စိတ်ကျန်းမာရေး အရေးပေါ်အခြေအနေများ ယခုလတွင် စိတ်ရောဂါကြောင့်၊ တနည်းအားဖြင့် Mental Illnesses များနှင့် ဆက်စပ်၍ စွပ်စွဲပြစ်တင်ခံရခြင်း (stigma) ရှိနေပါသေးသည်။ “Stigma” ကို အင်္ဂလိပ်အဘိဓာန်၌ အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်- မြန်မာလူမျိုးတိုင်း နားလည်ပါသည်။ စိတ်ရောဂါဖြစ်သည်ဟု ဆိုလိုက်ရုံနှင့် မြန်မာများက အထင်သေးတတ်ပါသည်။ ကဲ့ရဲ့စရာ၊ ရှုတ်ချစရာ၊ အပြစ်မြင်စရာဟု ထင်တတ်ကြ၍ ဝေဒနာရှင်ကိုယ်တိုင်ကရော၊ ဆွေမျိုးမောင်နှမများကပါ Mental Illnesses များကို ဖုံးကွယ်ထားတတ်ပါသည်။ ဒီလို stigma ကြောင့် တော်ရုံတန်ရုံ စိတ်ပညာရှင် (psychologist) နှင့် ပြီးရမည့်ကိစ္စ၊ ကုထုံး (therapy) နှင့် ပြီးရမည့်ကိစ္စဟာ ကြီးထွားသွားတတ်ပြီး စိတ်ရောဂါအထူးကုဆရာဝန် (psychiatrist) နှင့် တွေ့ရ၊ ဆေးဝါးသုံးဆောင်ရသော အဆင့်သို့ ရောက်သွားတတ်ပါသည်။ Mental Illnesses […]