……..

 
You must be logged in to post Login Register


Register? | Lost Your Password?

Search Forums:


 






Minimum search word length is 4 characters – Maximum search word length is 84 characters
Wildcard Usage:
*  matches any number of characters    %  matches exactly one character

သွေး ဆုတ် လို့ လူ ရုပ် မပေါ် ၊ စိတ် ဆင်း ရဲ ရ ပြီ ပေါ့

No Tags
UserPost

9:59 pm
February 6, 2012


thit min

Member

posts 67

1

Laugh သွေး ဆုတ် လို့ လူ ရုပ် မပေါ် ၊ စိတ် ဆင်း ရဲ ရ ပြီ ပေါ့

 
Credit to Aဇော်ကြီး(မြန်မာကျူ့ ပစ်ဖိုရမ်မှ) and http://www.yeyintnge.com/2012/…..t_701.html

မင်္ဂလာပါခင်ဗျာ၊ ကျွန်တော်လဲ ကျူးပစ်ကြီး နဲ့ ကွဲကွာနေရတာ ကြာပေါ့ဗျာ။ လူ ကိုယ်တိုင် မရောက် နိုင်ပေမဲ့ စိတ်က
တော့ အမြဲရောက် ပ ဗျာ။ ကိုယ်ရောက် နေတဲ့ နေရာ က လဲ အင်တာနက် ဆိုတာ ဝေးလို့ ၊ ဖုန်း ကလေး စကား ပြော
ရတာတောင် အနိုင်နိုင် ပါ ခင်ဗျာ ။ တန်ခိုးရှင် တဦး တယောက် က အင်တာနက် အဆက်အသွယ် လေး ဖန်ဆင်း ပေး
ရင် တောင် လျပ်စစ်မီး က မရနိုင်သေး လို့ ၊ စိတ် ထဲ က ဟင်း ချ ရင်း ၊ ဖ ယောင်း တိုင် လေး နဲ့ ကွန်ပျူတာ သုံး
လို့ ရရင် ၊ လွှတ် အဆင် ပြေ ရ တာ ပေါ့ လို့ ၊ ရသေ့ စိတ်ဖြေ လေး တွေး ခဲ့ ရတာ အကြိမ် ကြိမ်ပါ။

နှစ်ဆန်း အစ ဇန်နဝါရီလ အစ မှာ ၊ ခါတိုင်း လို ကျူးပစ် မန်ဘာကြီး များ ကို နှုတ်ခွန်း ဆက် စကား ဆို ခွင့် မကြုံခဲ့
ပါဗျာ ၊ အခု ကျူးပစ်ကြီး ထဲ ပြန် ရောက် တော့ ကိုယ် သိပြီးသား မန်ဘာကြီး တွေ အပြင် ၊ မန် ဘာ အသစ် တွေ
ရေး ကြ တဲ့ စာ လေး တွေ အစုံစုံ ဖတ် ခွင့် ကြုံ ခဲ့ ရ ပ ဗျာ ၊ လူ ပျို ကြီး ဆရာချော တယောက် လဲ
အကောင်း ဆုံး မန်ဘာ ဆု ထိုက်ထိုက် တန်တန် အရွေး ခံ ရ လို့ ၊ ဝမ်း သာ ဂုဏ်ယူ ရ ပေါ့ ဗျာ။

ကျွန်တော် စာ မရေး ဖြစ် တာ ကြာ နေ လို့ မန် ဘာ အပေါင်း က ကျွန်တော့် ကို ဝိုင်း ပြီး ၊ နိုင် စား နေ ကြ ပါ
တယ်။ သီး ခံ ကြ ပါ ခင် ဗျာ ၊ အခု လဲ ရာ ဇ သံ တွေ ပေး လာ ကြ လို့ မ တတ် သာ တဲ့ အဆုံး ၊
မ ဖြစ် မနေ ၊ တ ပုဒ် တော့ ၊ အခု လက် ငင်း ထိုင် ရေး ခဲ့ ရ ပြီ ပေါ့ ဗျာ ၊
အခြေ အနေ မပေး လို့ ကျွန်တော် က စာ မရေး နိုင် တာ ပါ ဆို တာ က ၊
ကျွန်တော် အလွယ် ပြော လိုက် လို့ ရ တဲ့ စကား ပြေ ဆင် ခြေ ၊ ဆင် လက် ၊ မဟုတ် ရ ပါ ခင် ဗျာ ။

သတင်းစာ တွေ ဂျာနယ် တွေ ထဲ လဲ ပါ နေ ၊ လူ ပြော သူ ပြော များ နေ တာ က ၊ ဒေါ်လာငွေဈေး ကို တရားဝင်
ဗမာငွေ နဲ့ တန်ဘိုး တခု သင့် ကြတော့ မဲ့ အကြောင်း ပါ။ ကောင်း ပါ တယ် ခင် ဗျာ ၊ တည် တည် တန့် တန့်
တရားဝင်ဈေး ဖြစ်သွားရင်စီပွားရေး လုပ် ကြ တဲ့ လူ တွေ အဆင်ပြေတာ ပေါ့ ခင်ဗျာ ၊ အခု လဲ ကဘာ့ ဘဏ်တို့
အိုင်အမ်အက် က လူ တွေ အစည်း ဝေး တွေ အမျိုး မျိုး လုပ် ကြ လို့ ခြေ ရှုပ် နေ ကြ ပေါ့ ဗျာ။ သတင်း ဂျာ နယ်
တွေ ထဲ မှာ လဲ အခု နှစ် ဘတ် ဂျက် အစ မှာ တဒေါ်လာ ၈ဝဝ နှုန်း ပုံသေ ထား ပေးတော့ မယ် လို့ ကောလဟလ
သတင်း မျိုး တွေ လဲ ရေး နေ ကြ ပ ဗျာ။

ကောင်း ပါ တယ် ၊ တည် တည် တန့် တန့် ဖြစ် သွား ရင် တဒေါ်လာ ၂ ကျပ် ဖြစ် ဖြစ် ၊ တဒေါ်လာ ၂ဝဝဝ ဖြစ် ဖြစ်
အရေး မဟုတ် ပါ ခင် ဗျာ ၊ ထင် သာ မြင် သာ ၊ တွက် သာ ချက် သာ ၊ စီး ပွား ရေး သဘော အရ တည် တည် ငြိမ်
ငြိမ် ၊ အေး ရာ အေး ကြောင်း ဖြစ် ဘို့ က သာ လို ရင်း ပါ ခင် ဗျာ။ အခု များ တော့ တရား ဝင် ဈေး က သတ်သတ်
သိမ်ဖြူဈေး က သတ် သတ် ၊ ဘား လမ်း ထဲ က ကို မွတ်တား တို့ ၊ ကို ဟူစိန် တို့ ၊ ဦး လျောင် ကီး တို့ ပြော တဲ့
ဈေး တွေ က တမျိုး ဆို တော့ ၊ အရင် က ဦးသန်းရွှေ လေဖြတ် သွား ပီ ပြော ကြ ရင် ဈေး တမျိုး ၊
ရှစ် လုံး ကြီး ဘောင်း ဘီ ချွတ် တယ် ကြား တာ နဲ့ ဈေး တမျိုး ၊ ဗိုလ်ချုပ် ညွန့်တင် ယောက်ဖ က ဒေါ်လာတွေ မ ပြီး
အပြင် ဘက် ကို ထွက် ပြေး သွားတယ် ကြားရင် ဈေး တမျိုး ၊ သမတကြီ လခ သိန်း ၅ဝ ပြော ကြ ပြန် တော့ ဈေး
တမျိုး ၊ ကိုတေဇ က လေယဉ်ပျံ ဝယ် မယ် ကြား ရရင် ဈေး တမျိုး ၊ ဒေါ်လာဈေး က တနေ့ ရွှေ ၊ တနေ့ ငွေ
ပေါက် ဈေး အမျိုး မျိုး နဲ့ ၊ ခေတ် အဆက် ဆက် ၊ မရိုး နိုင် ခဲ့ ပါ ခင် ဗျာ။

အခု လဲ နိုင်ငံ ခြား ငွေ ဈေး တမျိုး ထဲ တရား ဝင် ထား မယ် ကြား ပြန် တော့ ၊ လက် ထဲ က စီး ပွား ကို ဒေါ်လာ နဲ့
ထား ရ မလား ၊ ရွှေ နဲ့ ထား ရ မလား ၊ မြေ နဲ့ ထား ရ မလား ၊ အတွေး တွေ ပွား နေ ကြ ရ ပါ တယ် ခင် ဗျာ။
စီးပွား ကို ကား နဲ့ ထား ခဲ့ သမျှ ၊ အမှား ကြီး မှား ခဲ့ ကြ ရ သမို့ ၊ ဘဝ အ မော တောင် မပြေ သေး ပါ ခင် ဗျာ ၊
ဘယ် လို ဘဲ ဖြစ် ဖြစ် သတ် သတ် မှတ် မှတ် တရား ဝင် လေး ဖြစ် လာ ရင် တော့ အရင် လို ဗျာ များ ရ မဲ့
ကိန်း က တော့ ၊ နဲ နဲ တော့ ၊ သက် သာ ရာ ၊ ဖြစ် လာ ပါ မှာ ခင် ဗျာ။

အင်း ၊ အခု လို တဒေါ်လာ ၈ဝဝ နှုန်း ပုံသေ ထား ပေးတော့ မယ် လို့ ကောလဟလ သတင်း မျိုး တွေ ကြား ရ တော့
မှ သက်ပြင်း တွေ ၊ တအား ချ လို့ ၊ စိတ် မော နေ ရ တာ က ၊ ဝန် ထမ်း တွေ ပါ ခင် ဗျာ ၊ ဝန်ထမ်း တွေ အား လုံး
တော့ မဟုတ် ရ ပါ။ ဝန်ထမ်း ထဲ မှာ လဲ ၊ အထက် လူ ကြီး က ၊ ရွှေ ဘော တော် အကျ ခံ ရ သူ တွေ ကို
တယ် လီ ဖုန်း ပါ မစ် ပေး တာ တို့ ၊ နိုင်ငံ ရပ်ခြား ကို ပညာတော်သင် တို့ ၊ အစည်း အဝေး တို့ ထည့် ပေး တာ တို့
နဲ့ ၊ အသပြာ ထောင် ထုပ် ကို တောင် စမုဒ် က နေ ၊ ချီး မြင့် စွန့် ကြဲ ချီး မြောက် တာ ၊
ဝန်ထမ်း လော က ရဲ့ ထုံး စံ ကြီး ပါ ခင် ဗျာ။

အခု တော့ တယ် လီဖုန်း ပါ မစ် ပေး မယ် ကြား ရရင် ၊ ငါ နဲ့ နှိုင်း အဆဲ ခံ ရ တာ ထက် ရင် ထဲ နာ သကိုး ဗျ။ ‘
ဒီ လို ဘဲ အခု နှစ် ဘတ် ဂျက် အစ မှာ တဒေါ်လာ ၈ဝဝ နှုန်း ပုံသေ ထား ပေးတော့ မယ် လို့ ကောလဟလ
သတင်း မျိုး တွေ ထွက်လာ တော့ ၊ အခု နေ များ နိုင်ငံ ခြား ပညာ သင် စာရင်း လျာ ထား ခံ လို့ က တော့ ၊
အိမ် ထဲ ဖွတ် ဝင် တာ ထက် ၊ ပို ဆိုး သွား တော့ ပါတယ် ၊ အကြောင်း က တော့ ဒီလိုပါ ခင်ဗျ။

အရင် က ၊ ဘယ် နိုင်ငံ ကို သွား ရ ၊ သွား ရ ၊ ဝတ်စုံ စရိတ် ကို ဌာန က နိုင်ငံတော် စရိတ် နဲ့ ပေး
ပါ တယ်။ အပူပိုင်း နိုင်ငံ သွားရင် ကျပ် ငွေ ၂ဝဝဝ ဘိုး ဒေါ်လာ ၊ အအေး ပိုင်း နိုင်ငံတွေ သွားရရင် ကျပ် ငွေ ၃ဝဝဝ
ဘိုး ဒေါ်လာ ကို အစိုးရ က ကျ ခံပါတယ် ။ ဒီတော့ ဝတ်စုံဘိုး က အရင် နှုန်း ၆ ကျပ် နဲ့ တွက် ရင်
ဘာ အကြောင်း နဲ့ ဘယ် နိုင်ငံခြား ကို သွား သွား ၊ ဝတ်စုံ ဘိုး အနေ နဲ့ အစိုးရ ဆီ က
ဒေါ်လာ ၄ဝဝ ၊ ကျော် ၅ဝဝ ရ ဘို့ လောက် တော့ ပြေး မလွတ် ဘူး ပေါ့ ဗျာ ၊

ဒါတင် ၊ မက ရိုး လား ဗျား ၊ ပေါ့ ကက် မန်း နီး ၊ အသေး သုံး ဖွတ် က လိ ဒင်္ဂါး ဒေါ်လာ ၃ဝဝ ကို လဲ ၊
ဝန်ထမ်း က ကိုယ်ငွေ ကျပ်ငွေ သွင်း ပြီး လဲ လှယ် ခွင့် က လည်း ရ ပါ သေး သဗျို ၊ ရှယ် ပါ တယ် ခင် ဗျာ ။
ကိုယ်ပိုင် ကျပ် မဖြစ် စလောက် ၊ ငွေ ၂ဝဝဝ ကျပ် ပေး လိုက် ရင် လာထား ၊ ဒေါ်လှ ၃ဝဝ ၊ ဆိုတော့ ကာ ၊
ဝန်ထမ်း က ဗမာငွေ ၂ဝဝဝ လောက် စိုက်လိုက် ရင် ဘဲ ၊ နိုင်ငံခြား ငွေ ဒေါ်လာ ၇ဝဝ လောက် က
လေယဉ်ပေါ် မတက်ခင် က တဲ က ၊ အိပ် ကပ် ထဲ မှာ အတော် စို ပြေ ၊ အို ကေ နေ ပီပေါ့ ဗျာ။

ဝန်ထမ်း အများ စု က လဲ အဲဒီ ပိုက် ဆံ ကို နိုင်ငံ ရပ် ခြား ကို ၊ ဘယ် သူ က မှ ယူ မသွား ပါ ဘူး ၊
လက်ငင်း ဒေါ်လာ ၅ဝဝ လောက် ကို ကျပ် ငွေငါးသိန်း ကျော် ရ အောင် ၊ နိုင်ငံ ခြား သွား မဲ့ ရက် မတိုင် ခင်
ဘား လမ်း ထဲ သွား ၊ အရည်ဖျော်ပြီး ၊ ယောက် ခ မ က တပြုံးပြုံး ၊ မိန်း မ က တပြုံး ပြုံး ဖြစ်သွား အောင်
မျက် နှာ လုပ် နိုင် ခဲ့ ပါ တယ် ၊ အိပ် ကပ် ထဲ မှာ ဒေါ်လာ ၂ဝဝ လောက် ထဲ့ သွား ပြီး ၊ ဟို နိုင်ငံ က ပေး တဲ့
ဒေါ်လာ နေ့ တွက် စရိတ် လေး ကို ကျစ်ကျစ် ပါ အောင် ထပ် စု ၊ ဒီ က ထည့် ယူ လာ တဲ့ ယမ်ယမ် ခေါက်ဆွဲ
ခြောက် လေး နဲ့ နေ့စဉ် အသက် ဆက် လိုက် ရင် ၊ ဟဲ ဟဲ ၊ လာ ထား စမ်း ၊ နောက် ထပ် ဒေါ်လာ ၁ဝဝ ကျော်
လောက် က ပြေး မလွတ် ပါ ခင် ဗျာ ။ လက် ထဲမှာ အစိမ်း ၃ဝဝ လောက် ဖြစ် သွား ပါ တယ်။

ဒီ ပိုက် ဆံ အချိုး အစား ၊ အကျန် လေး က တော့ ၊ အတော် ကို အလုပ်ဖြစ်ပါ တယ် ၊ မျက် နှာ မေါ့ ၊ ရင် ကော့ ပြီး
ဟိုင်ပါ မတ်ကက် ပေါ် တက် ၊ ဒစ်စကောင့် ချ တာ တွေ ၊ အထပ် ထပ် အခါ ခါ ၊ ခြေ သလုံး ကြီး လာ အောင်
လေ့ လာ သမှု ပြု လိုက် ရင် ဖြင့် ၊ ဟင်း ဟင်း ၊ ဒါ လေး က တော့ ချစ် သော ခယ်ခယ်လေး အတွက် ၊
ဒါကြီး က တော့ သေချင်းဆိုး ဖဖ အတွက် ၊ ‘ဒါ က တော့ ကျေး ဇူး ရှင် ယောက်ခမ ၂ ပါး အတွက် ၊
ဒါ လေး က တော့ ၊ ဆူပုတ် နေ တဲ့ မျက်နှာ ပိုင်ရှင် ၊ အိမ် က မိန်းမ ကို ပြုံး လာ အောင် မျက်နှာ လုပ်ဘို့ ၊
ဒီ လို ၊ ပေါ ချောင် ကောင်း လေး က တော့ မြင့် မိုရ် တောင် ဦး မက ကျူး တဲ့ ၊ ပါပါ နဲ့ မါမါ အတွက်
xxxxxxxxxxx အင်း ထား လိုက် ပါ တော့ ၊ ဟို ငါ့ ကို အချိန်တိုင်း မှာ အင် မတန် ကူ ညီ ခဲ့ တဲ့
အပေါင်း အသင်း ၊ ရောင်း ရင်း တွေ အတွက် က တော့ ၊ ရန်ကုန် ရောက် မှ စိန်ဂေဟာ ကုန်တိုက် မှာ စဉ်း စား တော့
မယ်လို့ ဘဲ ၊ ကျေးဇူးရှင် အပေါင်း အတွက် ၊ လူ စုံ အောင် ၊ အဆင် ပြေ အောင် စဉ်း စား နိုင် ပါ တယ် ခင် ဗျာ ။

ဟော ၊ တပါတ် ကြာ ၂ ပါတ် ၊ နိုင်ငံခြား လေး များ သွား ခဲ့ ရ လို့ ၊ ပြည် တော် ပြန် ခရီး ၊ လေယဉ် ပေါ် က
အဆင်း ၊ အမိ မြေ ပေါ် ခြေ အချ ၊ ကိုကို ပြန်လာ ပီ ဆို ပြီး ၊ ဆီး လို့ ကြို နေ တဲ့ ခယ်ခယ် လေး ၊
သားလေး ၊ နေ ကောင်း လား ဆို ပြီး ပြုံး ပြုံး လေး ၊ လာ ကြို နေ တဲ့ ၊ ယောက် ခ မ ၂ ပါး ၊
အစ်ကိုကြီး ၊ ကျွန်တော် မှာ လိုက် တာ ပါ လာ တယ် နော် ဆို ပြီး ၊ မျက် နှာ ထား
တင်းတင်း လှမ်း မေး နေ တဲ့ သေချင်းဆိုး ဖဖ ၊
‘ဒါ တွေ အကြား ဗျား များ နေ ရ လို့ ၊ မြင့် မိုရ် တောင် ဦး မက ကျူး တဲ့ မွေးသဖခင် နဲ့ မိခင်ကြီး ၊
ညီ အကို မောင် နှ မ ၊ သူငယ်ချင်း ယောင်းရင်း အပေါင်း ကို ဂရု မပြု အား ခဲ့ ပါ ခင် ဗျာ။

ဘယ် လို ဘဲ တွက် ကိန်း ချ ချ ၊ အဆင် ပြေ ပါ တယ် ။ ကျန်း မာ ခြင်း သည် လာဘ် တပါး ၊ နိုင် ငံ ခြား သွား
ခွင့် ရ ခြင်း က တော့ ၊ ကိုယ် လဲ ကျန်းမာ ၊ စိတ် လဲ ချမ်း သာ ဆို တော့ ကာ ၊ မဟာ လာဘ် ကြီး တပါး ပေါ့
ခင်ဗျာ ၊ ဝန်ထမ်း တိုင်း တောင် တ ကြ တဲ့ ဆု တပါး ထဲ မှာ ၊ နိုင်ငံခြား လွှတ် တဲ့ အထဲ ပါ ဘို့ က တော့
လူကြီး ကို နေ့စဉ် နဲ့ အမျှ မျက် နှာ ချို သွေး ခဲ့ကြ ရ ၊ အလုပ် ကြိုး စား ချင် ယောင် ဆောင် ခဲ့ ရ ပါ ခင် ဗျာ။

တဒေါ်လာ ၆ ကျပ် ခေတ် နဲ့ အတော် အဆင် ပြေ ပါ တယ် ၊ အ စိုး ရ က ပေး တဲ့ ဝတ်စုံစရိတ် ကျပ် ငွေ ၂ ထောင်
သုံး ထောင် လောက် နဲ့ ၊ အသေး သုံး ရ ငွေ ဒေါ်လာလေး နဲ့ တင် ၊ တိုင်းပြည် ချစ် တဲ့ စိတ် ၊ နိုင် ငံတော် ကို
ချစ် တဲ့ စိတ် ၊ နိုင်ငံ ဝန်ထမ်း စိတ် ကလေး နဲ နဲ ပါး ပါး တော့ ၊ ထား နိုင် ပီ ပေါ့ ဗျာ ။

ခု များ တော့ ၊ ‘ဒါ တွေ က ပျက် ပျယ် တော့ မလို ပါ။ အခု နိုင်ငံခြား သွား ဘို့ နော်မနေးရှင်း ကျ ထား တဲ့
ဝန်ထမ်းများ မျက် နှာ သွား ကြည့် စမ်း ပါ ခင် ဗျာ ၊ သွေး ဆုတ် လို့ လူ ရုပ် မပေါ် ၊ စိတ် ဆင်း ရဲ ရ ပြီ ပေါ့ ခင်ဗျာ
ရ တဲ့ ဝတ်စုံ စရိတ် က အပူပိုင်း နိုင်ငံ သွားရင် ကျပ် ငွေ ၂ဝဝဝ ဘိုး ဒေါ်လာ ၊ အအေး ပိုင်း နိုင်ငံတွေ သွားရရင် ကျပ်
ငွေ ၃ဝဝဝ ဘိုး ဒေါ်လာ ကို အစိုးရ က ကျ ခံပါတယ် ။ ဒီတော့ ဝတ်စုံဘိုး က အခုလို နှုန်း ၈ဝဝ ကျပ် နဲ့ တွက် ရင်
အလွန်ဆုံး ရရင် ၊ ဒေါ်လာ ၂ ကျပ် ခွဲ နဲ့ ၄ ကျပ် ကြား ဘဲ ရ တော့ မှာ ပါ ခင်ဗျာ ။

ဒါတင် ၊ က ရိုး လား ဗျား ၊ ပေါ့ ကက် မန်း နီး အသေး သုံး ဖွတ် က လိ ဒင်္ဂါး ဒေါ်လာ ၃ဝဝ ကို လဲ ၊ ဝန်ထမ်း က
ကိုယ်ငွေ ကျပ်ငွေ သွင်း ပြီး လဲ လှယ် ရမှာ ဆို တော့ ၊ ကိုယ်ပိုင် ကျပ် ငွေ နှစ် သိန်း လေးသောင်း ပေး ရ မှာ ပါ။
အဲဒါ ကို ယောက်ခမ ဆီ က ခန ယူ ပြီး ရှင်း ရ မှာ ဆို တော့ ၊ ယောက် ခ မ က လေယဉ် ပေါ် မတက် ခင် က တဲ
က သူ့ အကြွေး ကို တဂျီဂျီ ပြန် တောင်း နေ ပါ ဘီ။ သိမ် ဖြူ မှာ ချက်ချင်း သွား ပြန် ရောင်း တော့ ၊ ဝယ် ဈေး
ရောင်း ဈေး ဟ သွား တာ က ၊ ကိုယ် က ဘဲ အိတ် ထဲ က စိုက် ရ တော့ မှာ ပါ။

လက် ကျန် ဒေါ်လာ ၂ ကျပ် ခွဲ နဲ့ ၊ အရင် လို ဟိုင်ပါ မတ် ကက် ကို ခြေဦး လှည့် ဘို့ မစဉ်းစား နဲ့
သွားစရာ တိုင်စီ ခ တောင် ၊ မ တွေး ဝံ့ တော့ ပါ ခင် ဗျာ ၊ ဒီ ဒေါ်လာ ၂ ကျပ် ခွဲ နဲ့ နိုင်ငံခြား မှာ စား ဘို့ ယူ
သွား ရ မဲ့ ယမ်ယမ် ခေါက်ဆွဲခြောက်ဘိုး လေး တောင် အဆင် မပြေ တော့ ၊ အမယ် မင်း ၊ အခု မှ အခက် ကြီး
ခက် ရ ပီ ပေါ့ ခင် ဗျာ ၊ အဆိုး ဆုံး က အိမ် က မဒမ် ကို ပြေလည် အောင် ဘယ် လို ပြော ရ ပ။
ရှင် က ၊ နေ့ ရော ည ပါ ၊ တကုပ် ကုပ် နဲ့ လုပ် လိုက် ရ တဲ့ အလုပ် ၊ အဲသာ ကြောင့် ရှင့် ကို နိုင် ငံ ခြား လွှတ်
ဘို့ လူ ကြီး က ရွေး တာ ဆို ၊ အခု ပိုက် ဆံ လို ပီ မလား ၊ ကျုပ် က တော့ ၊ မပေး နိုင် ဘူး
ရှင့်  ကို နိုင် ငံ ခြား လွှတ် တဲ့ ၊ ရှင့် အထက် လူ ကြီး ဆီ မှာ သာ ချေး ပြီး ၊ သွား ပေ တော့ တဲ့ ခင် ဗျ။

ဒီ ပိုက် ဆံ အချိုး အစား ၊ ဒေါ်လာ ၂ ကျပ် ခွဲ ၊ အကျန် လေး နဲ့ က တော့ ၊ သေ ပြီ ပေါ့ ဆရာ တို့ ရယ် ၊
မျက် နှာ အောက် ကျ ၊ သက်ပြင်း အ ကြိမ် ကြိမ် ချ ရင်း ၊ အခု တော့ ချစ် သော ခယ်ခယ်လေး က ပြုံး တောင်
မ ပြ တော့ ပါ ၊ သေချင်းဆိုး ဖဖ က ကူညီ ဘို့ ဝေ လာ ဝေးပါ ၊ ကျေး ဇူး ရှင် ယောက်ခမ ၂ ပါး ကတော့ ၊
အသေး သုံး ငွေ လေး လဲ ၊ ဘို့ ပိုက် ဆံ ခန ချေး မိ က တဲ က ၊ စကား တောင် မပြော တော့ ပါ ခင် ဗျာ ၊
သား ရေ ၊ လို့ တောင် ခေါ် သံ မကြား တော့ ပါ ခင် ဗျာ ။

ဆူပုတ် နေ တဲ့ မျက်နှာ ပိုင်ရှင် အိမ် က မိန်းမ ကြီး၊ ပြုံး လာ ဘို့ နေ နေ သာသာ ၊ ပို လို့ တောင် နား ညီး စရာ
ဖြစ် လာ ပါ တယ် ၊ အရေး ရယ် အကြောင်း ရယ် အချိန် မှာ တော့ ၊ မြင့် မိုရ် တောင် ဦး ၊ မက ကျူး တဲ့ ပါပါ နဲ့
မါမါ ရယ် ၊ အချိန် တိုင်း မှာ အင် မတန် ကူ ညီ ခဲ့ တဲ့ အပေါင်း အသင်း ၊ ရောင်း ရင်း တွေ အား ကိုး နဲ့ ဘဲ
နိုင် ငံ ရပ် ခြား ခရီး ၊ သင် တန်း တက် ရ မှာ ကို ၊ လူ လုံး မ လှ ၊အ ပူ လုံး ၊ တ ကြွ ကြွ နဲ့ ဘဲ ၊
သက် စွန့် ဆံ ဖြား ၊ သွား ရ မဲ့ ကိန်း ကို ရောက် ရ တော့ မှာ ပါ။

တဒေါ်လာ ၈ဝဝ ကျပ် တရာဝင် ဖြစ် မဲ့ ခေတ် မှာ တော့ စိတ်ဓါတ် တွေ ပျက် ပြား ရ ပီ ပေါံ ဗျာ ၊
အ စိုး ရ က ပေး တဲ့ ဝတ်စုံစရိတ် ကျပ် ငွေ ၂ ထောင် သုံး ထောင် က ရ မဲ့ ဒေါ်လာ ၂ ကျပ်ခွဲ ဘဲ အသားတင် ရ ပြီး ၊
အသေး သုံး ရ ငွေ လေး ကို ၊ ကိုယ့် ပိုက်ဆံ နဲ့ကိုယ် သွင်း ရ ဘို့ ၂ သိန်း ခွဲ လောက် ယောက်ခမ ဆီ က ချေး နေ
ရ ရင် တော့ ၊ တိုင်းပြည် ချစ် တဲ့ စိတ် ၊ နိုင် ငံတော် ကို ချစ် တဲ့ စိတ် ၊ နိုင်ငံ ဝန်ထမ်း စိတ် ကလေး ၊
ဘယ် လို ထား နိုင် တော့ မ လဲ ဗျာ ၊ ကုန် ခမ်း သွား ပါ ဘီ ။

သူ တည်း တ ယောက် ကောင်း ဘို့ ရောက် မူ ၊ သူ တ ဦး မှာ ပျက် လင့် ကာ သာ ၊ က လ ချာ တည်း ဆိုတဲ့
အ နန် တ ၊ သူရိယ အမတ်မင်း ရဲ့ သံ ဝေ ဂ ၊ လင်္ကာလေး က တော့ ခေါင်း ထဲ အမြဲ ရှိ ပါတယ်၊
နိုင်ငံခြား ပညာ သင် ထီ ပေါက် သလို ဆုထူး ကြီး လက် ထဲ ရောက် ပြီး မှ ၊ ထီ လက်မှတ် ဘိုး ငွေ ပြန် အမ်း ရ မဲ့
သူ တွေ အတွက် အိုင် အမ် အက်ဖ် ရော ၊ သမတကြီး ရော ၊ ဦး တေဇ တို့ က ပါ သင့် တင့် မျှ တ အောင်
ခယ် ခယ် လေး မျက် နှာ မညှိုး ရ အောင် ၊ ဝိုင်း ပြီး စဉ်း စား ပေး ကြ ပါ ပ ဗျား ၊

6:03 am
February 7, 2012


MaMa

Member

posts 275

2

ဖ ယောင်း တိုင် လေး နဲ့ ကွန်ပျူတာ သုံးလို့ရမယ့်ခေတ်ကို မရောက်ဘူး မပြောနိုင်ဘူး။

ကက်ဆက်တွေ၊ တီဗွီတွေတောင် ဘက်ထရီနဲ့ ဖွင့်နိုင်အောင် လုပ်လာကြသေးတာပဲ။

မြန်မာနိုင်ငံဈေးကွက်ကို စိတ်ဝင်စားတဲ့သူတွေအတွက် ဖယောင်းတိုင်နဲ့ ဖွင့်လို့ရမယ့် ကွန်ပြူတာသာ တီထွင်နိုင်မယ်ဆိုရင် မာကက်တာတွေတောင် မလိုဘူး။Laugh

2:01 pm
February 7, 2012


awra-cho

Member

posts 4

3

တခါတည်းဒေါ်လာ နှစ်ထောင်၊သုံးထောင် ထုတ်ပေး သင့်တာပေါ့နော၊ ဧကန္တ ပို့စ် ပိုင်ရှင်က သွားစရာ ရှိလို့ထင်ပါ့။ တွေးမိတာ သဘော ကျလို့ပါ၊ အဲဒါတွေ ပါ တစ်ခါတည်း ထည့်စဉ်းစားမယ် ထင်ရတာပဲ။

2:45 pm
February 7, 2012


kai

Admin

posts 182

4

Post edited 2:45 pm – February 7, 2012 by kai


ဥရောပ..ယူအက်စ်..ယူအန်..ဂျပန်စတဲ့နိုင်ငံသွားရတဲ့.. ပညာတော်သင်တွေဆိုရင်တော့ ..တရက် ဒေါ်လာ ၁၀၀လောက်ကိုပေးတာ…
စီမီနာ..၀ပ်ရှော့တွေလည်း.. နေ့တွက်တော်တော်ပေးပါတယ်..။

ကျန်တာပေါ့…

 

အခုဟာကတော့.. ပြည်တော်ကတောင်မခွာရသေးဘူး.. ငွေထွက်ကုန်တာပြောတာနေမှာ…။Smile

No Tags

About the The Mandalay Gazette-Myanmar/Burma News Media Forum Network Forum

Forum Timezone: Asia/Rangoon

Most Users Ever Online: 94

Currently Online: ရွှေအိမ်စည်
8 Guests

Currently Browsing this Topic:
1 Guest

Forum Stats:

Groups: 1
Forums: 10
Topics: 787
Posts: 4398

Membership:

There are 8400 Members

There is 1 Admin

Top Posters:

ရွှေအိမ်စည် – 1316
ပေါက်ဖော် – 377
ဆူး – 323
MaMa – 275
manawphyulay – 253
windtalker – 161

Administrators: kai (182 Posts)