မေလရဲ့ ဒုတိယပတ်မြောက် တနင်္ဂနွေနေ့ဟာ အမေများနေ့လို့ ဆိုပါတယ် … ဒီ ၂၀၁၂ ခုနှစ်မှာဆိုရင်တော့ မေလ (၁၃) ရက်နေ့ပေါ့နော် .. အဲဒီနေ့ .. အမေများနေ့မှာ … ကျနော့် အမေအတွက် ရည်ရွယ်ပြီး စာတိုလေးတစ်ပိုဒ် ရေးထားတာ ရှိပါတယ် …. အဲဒီ စာတိုလေးကတော့ …. ဟိုး အဝေးကြီးမှာ နေထိုင်တယ် ဒါပေမယ့် ကျနော့်အနား အမြဲရှိနေတတ်တယ် “လူလေး” လို့ ခေါ်တတ်တဲ့ အမေ့ရဲ့ အသံတွေဟာ ကျနော့်ရဲ့ ဘေးနားပတ်လည်မှာ အချိန်တိုင်း ဝဲပျံနေလျက်ပါ အမေ …… အမေ့ကို ချစ်တဲ့ … သား လူလေး _______________________________________________ အောက်က ပုံတွေကတော့ အမေနဲ့ သက်ဆိုင်တဲ့ ပုံတွေပါပဲ […]

