CourageSeptember 8, 20141min23410
ကျွန်တော် ပြောချင်ရာ ပြောပါမည်   အခုတစ်လော မောင်ကာကြီးတို့ ရပ်ကွက်ထဲမှာ ပြောစရာ ဆိုစရာ ဆွေးနွေးစရာ ကိစ္စတွေက ပေါင်လံလို့နေပါရောလား။ နားကြပ်တတ်ဖို့ အခက်တွေနေတဲ့ ဘဘကြီးကိစ္စ၊ ခေါင်းလောင်းကြီးရယ် နဂါးကြီးရယ် ရှာဖွေသူရယ်ရဲ့ သုံးပွင့်ဆိုင် မုန့်ကြိုးလိမ်ဇာတ်လမ်း။ ကမာ္ဘသိ တရားဝင်လူကုန်ကူးမှုအဖြစ်သတ်မှတ်ရမယ့် နန်းချခံမယ်လေရဲ့ အမှားဆုံးသူသာ တောင်းပန်ပါဆိုတဲ့ ပြဿနာ (မောင်ကာကြီး စိတ်ဝင်စားတာက အဲ့ကလေးမ တစ်ကယ်ခွဲစိတ်သလား မခွဲစိတ်သလားဆိုတာကိုပါ)။ ပြီးတော့ မကျေနပ်တာက ဥပဒေ၊ ရန်မယ်ရှာခံရတာက ဘွဲ့ဝတ်စုံဖြစ်သွားတဲ့ ကျောင်းသားများရဲ့ ဆန္ဒသဘောထား။ နောက်တစ်ခုက အားလုံးလိုလို စိတ်တွေပျက် မေတ္တာတွေတုံးပြီး အားပေးမယ့်သူ ဘယ်သူမှ မရှိတော့မှ ဖလားတွေ ဆက်တိုက် ယူပေးနေတဲ့ လက်ရွေးစင်ဘောလုံးအသင်းအကြောင်း။ အောင်မလေး… ပြောရရင်တော့ အများကြီး အများကြီး အများကြီး။ ဒါတောင် […]


ကာရံSeptember 8, 20141min1204
ရင်ထဲသို့ရိုက်ခက်နေသေးသည် အတွေးကလေး ခက်ရေးရေးမို့ ကြယ်လေးများ လင်းလတ်စဲပေါ့ ဝိုးတစ်ဝါးမို့ နိုးမထချင်ခဲ့တာလား ကြင်နာသူကတော့ အနမ်းလေးခြွေရင်း ကြွေသွားတဲ့ ကြယ်လေးကို လိုက်ကောက်မိတယ် နှလုံးသားက အလင်းတန်း ဖြာဆင်းကျလုလု မျက်ဝန်းကဗျာလေးက ကာရန်ကို အစပျိုးလို့ ပန်းကလေးများ နိုးထနေကြတယ် ညမွှေးပန်း ရနံ့လေးက ချစ်သူတို့ရဲ့ အတွေးကို လှုပ်ခက် နိုးနေတယ် ဒါကိုသူသိလေမလား ရောင်ခြည်ပျိုးတော့မယ်ထင်တယ် ငှက်ကျေးတို့ တစ်စာစာအော်ရင်း လေပြေလေး လှုပ်ခက် ဆော့ကစားနေကြတော့မယ် အတွေကလေး နိုးမထခင်လေးမှာ ထိုညလမင်း အလင်းဘာကြောင့်မဖြာသေးပါလိမ့်ပေါ့ ကာရံ ၈ ့၉ ့၂၀၁၄


sorrowSeptember 8, 20141min20714
မျက်နှာမဲ့ ..နှာခေါင်းရှုှုံ့ ..ခေါင်းမငုံ့လိုက်ပါနဲ့ ..ဖြူဖွေးလေးရယ်.           မင်းကလေး အတွက် …ကောင်းကင်ကိုအန်တုမယ်….ငါကြီးက..ကိုးကွယ်မှုဆန်တဲ့ချစ်ခြင်းမျိုး… အဲ့လာ..ကြူတာ..အဟီး **************************** ငါးကင်စားပြီးတစ်ပတ်အကြာ…ညနေခင်းမှောင်ရီဖြိုးစ ဖုတ်ထသည့်အချိန် အနှီ အစားကြူးသော ချစ်လှစွာသော သူငယ်ချင်း. …ဝေသာလီပြည်ပေါက်. ဘီလူးအခြောက်၏ အာသီသ သည်..တကျော့ပြန်လာလေသည် ။ ( ဘီလူး၏ခက်ထန်ကြမ်းကြုတ်သောရုပ်သွင်နှင့် ကနွဲ့ကညဟန်ပန်ကို မြင်ကြည့်ကြကုန်…အဟိဟိ ) “” ငါနေမကောင်းတုန်းက ငါးကင်မှတ်မိလား…ကောင်းတယ်ကွ..နော်..ထပ်လုပ်ပေးဟမ်း…”” စိတ်ပါလက်ပါလုပ်ပေးချင်အောင် ပြောတတ်သည့် ငတိကို … ခါတိုင်းလို ကတ်ကတ်လန်နှုတ်လှန်မထိုးပဲ…ကျော်တို့တသိုက် ပြိုင်တူခေါင်းငြိမ့်လိုက်လေသည် ..    “” ရေနည်းငါးမို့ ..လုပ်ပေးမှာနော်..စေတနာတွေ..စေတနာတွေ…   ဖခင်ကြီးမှာ မေတ္တာမိုးတွေသွန်းဖြိုးလို့..”” ရင်ဘတ်ကိုပါထုပြလိုက်သေးသည်… ( ကွယ်..ဆောရိုးနှယ့်..တကယ့်အကယ်ဒမီရှော့ အဟိဟိ ) မေမြို့သားအုပ်ထဲ တစ်ကောင်တည်းရောက်နေသည့်အတွက်.. ရေနည်းငါးဟု […]


မ​နေ့က အ​မေနဲ့ စကား​ပြောကြတာ…​ပြောရင်​းနဲ့ အ​ချေအတင်​ဖြစ်​လာတယ်​ ဆိုပါ​တော့။ အချိုမှုန်​့ဇာတ်​လမ်​းက စတာပဲ။ ကျွန်​မက အချိုမှုန်​့မသုံး​ရေး၊ အ​မေက ဟင်​းအရသာရှိဖို့ အချိုမှုန်​့ထည်​့​ရေး။ ကျွန်​မက အချိုမှုန်​့သုံးတာ ကျန်​းမာ​ရေးအတွက်​ မ​ကောင်​းဘူး၊ ကင်​ဆာလည်​းဖြစ်​နိုင်​တယ်​၊ ဦး​နှောက်​ဖွံ့ဖြိုးမှုကိုလည်​း ထိခိုက်​တယ်​၊ အချိုမှုန်​့ မပါဘဲလည်​း စားလို့ရတာပဲလို့ ​ပြောတယ်​။ အ​မေက အချိုမှုန်​့မပါဘဲချက်​ရင်​ အရသာမရှိဘူးတဲ့။ အများကြီးမဟုတ်​​တောင်​ နည်​းနည်​း​လောက်​ဖြစ်​ဖြစ်​ ထည်​့ရမယ်​တဲ့။ အချိုမှုန်​့​ရှောင်​ရုံနဲ့လည်​း ဘာမှထူးမသွားဘူးတဲ့။ စားသမျှအစားအစာအကုန်​ ဓာတု​ဗေဒနဲ့ကင်​းတာ ဘာရှိလဲတဲ့။ အားလုံးအဆိပ်​​တွေချည်​းပဲတဲ့။ ကျွန်​မကလည်​း ပြန်​​ပြောတယ်​။ အကုန်​လုံးကို သတိထားပြီး စားရမှာပဲလို့။ ပိုးသတ်​​ဆေးကုန်​​အောင်​ ​သေချာ​ဆေးလို့ရတယ်​၊ ဆား​ရေစိမ်​မယ်​၊ ​သေချာကျက်​​အောင်​ချက်​မယ်​၊ ​ရှောင်​မရဘူးဆိုပြီး အ​သေခံလို့မ​ှ မရတာလို့။ အဲဒီမှာ အ​မေက ဘာပြန်​​ပြောလဲဆို​တော့ သူတို့​ခေတ်​တုန်​းက အကုန်​လုံးက သဘာဝပဲတဲ့။ ဘာဆိုး​ဆေးမှမကူဘူး၊ ဘာ​မြေဩဇာမှ […]


၂၀၁၄ သန်းကောင်စာရင်း လူဦးရေနဲ့ ၂၀၁ဝခုနှစ် ရွေးဂေါက်ပွဲ လူဦးရေစာရင်း ၈သန်းနီးပါးကွာလို့ ပြည်တွင်း၊ နိုင်ငံတဂါ သတင်းတွေမှာ အတော်လေး ရိုက်ခတ်သွားတယ်။ အခုလည်း ဒီချုပ် အမတ်တဦးက လွှတ်တော်ထဲ မေးခွန်းထုတ် ဦးမယ်ဆိုဗဲ။ ဆင်ခြေ ပြမှာပဲ ဘာပုလို့ ညာပုလို့… ဒါကို အခွင့်အရေးလို့ မြင်ကြည့်ရအောင်..။ အားလုံးသိတဲ့အတိုင်း ၂၀၀၈ခုနှစ် နာဂစ်အခြေခံ ဥပဒေကို လူထုအများစု ထောက်ခံတယ် ကြောက်ဖွတ်များ ဖင်ပိတ်ငြင်းတယ်။ ဒီမိုကရက်များဖက်ကလည်း ဘွားဒေါ်ဂျီးကိုယ်တိုင် လွှတ်တော်တက် ကျမ်းကျိန်ထားတော့ အပြောရခက်နေတယ်။ ခုတော့ နတ်ဒေဝါများတန်ခိုးနဲ့ အခွင့်အရေး ပေါ်လာပြီ။ ကွဟနေတဲ့ လူဦးရေရှစ်သန်း ဘယ်မှာလဲ.. နည်းနည်းနောနော ပမာဏ မဟုတ်နော်။ စစ်တပ်အနေနဲ့လည်း ကိုယ်လွန်ထားတာ နှုတ်မရ ဖြစ်တယ်ဆိုလျင် ဒါ အခွင့်ကောင်းပဲ။ အခြေဂံဥပဒေ […]


ခင္ခSeptember 8, 20141min991
” ကြုံတတ်ပုံ “   တောက်ပလို့ ရွှန်းလဲ့ရောင်ထ မှောင်လှတဲ့ စင်ပေါ်ဝယ် မျက်လုံးရယ် နှစ်လုံးသာပြူး တွေ့လိုက်တဲ့ ခဏမှာဖြင့် ကြောက်အားငယ်ပိုတဲ့ကလေး လန့်ကာအော်ငိုလှလေတော့ အပြေးသာမီးဖွင့်ကာကြည့် စင်ပေါ်မှာငုတ်တုတ်သာမိ မိကြားဆိုတဲ့ ကြောင်နက်မရယ် အမှောင်ထဲဝယ် ထိုင်ကာနေလို့ မျက်လုံးသာပေါ်သည်မို့ကွယ် ငါ့ကလေးရယ် သရဲထင်ကာငို ဖြစ်ရလေ ကြုံမှကြုံတတ်သကိုး။     ခင်ခ။


ခင္ခSeptember 8, 20141min1205
” မမှီလောက်တော့သည်မို့ “   ဒီတံတားကို ဖြတ်သွားရင် ဟိုဘက်ကမ်းကိုရောက်တယ်တဲ့ ဒီဌက်သမ္မာန်နဲ့ ဒီမြစ်ဖြတ်သွားရင် ဟိုဘက်ကမ်းကိုရောက်တယ်တဲ့ ဒီစက်လှေနဲ့ ဒီမြစ်ဖြတ်သွားရင် ဟိုဘက်ကမ်းကိုရောက်တယ်တဲ့ မမောမပန်းဘဲ လုပ်နိုင်မယ်ဆို ဒီမြစ်ကြီးကို လက်ပစ်ကူးကာ ဖြတ်နိုင်ရင်လည်း ဟိုဘက်ကမ်းကိုရောက် တယ်တဲ့   အဓိကတော့ ဟိုဘက်ကမ်းကိုရောက်ဖို့အတွက်ဆို ဒီမြစ်ကြီးကိုဖြတ်ရမယ်ပေါ့ ဘယ်လိုဖြတ်ကြမလဲဘဲစဉ်းစားရမှာ တံတား ဌက်သမ္မာန် စက်လှေတွေနဲ့ ဖြတ်ရင် ပင်ပန်းမှုနဲပြီး ဒီမြစ်ကိုအသာလေး ဖြတ်သွားနိုင်ကြပေမယ့် လက်ပစ်ကူးပြီးဖြတ်ချင်ရင်တော့ အားအင်တွေ အချိန်တွေ အလွန်ဆုံးရှုံးပြီး နောက်ဆုံးရလာဒ်ကတော့ ဟိုဘက်ကမ်းရောက်ရတာခြင်း အတူတူပါဘဲလေ။ ဒါပေမယ့် လက်ရှိအုပ်ချုပ်သူတွေက ရှေးရိုးကထဲက လက်ဆင့်ကမ်းလာတဲ့ အမူအကျင့်အတိုင်း ဆက်လက်လက်ကိုင် ထားမြဲမို့ လက်ပစ်ကူးဘဲ ဖြတ်ချင်ကြလေရဲ့ဗျာ။ ဒါကြောင့်လည်း မြန်မြန်ရောက်ရမယ့်ခရီးကို မကြာသင့်ဘဲ ကြာနေရတာပါလို့ သိလိုက်တဲ့အချိန်မှာတော့ ငါ့သည်လည်း ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ […]


ကျနော်တို့ ရွာထဲမှာဗျာ………. ဩဂုတ် လ အတွက်တော့ တခြား ထွေထူး မပြောတော့ပါဘူးဗျ နော့။ ပို့(စ) ညွှန်းလေးတွေသာ ကြည့်ပါတော့။ . . . . https://myanmargazette.net/202190 ခေတ်သစ်ဈေးလည်ခြင်း – ကိုပေါက်(မန္တလေး) ဟိုး အရင် ရပ်ကွက်အိမ်ဆိုင်မှ စ ခု နောက်ဆုံးဝယ်နေကျနေရာများဖြစ်တဲ့ မီနီမတ် တွေ အကြောင်းပါ။ ကိုပေါက် ရဲ့ ရေးဟန် အတိုင်း အတော် နှံ့နှံ့စပ်စပ် ပြည့်ပြည့်စုံစုံရေးထားပါတယ်။ ခေတ် အလိုက်ပြောင်းလဲလာတဲ့ ဈေးသည် ဈေးဝယ် ဟန်တို့ရဲ့ နောက်ကို နည်းပညာ၊ အသိစိတ်ဓာတ်၊ ဝန်ဆောင်မှုတို့ က အမှီလိုက်ရဲ့လား ဆိုတာ အတွေးပွါးစရာ ပို့(စ) တစ်ပုဒ်ဖြစ်ပါတယ်။ ဖတ်ကြည့်ပါဦး ခင်ဗျာ။ . . […]


kaiSeptember 8, 20141min33539
ကျမနာမည် Cha Cha (ခ) ဆုပြည့်မှူးအိမ်ဖြစ်ပါတယ်။ အသက်၂၄နှစ်ပါ။ အနုပညာလုပ်ငန်းကို ၂၀၀၉ခုနှစ်က စတင်ဝင်ရောက်ခဲ့ပါတယ်။ Model အနေနဲ့ စတင်လှုပ်ရှားရင်း Show ပွဲပေါင်း ၇ဝကျော် လျှောက်ခဲ့ပါတယ်။ Myanmar Beer Singing Contest မှာ သီချင်းသီဆိုယှဉ်ပြိုင်ရင်း ပြိုင်ပွဲဝင်အယောက်၉၀ဝကျော်မှာ Top Ten Finalist ရခဲ့ပါတယ်။ အဲ့ဒီ့အချိန်ကစပြီး အဆိုတော်ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ၂၀၁ဝမှာ Tiger Girls Band ဖွဲ့ဖို့အတွက် ပြိုင်ပွဲဝင်တွေခေါ်ခဲ့ပါတယ်။ မိန်းကလေးပြိုင်ပွဲဝင်အယောက်၂၀ဝကျော်ထဲကမှ Cha Cha က ” Missy Tiger” အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီ့နှစ်မှာပဲ ” Year of the Tiger Girls” အခွေထွက်လာခဲ့ပါတယ်။ Tiger Girls အဖွဲ့ဝင်အဖြစ်တနှစ်လှုပ်ရှားပြီးတဲ့အခါမှာ  […]


ပီအာရွေးကောက်ပွဲ စနစ်ပြောင်းဖို့ အာဏှာရ ကြောက်ဖွတ်ပါတီနဲ့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ ခွက်ပျောက်မည့် နိုင်ငံရေးပါတီအချို့ လုံးပန်းနေတာ ဗျားတို့သိတယ်နော်။ ရွေးကောက်ပွဲစနစ်တိုင်းမှာ အားသာ၊ အားနည်းချက် ကိုယ်စီမို့ ကာလံ၊ဒေသံ၊ပယောဂံ သုံးခု ယှဉ်ထိုးသုံးသပ်တာ အကောင်းဆုံးဖြစ်မည်။ ဘွားဒေါ်ဂျီး လက်နက်ချ လွှတ်တော်ထဲဝင်တယ်၊ တွေ့ဆုံဆွေးနွေးရေး ယဉ်ကျေးမှုကို နိုင်ငံရေးအစဉ်အလာ ဖြစ်အောင်လုပ်တယ်၊ မျှော်လင့်ထားတာတွေ လွှတ်တော်ထဲက ရပါသလား။ ကြံဖန်ပြောကြေးဆို ရတာမို့ ၄၀% အနိမ့်ဆုံးအောင်မှတ် ထားစဉ်းစားမယ်ဗျာ။ ဘာတွေ တိုးတက်ပြောင်းလဲမှု ရှိလာသလဲ။ သူပြောထားခဲ့တာတွေ ၄၀% ဖြစ်ရဲ့လား။ ဒါက တချက်… ဘွားဒေါ်က ခြေဥပြင်ဖို့ နိုင်ငံရေးလမ်းစဉ်တင်တယ်၊ ပုဒ်မ ၄၃၆နဲ့ အရှိန်မြင့်တယ်။ အများ တောင်းဆိုသလို ၈၈ပွင့်လင်းအဖွဲ့နဲ့ ပူးပေါင်းတယ်။ သာမန်အားဖြင့်ဆို သူတွက်သလို ဖြစ်တာပဲ။ သို့ပေသိ […]