ချစ်ခြင်းရဲ့နောက်ကွယ်မှာ ………………………….. ရစ်နှောင်ဖွဲ့အခိုးငွေ့တွေက ငါ့ကိုများဆက်သွယ်နေသလားမသိ ဟန်မူယာအသွင်အပြင်တွေရဲ့ လောင်းရိပ်အောက်ကနေထွက်ခါဖို့ ငါ့ကိုငါမဝံ့မရဲဖြစ်နေခဲ့ရပြီ…။ စူရှတဲ့မျက်ဝန်းတစ်စုံက ချည်နှောင်ခြင်းသံယောဇဉ်အမျှင်စတွေနဲ့ ငါ့နှလုံးသားကိုရစ်နှောင်ဖွဲ့နေခဲ့ပြီပေါ့…။ ဖြစ်နိုင်မယ်ဆိုရင်…………. ရုန်းထွက်ဖို့ခက်ခဲနေတဲ့ ရစ်နှောင်ဖွဲ့သံယောဇဉ်အမျှင်စတွေကို ငါကိုယ်တိုင်တည်ဆောက်ချင်ပါသေးတယ် ခုတော့……………….. အနားသက်မညီတဲ့မော်ကွန်းတွေကြောင့် မတူညီသောလမ်းကြောင်းပေါ်ရဲ့ ဟိုဘက်ထိပ်ဒီဘက်ထိပ်မှာရပ်ကြရင်း………………..။ ။ ဇွဲမာန်(အင်းဝ)

