……..

 
You must be logged in to post Login Register


Register? | Lost Your Password?

Search Forums:


 






Minimum search word length is 4 characters – Maximum search word length is 84 characters
Wildcard Usage:
*  matches any number of characters    %  matches exactly one character

ဆရာလူထုစိန်ဝင်းပြောတဲ့..ခွပ်ဒေါင်းအကြောင်း !!

No Tags
UserPost

5:27 pm
February 7, 2012


amatmin

Member

posts 38

1
0

ဆရာလူထုစိန်ဝင်းရဲ့ ဆင်ဆာအဖွဲ့ကအပိတ်ခံထိလို့ ဆရာ့ ဖေ့ဘွတ်ခ် မှာတင်ထားတဲ့ ဆောင်းပါးလေးပါ..

မူရင်းလင့်ခ် ကဒီမှာပါ…

http://www.facebook.com/notes/…..6940515944

 

 

အိုးဝေသံကျူး၊ ခွပ်ဒေါင်းမြူးစေ                               လူထုစိန်ဝင်း

 

၂၅.၁.၂၀၁၂ နေ့ခင်းက မင်းကိုနိုင်ရောက်လာပြီး နှုတ်ဆက်ပါတယ်။ သူနဲ့အတူ သူ့ရဲဘော်နှစ်ယောက် ပါလာတယ်။ ဂျာနယ်တွေ မပြတ်ဖတ်နေရလို့ ပြင်ပအခြေအနေတွေ သိသင့်တာ မှန်သမျှသိထားတာ တွေ့ရလို့ ၀မ်းသာရတယ်။ အထူးသဖြင့် ကျန်းကျန်းမာမာနဲ့ လူလုံးမပျက် ပြန်ရောက်လာတာ တွေ့ရလို့ ပိုပြီးဝမ်းသာရတယ်။

 

တစ်လေသံတည်းထွက်

အတော်ကြာကြာ စကားစမြည်ပြောပြီးတဲ့အခါက ဆုံးမစကားတွေ ကြားပါရစေဦးလို့ ပြောလာတယ်။ ပြောစရာမလိုပါဘူး။ ထောင်ထဲမှာ အကြာကြီးနေပြီး ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ကြမှာ ဖြစ်ပေမယ့် ပြည်သူတွေကြားမှာနေပြီး၊ ပြည်သူတွေအတွက် နိုင်ငံရေး ဆက်လုပ်မယ် ဆိုတဲ့ ရပ်တည်ချက်ကတော့ တစ်ဆံချည်လောက်တောင် ရွေ့လျားမသွားခဲ့ဘူး။ သရက်ထောင်က လွတ်တဲ့သူရော၊ တောင်ကြီးထောင်က လွတ်တဲ့သူရော၊ ကလေး၊ခနီး္တ စတဲ့ ထောင်တွေကလွတ်တဲ့သူရော၊ တိုင်ပင်မနေရဘဲနဲ့ တစ်ခွန်းတည်းသော စကားကို တညီတညွတ်တည်း ပြောကြတယ်။ ပါတီမထောင်ဘူး၊ ရွေးကောက်ပွဲ မ၀င်ဘူး၊ ဒီမိုကရေစီ အရေးဆောင်ရွက်သူ အားလုံးနဲ့ လက်တွဲ လုပ်ကိုင်သွားမယ်တဲ့။

 

အမြော်အမြင်ရှိတဲ့စကား

လိမ္မာလိုက်ကြတာ။ လူငယ်တွေ ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေး ခံစားချက်တွေနဲ့ အာလဘတတွေ ရှေ့တန်းမတင်ဘူး။ ပြည်သူတွေ စိတ်ချမ်းသာ၊ကိုယ်ချမ်းသာနဲ့ အကြောက်တရားအားလုံးက ကင်းဝေးတဲ့ဘ၀မျိုးနေနိုင်ဖို့အတွက် လုပ်ဆောင်နေသူမှန်သမျှနဲ့ ပူးပေါင်းဆောင်ရွက်မယ်တဲ့။ ပြည်သူအားလုံးချစ်ကြတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အရင်ကအတိုင်း ဆက်လက်ထောက်ခံပြီး ဘေးက၀န်းရံသွားမယ်တဲ့။ ဘယ်လောက်အမြော်အမြင်ရှိတဲ့ စကားလဲ။ ၀န်းရံတယ်ဆိုတဲ့ စကားကို တမင်ရွေးပြီး ပြောလိုက်တာကိုက သူတို့ရဲ့ ကိုယ်ပိုင်အရည်အသွေးကို ဖော်ပြနေတာဖြစ်တယ်။

 

မငြိုငြင်နဲ့ မစော်ကားနဲ့

လိမ္မာပြီးသားတွေမို့ အထွေအထူး ဆုံးမစကားပြောစရာမရှိပါဘူး ပြောပေမယ့် သူတို့က သိပ်ပြောစေချင်နေတာကြောင့် စကားနှစ်ခွန်း ပြောလိုက်တယ်။ ပထမ တစ်ခွန်းက ပြည်သူကို အမြဲဦးထိပ်ထားပါ။ ဘယ်တော့မှ မငြိုငြင်နဲ့ ဘယ်တော့မှ ကိုယ်နှုတ်၊နှလုံးနဲ့ စော်ကားသလို မပြုမိစေနဲ့ ဆိုတဲ့ စကားဖြစ်တယ်။ ဘာကြောင့်ဒီ စကားပြောရသလဲဆိုတော့ ပြည်သူလူထုက သူတို့ချစ်တဲ့ သူတွေဆိုရင် သိပ်ကို မြင်ချင်တွေ့ချင်ကြတာ။ အပြင်ထွက်လာတာကိုတွေ့ရင် ပြေးပြီး နှုတ်ဆက်ချင်တယ်။ လက်ကလေးကိုထိရထိရ ထိချင်တယ်။ စကားပြောသံလေးတစ်ခွန်းဖြစ်ဖြစ် ကြားချင်တယ်။ လူတွေသိပ်များပြီး လမ်းပိတ်နေရင် စိတ်ထဲမှာငြိုငြင်လာတတ်တယ်။ ငြိုငြင်တော့ ကိုယ်၊နှုတ်၊ အမူအရာပြောင်းသွားတယ်။ ဒီအချိန်မှာ ကိုယ့်ဘေးကလိုက်ပါလာတဲ့ “အနားပြာ” တွေကလူတွေကို တွန်းထုတ်ဖယ်ရှားပြီး မာမာကျောကျောနဲ့ မောင်းမဲတာမျိုးလုပ်လေ့ရှိတယ်။

 

အိုးဝေသံကျူးပါစေ

လူတွေဝိုင်းအုံလာတာကချစ်လို့ပါ။ မုန်းတဲ့သူဆို မျက်စောင်းတောင်ထိုး မကြည့်ဘူး။ ဒါကိုမောက်မောက်မာမာနဲ့ တွန်းထုတ်ဖယ်ရှားလုပ်တာက ပြည်သူကို စော်ကားတဲ့ သဘောသက်ရောက်တယ်။ အဲဒီလို “စွမ်းအားရှင်” မျိုးတွေကို ဘယ်သွားသွားခေါ်မသွားပါနဲ့လို့ ပြောလိုက်တယ်။ ဒုတိယစကားကတော့ မင်းကိုနိုင် သရက်ထောင်က လွတ်လာတော့ မြို့လူထုက ခွပ်ဒေါင်းအလံတလူလူလွှင့်ပြီး ကြိုဆိုကြတယ်။ အဓိပ္ပါယ် အများကြီးရှိတယ်။ ခွပ်ဒေါင်းအလံ မိုးယံမှာလွင့်ပျံနေပါစေ။ မြေမှာချပြီး နင်းချေမပစ်ပါနဲ့။ သူများနောက်ကနောက်မြီးဆွဲလုပ်ပြီး မလိုက်ပါနဲ့ဆိုတဲ့ ရည်ရွယ်ချက်တွေပါလိမ့်မယ်လို့ ယူဆတယ်။ ဒါကြောင့် ခွပ်ဒေါင်းကို သူ့နေရာမှန်မှာပဲ လွင့်ပျံပြီးအိုးဝေသံကျူးရင့်ပါစေဆိုတဲ့ စကားပြောလိုက်ပါတယ်။

 

ရှေ့တန်းကဦးဆောင်

ခွပ်ဒေါင်းဆိုတာ မြန်မာ့သမိုင်းမှာ ရှေ့တန်းကဦးဆောင်ပါဝင်ခဲ့တာဖြစ်တယ်။တို့ဗမာအစည်းအရုံး ခေတ်မှာလည်း ခွပ်ဒေါင်းကိုယ်စားပြုတဲ့ သခင်အောင်ဆန်းတို့ သခင်ဗဟိန်းတို့ ဦးဆောင်ကဏ္ဍက ပါဝင်ခဲ့တယ်။ ဖဆပလခေတ်မှာလည်း ခွပ်ဒေါင်းကိုယ်စားပြု ခေါင်းဆောင်တွေ ရှေ့တန်းက ပါခဲ့တယ်။ ဂျပန်တော်လှန်ရေးမှာလည်း ရှေ့တန်းကပဲ။ လွတ်လပ်ရေးတိုက်ပွဲ အဆင့်ဆင့်မှာ ခွပ်ဒေါင်းအလံဟာ ရှေ့တန်းကငွါးငွါးစွင့်စွင့် ပါဝင်ခဲ့တာချည်းဖြစ်တယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကြီးကို စတင်ခဲ့တာလည်း ခွပ်ဒေါင်းကိုယ်စားပြု လူငယ်တွေပဲ ဖြစ်ကြတယ်။

 

နားခွက်ကမီးတောက်ပြီးသား

ဒီအစဉ်အလာကို ဆက်လက်ထိန်းသိမ်းဖို့က ၈၈မျိုးဆက်တွေမှာ တာဝန်ရှိတယ်။ ဒါကြောင့် ဒုတိယစကားကို ပြောလိုက်တာဖြစ်တယ်။ တစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် တစ်သင်းတစ်ဖွဲ့ရဲ့ နောက်ကလိုက်ပါပြီိး နောက်မြီးဆွဲ လုပ်ရင်ခွပ်ဒေါင်းရဲ့ သမိုင်းကို ရိုက်ချိုးပစ်လိုက်သလိုဖြစ်သွားလိမ့်မယ်။ “တို့ခေတ်ကျမှညံ့ကြတော့မှာလား” လို့ အပြစ်တင်စရာဖြစ်သွားလိမ်မယ်။ ပြောမယ့်သာပြောတာပါ သူတို့ လူငယ်တွေက ချက်ဆိုနားခွက်ကမီးတောက်ပြီးသားတွေပါ။ နှစ်ဆယ့်တစ်ရာစု လူငယ်တွေမဟုတ်လား။

 

မေးခွန်းမမေးရဲဘူး

အခုအချိန်မှာ ပြည်သူလူထုအတွက် အဓိက လိုအပ်နေတာက သူတို့အရေးကိစ္စမှန်သမျှကို ရှေ့ကမားမားမတ်မတ်ရပ်ပြီး ပြောဆိုလုပ်ကိုင်ပေးမယ့်သူဖြစ်တယ်။ နှစ်ပေါင်းငါးဆယ်လုံးလုံး တစ်သွေးတစ်သံ တစ်မိန့် အာဏာရှင်စနစ် အုပ်ချုပ်ရေးအောက်မှာ နေခဲ့ကြရလေတော့ ပြည်သူတွေဟာ အရပ်ထဲက ဆယ်အိမ်ခေါင်းမင်း ပြောသမျှ နာခံကြရတယ်။ ထည့်ဆိုသမျှ ထည့်ကြရတယ်။ လုပ်ဆိုသမျှ လုပ်ကြရတယ်။ ဘာကြောင့်လဲ ဘာဖြစ်လို့လဲဆိုတဲ့ မေးခွန်းမျိုးပြန်မမေးရဲကြဘူး။ ဒါကြောင့် သူတို့ရှေ့ကရပ်ပြီး သူတို့ကိုယ်စား ပြောပေး လုပ်ပေးမယ့်သူကို လိုချင်ကြတယ်။

 

မြစ်ဆုံရေကာတာ သာဓက

နိုင်ငံရေးပါတီတွေ ရှိနေပြီးသား မဟုတ်လားလို့ မေးစရာရှိတယ်။ နိုင်ငံရေးပါတီဆိုတာက အခါခပ်သိမ်းအားကိုးလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ပါတီတွေအတွက် လုပ်ဆောင်ရတဲ့ တာဝန်တွေက တစ်ဖက်ရှိသေးတယ်။ ပြီးတော့ နိုင်ငံရေး ကစားရတာတွေလည်းရှိတယ်။ မှန်တိုင်း မပြောနိုင်ဘဲ ဒစ်ပလိုမေစီ ကျင့်သုံးရတာတွေရှိတယ်။ မချစ်ပေမယ့် အောင့်ကာနမ်းရတာတွေရှိတယ်။ မနမ်းပေမယ့် ပင့်သက်ရှူပြရတာတွေရှိတယ်။ ထင်ရှားတဲ့သာဓကပြရရင် မြစ်ဆုံရေကာတာကိစ္စကိုကြည့်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကမှ စမပြောကြဘူး။ သူတို့နဲ့မဆိုင်သလိုဘဲ နေကြတယ်။ မနေနိုင်တဲ့ စာနယ်ဇင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသမားတွေက ၀င်ပြီးပြောကြ၊ ဆိုကြ၊ ရေးသားကြတွေ လုပ်တော့မှ အစိုးရက အရေးယူ ဆောင်ရွက်ခဲ့တာဖြစ်တယ်။

 

တိုင်တွန်းစကား

အဲဒီနောက် မီးရထားခတွေ ဆယ်ဆတက်၊ မီတာခတွေတက်၊ ရေခွန်မီးခွန်တွေတက်ဆိုတဲ့ ကိစ္စတွေရှိလာတာကိုလည်း ဘယ်ပါတီ အဖွဲ့အစည်းကမှ ၀င်မပြောကြဘူး။ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်လာတဲ့အတွက် အရပ်သူအရပ်သားတွေ မြေဇာပင်ဖြစ်နေကြရတာတွေကိုလည်း မသိသလိုဘဲ နေကြတယ်။ အဲဒါတွေကို ပြည်သူလူထုက အားမလို အားမရဖြစ်ကြတယ်။ ဒီလိုအချိန်မှာ ၈၈တွေ လွတ်လာပြီး ပါတီမထောင်ဘူး၊ ရွေးကောက်ပွဲမ၀င်ဘူး၊ ပြည်သူတွေကြားမှာနေပြီး ပြည်သူတွေအတွက် နိုင်ငံရေးလုပ်မယ်လို့ ပြောကြတော့ သိပ်ပြီးအားရ၀မ်းသာဖြစ်ကြတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ကြပါစေလို့ တိုက်တွန်းစကား ဆိုလိုက်ရပါတယ်။

 

လူထုစိန်ဝင်း

၂၅.၀၁.၂၀၁၂

 

ဆင်ဆာအဖွဲ့ကြီးက ဘာအတွက်..ဘာကြောင့်ပိတ်သလဲမသိ ConfusedConfused

7:56 pm
February 7, 2012


MaMa

Member

posts 275

2
0

ပေးဆပ်ခဲ့ကြတဲ့ သူတို့တွေအပေါ်မှာ တော်တော်တောင် အားနာနေမိတယ်။

No Tags

About the The Mandalay Gazette-Myanmar/Burma News Media Forum Network Forum

Forum Timezone: Asia/Rangoon

Most Users Ever Online: 94

Currently Online: ရွှေအိမ်စည်
7 Guests

Currently Browsing this Topic:
1 Guest

Forum Stats:

Groups: 1
Forums: 10
Topics: 787
Posts: 4398

Membership:

There are 8400 Members

There is 1 Admin

Top Posters:

ရွှေအိမ်စည် – 1316
ပေါက်ဖော် – 377
ဆူး – 323
MaMa – 275
manawphyulay – 253
windtalker – 161

Administrators: kai (182 Posts)