ခင္ခAugust 31, 20141min1124
” ဖယောင်းတိုင် “   မီးညွှန့်လွှလွှ ဖယောင်းတိုင်က ဘုရားစင်ထက် နေရာယူ ဒီဇိုင်းမျိုးစုံ မီးလုံးမီးချောင်းအဖုံဖုံက အိမ်ကြီးတစ်ခုလုံး လင်းအားပို ဖယောင်းတိုင်အလင်း မှိန်ဖျော့ဖျော့တဲ့ လျှပ်စစ်အားကိုး အကြွားပိုခဲ့ သိပ်မကြာခင် မီးပျက်လေသော် ဘုရားစင်အနီး ဖယောင်တိုင်မီးဖြင့် လင်းပေသော်လည်း အိမ်ကြီးခမျာမှောင်တိသာမို့ ဖယောင်းတိုင်ကို ကာပြန်မရ မြန်မာပြည်က။     ခင်ခ။


“ဘယ်အသီးစားရင်ကောင်းမလဲ”   လူတွေကတော့ ပြောကြတယ် ဩဇာသီး စားရင်ဩဇာ ရှိ တယ် ဆိုဘဲ။ လူမလေးခွေးမခန့် အလုပ်ခံရတာ တွေ ကြုံတာ များလာတော့ နောက်မှ ရင်ကျပ်ပြီး သေချင်သေပေ့ စေ ဩဇာသီးတွေအကုန်စားချင်စိတ် ပေါက်လာတာတော့ အမှန်ဘဲ နော်။ ဒါပေမယ့်လဲ အခုခေတ်ကြီး က နဂါးတွေတန်ခိုးထွားတဲ့ခေတ်ရောက်နေတော့ နဂါးမောက်သီးဘဲစားရင်ကောင်းမလားလို့တွေးနေမိတယ်။ ကဲ ဘယ်အသီး စားရင်ကောင်းမလဲ။ တစ်ခုတော့ကြိုမှာထားမယ် ချောက်နဲ့ကျောက်ပန်းတောင်း လမ်းခွဲက အသီးတော့ မစားချင်ဘူးနော်။  — at ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ .


” ၅၂၈ သွယ်သော အလွမ်းများ” အဝေးကနေ ခဏလာကြတဲ့ မိတ်ဆွေတွေ နဲ့ ခရီးသွားတဲ့ တစ်ရက်ပေါ့။ မနက်အစောကြီး ကျနော်အိပ်ယာက နိုးလာတာ ပြန်မအိပ်ချင်တော့ ခြံထဲမှာလမ်းလျှောက် နေမိတယ်။ အဲဒီမှာကောင်းကင်ရဲ့အရောင်တွေ ကလှ ပစွာပြောင်းလဲလို့ သွားပါတယ်။ ဒီတော့ ကျနော်က လဲ အမိအရ ဖမ်းထားလိုက်တာပေါ့။ အခုတော့ အတူ ခရီးသွားခဲ့ တဲ့ မိတ်ဆွေ တွေက ဟိုးးးးးးးးးးးအဝေးမှာ။ ကျနော်ကတော့ ဒီဓါတ်ပုံလေးတွေမြင်ရင် သူတို့ကို သတိရ နေတာပေါ့။ ကျယ်ပြောတဲ့လောကထဲမှာ ဘဝဝမ်းရေးအတွက် နေ့စဉ်နဲ့အမျှ ရုန်းကန်နေရတဲ့ ရေခြားမြေခြားမှာနေတကြတဲ့ သူတို့ကတော့ ကျနော့် ကို သတိရမယ် မထင်မိပါဘူး။ ကျနော် တို ့အညာသား ဆို တာက ဧည့်သည်ကိုမျှော်ပြီး ဧည့်သည်ပြန်ရင်လွမ်းတတ်တဲ့သူတွေကိုးဗျ။ အဲ […]


ခင္ခAugust 31, 20141min1266
” ဝါသနာပါတော့လည်းနော်”   တကယ်ဆို ပျော်တယ်မထင်ပါနဲ့ မော်ဒယ်လုပ်ရတာလဲ အဆင်တွေရှိပါရဲ့ ဓာတ်ပုံရိုက်ခေါင်းစောင်း အမူအရာပြောင်းရင် ပုံရယ်မလှမှာမြင်လို့ ဓာတ်ပုံဆရာက မေးနဲ့ပါး ခဏခဏကိုင် လမ်းလျှောက်တာကျင့်ပေးဖို့ နည်းပြဆရာက ခါးကိုင်တာ အခါခါလို့ သမီးရုပ်ရည် အပြုံးနဲ့ဆို ခေါင်းဆောင်မင်းသမီးတောင် ဖြစ်နိုင်သလိုလို ရွှင်းကာဆို အပြောတွေနဲ့ ပုခုံးလေးကိုင်ကာ အားပေးရှာပါတဲ့ အလည်ခဏ ရောက်လာတတ်ပ ဒါရိုက်တာကတစ်မျိုး အေဂျင်စီထောင်သူ ကိုတော်ချောရဲ့ညီ အပျိုတော်ချောတွေ မိတ်ကပ်လိမ်းကာချယ်သရင်ဖြင့် စသလိုနောက်သလို ဟိုပုတ်ဒီကိုင်လုပ်ပါလို့ ဒါဒါဒီဒီ ဒါဒါ သီချင်းသံစဉ်ဖွင့်ရင်ပ မီးဆလိုက်ရောင်ထဲ လျှောက်ကာပြလိုက်တော့ မော်ဒယ်တွေဘဝ ကြွကြွရွရွလေး သဘောကျကာ လက်ခုတ်တီးသံကြားရင် တွေ့ခဲ့သမျှမေ့လျှော့ကာ ပိတိလွှမ်းတယ် ဝါသနာကို မတားနဲ့ကွယ်။   ခင်ခ။


Shwe EiAugust 30, 20142min29613
တစ်ပတ်ကိုခေါင်းဘယ်နှစ်ကြိမ်လျှော်လေ့ရှိသလဲ????? -ခေါင်းလျှော်တဲ့အကြိမ်ရေဘယ်လောက်များများရှိသင့်ပါသလဲ???? ဒီလိုမေးခွန်းမျိုးကိုအလှပြင်ဆိုင်တွေမှာခေါင်းသွားလျှော်တိုင်းကျွန်မအနေနဲ့ မေးလေ့ရှိပါတယ်။ ယုံချင်ယုံမယုံချင်နေအဖြေကတော့ ရိုးရိုးလေးပါဘဲ။ ကဲအဖြေအတွက် အဆင်သင့်ဖြစ်ပြီလား ??? -ခေါင်းကိုလျှော်နိုင်သမျှ အကြိမ်ရေနည်းနည်းဘဲလျှော်ပါ။ ကွန်ပျူတာစခရင်ကို ကြည့်ပြီးမျက်စိလည်နေပြီလား။ လျှော်နိုင်သမျှ အကြိမ်ရေနည်းနည်းလျှော်ဆိုတဲ့ အရေအတွက်ကဘယ်လောက်ဖြစ်မယ်ထင်ပါသလဲ။ ဒီအဖြေကိုပြောဖို့ အတွက် ပထမဆုံးသိစေချင်တာကဆံပင်ကိုလျှော်တယ်ဆိုတာဆံပင်သန့်ရှင်းရေးလုပ်ရုံသက်သက် မဟုတ်ဖူးဆိုတာပါဘဲ။ ဒါဟာကျန်းမာတဲ့ဦးရေပြားရရှိအောင် ထိန်းသိမ်းတာမျိုးပါ..ဒါပေမဲ့ ဦးရေပြားယားယံမှုကိုသက်သာစေဖို့ တနေ့တကြိမ် ခေါင်းလျှော်နေရတာမျိုးကျတော့ ကံမကောင်းစွာနဲ့ဘဲ ကျန်းမာတဲ့ဦးရေပြားလုံးဝမဟုတ်ဘူးဆိုတာ သိထားရပါမယ်။ ဆပ်ပြာ(ခေါင်းလျှော်ရည်)တွေဟာသင့်ဆံပင်ကိုကျန်းမာရေးကောင်းစေတဲ့ အဆီတွေကိုထိန်းသိမ်းထားပေးတဲ့ ဦးရေပြားအလွှာကို ခွါချပစ်လိုက်ပါတယ်။ အိုက်လိုလုပ်လိုက်တာနဲ့ တပြိုင်နက် အဆီထိန်းလွှာဟာအဆီတွေကိုမထိန်းသိမ်းနိုင်တော့တဲ့အတွက် (စိတ်ဆိုးဆိုးနဲ့) ပိုများတဲ့အဆီတွေကိုထုတ်ပေးပါတော့တယ်။ အဆီထွက်တာများလေဆံပင်မှာစေးကပ်ကပ်ဖြစ်လေပါဘဲ။ ဒါနဲ့ဘဲခေါင်းထပ်လျှော်ရပြန်ပါရော။ အပြန်ပြန်အလှန်လှန် အဆီထွက်လိုက် ခေါင်းလျှော်လိုက် သံသရာမှာနေ့တိုင်းလည်ပတ်နေရတာစိတ်ရှုပ်စရာပါဘဲ။ ဒီလိုကိစ္စမျိုးတွေကိုရှင်လဲကြုံဖူးသိဖူးပြီးသားဖြစ်မှာပါ။ ဆံပင်ကိုနေ့တိုင်းလျှော်ခြင်းရဲ့ ကြီးမားတဲ့ အကျိုးဆက်ကဘာပါလဲ???? ကျွန်မဆီကိုလာတဲ့ လူနာအများစုကတော့ နေ့တိုင်းခေါင်းလျှော်ရမှဖြစ်မယ်လို့ပြောကြပါတယ်။ စေးကပ်ကပ်ဖီလင်ကိုမခံစားနိုင်လို့ပါတဲ့။ အဆီထွက်များလွန်းတဲ့ ဦးရေပြားကလဲသည်းမခံနိုင်စရာပါဘဲ။ ကျွန်မလဲဒါကိုကောင်းကောင်းနားလည်ပါတယ် အမျိုးသမီးတို့ရေ။ […]


တိမ္မည္းAugust 30, 20141min24014
ခုနလေးကပဲ Internet Journal ကနေ Ooredoo က တမိနစ် ကို ၂၅ ကျပ်နှုန်း plan မပါပဲ ကောက်ခံနေရာကနေ တမိနစ်ကို ၁ဝ ပဲ ကောက်ခံတော့မယ် အကြောင်း လာမယ့် လကနေ စတင်မယ့်အကြောင်း ပြောကြားသွားတယ်.. Plan တွေကို တော့ ပြောင်းဖို ့အစီအစဉ်မရှိသေးဖူးပေါ့… အဲ့မှာပဲ စဉ်းစားစရာ ဖြစ်လာတယ်… ဖော်ပြထားတဲ့ ဇယားလေး တချက်ကြည့်လိုက်တော့ အတွေးနဲနဲ ဝင်သွားတယ်ဗျာ… စကားပြောသွားတာက သူတို ့ကန် ့လန် ့ထည့်ထားတဲ့ Facebook usage ပေါ့ဗျာ… လူတွေက တကယ်တမ်းတော့ facebook ကို အဲ့လောက် မသုံးကြဖူးဗျ… ဖုန်းနဲ ့… များသောအားဖြင့် ရုံးမှာ သုံးတက်ကြတော့ တကယ်တမ်း […]


Zaw AungAugust 30, 20141min1503
ရွှေအကြောင်းသိကောင်းစရာ(144) 1999 ခုနှစ် ဆိုင်ဖွင့်ခါစက ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပါ ဝန်ထမ်းလိုတယ်ဆိုတော့ ပန်းထိမ်ဆရာတစ်ယောက်က သူ့အသိရဲ့သမီးကို အလုပ်လာသွင်းပေးတယ် တစ်လလောက်ကြာတော့ ဆိုင်ကညနေ ၆ နာရီပိတ် တာကို ကိစ္စရှိလို့ ၅ နာရီ ြီပန်ဖို့ခွင့်တောင်းတယ် ရိုးရိုးသား သားပဲထင်လို့ ခွင့်ပြုလိုက်တာပေါ့ ၆ နာရီစာရင်းစစ်တော့ တစ်ကျပ်သားကြိုးတစ်ကုံးပျောက်နေတယ် ဆိုင်မှာကျန်ခဲ့ တဲ့ ဝန်ထမ်းနှစ်ယောက်ကလဲ ကြောက်နေတာပေါ့ သူတို့ နှစ်ယောက်ကတော့ ရိုးပါတယ် အခုထိဆိုင်မှာရှိသေးတယ်သူတို့ရဲ့အိတ်တွေ ကိုယ်တွေမှာလဲ ရှာရတာပေါ့ မတွေ့ဘူးသေချာတယ် စော ပြန်တဲ့တစ်ယောက်ယူသွားတာ သူ့အိမ်ကဝေးတော့ နောက်နေ့မှလိုက်သွားတော့မယ်ဆိုပြီး ဆိုင်ပိတ်လိုက်တယ် နောက်နေ့မနက်ဆိုင်ဖွင့်တော့ အဲဒီ ဝန်ထမ်းကခပ်တည်တည်နဲ့ အလုပ်လာဆင်းတယ် ဘာမှ မသိတဲ့ပုံစံမျိုးနဲ့ပေါ့ (စဉ် 145 သို့) ရွှေအကြောင်းသိကောင်းစရာ(145) (144မှအဆက်) မနေ့ကယူသွားတဲ့ကြိုးကို ပြန်ပေးဖို့ချော့ေ တာင်းရတာပေါ့။မရဘူး မယူဘူးဘဲ […]


alinsettAugust 30, 20141min66145
မောင်သူရတို ့ ငယ်ငယ်လေးထဲက ဖတ်မှတ် ရွတ်ဆိုခဲ့ဖူးမှာ သေချာတဲ့ စာသားလေးတစ်ခုအကြောင်း ပြောရအောင်ဗျာ ။ အားလုံးလည်း ရွတ်ဖူး /ကြားဖူးကြမှာပါ ။ စံပယ်တဲ့လေးရုံ ၊ ပျိုတို့မောင် မပန်ထိုက်တယ် ၊ ပန်းပြတ်ခိုက်ကြုံ၊ အပွင့်ရယ်ကုန်၊ တစ်ငုံဖြင့် ကျန်ပါသေးတယ်၊ ပန်ချင်ရင် ပျို့မောင်ကြီးရယ်၊ ခေါင်းဖြီးခဲ့လေး။ အဲဒီစာသားလေးတွေလေ ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ဘယ်သူရေးတာတွေ ၊ ဘယ်လိုရေးတာတွေ ၊ ကဗျာအမျိုးအစားက ဘာ ဆိုတာတွေ … မပြောချင်ပါဘူး ။ အဲဒါတွေ လျှောက်ပြောဖို့ မောင်သူရမှာ ပါရမီလည်း မပြည့်သေးဘူး ။ ဒီတော့ မောင်သူရ ပြောချင်တာလေးက… ဒီလိုပါ ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ မောင်သူရတို့ အဲဒီ စာသားလေးကို ရွတ်တော့… ငယ်ငယ်ကဆို… […]


မင်းဟာ နှင်းဆီထက် နည်းနည်း ပိုသွယ်တယ် ၊ ဒါပေမယ့် ဆိုဒ်က သိပ်မကွာပါဘူး ၊ ငါ့အရိုးထဲအထိ စွဲနေတဲ့ နှင်းဆီရဲ့  အရသာကို မီမလား၊ သိပ်မသေချာသွားပေမယ့် မင်းမှာလည်း မင်းအစွမ်းများတော့ ရှိမပေါ့ ၊ ပေးရတဲ့ဈေးက တူသလို မင်းက အရောင်ပိုလှတယ် ၊ မင်းကို ကိုင်မိတာနဲ့ ကျစ်လစ်တဲ့ အတွေ့အထိကို ခံစားမိတယ် ၊ မင်းအသားပေါ်မှာ မွှေးနုစိမ်းကလေးတွေနဲ့ပါလား ၊ မင်းကို နမ်းကြည့်တော့ ရှတတ ၊ မင်းအရသာကို သိပ်သိချင်လာသမို့ အိပ်ထဲက အချစ်ကို ထုတ်လိုက်တယ် ၊ ဖျောက်ကနဲထွက်လာတဲ့  မီးတောက်ကလေးနဲ့ မင်းကို ထိတွေ့စေခဲ့ပြီးတဲ့နောက် မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေကြားမှာ မင်းအရသာကို ငါသိသွားတယ် ၊ မွှေးတေးတေး နဲ့ ချိုအီအီ […]


manawphyulayAugust 30, 20141min1074
အလိုတော်ပြည့်ဘုရား တောင်ပုံရာပုံ ကြံတိုင်းစုံ ဂုဏ်မည် ထင်ပေါ်ကြပါစေ… မျှော်ရတာတွေ ပေါ်ကြပါစေ… တော်ကြာတာတွေ ကျော်ကြပါစေ… ပျော်ရတာတွေ မော်ကြပါစေ… လူတိုင်းလူတိုင်း အလိုတော်ပြည့်ပါစေ….


manawphyulayAugust 30, 20141min712
မဝေးတဝေးကို ကျွန်မ ငေးကျွန်မကိုလည်းမဝေးတဝေးက ငေးနေတယ်….ဟော… ကြည့် ခုလည်း စာဖတ်သူက ကျွန်မကို ငေးကြည့်နေတယ်…[/caption] မဝေးတဝေးကို ကျွန်မ ငေး ကျွန်မကိုလည်း မဝေးတဝေးက ငေးနေတယ်…. သဘာဝတရားက ပေးတဲ့ဘဝ လက်ခံရမှာလား…. ငြင်းဆန်ရမှာလား… နေဝင်နေထွက် မိုးလင်းမိုးချုပ် တကုတ်ကုတ် ဝမ်းစာအရေး ကြိုးစားနေရ ကံ.. ကံတောလား… မဝေးတဝေးကို ကျွန်မ ငေး ကျွန်မကိုလည်း မဝေးတဝေးက ငေးနေတယ်…. အိမ်ပြန်ချိန်တိုင်း ကားပိတ်နေတယ်…. မနောဖြူလေး ခံစားသည်။ ၃၀.၈.၂၀၁၄


ခင္ခAugust 30, 20141min875
” တစ်ချက်ကလေးစောင်းဌဲ့ ကြည်အုံး “   မိုးတွေကမစဲ ရွာနေမြဲမှာ လေးသွဲ့စွာလှမ်းတဲ့ ခြေလှမ်းနဲ့ အိမ်ကနေထွက်ခဲ့မိတယ် လမ်းဆုံဝယ် လက်ပွေ့ရောင်းဂျာနယ်သယ် မိုးရွာတာ သုံးလေးရက်မို့ အရောင်းရယ်က လျော့ကျတယ် ဆိုင်ကိုဝင်ရောင်း ချင်ပေမယ့် သူ့နေရာ သူ့စားကျက်နဲ့သူ စည်းကျော်မရ လုပ်ကြသူဌာကွယ် အိမ်ဝမှာ ကလေးကငိုကာရယ် ဖေဖေမနေ့က မုန့်မပါတယ် ဒီနေ့တော့ ပလာတာဝယ်ခဲ့ပါကွယ် ဒီညနေ အိမ်ပြန်ခရီးလေးလှစေဖွယ် တိတ်ပါပေါ့ မိုးမင်းကြီးရယ် ကျွန်တော်တို့ဘဝ တစ်ချက်လေးစောင့်ဌဲ့ကြည့်ပါဟယ်။   ခင်ခ။


ခင္ခAugust 30, 20141min922
” လုပ်ပင်လုပ်သော်ငြား “   သတင်းလေးတစ်ပုဒ်ဖတ်လိုက်ရတယ် အသက်နှစ်နှစ်အောက် ကလေးနို့မှုန့်ကြော်ငြာများ နေရာအသီးသီးတွင် တားမြစ်ပိတ်ပင်တော့မည်တဲ့။ အသက်နှစ်နှစ်အောက်ကလေးများအတွက် ထုတ်လုပ်ထားသည့် နို့မှုန့်များ၏ ကြော်ငြာခြင်းကို နေရာအသီးသီးတွင် ပိတ်ပင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဆိုပါတယ်၊ မွေးကင်းစမှ အနည်းဆုံး အသက်ခြောက်လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးရန် ကျန်းမာရေးဝန်ကြီး ဌာနက စဉ်ဆက်မပြတ် အသိပေးနှိုးဆော်လျက်ရှိခဲ့ပါတယ်၊ အရက်နဲ့စီးကရက် အမှတ်တံဆိပ်ကြော်ငြာတွေကို အများပြည်သူ မြင်တွေ့နိုင်သည့် နေရာများတွင် ကြော်ငြာခြင်း တားမြစ်ပိတ်ပင်ခဲ့ဘူးပါတယ်၊ အခု လာမယ့် စက်တင်ဘာလနေစပြီး နှစ်နှစ်အောက်ကလေးနို့မှုန့်ကြော်ငြာတွေကို ပိတ်သွားမှာဖြစ်ပြီး အလုပ်ရုံဆွေးနွေး ပွဲတွေလည်း လုပ်သွားမယ်လို့ဆိုပါ။ ရည်ရွယ်ချက်အနေနဲ့ ကောင်းပါတယ်၊ မိခင်နို့တစ်မျိုးတည်းကို ကလေးအရွယ် ခြောက်လထိ တိုက်စေချင်တဲ့ နိုင်ငံတော်၏ စေတနာပါ။ ဒါပေမယ့် တကယ်ထိထိရောက်ရောက် လုပ်တတ်ကြဖို့လိုသလို ခဏတာ သတင်းရေးကောင်းရုံလုပ်တာမျိုး မဖြစ်စေချင်ပါဘူး။ […]