တနေ ့တာအစပြုလေပြီ။နေမင်းကြီးသည်ကောင်းကင်ပေါ်သို ့မင်းမူ နိုင်ရန်ရှေ ့မှအတားအဆီး ဟူသမျှကို ကျော်ဖြတ်နေလေသည်။ ” ပဲပြုပ်” “ကောက်ညှင်းပေါင်း၊ အကြော်စုံပူပူလေး” အစရှိသည့် နံက်ခင်းဝမ်းဝမ်းဝ အစားပြေ ရောင်းချသော ခေါင်းရ­ွက်ဈေးသည်များ၏တစာစာ အော်နေသံများကြောင့် အိပ်ရေးမဝတဝဖြင့်နိူးထလာခဲ့ရသော်လည်း စိတ်မှာကြည်လင် လန်း ဆန်းနေသည်။ အဘယ့်ကြောင့်နည်း။ အကြောင်းတော့ရှိရမည်။ ဒါဆိုဘာအကြောင်းက အိပ်ရေးမဝတဝနဲ့ကိုစိတ်ကြည်လင်လန်းဆန်းနေရပါလဲ။ အကြောင်းရင်းကိုတွေးမိပြန်တော့ ရယ်မလိုစိတ်ကိုပြန်ထိန်းရသည်။ ညကညဉ့်နက်မှအိပ်ဖြစ်သည်။ အကြောင်းကား တရုပ်မင်းသား စတီဖင်ချောင် ၏သိုင်းကား ကြည့်နေသောကြောင့်ဖြစ်လေသည်။ဇာတ်လမ်းအရ မင်းသားမှာ မိုးနဂါးသိုင်း ၁၈ ကွက်ကို လေ့ကျင့်တတ်မြောက်ရမည်ဖြစ်သော်လည်း နောက်ဆုံးအကွက် ၁၈ ကိုမကျင့်ဖြစ်နေလေ သည်။လူဆိုးဖြစ်သူသိုင်းအကျော်အမော်နှင့်လည်းတိုက်ခိုက်ရတော့မည်။ မင်းသားကလည်း မရနိုင်။မကျင့်နိုင်။အနီးရှိသူများကလည်းအလွန်စိုးရိန်နေကြလေပြီ။ကြည့်နေသောကျွန်ုပ်သည် ပင်လျင်အားမလိုအားမရဖြစ်နေမိသည်။ဘေးမှလည်းဝိုင်းဝန်းကြိုးစားကူညီပေးနေကြ ပြန် သည်။ “ဖျက်ကနဲ့” မီးပျက်သွားလေတော့သည်။ ပြီးခါနီးတဝက်တပျက်နှင့်အိပ်ရာသို့ဝင်ရလေတော့သည်။မီးပျက်လို့သာတော်သေးသည်။ နာရီသံတချက်တီးနေပြီ။မနက်ရုံးသွားရအုံးမည်။ ဇာတ်လမ်းနောက်သို့အလိုက်ကောင်းနေသည်။ စိတ်ကဆောင်နေသော်လည်းကိုယ်က ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားလေတော့သည်။ […]


ခင္ခSeptember 2, 20131min4305
“ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘေးကင်းလိုပါ၏´´   ကျွန်တော့်၏ လွန်ခဲ့တဲ့ အနှစ်၂ဝ ကျော်လောက်က အဖြစ်အပျက်လေးတစ်ခုပါ။ ကျွန်တော်တို့ ပြည်မြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ပဒေါင်းဘက်မှာကျွန်တော် အရင်လုပ်တဲ့အလုပ်က လုပ်ငန်း တွေလုပ်တာမို့ အဲဒီကို အလုပ်ကိစ္စနဲ့သွားပြီး ပြန်ခဲ့တဲ့တစ်နေ့ပေါ့၊ ကျွန်တော်တို့ အဲဒီကို သွားတုန်း က အခုလိုဧရာတီမြစ်ကူးတံတားမဆောက်ရသေးဘူး စက်လှေနဲ့ကူးကြရတယ်။ ဒီဘက်ကမ်းက ပြည်မြို့မှာ ပြည်ရွှေဆံတော်ဘုရားရှိပြီး ဟိုဘက်ကမ်းမှာက ရွှေဘုံသာမုနိဘုရားရှိပါတယ်။ အဲဒီတော့ ဟိုဘက်ကမ်း ရွှေဘုံသာမုနိဘက်က မော်တော်နဲ့ပြည်ဖက်ကိုကူးပြီး ပြည်ရောက်တော့ညနေ ၅ နာရီလောက်ရှိပြီမို့ ပြည့်မြို့ ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံနားက အိုဆာကာထမင်းအဝစားဆိုင်မှာ ညစာထမင်းဝင်စားပြီး ဆိုင်ရှင်နဲ့က ပြည်မြို့ ရောက်တိုင်းဝင်စားနေကြမို့ သိနေတော့ ဆိုင်ရှင်ကို ရန်ကုန်ပြန်ဖို့ဒီည ကားတစ်စီးလောက်ဌားရရင် ဌားချင်တဲ့ အကြောင်းပြောပြပြီး ကားရှာခိုင်းလိုက်တာ ခဏနေတော့ ဒီမနက်ရန်ကုန်က ပစ္စည်းလာပို့တဲ့ ဟိုက်လတ်ကား […]


ဦးေက်ာက္ခဲSeptember 2, 20132min166249
မင်္ဂလာပါ ခင်ဗျ… ကျနော်များ မန်းဂဇက်မှာ လူခြေတိတ်နေတာမို့ နည်းမျိုးစုံနဲ့ ပရိုမိုးရှင်းလုပ်ပါ့မယ်…   တတ်သိပညာရှင် ဆရာ၊ဆရာမများက နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေ ရေးကြ ဆွေးနွေးကြတာမို့၊ ဉာဏ်မမီတဲ့ ဦးကျောက်ခဲက ယနေ့ကြွလာတဲ့ စာဖတ်သူ ပရိတ်သတ်ကို ဧည့်ခံချင်တာကတော့ ယိုးဒယားစတိုင် ဝက်ပေါင်သားစတူး “Khao Kha Moo” ဖြစ်ပါတယ်ခင်ဗျ ။ အဲ… ဝက်သားမစားရင်တော့ ဆောဒီးလို့ တောင်းပန်ပါရစေ။ ဒီဝက်ပေါင်သားနဲ့ ထမင်းပွဲကို ထိုင်းနိုင်ငံ တလွှားက… ( တိန်… တောင်ပိုင်း ပတ္တနီ၊ ယာလ၊ နရသီဝပ် မပါ ) လမ်းဘေးဈေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူ စားသုံးနိုင်တာမို့ လွယ်ကူစားမြိန် ဈေးသက်သာတဲ့ ဟင်းလျာတစ်မျိုးပေါ့ ခင်ဗျာ။ အဲသည့်အထဲမှာမှ ချင်းမိုင်ညဈေးထဲက မြန်မာဆိုင်ဆိုရင် နာမည်ကြီးခင်ဗျ။ […]


alinsettSeptember 2, 20131min89825
  ရွာထိပ်ကို ကျွန်တော် ရောက်တော့ နှင်း မရောက်သေးပါ။ နှင်း အလာ လမ်းကို တစ်ချက်တစ်ချက် ငေးမျှော်ရင်းး ကျွန်တော် ခရေပင်ကြီး အောက်မှာ ထိုင်နေမိသည်။ မြောက်လေ မြူးမြူးက ရှူးရှူးရှဲရှဲ တိုက်လာသည်။ လေတိုက်ခြင်းကြောင့် ခရေပင်ကြီး အနည်းငယ် လှုပ်ခတ် လာပြီး ခရေရွက်တို့အချင်းချင်း ထိခတ် သံ တဖျတ်ဖျတ်ကို ကြားရသည် ။   မြောက်လေနှင့်အတူ ပါလာတာကတော့ ကျွန်တော် ဘာပန်းမှန်း မသိသည့် ပန်းရနံ့သင်းသင်းကလေးဖြစ်ပြီး ကျွန်တော် ကောင်းကောင်း သိနေသော ခရေပန်း ရနံ ့ကလေး လည်း ပါလာသည်။   ခရေပန်းရနံ ့။ ဟုတ်သားပဲ ။ နှင်းခေါင်းက ဆံထုံးကလေးထက်မှာ ခရေပန်းကုံးကလေး ရစ်ပတ်သီကုံးထားတာ မြင်ဖူးသည်။ […]


ဇီဇီSeptember 2, 20138min198273
အမှန်တော့ ဝါး ကို ကတိပေးပြီးမှ တုန့်ဆိုင်းနေတဲ့ ပို့(စ) ပါ။ ခုတော့ ရေးဖို့ ဆုံးဖြတ်ထားတဲ့ အတွက် အစမှ အဆုံး ရေးချင်တာတွေ တန်းစီရေးလိုက်ပါပြီ။ ခု ပထမဆုံး ရေးမှာက အိတ် ဘရန်းတွေနဲ့ ဘယ်လို အိတ်မျိုးကို ဘယ်နေရာမှာ သုံးသင့်တယ် ဆိုတာ အကြမ်းဖျင်းရေးသွားမှာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘရန်းခရေဇီ ထဲမှာ ကျနော် မပါပါဘူးးး တံဆိပ်တစ်ခု အတွက် မတန်မရာ ပေးရတယ်လို့ မြင်လို့ တတ်နိုင်သလောက် ဘရန်းနောက်မလိုက်ပါ။ ဒါမဲ့ လူတောတိုးရတဲ့ အချိန်မှာဆိုရင်တော့ ဘယ်သူဘာပြောပြောသိအောင်နားလည်အောင် ဟိုစပ်စပ် ဒီစပ်စပ် အကုန်လေ့လာထားလေ့ရှိတာမို့ (အဲ) ဘာမှ မထူးချွန်ပဲဖြစ်နေတဲ့ ဘဝ ပါ။ ဟီးးးး  😀   ဒီ အောက်က […]


သူကေလးSeptember 2, 20131min198749
– – – – – =============================== ကဗျာ ကို ကျမ ချစ်တယ်။ ဘယ်အချိန်တည်းက ကဗျာ ကို ကျမ ချစ်မိနေလဲဆိုတာ ကျမ မမှတ်မိ။ ဒါပေမယ့် ဆယ်ကျော်သက် အရွယ်မှာ မတောက်တခေါက် ကာရံ ကဗျာတွေဟာ ကျမ လက်ကို ခပ်ဖွဖွလေး နမ်းရှိုက်နေခဲ့ပြီလေ။ အခုများ အချိန်မှာတော့ ကဗျာ ဆိုတာ ကျမ နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံးဆီမှာ နေရာယူထားတတ်ခဲ့ပါပြီ။ ကဗျာ ချစ်တတ်တဲ့ ကျမ ….. ဒီဘဝတစ်ကွေ့မှာ ကဗျာ ချစ်တတ်တဲ့ မောင်နဲ့ တွေ့ခွင့်ရခဲ့တယ် ….။ ဒါကို ဟိုသီချင်း စာသားလို “ဘုရားပေးတဲ့ ဆု” လို့ ပြောလို့ ရနိုင်လေမလားပါပဲ။ မောင်က ကျမနဲ့ […]


Ma MaSeptember 2, 20131min66614
    ခုရက်ထဲဖေ့စ်ဘုတ်မှာ သရော်ကာတွန်းလေးတစ်ကွက်တွေ့မိတယ်။ သက်တမ်းရင့်နေတဲ့ ဒီရင်ချင်းဆက်အမွှာကို ခွဲစိတ်ရင် အောင်မြင်နိုင်ပါ့မလား အာစရိ လို့ ခွဲစိတ်ဆရာဝန်ကို မေးနေဟန် ဆွဲထားတဲ့ ကာတွန်းလေးပါ။ ရင်ချင်းဆက်နေတာကတော့ ဒုစရိုက်နဲ့ ပြည်သူ့ရဲ တဲ့။ :loll:   https://www.facebook.com/photo.php?fbid=272152866243394&set=at.140638446061504.18752.100003460492354.744583013.743098456&type=1&relevant_count=1&ref=nf   မျိုးချစ်စိတ်ဓာတ်အပြည့်အဝနဲ့ ခင်ဝင့်ဝါကို အားပေးကြတဲ့ မဟာပုရိသများကို ရိထားတဲ့ ကာတွန်းကတော့ ပျံ့နှံ့နေတာမို့ အထူးမပြောလိုတော့ပါဘူး။ :kwi:   https://www.facebook.com/photo.php?fbid=10200919671133012&set=p.10200919671133012&type=1 ဒီနေရာမှာ ထိမိတဲ့တစ်ကွက်ကာတွန်းကို ဖန်တီးတဲ့ဆရာများကို ချီးကျူးဂုဏ်ပြုချင်ပါတယ်။   တိုင်းပြည်ကို ကောင်းစေလိုတဲ့စိတ်၊ ပြုပြင်စေချင်တဲ့စိတ်နဲ့ရေးတယ်လို့ အကောင်းမြင်စိတ်နဲ့ပဲ မြင်ပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုပ်စေချင်ဆိုပြီး https://myanmargazette.net/184447 မှာ ရွှေမိုးတိမ်ရေးထားသလို …………. နေရာတိုင်းမှာ လူဆိုး လူကောင်းဆိုတာ ရှိနေမှာပါပဲ။ ငါးခုံးမတွေက အများစုမဖြစ်ဖို့လိုသလို […]