by Prof; Myo Kyaw Myint ယခုလတွင် အောင်မြင်ကျော်ကြားလိုသူတိုင်း၌ ရှိသင့်ရှိထိုက်သည့် Body Language ကို ဦးစားပေး ဖော်ပြလိုပါသည်။ ပထမဆုံး ဂရုစိုက်ပြီး ပြုပြင်ရမည့်ကိစ္စမှာ Eye-contact ပင် ဖြစ်ပါသည်။ မြန်မာယဉ်ကျေးမှုအရ Eye-contact မှာ အရေးမကြီးလှပါ။ မျက်လုံးချင်း မဆိုင်မိစေရန် မျက်လွှာချ၍ နေထိုင်ခြင်းကိုပင် ဣန္ဒြေရသည်ဟု ဆိုတတ်ကြပါသည်။ သို့သော် အမေရိကား တွင် Eye-contact မလုပ်သူ၊ မလုပ်လိုသူကို တစ်မျိုးတစ်မည် ထင်တတ်ပါသည်။ လိမ်ညာတတ်သူ၊ Confidence မရှိသူဟု ထင်တတ်ပါသည်။ ထို့ကြောင့် အမေရိကန်များနှင့် စကားပြောရသည့်အခါ၊ ဆက်ဆံရသည့်အခါ Eye-contact လုပ်ရန် အရေးကြီးပါသည်။ အထူးသဖြင့် Job interview များ၌ Eye-contact သည် အထူး […]

