(၂၄) ကျွန်မက ယုတစ်ယောက်နှင့်သာ အဆက်အသွယ်ရှိတော့သော်လည်း ကိုခန့်နှင့် အဓိကပတ်သက်ခဲ့ဖူးသော ယုထံသို့ သတင်းစကားများက အလိုလိုရောက်လာကြသည်။ ငယ်နှင့် တရားဝင်ချစ်သူဖြစ်နေသော ကိုခန့်က ယုကို ချစ်နေဆဲပါဟု ဆိုလာပြီး အကြိမ်ကြိမ်အခါခါ ဖုန်းဆက်နေသည်ဟု ကြားသိရစဉ်က မျက်နှာပြောင်တိုက်တတ်လွန်းလှသူကို ကျွန်မ ရွံမုန်းခဲ့ရ၏။ “ကလေး ဘာလို့ ငါတို့ကိုလိမ်လဲဆိုတာ ငါသိသွားပြီ” အရာရာကို ဆက်စပ်တွေးတောပြီး ထွက်လာသော အဖြေတစ်ခုကို ကြားသိရသည့်အခါ အလွန်ပင် အံ့ဩမိခဲ့သည်။ ကိုခန့်ကို ချစ်လွန်းလှသည့် ငယ်က သာယာမှုနှင့်အချစ်စစ်ကို မြင်တတ်ခဲ့ဟန် တူပါသည်။ ယုက ပြန်လက်ခံလိုက်ရုံနှင့် သူချစ်သည့် ကိုခန့်ကို ဆုံးရှုံးရမည်ကို သိနေသည့်အတွက် မိန်းကလေးတစ်ယောက်၏ အရှက်နှင့်ရင်းပြီး ဤကဲ့သို့ လိမ်ညာရဲခဲ့သည့် ငယ့်ကို ကျွန်မတို့ သနားမိပါသည်။ သို့သော် ကျွန်မတို့၏ စေတနာကို […]


– (သား….ဟဲ့သား……..ထတော့လေ…..၈ နာရီထိုးပြီ၊ လေးလပတ် အစည်းအဝေးရှိတယ်ဆို…….) အမေ့နိူးသံကြောင့် ကျနော် နိုးလာပါတယ်။ အင်း…….ဟုတ်သားပဲ၊ ဒီကနေ့ လေးလပတ် အစည်းအဝေးတက်ရဦးမှာ -(ဟုတ် အမေ……သား……နိုးပြီ…..) ညက ဟိုတွေး……ဒီတွေး……..ရုပ်ရှင်လေးကကောင်းပြန်တော့ တော်တော်နဲ့ မအိပ်ဖြစ်၊ သန်းခေါင်ကျော်……တစ်နာရီခွဲ နှစ်နာရီလောက်မှ အိပ်ဖြစ်တာကိုး…။ ဟိုတွေး…….ဒီတွေး…….ဆိုတဲ့အထဲမှာ ဒီအစည်းအဝေးလည်း ပါတာပေါ့ဗျာ။ အပတ်စဉ် အစည်းအဝေးမဟုတ်တဲ့ ဒီလို လေးလပတ်မှာ ပြီးခဲ့တဲ့ လေး လ က ဘာလုပ်ခဲ့တယ်။ လာမယ့် လေးလမှာ ဘာလုပ်မယ်ဆိုတာကို ပါဝါပွိုင့်နဲ့ ပြရတာ။ ဒါပေမယ့် MD က ရက်ကပ်ပြီးမှ ပြောလိုက်တော့ ဘာမှ ပြင်ဆင်ချိန်မရ၊ ဒီတော့ ပြီးခဲ့တဲ့ လေးလက လုပ်ခဲ့တာတွေကို ရေးချ၊ နောင်လုပ်မှာတွေကိုလည်း ရေးချ၊ ဒါကိုပဲ လက်ထဲထည့်ပေးလိုက်တော့မယ်လို့ပဲ စိတ်ကူးထားတာပေါ့၊ ဆောင်းနေရောင်က […]


ကုိ ထြဋ္October 14, 20141min23112
အပိုင်း ၁ ဖတ်ပြီး တော်တော် ဆဲချင်နေလောက်ပြီ ထင်တယ်.. ဒီကောင် လောကမှာ ရှိနေသေးတာ အံ့ဩတယ် မပြောကြဘူးလား… 🙂   စတုတ္ထတန်း – အေခန်းပဲ ရောက်တယ်… အတန်းပိုင် ဒေါ်ရီရီဌေး… သူ့သမီးက ငုဝါကျော်… ကျွန်တော့် နာမည်က ထွဋ်အောင်ကျော်… ရုတ်တရက် ခေါ်လိုက်ရင် ကျွန်တော့ ခေါ်တယ် အောင့်မေ့လို့ ထူးမိတယ်… အိမ်ရှေ့အိမ်ကို ကေခိုင် ဗလာစာအုပ် အလုပ်ရုံပြောင်းလာတော စာအုပ် အပယ်တွေ အလကားရတယ်… ကျောင်းမှာ အဲဒီနှစ်က စာရွက် ဖြုတ်မဖြေရ… စာအုပ်နဲ့ ဖြေရမယ်ဆိုတော့.. ကျွန်တော် စီးပွားတက်တာပေါ့… 🙂 ဒီအပြင် နွေပိတ်ရက်ဆို သူတို့ သနပ်ခါးလဲ ထုတ်တော့ အဲမှာ အလုပ်လုပ်နေပြီ… တဘက်တလမ်းက ဝင်ငွေရှာရတာပေါ့… […]


kaiOctober 14, 20142min24613
အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုသော် (၃)   အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝလိုလျှင် မိမိနှင့် ရင်းနှီးပြီးသား လွယ်ကူသည့် စကားလုံးလေးများကို ထိထိမိမိ လှလှပပ သုံးတတ်အောင် လေ့လာထားသင့်ကြောင်း အတော်အသင့် တင်ပြခဲ့ပြီးပါပြီ။ ယခု မိမိနှင့် ရင်းနှီးပြီးသား စကားလုံးလေးများကို အခြေခံပြီး ၎င်းဝေါဟာရလေးများနှင့် ဆင်တူယိုးမှား အဓိပ္ပာယ်ရှိသည့် ” synonyms ” ခေါ် စကားလုံးလေးများကို လေ့လာသင့်ကြောင်း တင်ပြလိုပါသည်။ ” synonym ” ဟု လူသိများသည့် ဆင်တူယိုးမှား အဓိပ္ပာယ် ရှိသည့် ဝေါဟာရလေးများသည် စကားပြောဆိုရာ၌လည်းကောင်း ၊ စာရေးသားရာ၌လည်းကောင်း အထူး အဖိုးတန်လှပါသည်။ သုံးတတ်လျှင် လှလှပပ ခန့်ခန့်ညားညား ရေးနိုင် ပြောနိုင်သလို ၊ မသုံးတတ်လျှင် လည်း ဒုက္ခလှလှ တွေ့ရမည်မှာ […]


ကုိ ထြဋ္October 14, 20141min1568
မနေ့က ရက်အားဖြင့် ၁၃ ရက်… အယူအရ Unlucky Day ပေါ့… နေ့အားဖြင့် တနင်္လာနေ့…တနင်္လာ အရင်းပါလေ … ဒါမှမဟုတ် တနင်္လာ နေ့ လုပ်တဲ့ အလုပ်က ၂ ခါပြန် လုပ်ရသတဲ့… ရုံးအလုပ် အနေနဲ့ မြို့ထဲသွားတယ်… တိုက်ဆိုင်တာလား မသိ ၂ ခါ ပြန် လုပ်ရတယ်… ဒီနေ့ ထပ်သွားရမယ်… ပြောချင်တာကတော့ အပြန်ကိစ္စပေါ့… အပြန် ကျွန်တော်က သာကေတမှာ လုပ်တာ… ဖယ်ရီက သုဝဏ္ဏ ကို ဖြတ်ရတယ်…. ဘောပွဲ နဲ့ ဆိုတော့ ဖြတ်ရမှာ မဟုတ်ဘူးဆိုပြီး… ကမာကြည်ဘက်က ပတ်ပြန်ရတယ်…   ကံဆိုးတာက အိမ်ပြန်နောက်ကျဖို့ ဖြစ်လာတယ်… ကံကောင်းတာက အိပ်ရေး ဝ […]


ခင္ခOctober 14, 20141min1716
” ဖြစ်တည်ခဲ့မှု “   ထုံနေတဲ့ လက် ဆွံနေတဲ့ ပါးစပ် မလှမ်းချင်တဲ့ ခြေထောက် ဂိလာနတော့ မဟုတ်လောက်ဘူး လူကောင်းပကတိ သန်စွမ်းပါဘိ မြင်ရတွေ့ရ ကြားရမှုတွေ အားမရ ရှိလှသော်လည်း ထူးမလှတဲ့ အခြေအနေမှာ လက်မောင်းတန်းထုတ် အားက မရှိ ပြောလဲမထူးမို့ ဆွံခဲ့ပါ၏ နောက်လိုက်ညီညာ မရှိသာတော့ လှမ်းထွက်ခဲ့လည်း တစ်ယောက်ထဲမို့ ခြေထောက်တို့က ကြွလို့မရ ဖြစ်လှအခြေအနေ ပြန်ပြောမယ်အေ့ ထုံနေတဲ့ လက် ဆွံနေတဲ့ ပါးစပ် မလှမ်းချင်တဲ့ ခြေထောက်။     ခင်ခ။


မြသဲ ( 17082011 )October 14, 20142min138571
ကျွန်မမှာ စိတ္တဇ တခုရှိတယ်။ သားယောက်ပဲမွေးထားတဲ့မိခင်တယောက်အနေနဲ့ အသက်ကြီးလို့ အိုမင်းမစွမ်းဖြစ်လာတဲ့အချိန်မှာ ဘယ်လိုအိုရမလဲ၊ ဘယ်လိုနာရမလဲ၊ ဘယ်နေရာမှာနေရမလဲ ဆိုတဲ့အတွေးပါ။ အဲ့အတွက်လဲ ကျွန်မက အသက်ကြီးကြီးအမှီခိုကင်းနေတဲ့ ဂီလာနအဘိုးအဘွားတွေတွေ့ ရင်အရမ်းစိတ်မကောင်းခဲ့မိပါဘူး။ အဲ့ဒါကြောင့်လဲ ကျွန်မအရင်က တလကို အဘိုး၊ အဘွားခြောက်ယောက် ကို တယောက်ငါးထောင်နှုန်းနဲ့လမ်းမှာလှုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတလော တကယ်အိုမင်းမစွမ်း ခိုကိုးရာမဲ့တာတွေမဟုတ်ပဲ သားတွေသမီးတွေရှိပါလျှက် တမင်တောင်းရမ်းနေတာတွေတွေ့တော့ မလှုချင်မိ တော့ပြန်ဘူး။ နောက် ဆရာမ ဒေါ်သန်းမြင့်အောင်ဖွင့်ထားတဲ့ ဆည်းဆာရိပ်ဘိုးဘွားရိပ်သာကိုလဲ ခက်ခက်ခဲခဲရှာဖွေလှုဒါန်းခဲ့ပါတယ်။ အဲ့တုန်းကဆို တရားလဲမဝင် နေရာထိုင်ခင်းလဲခက်ခဲတော့ အဘိုး ( ၁ဝ ) ဦး၊ အဘွား ( ၁၈ ) ဦးနဲ့တုန်းက စတင်လှုခဲ့တာပါ။ အခုတော့ တရားဝင်ဖြစ်သွားပြီမို့ပြည့်စုံနေလောက်ပြီမို့ အသွားကျဲနေမိတယ်။ ဒါပေမဲ့ အမှီခိုကင်းနေတဲ့ ဂီလာနအဘိုးအဘွားတွေအပေါ်စာနာစိတ်ကတော့ […]


manawphyulayOctober 14, 20141min1165
ဪ… ကမ္ဘာ့ရွာတဲ့။ လူအများပြောတဲ့စကား နားမှာ ပဲ့တင်ထပ် အထပ်ထပ်ကြားယောင် လိုင်းကားပေါ်တက် ကားခအပေး စပယ့်ယာအသံ “ဟယ်လို”တဲ့…..။ ၁၅၀ဝ တန်ဖုန်း ကျယ်ပြန့်နေပြန် လမ်းဘေးဈေးသည် ဈေးဝယ်ကို သူ စိတ်မဝင်စား သူ ပြောနေတာ “ဟယ်လို” တဲ့……။ လမ်းလျှောက်ရင်း ဝင်တိုက် တောင်းပန်တဲ့အပြော ကြားရလေမလား ဂရုစိုက် နားထောင် “ဟယ်လို” ကြားရလားတဲ့။ ရွာတော့ ရွာပဲ တဖြည်းဖြည်းနဲ့ ယဉ်ကျေးမှုမဲ့ရွာများ ဖြစ်သွားမှာ စိုးရိမ်မိတယ် “ဟယ်လို” တို့ရယ်……။