by SweSwe Aye ယခင်က အမေရိကား လူ့အဖွဲ့အစည်း၏ အစွန်အဖျားတွင်သာ ရှိခဲ့သော လူဖြူကြီးစိုးရေးဝါဒနှင့် အစွန်းရောက် လက်ယာအုပ်စုများ၏ အတွေးအခေါ်များသည် နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေး အဓိကနေရာများသို့ ခိုင်မြဲစွာ ဝင်ရောက်လာပြီဖြစ်သည်။ ထိုပြောင်းလဲမှုသည် ရွေးကောက်ပွဲများကို ပုံဖော်နေပြီး၊ မူဝါဒများကို သက်ရောက်မှုရှိကာ၊ ပညာရှင်များနှင့် သတင်းသမားများက အမေရိကား ဒီမိုကရေစီအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း သတိပေးထားသည့် ပြင်းထန်သောသဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။ လူဖြူများ၏ မကျေနပ်ချက်၊ နိုင်ငံရေး အခွင့်ကောင်းယူမှု၊ ခရစ်ယာန် အမျိုးသားရေးဝါဒ (Christian Nationalism) နှင့် လက်ယာစွန်းရောက်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ စည်းရုံးလှုံ့ဆော်မှုများ၏ ဆုံမှတ်များကို မီးမောင်းထိုးပြကာ ထိုကိစ္စပုံမှန်ဖြစ်လာခြင်း၏ အကြောင်းရင်းများနှင့် သက်ရောက်မှုများကို American Community Media က ဦးစီးပြီး နိုင်ငံရေးသုတေငီများ၊ […]

