padonmarJune 6, 20161min2415
ယ်ငယ်တုံးက သီချင်းလေး တပုဒ်ကြားဖူးပါတယ်။ ဇော်မင်းလေးနဲ့ နွဲ့ယဉ်ဝင်း ထင်ပါရဲ့။ }ဟေ့ကောင်မလေး…. ကမာ္ဘပေါ်မှာ မြန်မာပြည်ဟာ….. အယဉ်ကျေးဆုံး တိုင်းပြည်တခုပါ} တဲ့။ အခုတော့ …ဟုတ်ပါ့မလားလို့ အခါခါ စဉ်းစားမိပါတယ်။ ကျမ အပါအဝင် မြန်မာပြည်က လူတွေ ဖုန်းပြောရင် ပြောစရာရှိတာပြောပြီး အေးဒါဘဲနော် လို့ ဖုန်းချလိုက်တာပါပဲ။ ဈေးသွားဝယ်ရင် ဈေးသည်က သူရောင်းတဲ့ ပစ္စည်းပေး ဝယ်သူက ပိုက်ဆံပေး၊ပြီးရင်တော့ ချာကနဲ လှည့်ထွက်လိုက်ကြပါတယ်။ ကိုယ့်ကို တစုံတယောက်က ကူညီတယ်ဆိုရင်လည်း အကူအညီလက်ခံပြီး ပြီးသွားတာပါပဲ။ လမ်းပေါ်မှာ မျဉ်းကျားမှာဖြစ်စေ လမ်းကူးဖို့ စောင့်နေလို့ ကားရပ်ပေးရင် နိုင်ငံခြားသားတွေက လက်ကလေးထောင်နှုတ်ဆက်တာနဲ့၊ ပြုံးပြသွားတာနဲ့ တုန့်ပြန်မှု ပေးသွားတတ်ကြပါတယ်။ ရွှေတွေကတော့ ခပ်တည်တည်ပဲ၊ လှုပ်လီလှုပ်လဲ့ သူ့လုပ်စာစားနေရသလိုအိပဲ့ပဲ့လျှောက်ပြီး အရေးမစိုက် ဖြတ်နေတဲ့ သူတွေ […]


Foolish GirlJune 6, 20161min2626
ဒီဇာတ်ကားလေးက 2016 ခုနှစ် မတ်လ ၄ ရက်နေ့မှာထွက်ထားတဲ့ကာတွန်းကားအသစ်လေးပါ။ အရမ်းကြိုက်လွန်းလို့ ခဏခဏကြည့်မပါတယ်။ ရွာထဲကမကြည့်ရသေးသူများရှိရင်ကြည့်ရအောင်ညွှန်းပေးချင်လို့ပါ။ ယုန်ကလေး Judy Hopps အဖြစ် Ginnifer Goodwin ၊  မြေခွေး Nick အဖြစ်ကတော့ Jason Bateman    စတဲ့နာမည်ကြီးသရုပ်ဆောင်တွေကအသံသရုပ်ဆောင်ပေးထားပါတယ် ဒီဇာတ်ကားမှာသဘောကျတာလေးကတော့ ဇာတ်လမ်းနဲ့လိုက်ဖက်တဲ့ Shakira ဆိုထားတဲ့ဇာတ်ဝင်သီချင်းလေးရယ် Judy Hopps လို ့ ခေါ်တဲ့ ယုန်ကလေးရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို မဖြစ်ဖြစ်အောင်လုပ်နိုင်တဲ့ လုပ်တတ်တဲ့ စိတ်လေးတွေ အရှုံးမပေးတတ်တဲ့ စိတ်တွေ စတာတွေရောပေါ့ ကြည့်ပီးတဲ့သူတွေလည်းရှိမယ်ထင်ပါတယ် ဇာတ်လမ်းလေးကိုတော့ကြိုပြီးမပြောပြတော့ပါဘူး ပြောပြရင်ပေါ့သွားမှာစိုးရိမ်လို့ပါ။ ဇာတ်လမ်းကိုမကြည့်ဖြစ်တဲ့သူတွေအနေနဲ့  http://disney.wikia.com/wiki/Zootopia ဒီလင့်လေးမှာ ဇာတ်လမ်းအကျဉ်းချူပ်ရေးထားတာရှိပါတယ်


KyaemonJune 6, 201636min5783
  တချိန်တုန်းကနော်ဝေနိုင်ငံဟာ ဆင်းရဲပြီး ခေတ် နောက်ကျ ခဲ့တယ်၊ နောက်ပိုင်းမှာဖွံ့ဖြိုးကြွယ်ဝ လာကာ ဥရောပ တိုက်မှာ ဆိုရင် တဦးချင်းဝင်ငွေ GDP ဒုတိယအမြင့်ဆုံးဖြစ်လာတယ်၊ ရေကာတာ တွေကို လုပ်ဘို့ ကိုယ့်နည်းကိုယ့်ဟန်၊ လက်လှမ်းမှီရာ တတ်နိုင်တဲ့ကရိယာတန်ဆာပလာ သံတူကြီးတွေနဲ့ပင်ပန်းကြီးစွာလုပ်ဆောင်ခဲ့တယ်၊   ကြွက်သေတခုအရင်းပြု၍ကြွယ်မှုထက်ဆုံး သူဋ္ဌေးထုံးကိုနှလုံးပိုက်ခဲ့ပုံရတယ်၊    ၁၉၈ဝ မှ ၂၀၁၄ ထိ ဇယား အရ နှစ်စဉ် ရေအားမှလျှပ်စစ်အားပို၍ ပို၍ ထုတ်လုပ်နိုင်တယ်၊ အိမ်နီးချင်းနိုင်ငံတို့ဆီ TWh နဲ့ချီပြီး ရေအားလျှပ်စစ် စွမ်းအား တင်ပို့ရောင်းချတယ် TWh = ၁၀၀ဝ GWh= ၁,၀၀၀,၀၀ဝ MWh= ၁,၀၀၀,၀၀၀,၀၀ဝ KWh T =Terawatt, G=Gigawatt, M=Megawatt, K= Kilowatt […]


padonmarJune 6, 20161min3208
ကျမတို့ ရွှေပြည်ကြီးက ရွှေမြန်မာတွေ သုံးနေကျ စကားပုံ တခုရှိပါတယ်။ အကျိုးဆော့ အကန်းမော့တဲ့။ ခြေထောက်ကျိုး/မသန် တဲ့သူ ဆော့ရင် အပြစ်ပါတဲ့။ မျက်စိမမြင်တဲ့သူကန်းတဲ့သူ မော့တော့တော့ လမ်းလျှောက်ရင် အပြစ်ကြီးပါတဲ့။ တကယ်လည်း အပြင်မှာ ခြေလက်မသန်တဲ့သူတွေ မျက်မမြင်တွေဆိုရင် လူတန်းစားတရပ်လို သဘောထားကြပါတယ်။ အသနားခံ၊အပယ်ခံ၊လူတောမတိုးနိုင်တဲ့သူတွေလို့ သတ်မှတ်ကြပါတယ်။ မျက်မမြင်တွေ အတွက် မျက်မမြင်ကျောင်း ၂ကျောင်း (သမိုင်းခဝဲခြံနဲ့ ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်း) က အသက်မွေးဝမ်းကျောင်းသင်ပေးရုံပါပဲ။ ဆွံ့အနားမကြားသူတွေအတွက် မေရီချက်ပမင်ကျောင်း ၁ကျောင်းပဲ ကြားဖူးပါတယ်။ ခြေလက်မသန်စွမ်းသူတွေအတွက် သမိုင်း မသန်စွမ်းဆေးရုံ နဲ့ မင်းဓမ္မလမ်းထဲမှာ ဂျပန်က လာဖွင့်ထားတဲ့ မသန်စွမ်း သက်မွေးသင်တန်းပဲ တွေ့ဖူးပါတယ်။ ရွှေမင်းသားဖောင်ဒေးရှင်းက ကူညီထောက်ပံ့ထားတဲ့ ထီလှည်းလေးတွေဆိုလည်း တခါတရံမှ တွေ့ရတတ်တာပါ။ မျက်မမြင်တွေတွက်လည်း တနှစ်မှ တခါ မျက်မမြင်လမ်းလျှောက်ပွဲ […]