ေမွာ္ဆရာMay 7, 20121min95122
မှော်ဆရာ ရွာထဲမှာ မှတ်တမ်းမတင်ဖြစ်တာ ကြာလေပြီ။သမုဒ္ဒယာ ဝမ်းတစ်ထွာဆိုသလို ပါးစပ်သုံးပေါက် ၊(သို့) သမုဒ္ဒယာ သုံးစင်းအတွက် ရှာရဖွေရသဖြင့် မှော်တောင်ဝှေးပင် ဘယ်ချောင်ရောက်နေသည်မသိ..။ဝမ်းတစ်ထွာပေမို့လို့ ခံသာသည်.တစ်ထောင်လောက်သာဆိုလျှင် မှော်ဆရာ အပ်ခြည်ကြိုးကို ခါးထောင်းကြိုက်ထားရမည့်ကိန်းပင်..။ မှော်ဆရာ ပါးစပ်သုံးပေါက် လုံလောက်အောင် ဘာတွေလုပ်နေရသနည်း။ဘယ်လိုတွေများ ကြိုးစားပမ်းစား ရှာဖွေနေရလို့ ရွာထဲတောင် မရောက်ဖြစ်သနည်း။ ဟုတ်ကဲ့ မှော်ဆရာ ရိုက်စား ၊ ထိုင်စား လုပ်နေပါတယ် ..။ ရိုက်စားဆိုလို့ မှော်ဆရာ မဟုတ်တရုတ် နည်းလမ်းနဲ့ စီးပွားရှာနေပြီဆိုပြီးတော့ ရွာသူရွာသားများ နှာခေါင်းမရှုံ့ကြပါနဲ့ဦး ..။သိတော်မူကြသည့်အတိုင်း မသိနားမလည်သူများအား မိမိကျွမ်းကျင်ရာခွင်အတွင်း မဝင်ဝင်အောင် ဆွဲသွင်းပြီးတော့ အရင်းနည်းနည်းဖြင့် အမြတ်များများရအောင်ကြံဆောင်သော လုပ်ငန်းများအား ရိုက်စားခွင် ဟု ဆိုကြသည်။ ရိုက်စားဆိုသည်မှာ နာမည်သာဆိုးတာ စားရသိပ်ချောင်တယ်လို့လဲ ဆိုသမှတ်ပြုကြသေးသည်။ဟုတ်ကဲ့ မှော်ဆရာလဲ ရိုက်စားပါပဲ..။ဓါတ်ပုံရိုက်ပြီးမှ […]


မောင် ပေMay 7, 20121min155024
ချစ်မိတ်ဆွေ စာဖတ်သူရေ…. ဖြစ်ပုံက ဒီလိုဗျ။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်ကပေါ့… အဲဒီ တစ်ပတ်ကျော်ရဲ ့တစ်နေ ့သ၌ တုန်းကပေါ့ဗျာ…( တစ်နေ ့ကတော့ တစ်နေ ့ဘဲဗျ ၊ သ၌ ဆိုတာကတော့ ဘာကြီးမှန်း ကျုပ်လဲ မသိပါဘူး ) မောင်ပေ ဆိုတဲ့ ကျုပ် ဟာ ဝယ်နေကြ ကွမ်းယာဆိုင်လေးမှာ ကွမ်းယာမှာရင်း ၊ အဲဒီဆိုင်က ဝယ်ထားတဲ့ အဲဒီအပတ်ထွက် ဂျာနယ်တစ်စောင် ကို ဖတ်ဖြစ်ခဲ့တယ်။ ဂျာနယ်ထဲမှာပါတာကတော့ နိုင်ငံရေး ၊ စီးပွားရေး ၊ ကုန်ဈေးနှုန်းတွေ ၊ အပြောင်းအလဲ ဘာညာ အိုဗျာ..စုံစေ့နေတာပေါ့ဗျာ။ အဲ့မှာ ဘွဲ ့ရပြီး အလုပ်မရလို ့ဆိုတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကိုလဲ ဖတ်လိုက်ရတယ်ဗျ ။ […]


sterMay 7, 20121min81825
ကားတင်သွင်းခွင့်နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ စီးပွားကူးသန်းဝန်ကြီးဌာနတွင် မေလ ရရက်နေ့က ကျင်းပခဲ့ကြောင်းသိရှိရပါသည်။ နိုင်ငံခြားငွေ Account ဖွင့်ထားသူတိုင်း ၂၀၀ရ မော်ဒယ်အထက်ကားများ လွတ်လပ်စွာ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း၊ မိမိသွင်းလိုသော ကားအရေအတွက်၊ မိမိ တင်သွင်းရာတွင် ကုန်ကျမည့် ငွေပမာဏကိုသာ ငွေစာရင်းတွင် ထည့်သွင်းရမည်ဖြစ်ပြီး အစိုးရဘဏ်များတွင် သာမက ပုဂ္ဂလိကဘဏ်များတွင်လည်း Account ဖွင့်နိုင်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မဟုတ်ဘဲ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တင်သွင်းလိုပါက သက်ဆိုင်ရာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားပါသည်။ ….. Pleased to know you all […]


alinsettMay 7, 20121min86310
ဘုရားသွားတုန်းက…ပုံလေးပါ။ ဘုရား သွားရာ..လမ်းတစ်လျှောက်က အလှုူခံ.တချို ့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတာက လွဲရင်..ဘုရားဖူး ခရီးစဉ်က အဆင်ပြေပါတယ် ။ အလှုူ ငွေ.မထည့်ရင် ပဲ ..ကျားတွေ..ထွက် ကိုက်တော့မလိုလို..ပြောနေတဲ့ အလှုူခံတချို ့ကို သေချာတွေ ့ခဲ့ရပါတယ် ။ ဒါ မဖြစ်သင့်ပါဘုူး ။ ___________________________________- ဒါကတော့ အမေပြောတဲ ့သားချောလေး…ကိုလင်းပါ။ နေလုံးကြီး ဝင်တော့မှာကို မကြည့်ရဲဘူး။ အရမ်းလှ တဲ ့မြင်ကွင်းလေ….။နောက်မကြည့်ရ မနေနိုင်ရင်..ဘယ်လို လုပ်မလဲ.။ ဒါကြောင့် ဘုရားဘက်ပဲ.လှည့်ပြီး..နေလိုက်တော့တယ် ။ သူငယ်ချင်းတွေက ပုံလေးတွေ .ရိုက်မယ်..ဆိုတော့လည်း..ပဲ.ေ.လး ပေးလိုက်တယ် ။ ____________________________________- ဒါကတော့..အလင်းဆက်တို ့ အတူခရီးထွက်လာတဲ ့အုပ်စုပါ။ တခြားကို ရောက်နေတဲ ့သူတွေ.လည်းရှိသေးတယ် ။ လူစုကွဲသွားတယ် ။ […]


htet wayMay 7, 20121min47610
တခါ က ကျွန်တော် အင်တာနက် ဆိုင်ကို အေးအေးဆေးေဆေး ထိုင်မယ်ဆိုပြီး အိမ်မှာကတည်းက ဆုံးဖြတ်ချက် ချပြီး ကျောက်ချထိုင်လိုက်မိတယ်။ ကျွန်တော်ဘေးမှာက နိုင်ငံခြား ဖုန်းပြောတဲ့ လူ တစ်ယောက် ရောက်လာတယ်။ ဖုန်းခေါ်ခိုင်းလို့ ဆိုင်ရှင် က ခေါ်ပေးတယ်။ လူရွယ်။ ဟလို မိစမ်းလား အခြေအနေကောင်းလား … မိစမ်း။ ……………………… လူရွယ်။ အေး မိစမ်း နင် ပြီးတဲ့ အပတ်က ငွေပို့တာ တစ်သသိန်းခွဲထဲပို့ပါလား ငါတို့ မှာ နင့်အမေကို ကျွေးရမွေးရ ဆေးကုသရနဲ့ ဒီ အပတ်တော့ များများပို့ပါ။ မိစမ်း။ …………………. လူရွယ်။ ဟေ..အိမ်ထောင်ပြုမလို့ ဟုတ်လား နင် မှာ အမေရှိတယ်လေ။ နောက် ပြီး နိုင်ငံခြားထွက်ချင်လို့ […]


အလွမ်းသမားရဲ့စောင်းကြိုးခက်သံ ………………… ကောင်မလေးရယ်…… မထင်မှတ်ဘဲတွေ့ဆုံမှုက ခွဲခွာမှုရဲ့အဆုံးသက်မှာ လွမ်းတေးတွေသီဆိုခဲ့မယ်ဆိုတာ သိခဲရင်……….. ကောင်မလေးရယ်… တိတ်ဆိတ်တဲ့ချစ်ခြင်းတွေက ခိုင်မြဲတဲ့သံယောဇဉ်အမျှင်စတွေအဖြစ် ဝတ်ရည်ဖွဲ့နေခဲ့တယ်ဆိုတာ သိခဲ့ရင်………….. ကောင်မလေးရယ်…….. တွေ့ဆုံမှု့တွေက အမှတ်တမဲ့ဆိုပေမဲ့ ‘အမှတ်တရ’ဖြစ်သွားခဲ့မယ်ဆိုတာ သိခဲ့ရင်……….. ခုတော့…………. ကာရံမညီတဲ့တေးသွားတွေနဲ့ ကွဲအက်နေသောဒဏ်ချက်တစ်ခုကို ငါဘယ်လိုဖြေသိမ့်ပေးရမလဲ………။


ムラカミMay 7, 20128min97424
မှတ်မိကြဦးမယ်ထင်ပါတယ် မနိုဗီရဲ့ အို အရိပ်ကလေးရယ် ပိုစ့်ကို..။ sunset မှာagainst light နဲ့ ရိုက်ထားတဲ့ပုံကို သဂျိုင်ခီး တယောက် ဖိုတိုရှော့ပ်ထဲဝင်ပြီး ဝမ်းကလစ်နဲ့ ကလိ လိုက်တာ မျက်နှာပေါ်လာတာလေ..။ ဒါကို အလွယ် နဲ့ နားလည်ဖို့အတွက် ဆိုရင်တော့ histogram တွေအကြောင်း သိထားမှဖြစ်ပါလိမ့်မယ်.. ၁.Histogram ဆိုတာ ဘာလဲ histogram ဆိုတာ၂၁ရာစု lightmeter ဖြစ်ပါတယ်။ သူ့ကို နားလည်ထားရင် ပုံကိုမကြည့်ဘဲ histogram ကိုကြည့်တာ နဲ့ ပုံရဲ့ အလင်းအမှောင်အနေအထားကို ပြောလို့ရပါတယ်။ဘာပုံဆိုတာ မပြောနိုင်ပေမယ့် ပုံဟာ လင်းလွန်းနေမလား မှောင်လွန်းနေမလားဒါမှ မဟုတ်လည်း ပုံမှာပါဝင်တဲ့ အလင်း နဲ့ အမှောင်ဟာ ပြေပြစ်မှုရှိသလား ရုပ်ချည်း အပြောင်းအလဲ တွေ ပါနေသလား […]


အတော်အသုံးမကျတဲ့ ငါပဲ………… ကြည့်စမ်းပါဦး။ သူများတွေမှာဖြင့် တိုက်ကြီးကလည်း အကြီးကြီး။ငါ့မှာတော့ ထန်းရွက်မိုး၊ထန်းရွက်ကာ တဲသေးသေးလေး တစ်လုံးသာ။ငါ လည်း သူ့လို တိုက်ကြီးဖြစ်ရမယ်။ ကြည့်စမ်းပါဦး။ သူ့မှာ ကားက အကောင်းစား ။ အော်တို ဂီယာ ဆိုလား။ဒီဇယ် အင်ဂျင် တပ်ထားတော့ အဲကွန်းကလည်းကောင်းမှကောင်း။ ငါ့မှာတော့ နွားလှည်းလေး က   ကချွတ်ကချာ ဗမာပု နွားကလေး တစ်သျှင်း တည်း ရှိတယ်။နွားလှည်းကို ငါမစီးချင်တော့ဘူး ။ သူ့လိုကား ငါလည်း စီးရရင် သိပ်ကောင်းမှာ။ ကြည့်စမ်းပါဦး။သူ့ဆိုင်ကျတော့ ဝယ်လိုက်ကြတာ လူတွေ အများကြီးပဲ။ဝယ်လိုက်ကြ၊ ဝင်လိုက်ကြ ၊ ထွက်လိုက်ကြ နဲ့။ ရောင်းကောင်းနေလိုက်တာ။ ငါ့ဆိုင်ကျတော့ သူ့ဆိုင်လောက်လည်းရောင်းမကောင်းဘူး ။ သူ့ဆိုင်လောက်လည်း လူမစည်ကားဘူး။သူ့ဆိုင်ထက် ငါ့ဆိုင် သာစေရမယ်။ ကြည့်စမ်းပါဦး။ […]


Diamond KeyMay 7, 20125min75115
        မန္တလေး အမရပူရမြို့နယ် အတွင်းက ရှေးဟောင်းသမိုင်းဝင် ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်ကြီးဆီကို ရောက်ဖူးအောင် သွားမယ် သွားမယ်နဲ့ မရောက်သေးတာ မန္တလေးကို ရောက်ကတည်းကပါ။ မနှစ်က ရောက်အောင်သွားမယ်ဆိုပြီး ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်နေ့ ရောက်သွားတော့ ဖွင့်ပွဲက မနေ့က ပြီးသွားပြီလို့ ဆိုပါတယ်။ ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်က နှစ်စဉ်နှစ်တိုင်း ကဆုန်လဆန်း ၁၄ ရက်နေ့ မှာ အခမ်းအနား လုပ်ပြီး ၁၄ ရက်နေ့ နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပပြုလုပ်တာပါ။         ဒါနဲ့ ဒီနှစ်တော့ ရောက်အောင်သွားမယ်ဆိုပြီး သွားဖြစ်ခဲ့ပါတယ်။ ဒီရွှေကြက်ယက် ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော် မှာ ထူးခြားတာက ဒေသခံရွာတွေက ရှေးမူမပျက် ဝင်းခင်းကာ စုပေါင်းလှည့်လည်ကြပြီး ရွှေကြက်ယက်ဆုတောင်းပြည့် […]


manawphyulayMay 7, 20121min199141
အမှတ်တမဲ့ကနေ အမှတ်တရ ဖြစ်ခဲ့ရတဲ့ ခရီးစဉ်ပါပဲ။ ရွာသူရွာသားတွေ အားလုံးက စည်းလုံးပြီး ညီညွတ်စွာ ပျော်ရွှင်ခဲ့ရတဲ့ ခရီးစဉ်လေးကိုတော့ တစ်သက်တာမှ ဘယ်တော့မှမေ့မှာမဟုတ်တော့ပါဘူး။ သူတို့ရဲ့ချစ်စရာအမူအရာလေးတွေလည်း ရိုက်ယူခဲ့ပါတယ်။


ကိုယ်ချင်းလည်း မစာဘူး။ သူတို့တုန်းကတော့ နေချင်သလိုနေပြီး ငါတို့ကျမှ ဟိုလို မနေနဲ့။ ဒီလို မနေနဲ့။ ဟိုလိုလေး လုပ်ကြည့်ပါလား။ ဒီလိုလုပ်တာမှားတယ်။ တော်တော်ကို ကို်ယ်ချင်းမစာကြတဲ့ လူကြီးတွေပဲ။ ********************* “ ဒီအရွယ်မှာ ရည်းစားမထားရဘူးနော် ´´ သူတို့တုန်းကတော့ ထားခဲ့ကြတယ်။ ကျွန်တော်တို့ကျမှ မထားနဲ့တဲ့ဗျာ။ ********************* “မပျင်းကြနဲ့။ ပျင်းရင် ပညာမရဘူး´´ သူတို့လည်း ကျွန်တော်တို့အရွယ်တုန်းက ပျင်းခဲ့ကြတာပဲ မဟုတ်လား။ “ပိုဆံစုကြ ၊ မဖြုန်းကြနဲ့´´ တော်တော် အဟြေကောင်းတယ်။ သူတို့ ပိုက်ဆံမစုခဲ့ကြလို့၊ ငွေတွေကို ဖြုန်းတီးခဲ့ကြလို့ ကျွန်တော်တို့ ဒီလိုနေနေကြရတာ မဟုတ်ဘူးလား။ “အရက်မသောကနဲ့ ငါ့သား´´ ပါးစပ်မှာက အရက်နံ့တွေနဲ့။ ကျွန်တော်တို့ကို လာပြီး ဆုံးမနေတယ်။ “ဆေးလိပ်သောက်တာ မကောင်းဘူး´´ သူ့အိတ်ထောင်ထဲမှာ စီးကရက်ဘူးကြီးနဲ့။ဆေးလိပ်မကောင်းကြောင်း […]


ムラカミMay 7, 20121min4077
သည်တခါ ဟနွိုင်အလွဲကလည်း ရှယ်ပါပဲခညာ… အော်… လွဲနေတာချည်းပဲ ..တခါတလေလေး တည့်ပါဦးလား မောင်ဂီ့ ရယ်… အဟမ်း ..ကိုယ့်ပေါင် ကိုယ်လှန်ထောင်းရရင်ဖြင့် ..ဂလို … မွေးသမိခင် ကြီး လှေခါး၃ထစ်ပြုတ်ကျ ခြေကျိုးနေပြီး မောင်ဂီ့ ကြပ်ပေးလို့ ကားရောင်းထားပြီးသကာလ.. မောင်ဂီ့ ပါခြေ၂ချောင်းလုံး ကျိုးနေသလို ဖြစ်တဲ့ ကာလကြီးပါဗျာ … ပြန်တဲ့နေ့က တာကူစီ ကို ငှားပြီး တကိုယ်တော် အလှူခံ မဏ္ဍပ်ကြီး အဲလေ …လေယာဉ်ကွင်းကြီးကို ဆင်းချသွားသပေါ့ …။ လေဆိပ်ရောက် ပစ္စည်းတွေဘာတွေ စစ် လတ်ဂေ့ချ် အပ် ..အဲ့ ..ဝိတ်ချိန်တဲ့ ငတိက ၁ထောင် တောင်းသွားသေး.. သက်သာတယ်နော … ကျုပ်ဟာကျုပ် တွန်းလာတဲ့ အိတ်ကို ၁ချက်ကလေးမပြီး ကတ္တားပေါ်တင်ပေး […]