20121min92323
ရန်ကုန်မြို့တွင်း၌ ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ် ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခများဖြစ်ပေါ်မည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ပုံမှန် အခြေအနေအတိုင်း အေးချမ်းစွာရှိခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၅ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်များ ဗလီအဆင်း၌ ဗုဒ္ဓဘာသာဝင်များနှင့် ပဋိပက္ခဖြစ်ပွားမှုများ ဖြစ်ပေါ်လိမ့်မည်ဟု လှုံ့ဆော်သော စာရွက်စာတမ်းများ ယင်းနေ့မတိုင်မီရက်များက ရန်ကုန်မြို့အတွင်း ပျံ့နှံ့ခဲ့ပြီး မြို့နေပြည်သူများအနေဖြင့် အထိတ်တလန့်များ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ဇွန်လ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗလီအချို့နှင့် အစ္စလာမ်ဘာသာဝင်များ အများဆုံးနေထိုင်သော မြို့နယ်များ၌ လုံခြုံရေးများ တင်း ကြပ်စွာချထားခဲ့ကြောင်းသိရသည်။ သို့ရာတွင် ရန်ကုန်မြို့အတွင်း ဗလီများအနီးတွင် ဆူပူအုံကြွမှုများ ဖြစ်ပေါ်နေသည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သောကြောင့် ဈေးဆိုင်ခန်းအချို့ ဖွင့်လှစ်ခြင်းမရှိသည်ကို တွေ့ခဲ့ရပြီး အခြေခံပညာ ကျောင်းအချို့တွင်လည်း ကျောင်းသားမိဘအချို့က […]


Wai PhyoeJune 13, 20122min4498
ဘယ်Anti Virus ကိုဝယ်သူသုံးစွဲကြမလဲ၊ဘယ်Anti Virus ကကိုယ့်အတွက်အဆင်ပြေနိင်မလဲ? ကွန်ပျူတာနည်းပညာကြီးတိုးတက်လာသည်နှင့်အမျှ Computer Virus များကလည်းတသီကြီးပါလာတတ်ကြသည်။တချို့ Virus များဆိုလျှင် Hard Disk ကိုအရည်ကျိုသလိုပျက်ဆီးသွားနိင်သည် အထိကိုအဖျက်စွမ်းအားကြီးကြပါသည်။သို့နှင့်ပင်ထို Virus များကိုတိုက်ခိုက်ရန် Anti Virus များကလည်းဈေးကွက်တွင်းသို့တစ်မပာုတ်ခြင်းဝင်ရောက်လာကြသည်။Anti Virus တစ်ချို့ကလည်း Performance မြင့်ကြသည်။တချို့ကလည်းအားနည်းချက်များရှိနေကြသေးသည်။ထိုထဲမှာမိမိအတွက်အဆင်ပြေမည့် AntiVirus များကိုယခုတစ်ပတ်အတွက်တင်ပြလိုက်ပါသည်။ 1.Bitdefender Anti-Virus Bitdefender ကတော့အကောင်းဆုံးစာရင်းဝင်ဖြစ်ပြီး တော်တော်လေးကိုလုံခြုံမှူပေးစွမ်းနိင်ပါသည်။သုံးစွဲရလွယ်ကူပြီးUserFriendly လည်းဖြစ်သည့်အတွက်အတော်လေးသုံးကြပါသည်။ နောက်ထပ်အားသာချက်မှာBitdefender သုံးသူများအတွက်မိမိစက်မလေးအောင် အထူးဒီဇိုင်းဆွဲထားခြင်းဖြစ်ပါသည်။သို့သော်စက်ကိုအနည်းငယ်တော့လေးစေပါသည်။KeyLogging တွေ ကိုပါရှာဖွေနိင်သဖြင့် Hacker များရန်မှအတော်အတန်ကာကွယ်နိင်ပါသည်။ 2.Kaspersky Anti-Virus အကောင်းဆုံးစာရင်းဝင်ကာမြန်မာနိင်ငံတွင်အသုံးများဆုံးသောAnti-Virus ဖြစ်ပါသည်။Scan ဖတ်ရာတွင်လည်းမြန်ဆန်မှူတိကျမှူရှိပါသည်။Update တော့မှန်မှန်လုပ်ရန်အလွန်အရေးကြီးပါ သည်။အားသာချက်မှာစက်လုံးဝမလေးခြင်းဖြစ်ပါသည်။သို့သော် License သက်တမ်းကုန်ခါနီးပါက စက်အချို့တွင် Refresh လုပ်ရန်ပင်၁၅second အထိကြာမြင့်တတ်သည်အထိစက်လေး သည်မှာလည်း အားနည်းချက်တစ်ခုဖြစ်ပါသည်။မည်သို့ဆိုစေ Disabled […]


Wai PhyoeJune 13, 20121min61315
ကျန်းမာသန်စွမ်းသော သုက်ပိုးထွက်ရှိမှုအတွက် အဓိကကျသည့် မျိုးဗီဇကို စကော့တလန်မှ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ပြီးနောက် အမျိုးသားများ သောက်သုံးနိုင်သည့် ပဋိသန္ဓေတားဆေး ထုတ်လုပ်နိုင်ရန် မျှော်လင့်လာနိုင်ပြီ ဖြစ်သည်။ သုက်ပိုးထုတ်လုပ်ရာတွင် နောက်ဆုံးအဆင့်များအတွက် အရေးပါသော Katanal1 အမည်ရ မျိုးဗီဇကို ကြွက်များတွင် လေ့လာရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Katanal1 မျိုးဗီဇကို တားဆီးနိုင်သော ဆေးဝါး ထုတ်လုပ်နိုင်မည် ဆိုလျှင် အမျိုးသားက ယင်းဆေးကိုသောက်ရုံဖြင့် ပဋိသန္ဓေ တားနိုင်မည်ဖြစ်သည်။ ယခုအချိန်အထိ အမျိုးသားဘက်က ပဋိသန္ဓေတားရန်အတွက် ပုံမှန်အားဖြင့် ကွန်ဒုံးသုံးခြင်းနှင့် သားကြောဖြတ်ခြင်း၊ ထုံးခြင်းကိုသာ ပြုလုပ်၍ရသေးသည်။ အီဒင်ဘာ့ဂ်တက္ကသိုလ် မျိုးဆက်ပွား ကျန်းမာရေးဌာနမှ သုတေသနပညာရှင်များက အမျိုးသားများ မျိုးမအောင်မှုနှင့်ပတ်သက်ပြီး သုတေသန ပြုလုပ်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကြွက်များတွင် မျိုးဗီဇကို ကြုံရာကျပန်းပြင်ပစ်ကာ မည်သည့်မျိုး ဗီဇချို့ယွင်းလျှင် မျိုးမအောင်ဖြစ်တတ်သနည်းဆိုခြင်းကို […]


Wai PhyoeJune 13, 20122min39710
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ဆူပူအကြမ်းဖက်မှုများသည် လက်ရှိတွင် ရက်သတ္တပတ်နီးပါး ကြာမြင့်လာပြီဖြစ်ပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခဲ့သော်လည်း အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။ ရခိုင်တိုင်းရင်းသား နည်းပါးသော မြို့နယ်များဖြစ်သည့် မောင်တော၊ စစ်တွေ စသည့်မြို့များတွင် အကြမ်းဖက်မှုများ အဓိက ဖြစ်ပွားနေခြင်းဖြစ်ပြီး အခြားသော ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ သံတွဲ စသည့်မြို့များတွင်မူ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခြင်း မရှိကြောင်း၊ အလားတူပင် မြန်မာနိုင်ငံ မြို့ကြီးအသီးသီးတွင် လူမျိုးဘာသာပေါင်းစုံ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်အတွင်း၌ ဇွန်လ ၄ ရက်နေ့မှစတင်ပြီး မောင်တောမြို့တွင် အကြမ်းဖက်မှုများ စတင်ဖြစ်ပွားလာကာ မောင်တောနှင့် ဘူးသီးတောင်မြို့တို့၌ ရိုက်နှက်ခြင်း၊ လုယက်ခြင်းတို့ကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်တွေမြို့တွင် […]


Wai PhyoeJune 12, 20122min2742
၂၀၀ဝ ပြည့်နှစ်လောက်က ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတွင် ဌာနတွင်း စာတမ်းဖတ်ပွဲများကို အပတ်စဉ် သောကြာနေ့တိုင်း ကျင်းပခဲ့ရာ မိမိလည်း ပတ်ဝန်းကျင်ဆိုင်ရာ စာတမ်းလေးတစ်ခု ဖတ်ဖြစ်ခဲ့သည်။ စာတမ်းတွင် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများနှင့် ၎င်းတို့ဖြစ်ပေါ်ရ ခြင်း၏ အကြောင်းရင်းများ ထိုစဉ်က မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု အခြေအနေများကို စု၊တု၊ ပြု၍ အကျဉ်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း နာယက ပါမောက္ခဒေါက်တာဦးသိန်း (ငြိမ်း)ပြုစုပြီး အခြေခံပညာဦးစီးဌာန အလယ်တန်း အထွေထွေသိပ္ပံဘာသာရပ်တွင် ပြဋ္ဌာန်းထားသည်။ ”မြေကမ္ဘာ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ခြင်း ”အခန်းတွင် ကမ္ဘာမြေ၏ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု အဓိက ဖြစ်ရပ်များကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။ (၁) လေထုညစ်ညမ်းမှုနှင့် ကမ္ဘာကြီးပူနွေးလာမှု (၂) အိုဇုန်းလွှာပျက်စီးမှု (၃) […]


Wai PhyoeJune 12, 20121min3936
လိုအပ်ပါက စာရိုက်ရန်၊ ဖုန်းနံပါတ်နှိပ်ရန်၊ အဝေးထိန်းခလုတ်အဖြစ်သုံးရန် လိုအပ်သလို ခလုတ်များ ဖောင်းကြွထွက်လာနိုင်ပြီး အသုံးမလိုတော့ပါက ပုံမှန်အတိုင်း မျက်နှာပြင် ပြန်ပြားသွားသည့် ဖန်သားပြင်တစ်မျိုးကို စမ်းသပ် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အနာဂတ်တွင် ယင်းဖန်သား ပြင်စနစ်ကို စမတ်ဖုန်းနှင့်သင်ပုန်း ကွန်ပျူတာများတွင် အသုံးပြုသွားနိုင်မည်ဖြစ်သလို ဂီတတူရိယာအဖြစ်ပါ သုံးနိုင်မည်ဟု မျှော်လင့်ထားသည်။ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်အခြေစိုက် Tactus ကုမ္ပဏီကဖန်တီးသည့် ယင်းဖန်သားပြင်မှာ ပုံမှန်ထိတွေ့ မျက်နှာပြင်များကဲ့သို့ပင် ထုထည်ထူထဲခြင်း မရှိဟုလည်း ဆိုသည်။ ယခုနည်းပညာသည် လက်ရှိသုံးစွဲနေသော ထိတွေ့မှုကို တုန်ခါမှုဖြင့် တုံ့ပြန်သည့် စနစ်ထက် များစွာ အဆင့်မြင့်ပြီး ပိုမိုအဆင်ပြေစေနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ မျက်နှာပြင်ပေါ်မှ လိုအပ်သလို ဖောင်းကြွထွက်လာမည့် ပကတိ ခလုတ်များနှင့်မခြား ထိတွေ့ ခံစားနိုင်သည့် ခလုတ်များသည် မလိုသည့် အချိန်တွင် ဖန်သားပြင်တွင်းသို့ […]


Wai PhyoeJune 11, 20121min93927
မနေ့ညမြန်မာစံတော်ချိန် ၈ နာရီသတင်းကြားရပြီး ကျွန်တော့်တို့ဦးသိန်းစိန်ကိုအပြည့်ဝထောက်ခံလိုက်ပါသည်။တစ်ချို့လူတစ်စုကတော့ကြိုက်ကြမည်မပာုတ်။သို့သော်ယခု Post သည်လည်း ထိုသို့နေရာတကာကန့်လိုက်တိုက် နိင်ငံကောင်းအောင်ဘာမျှမလုပ်ပဲလုပ်သမျှအကောင်းမမြင် သူထောင်ကိုယ်ထောင်လုပ်မည့်သူများအတွက်ဖြေရှင်းချက်ပေးမည့် Post မပာုတ်။ ညီလေး… မင်းစာများများဖတ်လို့ အာကြီးလေသံနှင့်ဆရာလုပ်မည့်သူများကိုလည်းဘာမျှ ပြန် Reply လုပ်မည်မပာုတ်သဖြင့်ကြိုတင်တောင်းပန်ထားပါရစေ။သို့သော်ကျွန်တော်ပြောချင်သည်မှာ တစ်ခွန်းတည်း ပါ………..” လက်ရှိအချိန်ထိကျွန်တော်ဦးသိန်းစိန်ကိုလေးစားတယ်၊ဦသိန်းစိန်ကိုထောက်ခံတယ် ” ။ အဲ့အယ့်ဒီလိုပြောလို့ ကျွန်တော့်ကို ကြံ့ဖွတ်အဖွဲ့ဝင်လား စစ်ခွေးလားလို့တော့မမေးနဲ့ဗျာ့။ရှင်းရှင်းလေး ကျွန်တော့်တို့အမျိုးထဲမှာ ဘာအစိုး၇ဝန်ထမ်းမှမရှိဘူး.ဒါစကားကုန်ပါပဲ။ကျွန်တော့်မှာဘာခေါင်းဆောင်စွဲမှလည်းမရှိပါဘူး။ တိုတိုတုတ်တုတ်၈နာရီသတင်းမိန့်ခွန်းအပြီး ဘာမဆိုင်ညာမဆိုင်အမှားတွေကိုထောက်ပြသည့် ပို့စ်များ နာရီဝက်အတွင်းတက်လာသည်။ဘယ်အချိန်ကတည်းက အပြစ်တင်ဝေဖန်(critize)လုပ်ခြင်နေကြ သည်မသိ ပို့စ်များကစက်သေနတ်အလားပစ်လွတ်နေကြသည်။ အရေးပါသည့်အချိန်တွင် အရေးမပါသည်များလက်မောင်းတန်းနေကြသည်။ ဖြစ်နေသည်များကိုလည်းပွင့်ပွင့်လင်းလင်းပြောသွားသည်အပူ နည်းများနှင့်မပာုတ်ပဲ အအေးနည်းများနှင့်ဖြေရှင်းသွားရန်တိုက်တွန်းသွားသည်။ဒါကို တစ်ချို့က သေနတ်မသုံးရကောင်းလားမေးခွန်းထုတ်ပြီးလှောင်ကြသည်။ ဘာပဲပြောပြော ဘာမဆိုအကောင်းဖြစ်ဖြစ်အ ဆိုးဖြစ်ဖြစ် Critize လုပ်နိင်သည့်ထိုသူများ၏ ဦးနှောက်အရည်သွေးတွေကိုတော့စလံသမိပေသည်။ ယခုလက်ရှိတွင်လည်းဖြစ်ပေါ်နေသော ရခိုင်-ကုလား အရေးခင်းတွင်လည်းတစ်ချို့လူစုက”တောက်..သောက်စစ်သားတွေကုလားတွေကိုပစ်ပါလားကွာ ရပ်ပဲကြည့်နေကြတယ်”ပာုလေဘော်နှင့်အာရိုက် ကြသည်။ ထို့သို့စကားကို လက်လွှတ်စပယ်ပြောဆိုသူများကိုကျွန်တော် […]