studentMay 11, 20121min4974
ွပြည်သူ.အတွက်skynet ကတောင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပုဇွန်တောင်မြို့နယ်ရုံးခန်းဖွင့်ပွဲ ပြနေပီ။ uptodate လိုင်းကနေပြသွားပါတယ်။ မိန်.ခွန်းပါထုတ်လွှင်.ပြသသွားပါတယ်။


San Hla GyiMay 11, 20121min120331
မခိုင်ခိုင်ရေ ကျနော်ကွန်မန့်လေးကို နှစ်သက်တယ်လို့ ထင်တဲ့အတွက် ကျေးဇူးတင်တယ်ဗျာ။ ကြုံတုန်း မခိုင်ခိုင်ကို ကျနော်ယုံကြည်ချက် လေးတွေကို ပြောပြခဲ့ချင်တယ်။ အမှန်မှာ ဒီပို့စ်ပိုင်ရှင်ကို ပြောတာပေမယ့် ကျန်တဲ့မိတ်ဆွေတွေကို လည်းပြောပြချင်နေတာ။ ကျနော်ဟာ ဒီဆိုဒ်ထဲကို ရောက်တာတော့ မကြာသေးဘူး။ မသဲနှင်းအိမ် စကားနဲ့ ပြောရရင် တကောင်တော့ တကောင်တည်းပေါ့ဗျာ။ သူနဲ့ ကျနော်ကလည်း အပြင်မှာမသိပါဘူး။ ဒါပေမယ့် သူ့ကွန်မန့်လေးတွေ ကောင်းလွန်းတယ်လို့ ထင်လို့ သူ့ကိုလည်း ချီးကျူးလိုက်ပါတယ်။ Bravo ပါမသဲနှင်းအိမ်ရေ။ တခါတလေကျတော့ လူ့ဘဝမှာ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေမျိုးကို မကြာခဏ ကြုံရတတ်ပါတယ်။ Dilemma ပေါ့ဗျာ။ လွန်ခဲ့တဲ့ ကာလတခုတုန်းက ကျနော်လည်း ဒီအခြေအနေမျိုး ကြုံခဲ့တယ်ထင်တယ်။ တခါတလေကျတော့လည်း ကိုယ့်ကိုစွပ်စွဲချက် တွေကို မဖြေရှင်းနိုင်ရင် နာမည်ပျက်ရုံတင်မက ရပ်တည်ရေးပါ […]


koyin sithuMay 11, 20121min71914
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်း တောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ မိန်းမ ကြီးတစ်ဥိး ရောက်ရှိလာလေ၏။ ထိုမိန်းမကြီးမှာ ၎င်း၏လင်ယောကျာ်းရှိစဉ်က အခြေနှင့်အနေနှင့် အကျအန နေထိုင်ခဲ့သော်လည်း ၎င်း၏ယောကျာ်းဆုံးပြီ တစ်နှစ်အတွင်း၌ပင် စီးပွားဥစ္စာများ ပျက်စီးသွားရ ရှာလေ၏။ ထိုမိန်းမကြီးသည် အသက်အားဖြင့် ကျွန်ုပ်ထက် နှစ်နှစ်ခန့်ငယ်သည်။ သူ၏အမည်မှာ ဒေါ်ဩဟူ၍ဖြစ်၏။ သူသည်ငယ်စဉ်က ကျွန်ုပ်နှင့် ကျောင်းနေဖက်လည်း ဖြစ်ခဲ့ဖူး၏။ ၎င်းဒေါ်ဩသည် မည်သည့်အရာကိုမျှ နှစ်နှစ်ကာကာ ယုံကြည်သည်ဟူ၍ မရှိပေ။ လူတော်တော်များများ ယုံလေ့ရှိသော နတ်များ၊ ဘိုးတော်များကို သူမယုံပေ။ ထို့အတူ ငယ်စဉ်အခါက ကလေးဘာဝ သရဲအကြောင်း ပြောလျှင်လည်း မည်သည့်အခါမျှ နားထောင်လေ့မရှိပေ။ ထိုအရာများကိုလည်း မယုံပေ။ ထိုအရာများကို ယုံကြည်လေ့ရှိသော ကျွန်ုပ်နှင့် မတွေ့ သည်မှာ နှစ်အတန် ကြာပြီဖြစ်၏။ […]


htet wayMay 11, 20121min53511
ဒီအချိန်မှာပဲ လက်ဖက်ရည် ဆိုင်ထဲကို လိပ်ပြာဖြူ ဝင်လာပါတယ်။ လိပ်ပြာဖြူဆိုတာ နာမည်ပါ ကလောင် နာမည်ပဲ ဆိုရမှာပေါ့ သူက ကွန်ပျူတာနဲ့ အင်တာနက် သုံးနည်းကို အိမ်မှာ ဖွင့်ထားတယ် အိမ်လည်း လိုက်သင်တယ်။ ဒီမြို့ မှာတာ့ တော်တော် အဆင်ပြေတယ်။ အင်တာနက်မှာ သတင်းတွေလည်းရေးတယ် ။ သူ့သတင်းတွေက “ ဗူးသီးကြော်သည် မတုတ်ရဲ့ အကြော် အိုးထဲ အေအိုင် ဒီအက်စ် ရောဂါသည် လက်နိုက်မိခြင်း တို့ ချက်တင်ထဲကပြလိုက်လို့ မြို့ပေါ်မှာ နာမည်ကြီးသွားတဲ့ ကောင်မလေးတို့ …ဒါတွေရေးတာကိုယ့်ဆရာရေ့ ။ ဒါပေမယ့် ကောင်မလေးက ကြိုးစားပါတယ် နည်းပညာ သစ်တွေရှာတယ် အင်တာနက်ထဲက အင်္ဂလိပ်စာ လေ့ကျင့်ခန်းတွေ လုပ်တယ်။ အကျိုးရှိတာတွေ လုပ်တာပါ ။ ကဲ […]


u myoMay 11, 20121min4586
1။ မီနီဆလွန်း 6ဂ…….. 100 သိန်း 2။ စူပါဆလွန်း 86မော်ဒယ် 8က………. 113 သိန်း 3။ စူပါဆလွန်း 88 မော်ဒယ် သ………. 102 သိန်း 4။ ရွှေငါး မတ်တူး 200 သိန်း ဝန်းကျင် 5။ ဟွန်ဒါ အင်ဆိုဒ် 200 သိန်း ဝန်းကျင် 09 42100 5717


black chawMay 11, 20122min131956
ဗီလိန် ဘလက် ကိုသစ်မင်းကတော့ သူ့ရဲ့ ဗီလိန်ပို့စ် (https://myanmargazette.net/77136/creative-writing) မှာ ဒီလိုရေးသွားခဲ့ဘူးပါတယ်။ မဖြစ်သင့်ဘူးဗျာ။ ကျနော်တို့ကို လောကဓံတွေ၊ကပ်ဆိုးတွေဖန်တီးပေးနေသူတွေရော၊ ကျနော်တို့ကိုယ်တိုင် လောကဓံဖန်တီးသူ၊ကပ်ဆိုးဖန်တီးသူအနေနဲ့ရော၊မဖြစ်သင့်ဘူးဗျာ။ သူများရဲ့ အားနဲချက်၊အမှားကို ကိုယ်မှာမရှိအောင်လုပ်ရမှာမဟုတ်လား။ ကဲ လောကဇာတ်ခုံလူတို့ဘုံမှာ မင်းသား၊မင်းသမီး မဟုတ်ရင်တောင် “ဗီလိန်” အခန်းကတော့ မ “က” ဖြစ်အောင်ကြိုးစားရမှာပါလား။ အဲ သူများကျတော့ ပြောလို့ရချင်မှရမှာဆိုတော့၊ လုပ်လို့ရတာက ကိုယ်ဟာကိုယ်ပြင်ဘို့လို့တွေးမိသွားတယ်။ ကျနော်တော့…………… “ဗီလိန်” မဖြစ်ချင်ဘူးဗျို့။ ကိုသစ်ပို့စ်တွေ ပြန်လှန်ရင်း ဗီလိန်ပို့စ် အရောက်မှာ ရေးချင်စိတ်ပေါက်လာတာနဲ့ ဒီစာကိုရေးမိတယ် ဆိုတာလေး ဝန်ခံထားချင်ပါတယ်ဗျာ။ ပွဲကြည့်သူသက်သက် တစ်ယောက်မှ မရှိ မင်းနဲ့ငါ အကုန်လုံး ဇာတ်ဆောင်တွေချည်းပဲဟေ့ ဘဝဟာ အမြဲတမ်းပြောင်းလဲသွား ကိုယ်လုပ်ချင်တာ ဖြစ်မယ်ထင်သလား မင်းသားပဲဟေ့ ဖြစ်ချင်တယ် ငါ ဗီလိန်တစ်ယောက်လား […]


အာဂMay 11, 20121min152625
မေလ ၈ ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI ) တွင် ကျင်းပပြုလုပ်သော ရွှေမင်းသားဖောင်ဒေးရှင်း၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် သတင်းရယူနေသော Express Times ဂျာနယ်မှ သတင်းထောက် သုံးဦးအနက် ကိုဟိန်းကိုစိုးမှာ သတင်းဓါတ်ပုံရယူရန် ကြိုးစားရာမှ NLD ပါတီ ပါတီဝင်တစ်ဦး၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို ခံခဲ့ရကြောင်း သိရသည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ The Express Time ဂျာနယ်မှ သတင်းထောက် သုံးဦးကို The Messenger ဂျာနယ်က တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။ ကိုဟိန်းကိုစိုး (သတင်းထောက်) The Express Times ဂျာနယ် စတုတ္ထ အကြိမ်မြောက် […]


ムラカミMay 11, 20124min64611
မနေ့က မောင်ဂီ့ အတော် ပျော်ပါသည် ..ပျော်ဆို ..မောင်ဂီ့ ပီစီပျက်နေတုန်း ရိုက်နှက်ထားတာလေးတွေ ဖြတ်ပြီး အဂ္ဂမဟာ ဖေ့စဘုတ်တော် ပေါ် တင်ဖြစ်တုန်းက ဖြစ်ပါသည် ။ မောင်ဂီ့ အလွန်အင်မတန် လေးစားအားကျသော ဒါ့ပုံဆြာ ၂ယောက်ထံမှ comment လေးများ ချီးမြှင့်ခံ ရသောကြောင့်ဖြစ်ပါသည်။ technique အားဖြင့် ဘာမှ ပိုမထူးလာသော်လည်း composition အားဖြင့် သော်လည်းကောင်း sharpness အားဖြင့်သော်လည်းကောင်း အတိုင်းအတာ တခုထိ improved ဖြစ်လာသည်ဟု ခံစားရပါသည် ..။ (အထင်) မျက်စိမွဲလာသော်လည်း ယခုနောက်ပိုင်း အသုံးများနေသော tamron 90mm f/2.8 နှင့် Tokina 11-16mm f/2.8 တို့ကြောင့် sharpness တက်လာသည်ဟု တထစ်ချ ယုံကြည်မိပါသည်။ […]


အရမ်းမှန်တယ် တိုက်ဆိုင်တယ် ဒါပေမဲ့မှန်မှန်ဖြေနော်…………. သည်စာကိုဖတ်ပြီး ဆယ်မိနစ်အတွင်းမှာ သူ ့ဆုတောင်းပြည့်ခဲ့တယ်ဆိုပဲ။ အခုဖော်ပြမယ့် အမေးအဖြေလေးက လွန်ခဲ့တဲ့ 2000 ခုနှစ် နှစ်ကုန်ပိုင်းလောက် တုန်းက အလင်းတန်းဂျာနယ်မှာ စာရေးဆရာအတ္တကျော်ရေးသားတင်ပြထား တဲ့ အပျင်းပြေ(၂) ဆိုတဲ့ အမေးအဖြေလေးပါ။ စိတ်ပညာဆိုင်ရာ သဘောလေးတစ်ခုလို ့ ပြောပါတယ်။ လူ ့စိတ်ကို စနစ်တကျစမ်းသပ်တာတစ်မျိုးလို ့ပြောနိုင်ပါတယ်တဲ့။ အပျင်းပြေလေးနဲ ့ ပျော်စရာကောင်းလို ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုစမ်းသပ်မေးပါတယ်။ သူပြောတဲ့ အတိုင်းဘာမှ မသိပဲ လိုက်ဖြေကြည့်မိတယ်။ အဖြေတွေအား လုံးနီးပါးတိုက်တိုက်ဆိုင်မှန်ကန်နေခဲ့ပါတယ်။ ဒီဟာလေးကိုသဘောကျလို ့ဂျာနယ်ရှာပြီး သိမ်းထားခဲ့တာပါ။ တစ်ခါတစ်ခါ မသိသေးတဲ့သူငယ်ချင်းတွေနဲ ့မေးစမ်းကြည့် တော့လဲ မှန်ပါတယ်။ မညာဖို ့နဲ ့သူများသိမှာစိုးရိမ်ရင် တစ်ယောက်ထဲဖြေကြည့်နော်။ နံပါတ်စဉ်လေးတွေ ညွှန်းတာနဲ ့တစ်ချို ့ပြောချင်တာလေးတွေကိုနည်းနည်းပြင်ရေးထား […]


သိပ်ချစ်လွန်းလို.ပါချစ်သူရယ်….. ချည်နှောင်တာ မဟုတ်ပါဖူး ခိုင်မြဲချင်လို့ပါ …….. မွန်းကြပ်သွားရင် တောင်းပန်ပါရစေ …….. ချုပ်ချယ်တာ မဟုတ်ပါဖူး စိုးရိမ်လို့ပါ ……. စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါရစေ ….. မယုံကြည်တာ မဟုတ်ပါဖူး အားငယ်လို့ပါ ….. ရိုးသားမှုကို စော်ကားသလိုဖြစ်သွားရင် တောင်းပန်ပါရစေ ….. ရစ်တာ မဟုတ်ပါဘူး ချစ်လို့ သဝန်တိုတာပါ ….. စိတ်ရှုပ်သွားရင် တောင်းပန်ပါရစေ …… မသေချာလို့ မဟုတ်ပါဖူး အခါခါကြားချင်လို့ပါ …. ပြောရတာ မောနေရင် တောင်းပန်ပါရစေ ….ချစ်သူရယ်


kaiMay 11, 20121min264336
“NLD လုံခြုံရေးတာဝန်ရှိသူက Weekly Express Times မှသတင်းထောက်အားကိုယ်ထိလက်ရောက်ကျုးလွန်ခြင်းနှင့်မီဒီယာသမားများကိုစော်ကားပြောဆိုခြင်းကိုညှိနှိုင်းဆောင်ရွက်ပေးရန်NLDသို့ပေးပို့ထားသောစာ” ခေါင်းစဉ်နဲ့ ဖေ့စ်ဘုတ် မှာတင်ထားတာကို ပြန်တင်ပေးလိုက်တာဖြစ်ပါတယ်..။ http://www.facebook.com/pages/Messenger-News-Journal/127099574018030 မှ ကူးယူတာဖြစ်ပါကြောင်း..။


ဘဲဥMay 11, 20121min80518
လွဲမှားနေဆဲပဲ ဘဝရဲ့ အချိုးအကွေ့ဝဲဂယက်ထဲ တောင်ပံကျိုးအောင်ဖြတ်သန်းရင်း ခုတ်မောင်းသော်လည်း မရနိုင်တယ်၊ ဘဝဟာဒါပဲလား ပျော်ရွှင်ခြင်းရဲ့ အဝေးတစ်နေရာ အရည်ပျော်ကျနေ ဒီခရီးထဲ အငွေပျံပျောက်ဆုံး အိမ်မက်တွေရယ်၊ ငါ ….. ပျံသန်းရင်းနဲ့ ဒီခရီးကြမ်းထဲ အဖေါ်မဲ့အားငယ်… ငါ ….. အမှောင်ဖုံးညတွေ ပျက်သုံးဖို့ရာ ရင်နဲ့ရင်းကာ ဖန်ဆင်းထားချင်တယ်… သောက အခိုးအငွေ့ထဲ လွမ်းမောရင်းနဲ့ ဝဲပျံကာ တေလေငှက်ငယ် လွင့်မျောရင်း နိုးထနိုင်ဖို့  အားယူမည်  ။