| User | Post |
|
5:28 pm February 1, 2012
| nature
| | |
| Member | posts 41 | |
|
|
သူကြီး -
ကျွန်တော့ကွန်မန့်တွေ edit လုပ်လို့မရဘူး။ ကိုယ့်ကွန်မန့်တွေကို edit လုပ်ခွင့်ကို မှားရင်ပြင်ဖို့ ၁ကြိမ် ၂ ကြိမ်ပဲပေးသင့်တယ်။ အခုလိုလုပ်ထားတော့ ကွန်မန့် ၂ကြိမ်ထပ်ရင်ကိုယ်ဟာကိုယ်ဖျက်လို့ရတယ်။
ကွန်မန့်တွေကို ပိုစ့်တင်သူက edit လုပ်လို့ မရသင့်ဘူး။
Moderate =?
Span = ?
Trash =ဖျက်တာလား
De-Link =?
Move Email = ?
Black List –> ကိုယ့်ပိုစ့်မှာပေးတဲ့ကွန်မန့်ကို ပိုစ့်ပိုင်ရှင်က မကြိုက်တိုင်း black list ပေးရန်မသင့်ပါ။ ကျွန်တော့်ပိုစ့်မှာ လာမန့်တဲ့မိုးပြာတေိကို black list ပေးပြီး သူတို့ကွန်မန့်တွေကို ပြင်ရေးလိုက်ရမလား။ :)
ပိုစ့်တင်ရင် ရေးတဲ့ ဖောင့်တွေကတမျိုး ပိုစ့်မှာ ပေါ်တဲ့ဖောင့်တွေကတမျိုးဖြစ်နေတယ်။ ဖိုရမ်မှာရေး ရင်လည်းဖောင့်တွေက တမျိုး ဖြစ်နေတယ်။
|
|
|
12:27 am February 2, 2012
| kai
| | |
| Admin
| posts 182 |  
|
|
|
Post edited 12:32 am – February 2, 2012 by kai
ပြင်ခွင့်..ဖျက်ခွင့်ရှိသူ.. Contributors များသို့..
တိုးတက်အောင်မြင်နေတဲ့လူ့အသိုင်းအ၀ိုင်း.. နိုင်ငံတွေမှာ.. ဒီမိုကရေစီနိုင်ငံမှာ.. လူများစုသဘောကိုလေးစားလိုက်နာရတယ်ဆိုပေမဲ့.. လူနည်းစုသဘောထားဆန္ဒကိုလည်း မပစ်ပယ်ရပါဘူး.။
Edit လုပ်.. ပြင်ခွင့်ရထားသူတွေရှိပါတယ်..။ လုပ်ခွင့်ပေးထားတာဖြစ်ပါတယ်..။ ဒါဟာ ကိုယ်တင်တဲ့စာအပေါ်မှာ ဝေဖန်ဆန်းစစ်လာသူတွေကို ကိုယ့်လုပ်ပိုင်ခွင့်အာဏာထဲက.."ကိုယ့်ဆန္ဒသဘောထားနဲ့" နှိပ်ကွပ်ခွင့်..ဖျက်ခွင့်..ပြင်ခွင့်ပေးထားတာမဟုတ်ပါဘူး.. သဘောထားကြီးပါ..။ ခေါင်းဆောင်စိတ်.. မော်ဒရိပ်တာတယောက်စိတ်ကိုမွေးပါလို့…။ အနိုင်မကျင့်ပါနဲ့လို့…။
ခေါင်းဆောင်တယောက်.. လုပ်ခွင့်အာဏာရှိသူတယောက်ဟာ.. ကိုယ့်လက်အောက်မှာရှိနေသူတွေကို.. ကိုယ့်ဆန္ဒသဘောထားအတိုင်း ပြုမူဆက်ဆံနေရင်.. အာဏာရှင်ဖြစ်သွားမှာပါ..။ အာဏာရှင်စိတ်ဓါတ်အခြေခံက.. အဲဒီကစတာပါ…။ ဒီမိုကရေစီအနှစ်သာရက.. အဲဒီကစပျက်တော့တာပါ..။
ဆိုတော့…
အားလုံးသဘောတူ.. ချထားတဲ့စည်းကမ်းနဲ့မညီရင်.. ဖျက်နိုင်ပါတယ်..။ ကိုယ်နဲ့အယူအဆမတူတာနဲ့.. ရေးထားတဲ့ကောမန့်တွေ.. ဖျက်ခြင်းပြင်ခြင်း မပြုစေလိုကြောင်းပါခင်ဗျား…
|
|
|
9:56 am February 2, 2012
| MaMa
| | |
| Member | posts 275 | |
|
|
သဂျီး အခုလို ပြောပြပေးတာ ကောင်းပါတယ်။
ဒီမိုကရေစီ ဆိုတာကို သေသေချာချာ မသိကြတဲ့ (ကိုယ်အပါအ၀င်) လူတွေ များပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က ဒီမိုကရေစီရဲ့ အဓိပ္ပါယ် အနှစ်သာရတွေကို လူတွေသိအောင် တတ်နိုင်သလောက် စည်းရုံးပြောဆိုနေပါတယ်။ အရင်ဆုံး စည်းကမ်းရှိတဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခု ဖြစ်အောင်တောင် အတော်ကြိုးစာယူရဦးမယ် ထင်ပါတယ်။
ကိုယ်လွတ်လပ်ခွင့်ရှိသလို သူများလည်း လွတ်လပ်ခွင့်ရှိတာမို့ ကိုယ့်ကြောင့်သူများ အနှောင့်အယှက် မဖြစ်စေရဘူးဆိုတာကို အသိ (awareness) ရှိဖို့ လိုပါတယ်။
ကိုသစ်မင်း ပြောသလို ကိုယ်ကိုယ်တိုင်ဟာ သူများရဲ့ ပတ်ဝန်းကျင်ဖြစ်နေတယ်ဆိုတာလေး…….
|
|
|
11:09 am February 2, 2012
| ပေါက်ဖော်
| | ကမ္ဘာ့အပြင် | |
| Member | |
posts 377 | |
|
|
မောင်ပေ
ကြားသလား..
ဝုတ်ကဲ့…၀ုတ်ကဲ့
|
|
|
|
|
6:15 pm February 2, 2012
| nature
| | |
| Member | posts 41 | |
|
|
သူကြီး ကွန်မန့်ကို edit လုပ်တာ ၅မိနစ်အတွင်းအပြီးရေးမှရတယ်။ စာရေးနေတုန်းအချိန်ကျော်သွားလို့ save လုပ်တာ လက်မခံဘူး။
သူကြီးရေ- ဖောင့်တွေလဲလုပ်ပါဦး သူကြီးရေ။
|
|
|
3:03 pm February 3, 2012
| htoosan
| | |
| Member | posts 83 | |
|
|
သူကြီးရေ ၊ ဖြစ်နိင်လား မဖြစ်နိုင်လားတော့ မသိပါဘူး ..
post အသစ်တင်ရန် ခေါ်လိုက်ရင် စာရေးရမဲ့ Box ထဲမှာ တစ်နေ့လျင် နှစ်ပုဒ်ထက်ပိုမတင်ရနဲ့ သတိထားရမဲ့ warning ရေးထားတာ ပေါ်လာအောင် လုပ်လို့ မရဘူးလား ။ အဲ့ဒါဖျက်ပြီးမှ ရေးပေါ့ ။
(သို့) နှစ်ပုဒ်ကျော်တာနဲ့ တင်လို့မရအောင် လုပ် ထားတာ ပေါ့နော် ။အကြံပေးတာပါ ။ မသိလို့ ပါဆိုတာနဲ့ သူကြီး အလုပ်ရှုပ်တာ သက်သာမလားလို့ အကြံပေးကြည့်တာပါ။

်
|
|
|
10:54 pm February 3, 2012
| MaMa
| | |
| Member | posts 275 | |
|
|
သဂျီးရေ- စိန်ပေါက်ဖော်ပေးထားတဲ့ လင့်ခ်လေးနှစ်ခုကို မန်ဘာအသစ်များအတွက်ဆိုပြီး ထင်သာမြင်သာရှိအောင် စာလုံးပေါင်း စစ်ရန်လိုမျိုး ထည့်ပေးရင် ပိုကောင်းမလားလို့။
http://mandalaygazette.com/wri…..guidelines
http://mandalaygazette.com/641…..everything
|
|
|
8:06 pm February 4, 2012
| MaMa
| | |
| Member | posts 275 | |
|
|
သဂျီးရေ-
အကြံပေးတာကို ချက်ခြင်းကို အကောင်အထည်ဖော်တော့တာပဲ။
ကော်မန့်တွေ တက်လာတာကို ကြည့်ခြင်းအားဖြင့် အကျိုးများကြောင်းလည်း သိနိုင်ပါတယ်။ 
|
|