နံနက်ခင်း လတ်ဆတ်တဲ့လေ မျက်နှာတပြင်လုံးကို လာထိတော့ အားပါးပါး လန်းဆန်းသွားတာပဲ သူငါကိုယ်စီ အလုပ်လုပ်နေလိုက်တာ မြန်လို့ ဒီနေ့ထမင်းစားဖို့နဲ့ မျိုးဆက်သစ်များအတွက်လေ ကောင်းပြီ ငါလည်းငါ့ဘဝတိုးတက်အောင် လုပ်ရဦးမည်။ ဒီနေ့ခြေလှမ်းသစ်တွေနဲ့ တာဝန်ရှိရာဦးတည် ပြီ။ခြေလှမ်းများအတော် လျှောက်မိချိန် အရှေ့မှတစ်စုံတရာတွန်းထားသလို ခံစားလိုက်ရသည်။ဟာ ဘယ်လိုဖြစ်တာလဲ လွန်ခဲ့သည့်(၅)နာရီလောက်က ကျွန်တော့မျက်နှာကို လာထိသည့်လေညှင်လေး အခု ရှေ့တည့်တည့်မှ အင်အားကြီးစွာ တိုက်ခိုက်နေလေပြီ။ အပြောင်းအလဲ မြန်လှချည်လား။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်ရှိရာ ရောက်အောင်သွားမည်။စိတ်ပင်ရှိသော်ငြားလည်း ခန္ဒာကိုယ်က မနဲရွေ့ နေရသည်။တဖြေးဖြေး မျက်နှာပြင်သို့သစ်ရွက်များနှင့် ဓနိဖက်၊သစ်ကိုင်းစများနှင့်သာထိတွေရတော့ သည်။မျက်လုံးကိုစုံကန် ဖွင့်လိုက်တော့တသက်လုံး မပြုပြင်ပဲထားတဲ့ အိမ်တွေလို အမိုးမရှိ၊အကာတွေ ပြုတ်ကျ ငါ အိပ်မက်နေတာလား စဉ်းစားနေချိန် ခြေထောက်မှ ဆစ်ခနဲ နာကျင်မှု့ကိုခံစားလိုက်ရ သည်။ငုံကြည့်လိုက်တော ့ သံတန်းလန်းနှင့်သစ်သားကို တက်နင်းမိခြင်း ။ကျွန်တော်သိလိုက်ပြီ […]

