naywoon niMarch 11, 20151min27517
အခန်​းဆက်​ပြဇာတ်​ ပွဲက ကြည်​့မ​ကောင်​းပါဘူး ဘယ်​နဲ့ ဓမ္မနဲ့ အဓမ္မ အဓမ္မ ဘက်​ကချည်​့ နိုင်​​နေတာ ပရိဿတ်​ ကမ​ကျေနပ်​ဖူး ဆဲကြ ဆိုကြ ကျိမ်​တွယ်​ကြနဲ့ ခုလည်​း ဇာတ်​ခုံ​ပေါ်မှာ လင်​းတစ်​ဝက်​​မှောင်​တစ်​ဝက်​နဲ့ မသဲမကွဲ ပြကွက်​တစ်​ချို့ကို ​အောက်​က ပရိဿတ်​က သူတို့ပါလာတဲ့ အလင်​းဓာတ်​မီးနဲ့ ထိုးကြည်​့​နေကြတယ်​ ။ ဇာတ်​စင်​​နောက်​မှာ​တော့ ဘာ​တွေဖြစ်​​နေကြတယ်​မသိ ရုတ်​စိ ရုတ်​စိနဲ့ ။ သိပ်​မကြာခင်​မှာပဲ ကန်​့လန်​့ကာ ဇွတ်​အတင်​းချပြီး တစ်​ခန်​းရပ်​နားလိုက်​တယ်​ ။ ပွဲက ကြည်​့မ​ကောင်​း​ပေမဲ့ ပရိဿတ်​​တွေက ထမပြန်​ကြ​သေးဘူး ။ ​နောက်​တစ်​ခန်​းမှာ ဘာ​တွေဆက်​ဖြစ်​ဦးမှာလဲ အဓမ္မ တရား​တွေပဲ ဆက်​ပြီး ကြီးစိုး​နေဦးမှာလား အမှန်​တရားဘက်​က ဘာလို့ အရှုံး​ပေး​နေရသလဲ မ​ကျေမနပ်​နဲ့ ဖျစ်​​တောက်​ဖျစ်​​တောက်​ တီးတိုး​ဝေဖန်​ရင်​းနဲ့ ခဏ ပိတ်​ကွယ်​ထားတဲ့ ကန်​့လန်​့ကာကြီးကို […]


KyaemonMarch 11, 20156min34215
အိန္ဒိယ က သင်္ကြန် စောမယ်လို့ထင်ခဲ့တာ မမှန်ပါ၊ အိန္ဒိယ ဟိန္ဒူဓလေ့ က ပွါးတာဖြစ်ပေမဲ့ အင်ဒိုနီးရှားမှာနှစ်စဉ်ကျင်းပတာက ပိုစောသွားတာဖြစ်မှာ၊ Sumatra စူမတ်တရာ ကျွန်းကြီး အလယ်မြောက်ပိုင်း ကပါ၊ Selat Panjang စလတ် ပန်ကျန်မြို့ Meranti Island မရန်တီ ကျွန်းကလေးRiau  ရဩ ပြည်နယ် အနီးတဝိုက် နေ တရုပ်နွယ်ဘွား တို့တရုပ်နှစ်သစ်ကူးရင်း သင်္ကြန်ရေပက်မင်္ဂလာပွဲပါကျင်းပ ခဲ့တာရာချီနှစ်ကြာညောင်းခဲ့တယ်၊ ———– ——- ——– မော်တော်ဆိုက်ကား တော်တော်များ ——   မော်တော်ကားတော့မတွေ့ရပါ   မိုးချုပ်ထိ ရေကစားတုံး ———-   စောဘွားအနွယ်     ——– အင်ဒိုနီးရှား သမတ ဂျိုကိုဝီ စိုက်ကားစီး —–   […]


Zaw ThantMarch 11, 20151min50941
.. အခုဖြစ်နေတာတွေကြည့်ပြီးProfessionalism ဆိုတာကိုတွေးကြည့်မိတယ်.. အခုဆန္ဒပြမှုကို ကိုင်တွယ်တဲ့သူတွေ Professional ကျကျကိုင်တွယ်ရဲ့လား.. လက်ရှိ စစ်တပ်ဟာProfessional ဖြစ်ရဲ့လား.. အစိုးရ၊ ဝန်ကြီးများ ကိုယ်တိုင်ကကော နိုင်ငံ့ရေးရာတွေမှာProfessional ဖြစ်ရဲ့လား.. ကိုယ်ကိုတိုင်ကော ကိုယ့်အလုပ်မှာ Professionalism ဘောင်အတွင်းဝင်ရဲ့လား.. ..Professionalism ဆိုတာကို မြန်မာလို ဘယ်လို အတိအကျပြန်ရမလဲ မသိဘူး.. Professional ဘောလုံးသမားကိုကြေးစားဘောလုံးသမားဆိုတာက အဆင်ပြေပေမယ့် တခြားနေရာတွေကြတော့ ကြေးစားလို့ ပြန်ရတာသိပ်မနိပ်ဘူး.. (ကြေးစား ဆရာဝန်၊ ကြေးစားအင်ဂျင်နီယာ၊ ကြေးစားစစ်သား တခုမှ နားထောင်လို့အဆင်မပြေဘူး).. .. ဒါနဲ့ပဲ အင်တာနက်ပေါ်ရှာကြည့်တော့ စကားလုံးတစ်လုံးထဲနဲ့အဓိပါယ်ပြန်ဖို့ ပိုခက်သွားတယ်.. ဒါပေမယ့် ဖတ်ရတာ အကျိုးရှိလို့ ပြန်ရှယ်ပါတယ်.. .. နည်းနည်းကြားဖြတ်ပြောဖို့ရှိတာက အခုချိန်မှာ စစ်တပ်၊ ရဲစတဲ့ အစိုးရလက်ကိုင်တုတ်များကို လူအများမုန်းတီးကြပေမယ့် မုန်းလွန်းလို့ဆိုပြီး အဖွဲ့အစည်းတစ်ခုလုံးကိုဖျက်သိမ်းပစ်လို့ […]


alinsettMarch 11, 20151min46613
                              ဘာရယ်မဟုတ် .ကျောင်းသား  သပိတ်ကိစ္စ ကိုယ့် ဉာဏ်လေးတစ်ထွာတစ်မိုက်နဲ့ ထိုင်စဉ်းစားနေတာ။   တာဝန်ယူမှု တာဝန်ခံမှု အဲ့ဒါလေးက အတော် တာသွားတယ် တွေးမိ။   ကျောင်းသားတွေရှေ့က ပိတ်ထားရတဲ့ ရဲဘော်တစ်ယောက်ချင်းစီကနေ ဟိုးးး ထိပ်က ထိုင်ခံအကျအနထိုင်ထားတဲ့ လူကြီးဆိုတာတွေထိ အဆင့်ဆင့် တာဝန်ယူရဲ တာဝန်ခံရဲရင်. . . ကျောင်းသားတွေဘက်ကလည်း အဲ့လိုပေါ့. .. . . ညှိသင့်တာညှိ လိုတိုးပိုလျှော့နဲ့ ဒါလုပ်မယ် ဒါမလုပ်ဘူး ဝင်တာဝန်ယူရင်ပေါ့ တာဝန်ခံရင်ပေါ့. . .   […]


ဇီဇီMarch 11, 20153min97737
ဝုန်းးးးးးး အမေ့! လန့်လိုက်တာ။ သစ်ကိုင်းနဲ့ ပြတင်းတံခါးရိုက်လိုက်သံ။ မိုးက ရွာရုံမက မိုးက က ကျယ်ကျယ်ချိန်း လျှပ်စီးတွေကလည်း လက်လို့။ သူမ မှားပြီ ထင်တယ်…!!!! ခုတော့ ဒီ အခန်းထဲမှာ တစ်ယောက်တည်းးး၊ အခန်းရှင်တွေက ခရီးသွားတဲ့သူက သွားးး၊ မအားတဲ့သူက မအားနဲ့မို့ မလာနဲ့လို့ ပြောထားတာကို လာခဲ့မိသည်ပဲ။ ညနေခင်း လင်းလင်းချင်းချင်းတုန်းက သိပ်မကြောက်၊ ခု မှောင်လာပြီး မိုးတွေပါ သည်းလာမှ တစ်ယောက်တည်း ဒီ အခန်းထဲနေရတာ စိတ်မလုံတော့။ ဒေါက်…ဒေါက်…ဒေါက်…!!! စည်းချက်မှန်မှန် တံခါးခေါက်သံ။ ခုနက အသံတုန်းက ရုတ်တရက်လန့်ပြီး ပြီးသွားသလောက် ဒီ တံခါးခေါက်သံမှာတော့ မလန့်ပဲ မင်သက်နေမိတယ်။ ဒီ အချိန်ကြီး ဒီ အခန်းကို လာနိုင်တာ ဘယ်သူများပါလိမ့်။ […]


black chawMarch 11, 20151min49252
မိတ်ဆွေများ သိပြီးဖြစ်တဲ့အတိုင်း ယောက်ျားတော်တော်များများဟာ အိမ်ထောင်သက်လေး နည်းနည်းရလာတာနဲ့ အိမ်က မိန်းမ ကို ချောင်ထိုးချင်လာတတ်တာ သဘာဝပါ…။ ဥပမာ ကောင်းကောင်း ပြရရင် နိုဇိုးမိကြီး ကိုသာ ကြည့်…။ အောင်မယ် သူက နှယ်နှယ်ရတော့ မဟုတ်ဘူးခင်ဗျ…။ ယိုဒယား ကို မိန်းမ မပါ ပဲ တစ်ယောက်တည်း သွားသွား ကဲ သတဲ့…။ ဘလက်ကြီးတို့ကတော့ သိပေမယ့် ဘယ်သူ့မှ ပြန်ပြောမနေပါဘူးဗျာ…။ သူ့ဇာတ်သူနိုင်အောင် ကရင် ပြီးတာပဲပေါ့…။ အခုတောင် အင်တာနက်ပေါ်မှာ လူစုံတုန်းလေး ပြောလိုက်မိတာ…။ ဟေးဟေး။ အခုလည်း မြန်မာဂဇက်က ကျွန်တော့် ညီမတွေ တူမတွေခင်ဗျာ သူတို့ ယူတဲ့ယောက်ျားတွေ ကြောင့် ဒူးနဲ့ မျက်ရည်သုတ်နေရတဲ့ အဖြစ်မျိုးတွေ ကြုံတွေ့နေကြရရှာသတဲ့…။ အဲလို ကိစ္စမျိုးတွေဆို […]


ကျောင်းသားသပိတ် ပင်မစစ်ကြောင်း မနေ့ပဲ လက်ပံတောင်းမှာ လုံထိန်းရဲတွေရဲ့ အကြမ်းဖက် ရိုက်နှက်ဖြိုခွဲ ခံလိုက်ရပါပြီ။ ကျနော်တို့ ဘာဆက်လုပ်ကြ မှာလဲ။ အရေးကြီးဆုံးနဲ့ လူတိုင်း အသက်ဆိုင်ဆုံး အချက်ကတော့ တွေဝေမိန်းမောမှုများ ရပ်ကြပါ။ ဒေါ်စုကို ထောက်ခံခံ၊ မင်းလောင်းပဲမျှော်မျှော် ခင်ဗျားတို့ အလှည့်ကြလျင်လည်း ညှာလိမ့်မည်မဟုတ် ဒီလို ရက်ရက်စက်စက် အဖိနှိပ်ခံရမည်ဆိုတာ သိဖို့ကောင်းပြီ။ ကျောင်းသားတွေ သွေး၊ချွေးနဲ့ရင်းပြီး ဖွတ်အစိုးမရ မျက်နှာဖုံးကို ဆွဲခွာပြသွားတယ်။ ရဲတင်းတဲ့ ကျောင်းသားမို့ ဒင်းတို့ လုပ်သလား.. မထင်ပါနဲ့၊ အလုပ်သမားလည်း ဒီလိုပဲလုပ်တယ်၊ လယ်သမားလည်း ဒီလိုပဲ၊ ဘုန်းကြီးလည်း ဒီလိုပဲ လုပ်ခဲ့တယ်။ ရွေးဂေါက်ပွဲနဲ့ စုမျှော်သူလည်း ဒီလိုပဲ ခံရလိမ့်မည်။ သတ်ပါတီဆိုတဲ့ကောင်လဲ ကိုယ့်အခွင့်အရေး တောင်းဆိုတဲ့အခါ ပုံစံတူ အတီးခံရမည်။ (ဒကောင်တွေတော့ သာကူးမည့်သူများတယ်) […]


ဇီဇီMarch 11, 20153min58738
    ဓာတ်ပုံတင်မယ်ဆိုပြီး အက်ဒစ်လုပ်ရင်း သီချင်းစာသားတစ်ခု ခေါင်းထဲရောက်လာလို့။ . အရင် ဘယ်သူ ဆိုတာမသိပေမဲ့ ကိုယ် စနားထောင်ဖူးတာတော့ ဟေမာနေဝင်း ဆိုတာပါ။ . “တစ်ပွင့်ပန်မယ်၊ တစ်ပွင့်တည်းးးးးပန်မယ်၊ ငွေသားနု ဝတ်မှုန်ရယ်” ဆိုတဲ့ စာသားလေးးးး . သီချင်းနာမည်လည်း မသိပါဘူးးး ပြောချင်တာက အရင် က အမျိုးသမီးတွေဟာ “မိန်းမကောင်း ပန်းကောင်းတစ်ပွင့်ပန်” “မိန်းမကောင်း ပန်းပန် တစ်ပွင့်တန်” ဆိုတဲ့ အရာကို ခေါင်းထဲရိုက်သွင်းခံခဲ့ရတာ။ အမျိုးသားများ အကြိုက်ပေါ့။ :dd: ထားမိတဲ့ ရည်းစား ဘာအမှားတွေ့တွေ့ ဒီလူကြိုက်မိ ဒီလူကိုပဲ ယူ။ :n: အဲဒီလူ မယူမှသာ ဒူးနဲ့ မျက်ရည်သုတ်နေပေါ့။ :f: တစ်မျက်နှာကနေ နောက်တစ်မျက်နှာ မပြောင်းကောင်းဘူးး :sp: […]


alinsettMarch 11, 20151min17910
မီးအိမ်ကလေး တိမ်ဖြူလျလျတို့ တွန်ပြီလား… မနက်ခင်းတွေ ဘယ်လောက်များများ ပွင့်ဝေကြပြီလဲ…. လူးလွန့်နာကျင်…ငါနဲ့ ငါ့ကြယ်ကလေး…ဒီလိုနဲ့ဝေးခဲ့ပြီ… ခြေထောက်တွေ ပျောက်သွားလို့… လမ်းအိုကြီးက တရှာရှာနဲ့… ဘယ်သူများ ခိုးသွားသလဲတဲ့… သစ်တောကလေးထဲမှာ… ငှက်အပြာရောင်တစ်အုပ်… ခပ်သုတ်သုတ် ထပျံသွားတယ်… မျက်လုံးတွေမှိတ်… မီးအိမ်ကိုပိတ်ပြီး… ကိုယ့်ကိုယ်ကို ကိုယ်သိပ်လိုက်တယ်… အိပ်…အိပ်… မကြာခင် ပြီးသွားမှာပါကွယ်…တဲ့…. တုန်ရီစွာ သက်ပြင်းရှိုက်လို့….. မီးတောက်ကလေးက သူ…မငြိမ်းခင်ကလေးမှာ… ပြောသွားတယ်… Maung Thura 13.02.2015