မွှေးရနံ့တွေနဲ့ပတ်သက်ပြီး တွေးမိတာလေးတွေ ရှိသလို နှစ်သက်ခဲ့မိတာတွေလည်း ရှိပါတယ်။ ကျွန်တော်က ရေမွှေးနံ့ခပ်ပြင်းပြင်းတွေနဲ့ အလာ့ဂျစ်ဖြစ်သူပါ။ ရေမွှေးနံ့ခပ်ပြင်းပြင်း ခပ်စူးစူးရပြီဆို ဟပ်ချိုးအဆက်မပြတ်ချေတတ်သလို အသက်ရှူတွေပါကြပါလာတတ်ပါတယ်။   ကျွန်တော်နဲ့ တည့်တဲ့ မွှေးရနံ့တွေက ခပ်သင်းသင်းနဲ့ သဘာဝရနံ့တွေဆို တည့်ပါတယ်။ သည်လိုနဲ့ သစ်ပင်ပန်းပင်တွေက အနံ့တွေကို ကျွန်တော်နှစ်သက်ခဲ့တယ်။ ပထမဆုံးပြောရမယ်ဆို ယုဇနပင်ပေါ့။ ယုဇနပန်းရဲ့ မွှေးရနံ့ကို သိပ်နှစ်သက်သူပါ။ အိမ်က ခြံမကျယ်ပေမယ့် အဒေါ်အိမ်မှာ (၉)ပေလောက်မြင့်တဲ့ ယုဇနပင် ရှိပါတယ်။ ပွင့်ပြီဆိုရင်ဖြင့် တစ်အိမ်လုံး တစ်ခြံလုံးကို မွှေးနေ တော့တာပါပဲ။ ယုဇနပန်းပွင့်ပုံစံကိုလည်း သဘောကျမိသလို အဒေါ်အိမ်က ပန်းပွင့်ပြီးဆို အခိုင်လိုက် ခူးလာပြီး ဘုရားလည်း တင်တတ်တဲ့ကျတော်ပါ။ ခြံလေးတစ်ခြံ ရရင်တော့ စိုက်မယ့်အပင်ထဲမှာ ယုဇနပင်လည်း ပါဝင်ပါတယ်။ ခုခေတ်မှာတော့ (၁၂)ရာသီပွင့်တဲ့ ယုဇနမျိုးတွေလည်း […]


ဇီဇီMay 20, 20152min60336
    မယုံမရှိနဲ့။ အဲ။ မယုံလည်း ရှိစေတော့။ ဟိဟိ။ :mrgreenn: ကိုယ်တွေ သားအမိဟာ၊ မီးဖိုထဲဝင် ဟင်းချက်ရမယ် ဆိုရင်တော့ အချင်းချင်းလွှဲချပြီး ပြေးတဲ့ အကျင့်က အစ အတော်တူတာ။ ကိုယ်တွေ မလုပ်ချင်တဲ့ အရာတွေ မလုပ်တတ်တဲ့ အရာတွေက အများကြီး…. – ဟင်းမချက်ချင်ဘူးးး၊ ဟင်းစပ်ပဲ စပ်ချင်တယ်။ – ဈေးမသွားချင်ဘူးးး၊ အသားနဲ့ ဟင်းသီးဟင်းရွက် ဈေး ပြောတာ – ချည်ထိုး၊ ပန်းထိုး၊ ဆွယ်တာထိုး ဘာမှ မတတ်ဘူးး – အသက်မွေးဝမ်းကျောင်း ပညာရပ် ဘာမှ မတတ်ဘူးး (ဒီဇိုင်းထုတ်တာကလွဲရင်) :bb: မိန်းမတို့ လုပ်သင့်တယ် ဆိုတဲ့ အလုပ်တွေထဲမယ် အိမ်ရှင်းတာကိုပဲ သဘောကျတယ်။ မွေးမေလေ့နဲ့ ညီတာလည်း […]