weiweiMay 3, 20122min4136
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ တည်ရှိပါတယ်။ နှစ်စဉ် ဝါဆိုလပြည့်နေ့မှာ ငါးကြီးစာကျွေးခြင်းအခမ်းအနားပြုလုပ်ပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာကြပါတယ်။ အရင်တစ်ခေါက်ရောက်တုန်းက ငါးကြီးစာကျွေးတဲ့အထိရောက်ခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ အချိန်မရတာရယ်၊ အရမ်းပူနေတာရယ်၊ သင်္ကြန်တွင်းဖြစ်နေလို့ ရေစိုမှာကြောက်တာရယ်ကြောင့် မသွားဖြစ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က တစ်ကြိမ်ရောက်ဖူးပြီး ယခုတစ်ကြိမ်ထပ်ရောက်တဲ့အခါ ပြောင်းလဲမှုတွေ အများကြီးရှိနေတာ သတိထားမိပါတယ်။ ရွှေရောင်တဝင်းဝင်းနဲ့ သန့်ရှင်းသပ်ယပ်နေတဲ့ ကျောင်းတော်ရာဘုရားကို မှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ပါတယ်။ မှတ်မှတ်ရရ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာကတော့ သူတောင်းစားတွေရှိနေတာပါပဲ .. သပ်သပ်ယပ်ယပ် ဝတ်စားထားကြပြီး မသိမသာတောင်းစားနေကြတာဖြစ်ပေမယ့် အဆက်မပြတ် လိုက်တောင်းနေတာကတော့ စိတ်ရှုပ်စရာကောင်းလှပါတယ် ….


ကျွန်တော့် မိတ်ဆွေ MG member တစ်ယောက်က သူ့ရဲ့ MG account password ပြောင်းပြီး login လုပ်မရဘူးတဲ့။ Lost your password?က လုပ် မယ် ဆိုတော့လဲ network error ချည်းတက်နေတယ်။ရွာသူရွာသား များသိရင် ပြောကြပါဦး


၃ရက်လောက်ရှိပါပြီး ကျွန်တော် ရုံးက ပြန်လာတိုင်း အိမ်ကိုပြန်တော့ အိမ်ရှေ.မှာ ခွေးလေးတစ်ကောင် တွေ.တွေ.နေရတယ်… ကိုယ်ကလဲ ခွေးတော့မချစ်တတ်ပါဘူး ဒါပေမယ့် သူက အိမ်ရှေ.မှာ ယောင်လည်လည်နဲ. ဘာလာလုပ်တာလဲမသိပါဘူး… အဲဒီခွေးကိုလဲ တစ်ခါမှ မမြင်ဘူးဘူး ဘေးအိမ်တွေက ခွေးလဲ မဖြစ်နိုင် ဘူး ဘာလို.လဲဆိုတော့ ဘေးအိမ်တွေကလဲ ကျွန်တော်လိုပဲခွေးမချစ်တတ်ကြဘူးလေ… ဒါပေမယ့် ကျွန်တော်က ခွေးမချစ်ပေမယ့် အော် ခွေးလေး သနားပါတယ်ဆိုပြီး သူခမျာ မျက်စိလည်လမ်းမှားပြီး ရောက်လာရှာတာပဲဆိုပြီး ထမင်းကို လမ်းထိပ်ကနေ ၂၀ဝ ဖိုး အသားဟင်း ၅၀ဝ ဖိုးဝယ်ပြီး ကျွေးလိုက်ပါတယ်… အဲကျွေးလဲပြီးရော အကုန်ပြောင်စင်နေအောင် စားပြီး ဘယ်ပျောက်သွားမှန်းမသိဘူး ပြန်ကိုမလာတော့ဘူး မနက်အိပ်ရာနိုးတော့ အဲဒီခွေးကိုထူထူဆန်းဆန်းသတိရတာနဲ. လိုက်ရှာကြည့်သေးတယ် အမြီးတောင် မတွေ.ရဘူးဗျာ ပျောက်ချက်သားကောင်းနေတာ…..ဒါနဲ.ကျွန်တော်လဲ ကဲထားပါတော့ ခဏလာတာပဲဆိုပြီး […]


DaveMay 3, 20121min3711
ကမ ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားကို မန ္တလေး မြို့ ၂ရလမ်း ၆၄-၆၅လမ်းကြားရှိ Green Elephant စားသောက်ဆိုင်တွင် ယနေ့ မေ (၃)ရက် နံနက် (၉)နာရီမှာ ကျင်းပသည်။ ထိုအခမ်းအနားကို မန ္တလေးရှိ စာနယ်ဇင်းလွတ်လပ်ခွင့် အရေး လှုပ်ရှားသူများစုစည်းထားသော freepressmyanmar အဖွဲ့က စည်းရုံး ကျင်းပခြင်းဖြစ်သည်။ အခမ်းအနားဖွင့်လှစ်ပြီးနောက် စာနယ်ဇင်း လုပ်ငန်းခွင်အတွင်း အမှန်တရားအတွက် အသက်ပေးစွန့်သွားခဲ့ကြသော ကမ ္ဘာ တစ်ဝန်းလုံးမှ စာနယ်ဇင်းသမားများကို အောက်မေ့ဂုဏ်ပြုသောအားဖြင့် တစ်မိနစ်မျှငြိမ်သက်စွာ ဂါရဝပြုကြသည်။ ဆရာသင့်နော်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး တက်ရောက်ချီးမြှင့်ကြသော ပရိသတ်များထဲမှ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာ မောင်သစ်လွင်လူထု၊ ဆရာညီစေမင်း၊ ဆရာညီပုလေး၊ဆရာသိုက်ထွန်းသက်၊ဆရာညိုထွန်းလူ တို့က စာနယ်ဇင်းလွတ်လပ်ခွင့် အပေါ်ထားရှိသော သဘောထးအမြင်များနှင့် အတွေ့အကြုံများကို […]


Swal Taw YwetMay 3, 20121min3621
သဝဏ်လွှာ (၄၃) by May Aye Oo on Thursday, May 3, 2012 at 9:08am ·  ဉာဏ်ပညာနည်းတဲ့သူဟာ ကိုယ့်ကျိုးကို ဦးစားပေးတယ်..။ ဉာဏ်ပညာကြီးတဲ့သူဟာ အများအကျိုးကို ဦးစားပေးတယ်..။ (ဆရာတော် ဦးဇောတိက) ပြင်ဦးလွင် မှာ  လှူကြအုံးစို့ .. .. .. .. နော် .. .. ။ “ရွှေစင်မင်း သီလရှင် အမျိုးသမီး ပရဟိတ ပညာရေးကျောင်း” ပြင်ဦးလွင်မြို့   ကျမ လယ်ဘဲ့မှာ သင်တန်းနဲ့ ဆေးခန်း (၂၇-၃ဝ ဧပြီ) ဖွင့်နေတုံး ၂၉-ဧပြီ မနက်မှာ မေမြို့ ရွှေစင်မင်း သီလရှင် ပရဟိတ က ဆရာလေးဆီက […]


may flowersMay 3, 20121min3835
ရွာသချင်္ိုင်းကို  ကျော်လာပြီး တောထဲအနည်းငယ်ဝင်ရောက်လာချိန်   တစ်နေရာအရောက်မှာတော့ မိနှင်းလေးက  လှည့်ပတ်ကြည့်နေပြီး  “အမေ..အမေ ဒီနေရာကိုတူး…မြန်မြန်တူးနော်….မြန်မြန် ” လို့ပြောလိုက်ပါတယ်။  ပြီးတော့မိနှင်းလေးက  တုတ်တစ် ချောင်းကို ကောက်ကိုင်လိုက်ပြီးစည်းတစ်ခုကို အမြန်ဝိုင်းလိုက်ပါတယ်။  အဲဒီတော့မနွဲ့လည်း မိနှင်း စကားအတိုင်း အမြန်တူးတော့တာပေါ့လေ။ တောသူတောင်သားလဲဖြစ်ပြန် ပြီးတော့ဒီအလုပ်တွေက ကိုယ်တိုင်လဲလုပ်နေကျအလုပ်တွေဖြစ်နေပြန်တဲ့အပြင်  လောဘဆိုတဲ့စိတ်ကလဲရှိနေပြန်တော့ ပင် ပန်းတယ် မောတယ်တောင်  မရှိပါဘူးတဲ့။  တူးလိုက်တာမြန်သလားမမေးနဲ့  ခဏလေးနဲ့ဒူးသာသာ လောက်အနက်ကို ရောက်လာတာပေါ့လေ။ အဲ ဒူးသာသာလောက် အနက်ရောက်လာချိန်မှာတော့ သုံးပေသာသာလောက်သာရှိတဲ့  ကျောက်နွားလေး ၂ ကောင် ရုတ်တရက်မြေကြီးထဲက ခုန်ထွက် လာပါတယ်။ အဲဒီနွားလားဥသဘလေး ၂ ကောင်က မနွဲ့ကိုဝှေ့မလို့ပြင်ပြီး ပြေးလာပါတယ်။  ဘာ ပြောကောင်းမလဲ  မနွဲ့ခမျာကြောက်လွန်းလို့ဒူးတွေတောင်တုန်လို့ပါပဲ။  ဟုတ်တယ်လေ ရိုးရိုးနွားဆို ကြောက်စရာ  ပြောစရာမရှိပေမဲ့  ခုထွက်လာတာက ကျောက်သားနဲ့လုပ်ထားတဲ့ […]


ムラカミMay 3, 20121min111837
  ကျနော် ရွာတွင် ၂ပါတ်နေပါသည် … ၁ပါတ်တိတိ နေ့အလုပ်လုပ် ည သူရာသောက် နှင့် ကျန်၁ပါတ်သာ ဟုတ်တိပတ်တိ အချိန်အား ရခဲ့ပါသည်.. ခြုံငုံ၍ ဘိုလိုပြောရလျင်တော့ i had good times ပေါ့ …ကျနော် ပျော်ပါသည်.။ သို့သော် ကျနော် လုံးဝ စိတ်မကျေနပ်နိုင်သော (ဝါ) စိတ်မချမ်းသာနိုင်သော အကြောင်းချင်းရာ အချို့ ရှိနေပါသည်…။ ထိုအရာတို့ကို ခေါင်းစဉ်မျှဖော်ပြီး ရေးရပါသော်.. ၁။ အလွန်ပူသော နွေရာသီ ..(မတတ်နိုင် ..မောင်ဂီ့ စိတ်လျှော့ရုံမှတပါး အခြားမရှိ) ၂။ အလွန်နှေးသော ကော်နက်ရှင် (မတတ်နိုင် … မိမိ ဉာဏ်မီသော ကိစ္စမဟုတ်.. ) ၃။ အလွန် ရှုပ်သော လမ်းဘေးဈေးသည်များ […]


manawphyulayMay 3, 20121min51010
၂၀၁၂ မေလ ၃ ရက်နေ့ရ ပြည်တွင်း/ပြည်ပအလုပ်အကိုင်သတင်း မြန်မာ့ပြည်တွင်းလေကြောင်းကုမ္ပဏီတစ်ခုဖြစ်သော Air Bagan လေကြောင်းလိုင်း အတွက် လေယာဉ်မောင်/မယ် များအလိုရှိသည်။ Flight Attendant (M/F) Qualifications and Requirements – Must be Single and Myanmar National – At least Basic Education High School Exam Passed – University Degree considered as asset – Age between 18 and 24 years as at 11 May 2012 – High 5’4” […]


လင်းဝေMay 3, 20121min98225
မနေ့က ကြေးမုံသတင်းစာ ရှေ့မျက်နှာ သတင်းခေါင်းစဉ်ကြီးက မိုက်တယ်။ သို့သော် ဘယ်သူမှ သတိထားမိကြမယ် မထင်သလို သတိထားမိရင်တောင် ဘယ်လိုမှ ခံစားမိကြပုံလည်း မရဘူုးထင်ပါရဲ့။ ဘယ်သူမှ ဘာမှ ပြောသံကို မကြားမိလို့ပါ။ သတိထားမိသူများကလည်း ဘယ်လိုမှ ဖြစ်နိုင်ချေမရှိသော အရာကို ပြောနေတယ်များ မှတ်ယူကြလေသလားမသိပါဘူး။ ဘာသတင်းခေါင်းစဉ်များလဲဆိုတော့….. “ နိုင်ငံသား အားလုံး အကျုံးဝင်စေမည့် လူမှုဖူလုံရေးစနစ် အကောင်အထည်ဖော်နိုင်ရန် ဥပဒေသစ်တစ်ရပ်ပြဌာန်းရေးကြိုးပမ်းနေ ” တဲ့။ လားလား တကယ့်အကြီးကြီးနော်။ ကိုယ်လည်း မသိပါဘူး အဲဒါကြီးကို မနေ့ကလည်း သတင်းစာမဖတ်ဖြစ်ဘူး။ ဒီနေ့ ထမင်းစားပြီးချိန်လေး သတင်းစာတစ်စောင် ကို စားပွဲတစ်ခုပေါ်မှာတွေ့လို့ မျက်စိကစားကြည့်တော့ တွေ့မိတဲ့ခေါင်းစဉ်ပါပဲ။ ဒီအကြောင်းကြီးကို ဘောင်းဘီချွတ်အခက် တိုင်းရင်းသား အချက် နဲ့ ဒုသမ္မတ တက်ဖြစ်နေသူက အလုပ်သမားနေ့အခမ်းအနားမှာ […]


ဟောင်းနွမ်းနေသော ဝန်ကြီးများရုံး အတွင်းပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားသောနေရာကို အင်္ဂလန်မှ မဒမ်းတူးဆော့ကဲ့သို့ ဖယောင်းရုပ်တုပြတိုက် ပြုလုပ်သွားရန် ကုမ္ပဏီတစ်ခုအား လုပ်ပိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ “ကျွန်တော်တို့ပစ်ထားတာလည်းကြာပြီ။ အခုတော့ ဒေါ်လဲ့ရည်စိုးတို့ ပါတဲ့အဖွဲ့၊ အနုပညာလုပ်တဲ့အဖွဲ့ ယာယီအားဖြင့် ဦးစားပေး ရွေးချယ်ထားပါတယ်။ ဗိုလ်ချုပ်ကျဆုံးသွားတဲ့နေရာကို အင်္ဂလန်က မဒမ်တူးဆော့လို ဖယောင်းရုပ်နဲ့ လုပ်သွားမှာပါ” ဟု ဝန်ကြီးက ဧပြီလ ၂၉ ရက်နေ့တွင် နေပြည်တော်ရှိ စက်မှုခန်းမ၌ မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ အဆိုပါ အတွင်းဝန်ရုံးဟောင်း (ဝန်ကြီးများရုံး) ကိုလုပ်ပိုင်ခွင့် လျှောက်ထားသောအဖွဲ့ ငါးဖွဲ့ရှိပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်ရေ ွှ( ဇေကမာ္ဘကုမ္ပဏီ) လည်း ပါဝင်ကြောင်း၊ အလားတူ ပန်းဆိုးတန်းလမ်းမဘေးရှိ ဗဟိုတရားရုံးဟောင်းအား ဦးသိန်းထွန်း၏ ကုမ္ပဏီမှ ပြုပြင်မွမ်းမံခွင့် […]


etoneMay 3, 20125min94029
            ဒီတစ်ခါ နောက်ဆုံးပါ သဂျီးရယ် .. ဂယ်ဘာ .. ဂယ်ဘာ ….  ဟိဟိ  😛 အလှူခရီးစဉ်တွင်း .. မြင်မိ ၊တွေးမိတာလေးတွေတော့ အေးဆေးမှ ဖောက်သည်ပြန်ချဦးမယ် … ။ အဲ့ဒါကတော့ .. အလှူနဲ့ မဆိုင်ပါဘူးလေ …. ။


မြန်မာ့ဆက်သွယ်ရေးမှ ကျွန်တော့အသိမိတ်ဆွေတစ်ယောက်မှ ဒီကနေ့ တွေ့ကြုံခဲ့ရသော အဖြစ်အပျက်နှင့် သူ၏ ရင်တွင်း ခံစားချက်လေးကို ပြောကြားသွားတာဖြစ်ပါတယ်… သူရဲ့ အဖြစ်က ဒီလိုပါ… ဂျီ အဟောင်း (ယခင် FEC 1500 ပေးသွင်းသုံးရသော ဖုန်း) တစ်လုံး သူ့မှာ မပြစ်ရက် မရောင်းရက် ကိုင်တွယ်ထား၊ ဖက်တွယ်ထားလျှက်ရှိပါတယ်… ထို GSM ပိုင်ရှင်များသို့ မေလ တစ်ရက်နေ့နောက်ပိုင်း prepaid ကတ်စနစ် ပြောင်းသုံးမည်ဟု သတင်း ထွက်ပေါ်လျှက်ရှိခဲ့ပါတယ်… ကြိုတင်သွင်းငွေဖြင့် သုံးစွဲလျှက်ရှိပါတယ်… တစ်ခါသွင်းလျှင် ၅ သောင်းမှ တစ်သိန်းအထိ မိမိလစဉ်သုံးစွဲသော ယူနစ်အလိုက် ကုန်ကျငွေ၏ သုံးလစာကို ဖြည့်တင်းရလေ့ရှိပါတယ်… တစ်လစာ၊ နှစ်လစာလောက် ကြိုတင်သွင်းခွင့် မရပါ… နောက် ကြိုတင်ငွေပြန်လည်ဖြည့်တင်းရန် မိမိဘာသာ မှတ်သားထားရလေ့ရှိပါသည်… SMS […]