……..

 
Current User: Guest Login Register Members
Please consider registering


Register? | Lost Your Password?

Search Forums:


 






Minimum search word length is 4 characters – Maximum search word length is 84 characters
Wildcard Usage:
*  matches any number of characters    %  matches exactly one character

မောင် နဲ့ ဝေး

Reply to Post Add a New Topic
UserPost

2:20 am
September 21, 2011


minmahar

Member

posts 4

မောင် .. သိပ်ချစ်တယ် မောင်
မောင် နဲ့ ဝေး .. ခုလို ဝေးကြရလိမ့်မယ်လို့ တခါမှ မထင်ထားခဲ့ဖူး မောင် ။
မောင့်ကို အရမ်းချစ်ပါတယ် မောင် ။ ခုလဲ ချစ်နေတုံးပါဆိုရင် မောင် ယုံမှာလား ဟင် ။
ဒီဘ၀ အဝေးကြီး ဝေးခဲ့ရပြီဆိုတာတော့ ဝေးသိလိုက်ပါပြီ ။
ဝေးအနားမှာ မောင်မှ ရှိမနေတော့တာကိုး ။
ဝေးတို့ စတွေ့တဲ့ အချိန်လေးကို အမှတ်ရမိသေးတယ် မောင် ။ မောင်ကော မှတ်မိသေးရဲ့လား ။ ခုလို မိုးတွေ
စွေနေတဲ့ နေ့တနေ့မှာပေါ့ ။မောင်က ဝေးတို့လမ်းထိပ်က လမ်းဘေးတခုမှာ လဲကျနေတာလေ ။
ဝေး မြို့ထဲက အပြန်တွေ့ခဲ့ရတာ ။ မောင်က အ၀တ်တွေကလဲ ညှစ်ပေ ၊ လူကလဲ မုတ်ဆိတ် ပါးသိုင်းမွှေး
တွေနဲ့ ခေါင်းမှာလဲ ဒဏ်ရာနဲ့ ၊ မြောမေ့နေတာပေါ့ ။ မိုးကသဲ ညနေစောင်း အချိန်ဆိုတော့ လူကလဲပျက် ။
ပထမ ဝေးလဲ လှည့်ကြည့်လှည့်ကြည့်နဲ့ မောင့်ကို ကျော်သွားခဲ့သေးတာ ။ ပတ်ဝန်းကျင် ကြည့်မိတော့
လူကလဲမတွေ့တာနဲ့ မောင့်ဆီ ဝေးပြန်လာခဲ့တာ ။ မောင့်ကို သတိရအောင်လှုပ် နိုးလို့ မောင် သတိရတယ်
ဆိုရင်ပဲ ဝေးအိမ်ကို အပြေးလေး ပြန်လာခဲ့မိတာ ။

         နောက်မတွေ့ရတော့ဖူးလို့ ထင်ခဲ့တဲ့ မောင့်ကို နောက်တစ်လကြာတော့ မောင်နဲ့ ပြန်ဆုံခဲ့ရတယ်လေ ။
ဒီတခါတော့ မောင်က အင်္ကျီ လုံချည် ခပ်နွမ်းနွမ်းနဲ့ သန့်သန့်ပြန့်ပြန့်လေး ပါ ။ ကျေးဇူးတင်ကြောင်း စပြောလာတဲ့
မောင့်ကို ခဏခဏတွေ့ပါများတော့ ဝေး သံယောဇဉ် ဖြစ်မိသွားတယ် ပြောရင် သူတို့တွေ ယုံပါ့ မလားဟင် ။
မောင်က အပြောလေးက ကောင်းတယ်လေ ။ ဝေး သဘောကျအောင် ဟာသလေးတွေလဲ ပြောတတ်တယ် ။
စိတ်ညစ်တဲ့အခါ ရယ်ရွှင်အောင်လဲ ပြောတတ်တယ် ။ ယုံကြည်အောင်လဲ နေတတ်တယ် ။ ၀တ်တာ နွမ်းပေမဲ့
တည်တည်ကြည်ကြည်လေးမို့ ဝေး သဘောကျခဲ့တာပါ ။

        မောင့်ကို စချစ်တဲ့ အချိန်က မောင် အရမ်းကို ချမ်းသာမှန်း မသိခဲ့တာ အမှန်ပါမောင် ။ ဒါတွေကို မောင်
သိပါတယ်လေ ။ မောင်က ယုံလဲ ယုံကြည်ခဲ့တယ် ။ မောင်က အရမ်းကို ဖြူစင်တယ်ဆိုတာ ဝေး သိပါတယ် ။
ဒါပေမဲ့ ဝေးက မောင့်ကို ကလေးဆန်တယ်လို့ ပြောရင် မောင်က မကြိုက် ။ မောင်တို့ ယောင်္ကျားတွေက
ဒီလိုပဲလား မောင် ။ မောင် နဲ့ ဝေးတို့ ပထမဦးဆုံး နဲ့ နောက်ဆုံး အတူသွားခဲ့တဲ့ ဘုရားပွဲဈေးတန်းလေးပေါ့ ။
မောင် နဲ့ လက်ထပ်ပြီးလို့ တပါတ် အကြာမှာ ဝေးတို့ ဘုရားပွဲဈေးတန်း လမ်းလျောက်ကြတယ်လေ ။

          မောင်တို့ ယောင်္ကျားတွေလဲ အယုယခံချင်ကြတယ်ဆိုတာ ဝေး နားမလည်ခဲ့တာ အမှန်ပါ ။
မောင်က ဝေးကို လက်ချင်း ချိတ်ပြီး လျောက်ဖို့ ပြောခဲ့တာ ဝေးက ငြင်းခဲ့တယ်လေ ။ အဲဒီတုံးက မောင်က
စကားနာထိုးခဲ့တယ် ။ မောင့်ကို မချစ်ဖူးလားတဲ့ ။ ဘယ်သူနဲ့ လက်ချင်းချိတ်မှာမို့ မောင့်ကို ခါးခါးသီးသီး
ငြင်းနေရတာလဲ တဲ့လေ ။ ဝေးလေ မောင့်ကို စိတ်တော်တော် တိုသွားတယ် ။ လူမြင်ကွင်းမှာ လက်ချင်း
ချိတ်ရမှာကို ဝေး ရှက်တတ်တာ မောင်မှ မသိတာ ။ ဒါကို ဝေး မပြောဖြစ်ပဲ အဲဒီနေ့က ရန်ဖြစ်ကြတာ ဝေး နဲ့
မောင်   တို့ရဲ့  ဝေးစေခြင်း အစဆိုတာ ခုတော့ ဝေး ယုံပါပြီ မောင် ။ အဲဒီထဲက မောင် နဲ့ ဝေးတို့ ဘယ်ကိုမှ
အတူတူ  မသွားခဲ့တာ  ဝေးပါ ။ ဝေးရဲ့ မာန လေ ။ မောင် တော်တော် စိတ်မကောင်း ဖြစ်သွားမယ် ဆိုတာ
ဝေး မတွေးခဲ့တာလဲ အမှန် ပါ ။

         ဝေး ကတော့ မယားဝတ် ရှိတဲ့အတိုင်း ဈေးသွားမယ် ။ ချက်ပြုတ်ကျွေးမယ် ။ မယားဝတ် အတိုင်း
နေမယ် ဆိုရင်ပဲ မိန်းမ ( ဇနီး ) တာဝန် လုံလောက်နေတယ်လို့ ထင်ခဲ့တာ အမှန်ပါ ။ လက်မထပ်ခင်က
မျိုးလို ယုယမှုတွေ ၊ ခုတော့ လုံးဝ မရှိတော့တာ ဝေး သတိ မထားမိခဲ့တာပါ ။ အိမ်ထောင့်တာဝန်ပဲ ဝေး
စဉ်းစား နေခဲ့တာလေ ။ ဝေး မမှားခဲ့ပါဖူးနော် မောင် ။ ယုယမှုတွေ ဝေးသွားတော့ မောင်နဲ့လဲ ဝေးသွား
ရတယ်ဆိုတာ ခုတော့ ဝေး သိပါပြီလေ ။

        မောင် ဝေးကို သိပ်ချစ်တယ်ဆိုတာ ဝေးယုံပါတယ် ။ ဝေးလဲ မောင်ကို သိပ်ချစ်ပါတယ် ။ ခုတော့
ဒါတွေ ဘယ်ရောက်ကုန်ပြီလဲ ။ မောင် ခြေလှမ်းတွေ ပျက်လာပြီလေ ။ ည ညဆို တော်တော်နဲ့ ပြန်မလာ
တော့ဘူး ။ ပြန်လာတော့လဲ အရက်လေး တမြမြနဲ့ လေ ။ ဝေးပြောတော့ ဘီယာ နဲနဲ လေးပါတဲ့ ။
ဘယ်လောက်ပဲ မိုးချုပ်ချုပ် မောင်က တနေ့မှ ၀င်ငွေအပ်တာ မပျက်ခဲ့တာ ဝေး အသိပါ ။ မောင်တို့
ယောင်္ကျားတွေက တနေ့ရငွေလေး ဇနီးကို အပ်လိုက်ပီးရင် လင်တာဝန် ကျေပီလို့ မောင် မှတ်လိုက်ပြီ
လား မောင် ။

         မောင် – ကာရာအိုကေတို့ ၊ အနှိပ်ခန်းတို့ သွားတတ်လာတာ ဝေးသိပါတယ် မောင် ။
ဒါတောင်  တော်တော် ကြာမှ သူများပြောလို့ သိရတာပါ ။ ဒါတွေတော်တော်လွန်မှ ဝေးသိလိုက်တာက
ကြင်နာမှုတွေ မပေးခဲ့မိတဲ့ ဝေး အပြစ်ကြောင့်လား ပေါ့ ။ တီတီတာတာ နဲ့ မပြောနိုင် ၊ မလုပ်နိုင် ခဲ့တာ
ဝေး သိပါတယ် ။ အိမ်ထောင်သည် ဘ၀မှာ ဒါတွေကော လိုသေးလို့လားမောင် .. မေးလို့ရရင် လူတွေကို
လိုက်ပီး မေးလိုက်ချင်တယ် ။ ဝေး မောင့်ကို သိပ်ချစ်တယ်ဆိုတာကော မောင်မသိတော့ဖူးလား ။

         သားလေး ၂ – နှစ်ပြည့်တဲ့ နှစ်မှာ မောင် ဝေးကို တောင်းပန်ခဲ့ပါတယ် ။ ဒီအချိန်မှာ မောင်က
အိပ်ယာထဲ လဲနေပီလေ ။ အရက်ရဲ့ ကျေးကျွန် ဖြစ်နေပီပေါ့ ။ အရက်တွေများလို့ အသဲတွေ မကောင်းတော့
ဘူးတဲ့ ။ ဝေး မောင့်ကို ကောင်းကောင်း ပြုစုခဲ့ပါတယ် ။ မောင်ရဲ့ ကြင်နာ ယုယမှုတွေ ဝေး ပြန်ခံစားလိုက်
ရတယ် ။ မောင့်ကို နေကောင်းအောင် ပြန်လုပ်ပေးပါတဲ့ ။ မောင် အရက်လဲ မသောက်တော့ဘူးတဲ့လေ ။
စိတ်ညစ်လို့ သောက်မိတာပါတဲ့ ။ ဝေးဆီက ယုယမှုတွေ မရတော့လို့တဲ့လေ ။ ဖွင့်ပြောရောပေါ့ မောင်ရယ်
ဝေးမှ မသိတာ ။ ကာရာအိုကေတွေလဲ မသွားတော့ပါဘူးတဲ့ ။ ဝေး မျက်ရည်ကျရပီ မောင် ။ ဝေး မောင့်နား
မှာ မနေနိုင်တော့ဘူး .. မောင့် ကွယ်ရာမှာ ငိုနေရပီ မောင် ။ မောင် တဖွဖွ ပြောခိုင်းတဲ့ မောင့်ကို ချစ်ပါတယ်
ဆိုတဲ့ စကားတော့ ဝေး မာန ကြောင့် မပြောခဲ့မိတာ အမှန်ပါ ။ ခုမှ တွေးမိတယ် .. မောင် သိပ်ခံစားရမှာ
ဘဲနော် ။ မောင့်ကို သိပ်ချစ်ပါတယ် မောင်ရယ် ။

         ဒီနေ့ သားလေးရဲ့ ၅ – နှစ်ပြည့်ဆိုတော့  မောင်ခွဲခွာခဲ့တာ ၃ – နှစ် တင်းတင်း ပြည့်ခဲ့ပီ မောင် ။
မောင်ရဲ့ အသဲနုတဲ့ အတွေးတွေကြောင့်လား ၊ ဝေးရဲ့ မာနတွေကြောင့်လား ၊့  ဝေးတို့ရဲ့ အိမ်ထောင်သည်
ဘ၀မှာ ယုယမှုတွေ  မဲ့ခဲ့လို့လား .. ဝေးတော့ တွေးရင်း ငေးရင်း သားလေးနဲ့ အတူ မောင့်ကို လွမ်းနေရပီ ။
ဝေးလေ  မောင့်ကို သိပ်ကို ချစ်ပါတယ် မောင်ရယ် …… ။

12:39 pm
September 21, 2011


ပေါက်ဖော်

ကမ္ဘာ့အပြင်

Member

posts 377

မောင်လဲ ဝေးကို သိပ်ချစ်ပါတယ် ဝေး..

ဒါပေမဲ.ဝေးဆိုတဲ့အတိုင်း ဝေးက တော်တော်ကို ဝေးပါတယ်..

ဒါကြောင့် မောင်ဆိုက်ကား စီးစီးပြီး လာရတာပေါ့ ဝေးရယ်

 

တစ်ကယ်တော့ မောင်လဲ ဖောက်ပြန်တတ်တဲ့ ယောက်ျား မျိုး မဟုတ်ပါဘူး

မောင့်ဘော်ဘော်တွေ မြှူဆွယ်လို့ ..တစ်ခါလောက် လိုက်သွားမိရာက အမှတ်မထင်..ကေတီဗွီက ကြယ်စင်ရဲ့ ပြုစုယုယမှုတွေမှာ

မောင်..မောင်..ရုန်းမထွက်နိုင်တော့ဘူး ဝေးရေ

 

ဒီလိုပဲ.ဝေးဆီကမရခဲ့တဲ့ ယုယကြင်နာမှုတွေကို …မာဆက်က စနိုးက လဲ အစွမ်းကုန် မောင့်ကို ပေးခဲ့တယ်လေ..

 

ဝမ်းမနည်းပါတယ်ဝေးရေ..

ဒီချိန်မှ..မောင့်ကိုသိပ်ချစ်ပါတယ် လာပြောတာ တော်တော်ကို ဝေးခဲ့ပါပြီ ဝေးရယ်..

ဝေးခဲ့ပါပြီ

4:37 pm
September 21, 2011


htoosan

Member

posts 83

အင်း ကြယ်စင် နဲ့ စနိုး ဆို ကထဲ က တကယ် go ခဲ့မှန်း သိတာနေပြီ။http://mandalaygazette.com/wp-content/forum-smileys/sf-laugh.gif

5:02 pm
September 21, 2011


ပေါက်ဖော်

ကမ္ဘာ့အပြင်

Member

posts 377

ဒါတောင်..မှ.

တာယာတို့ 

လင်းလက်တို့ ..

ဝိုင်း တို့ 

ရွှန်းလဲ့တို့ 

 

ကျန်သေးတယ်.Embarassed

8:18 pm
September 21, 2011


windtalker

myanmar

Member

posts 161

ဟွန်း
ကိုပေါက်ဖော်ကတော့
လုပ်ပြီ
အနော့် လဲ
လက်တို့ ဦးနော်
ဟီဟိ

≤°≥

9:10 am
September 22, 2011


htoosan

Member

posts 83

ဲ့မြတ်နိုး၊နေချည် ၊ငယ်ငယ် တို့က သူတို့နံမည်တွေ MG မှာ သွားသွား မဖွနဲ့ လို့ မှာထားလို့ မပါတာ မဟုတ်လား .. သိနေတယ်နော် .. သိနေတယ်။

10:43 am
September 22, 2011


ပေါက်ဖော်

ကမ္ဘာ့အပြင်

Member

posts 377

မောင်ထူးဆန်း..နော်..

ဟွန်း.ဟွန်း

လွယ်ဘူး..ခက်တယ်.

12:55 pm
September 22, 2011


manawphyulay

Member

posts 253

ဒီစာမူက ဘယ်သူစာမူလဲ။ ဟိုနေရာလည်းတွေ့ဒီနေရာလည်းတွေ့နဲ့ ပိုစ့်ပိုင်ရှင်က တူတော့မတူဘူးနော်…

မနောဖြူလေး

http://www.manawphyu.net

6:43 pm
September 22, 2011


minmahar

Member

posts 4

မနောဖြူလေး ၊ etone  နဲ့ ရွာသူ ရွာသား အပေါင်း ( သူကြီး အပါအ၀င် ) တို့အား တောင်းပန်အပ်ပါတယ်

ကျနော် ဆိုဒ် တော်တော် များများမှာ မန်ဘာဝင်ပီး စာတွေ လဲ ရေးဖြစ်ပါတယ် ..
ခုတလော မရေးဖြစ်တာ နဲနဲ ကြာသွားပါတယ် ..
ကျနော် ရွာထဲ ၀င်ခွင့်ရတာ အရမ်းကို ပျော်ပါတယ်.. ကွန်းမန့်ကော ၊ ပို့စ်တွေကော
ဒီပြင်ဆိုဒ်တွေနဲ့ မတူ လို့ပါ ။ သဘောလဲကျ ပါတယ် ..
ဒီပြင်ဆိုဒ်တွေမှာ အာဒံ နံမည်နဲ့ သုံးပါတယ် ..
ဂေဇတ် ထဲရောက်တော့ minmahar နံမည် သုံးဖြစ်သွားတာပါ ..
ကျနော် မေးလ် လိပ်စာက kohla.htwe7@gmail.com ဖြစ်ပါတယ် ..
အားလုံးကို ထပ်ပီး တောင်းပန်ပါတယ်နော် ..

7:51 pm
September 22, 2011


ပေါက်ဖော်

ကမ္ဘာ့အပြင်

Member

posts 377

ဂလိုလား..

9:09 pm
September 22, 2011


ဆူး

Member

posts 323

ကိုယ်ပိုင် စာဆိုရင် များများသာ ရေး.. ဒီရွာက လူတွေက သဘောကောင်းတယ် ရေဆာရင် ပေါက်ဖော်ဆီက အရက်တောင်းသောက်.. သူအလကားတိုက်လိမ့်မယ်။ ပြီးရင်တော့ သူစားတဲ့ အမြည်းဖိုး ရှင်းခိုင်းလိမ့်မယ်။Laugh

http://mandalaygazette.com/107…..th-fitness  

သီတဂူ သုမေဓာ ဆေးရုံ အလှူတော်

Reply to Post

Reply to Topic:
မောင် နဲ့ ဝေး

Guest Name (Required):

Guest Email (Required):

NOTE: New Posts are subject to administrator approval before being displayed

Smileys
Confused Cool Cry Embarassed Frown Kiss Laugh Smile Surprised Wink Yell
Post New Reply

Guest URL (required)

Math Required!
What is the sum of:
11 + 4
   


About the The Mandalay Gazette-Myanmar/Burma News Media Forum Network Forum

Forum Timezone: Asia/Rangoon

Most Users Ever Online: 94

Currently Online: ရွှေအိမ်စည်
7 Guests

Currently Browsing this Topic:
1 Guest

Forum Stats:

Groups: 1
Forums: 10
Topics: 787
Posts: 4398

Membership:

There are 8400 Members

There is 1 Admin

Top Posters:

ရွှေအိမ်စည် – 1316
ပေါက်ဖော် – 377
ဆူး – 323
MaMa – 275
manawphyulay – 253
windtalker – 161

Administrators: kai (182 Posts)