အာဂJuly 16, 20141min22610
အလွမ်းဆိုတဲ့ စကားလုံးကို ဘယ်သူတီထွင်လိုက်တာလဲလို့ စဉ်းစားမိတုန်း….။ အလွမ်းတွေ ခန္ဓာအနှံ့ တစ်ဘုန်းဘုန်းရွာချ…။ ခဏ ခဏ ဖြစ်ဖြစ်…တစ်စ စ ပဲဖြစ်ဖြစ်…။ ရင်ခွင်တံခါးဝ.ထဲ…လာလာ မချိတ်ဆွဲနဲ့…။ ညရေး ညတာ….ဘဝတွေထဲ အလွမ်းကြောင့်…ငါ ဘယ်တော့မှ တစ်ရေးမနိုးရပါစေနဲ့…။ အလွမ်းဆိုတာ ထမ်းထားရတာထက်လေးတယ်။ လွမ်းဆွေး…. (ပျင်းလို့ရေးမိတာပါ။(အာဂ)


alinsettJuly 16, 20142min48930
က) ကျွန်တော်ဆိုတဲ့ချာတိတ်လည်း ခေါင်းကိုထိခိုက်မိပြီးကတည်းက ရူးချင်ချင်ဖြစ်သွားတာများလား ? ခ) မေးခွန်းတွေတစ်မျိုးပြီးတစ်မျိုး မေးချင်နေတာ ဘာကြောင့်များပါလိမ့် ? ဂ) ကျွန်တော် မေးချင်တာလေးတွေ ရှိလို့ စိတ်ထဲကလိကလိဖြစ်နေတာတွေကို မေးတဲ့အခါ ဖြေကြမလား ? ဃ) မေးချင်တာတွေ တန်းစီနေတဲ့အထဲကမှ ဘယ်ဟာကိုအရင်စ မေးရင်ကောင်းမလဲ ? ———————————–   ၁) အိပ်မက်နည်း ကျွန်တော်ဗျာ. . . ည ညအိပ်ရင် . . . အိပ်မက်လုံးဝ မမက်တတ်ဘူး ။ သူများတွေများ မက်လိုက်ကြတဲ့အိပ်မက်တွေ ။ အိပ်မက် မက်ရင်းနဲ့ လမ်းထလျှောက်တာတို့. . .ထယောင်ပြီးအော်တာတို့ ဘာတို့ မြင်ရကြားရရင် ကျွန်တော် တော်တော်အားကျတယ်ဗျာ ။ ကျွန်တော်လေ အိပ်မက်တွေမက်ချင်တာဗျ ။ […]


ခင္ခJuly 16, 20141min1414
” အလေးပြုတာဘဲ အဖတ်တင်”   ဇူလိုင်တစ်ဆယ့်ကိုး တစ်ပတ်လည်လို့ ခနနေတိုး ဟွန်းတီးကြဖို့ ဆိုသူဆို ဩဥဆွဲသင့် ပြောသူပြော အလေးပြုကွယ် လုပ်သူလုပ် ချီတက်ကြမယ် စုသူစု ဒီတစ်ရက်အတွက် တပ်လှန့်တာလား ဒီတစ်ရက်အတွက် တော်လဲတာလား ဒီတစ်ရက်ဘဲ လုပ်ကြမှာလား ဒီတိုင်းပြည်အတွက် နေ့စဉ်ရက်ဆက် ဘာတွေပြုပြင် ဘာလုပ်သင့်ထင် ဒါတွေစဉ်စား တိုးတက်သွားဖို့ လုပ်သင့်တာတွေ အများကြီးမို့ တစ်ရက် တစ်မနက် လေးပြုနုတ်ဆက် နောက်ရက်ဒုံရင်း ပြန်နေဖြစ်ရင် အလေးပြုတာဘဲ အဖတ်တင်။   ခင်ခ။  


ခင္ခJuly 16, 20141min44622
” ကျေးဇူးပါ ဂဇက်ကြီးရေ “   ပြီးခဲ့တဲ့ရုံးပိတ်ရက် တနင်္ဂနွေနေ့က အပျော်တန်းဓာတ်ပုံရိုက်ဝါသနာထုံသူ သူငယ်ချင်းတစ်ယောက် ရန်ကုန် ကနေ မန်းလာလည်မယ်ဆိုသောကြောင့် မနက်အဝေးပြေးဂိတ်မှာ သွားကြိုခဲ့ရတယ်လေ။ သူငယ်ချင်းနှစ်ယောက် လူချင်းမတွေ့ဖြစ်တာ ဆယ်စုနှစ်လောက်ဆိုတော့ သူစီးလာတဲ့အဝေးပြေးကားပေါ် ကနေဆင်းလာလို့ သူငယ်ချင်းနှစ်ယောက်စုံလိုက်တာနဲ့ ပြောစရာစကားတွေ တစ်ပုံတပင်စကားတွေ ထွက်လာ လိုက်ပြီး မနက်စာကို မန်းမြို့တော်ပေါက်စီဆိုင်မှာ ဝင်စားရင်းရှေ့ဟောင်းနှောင်းဖြစ်ပြောကြကာ အခုလာတာ ဘာကိစ္စလဲ ဘယ်သွားလည်ချင်တာလဲဆိုတော့ စစ်ကိုင်း၊ မင်းကွန်းနဲ့ ဦးပိန်ဘက်ကိုမို့ သိလိုက်ပါပြီ ကင်မရာ တကားကားနဲ့ ထင်ရာရိုက်တော့မယ်ပေါ့လေ။ ဒါနဲ့ဘဲ မန်းရောက်ရင်တော့ ဘုရားကြီးအရင်ဦးတိုက်လိုက်ကွာဆိုပြီး ဘုရားကြီးလိုက်ပို့ အဲဒီကအထွက် စစ်ကိုင်းဘက်ခြေဦးလှည့်ကြပြီး စစ်ကိုင်းတောင်ရိုးက ဆွမ်းဦးပုံညရှင်စေတီကို တက်လှမ်းကာရောက်ခဲ့ ကြတယ်ပေါ့။ ဆွမ်းဦးပုံညရှင်ဘုရားကို သူငယ်ချင်းနှစ်ယောက် ဆွမ်းတော်ကပ် ဘုရားဝတ်ပြုပြီး သူက အနီး အနား အလှတရားရှုခင်းတွေကို […]


moonpoemJuly 16, 20141min29815
အကယ်၍ ကျွန်ုပ်၏ အစ်မအပျိုကြီးသည်အမျိုးသမီးဖြစ်သဖြင့် အမျိုးသမီးထုကို ကိုယ်စားပြုသည်ဆိုကြပါစို့….။ သူနှင့်ကျွန်ုပ်ငယ်စဉ်က အိုးပုတ်ချိုးရုပ် ဝယ်လျှင် သူသည် မည်သည့်အိုးပုတ်ချိုးရုပ်ကို မဆိုဝယ်၏။လှလှ မလှလှ သူမရွေး သူ့မှာရှိသမျှှနှင့်ရအောင်ဝယ်၏။ ဒါသည် ငယ်ရွယ်စဉ် အခါဆယ်ကျော်သက်အရွယ်၌ ဘာပဲဖြစ်ဖြစ်ချစ်တတ်သော အမျိုးသမီးထုကိုကိုယ်စားပြု လေ၏။သူတက္ကသိုလ်တက်မည်ဆိုသောအခါ အိတ်လှလှလေးများကို မြင်လျှင် သဘောတွေကျပြီး ပြုံးတတ်လာပြီ။တကယ်လှသောအိတ်ကိုရွေးချယ်ဝယ်ယူတတ်လာပြီ။မလှလျှင် နေခဲ့လေတော့။ ဒါသည် သစ်ရွက်လှုပ်လျှင် တခိခိရယ်တတ်သောအရွယ် ချောတာလှတာမြင်လျှင် ရင်ခုန်တတ်သည့် ် အသက်၂ဝကျော်ခါစ အမျိုးသမီးထုကိုကိုယ်စားပြုလေ၏။ သူကျောင်းပြီး၍ အလုပ်စဝင်သောအခါ ဖိနပ်သွားဝယ်ရန် လိုက်မိပြန်၏။ ဟိုဖိနပ်က ကြိုးရှုပ်သည် ဒီဖိနပ်က ဒေါက်မြင့်သည် ဟိုဟာက ပုံတုံးသည် စသဖြင့် ချေးများလေသည်။ဖိနပ် တစ်ရန်ရဖို့တော်တော်ရှာယူရလေသည်။ ဒါသည် ချောတာလှတာမြင်လျှင် ပင် သိပ်ရင်မခုန်တတ်ဘဲ ချေးများလာပြီး ကိုယ့်စိတ်တိုင်းမကျမချင်း ခေါင်းမငြိမ့်တတ်တော့သော နှစ်ဆယ်ကျော် အစိတ်ပိုင်း […]


ကုိ ထြဋ္July 16, 20142min26614
ဟဲ.. ဒါက ကျွန်တော့်ရဲ့ ခရီးစဉ်လေးပါ..  မပြောခင်လေးမှာ စကားဦးလေး ပြောပါရစေ… အခုတလော ကျွန်တော် ရောက်စကတည်းက ပဋိပက္ခတွေ များနေသလားပဲ… အခုတင်တဲ့ ကျွန်တော့်ပို့စ်လေးကို အမြောက်သံ၊ ဗုံးသံကြားထဲက တင်ရတဲ့ ပို့စ်လို့ တင်စားရမလားပဲ… 🙂 သွားတာကတော့ ဗုဒ္ဓဟူးနေ့ညက သွားတာ.. ည ကားပေါ့… ၉း၄၅ လောက်ထွက်တယ် ပြောမယ်..  ကားက E Lite နဲ့… Scania နည်းနည်း Date အောက်လေးပေါ့… ရောက်တော့ စောနေတယ်ဗျ.. ဒါနဲ့ ပါတဲ့ 8.6 ကလေးကို မော့ပြီးစောင့်ရတယ်… ဆိုးဘူး ပြောရမယ်.. E Lite က အဲကွန်းလေး ဖွင့်ပေးထားတယ်.. ရှက်တာ တည့်တည့်ဆိုတော့ ငိုက်ချင်သလိုလိုပဲ… ပြီးတာ့ ကားပေါ်တက်ပေါ့… […]


naywoon niJuly 16, 20141min2248
ဖြစ်​မလာဘူးဆိုတာ ​သေချာသိ​နေရက်​နဲ့ တစ်​ကယ်​လို့များဆိုပြီး ရာခိုင်​နှုန်​းနဲနဲ​လေးကိုဖက်​တွယ်​ ​မျှော်​လင်​့​နေခဲ့ကြရတာကြာ​ပေါ့ ။ တစ်​ကယ်​ဖြစ်​မလာ​တော့လည်​း ​ကြေကွဲစရာမရှိတဲ့ နှလုံးသားမဲ့သူများလို အရယ်​အပြုံးနဲနဲ နဲ့ပဲ ​နေ့စဉ်​ဘဝ ဆိုတာကြီးကို သမရိုးကျဆိုတဲ့ စကားလုံးထက်​ ပို​လေးနက်​တဲ့ စကားလုံးရှာမ​တွေ့တဲ့ အတိုင်​း သမရိုးကျ ဖြတ်​သန်​း ဒီလမ်​း ဒီစခမ်​းနဲ့ပဲ ပြီးပါပြီ လို့ စာတမ်​းမထိုးခင်​​လေး ဖြစ်​ချင်​တာ​လေး​တွေမြည်​းတမ်​း ​မျှော်​လင်​့လိုက်​စမ်​းပါဦး ။ ဒီလိုနဲ့ပဲ မ​ပေါက်​မှန်​းသိရက်​နဲ့ထိုးခဲ့တဲ့ထီလက်​မှတ်​​တွေ များများလာ​ပေါ့ ။ ​နေဝန်​းနီ ၁၃း၁၅ ဇူလိုင်​ ၁၆ , ၂၀၁၄


ဟွန်းမတီရ ************* ၁၉ ဂျုလိုင်မှာကားတွေဆိုင်ကယ်တွေဟွန်းမတီးဖို့ အမိန့်ထုတ်ထားသဗျာ။ အဲဒီတော့ဘာလုပ်ရမလဲ?? မတီးနဲ့ဆို။ မတီးယုံပေါ့။ ဘာဖြစ်သတုံး။ ဒီလူဒွေက၂၀၁၅ မတိုင်ခင် ဆွပေးနေအုံးမှာပဲ။ ဆွလိုက်။ ထိုးလိုက်။ ဖွလိုက်။ မြောက်လိုက်။ ပင့်လိုက်။ အမျိုးမျိုး မျှင်းးးသတ်နေတာ။ ခင်ဗျားတို့ အဲသည်နောက်ပဲလိုက်နေမဲ့အစား ကိုယ့်ပန်းတိုင်ကိုဘယ်လိုချီတတ်ကြမလဲ?? ဘယ်လိုပုံဖေါ်ကြမလဲ? ဒါတွေလုပ်ကြ။ ကိုင်ကြ။ စဉ်းစားကြပါလားး။ “ပြေးဝင်လာတဲ့ခွေးကို” ဘာတဲ့ “ပြိုင်မကိုက်ပါနဲ့” ဟုတ်လားးး?? “လမ်းဖယ်ပေးလိုက်ပါတဲ့” သဘောတူသလားး?? မတူရင် ခင်ဗျားဘာဖြစ်သွားမယ်ထင်လဲ??? ဒီနေ့ကစပြီး စဉ်းစဉ်းစားစားလုပ်ကြတော့။ ခင်ဗျားတို့အားတွေ အချိန်တွေ ပညာတွေ အကုန်လုံး ပြုန်းတီးကုန်မယ်။ ဒီတော့ ဟွန်းမတီးနဲ့ဆို မတီးဘူးပေါ့။ အဲသည်အချိန် တနိုင်ငံလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်စွာနဲ့ ဗိုလ်ချုပ်တို့ကို ဂုဏ်ပြုပေးလို့ မရဘူးလားး??? အာဇာနည်သမိုင်းအကြောင်းကို ညီငယ် ညီမငယ် သားငယ် […]