| User | Post |
|
3:58 pm February 21, 2012
| MaMa
| | |
| Member | posts 275 | |
|
|
(ကိုရင်စည်သူရေးတဲ့ပိုစ့်ကိုဖတ်ပြီး (ကြာတော့ကြာပြီ) ဖော်ဝဒ်မေးလ်က ရထားတဲ့ ဦးသန့်ရေးတဲ့ စာတစ်ပုဒ် မျှဝေလိုက်ပါတယ်။)
ဲမြန်မာ တို့ လိုအပ်ချက်……….(ဦးသန့်)
ကမ္ဘာပေါ်တွင် မည်သည့်လူမျိုးမဆို လိုသောအချက် ရှိစမြဲပင် ဖြစ်သည်။ ထိုအချက်ကို ပပျောက်အောင် ပြုလုပ်ရန် ခဲယဉ်းသော်လည်း
မည်သည့် အချက်တွင် လိုသည်ဟုသိလျှင် ပြုပြင်ရန် လမ်းရှိပေသည်။ အရှေ့နိုင်ငံသားတို့သည် စည်းကမ်းသေဝပ်ခြင်းကို နားမလည်
သည်မှာ အများအသိပင်ဖြစ်သည်။ သို့ရာတွင် ဂျပန်တို့သည် ကမ္ဘာ့ရှေ့တန်းသို့ရောက်ရန် ကြိုးစားရာ၌ ထိုအချက် အရေးကြီးပုံကို
သိသဖြင့် စည်းကမ်းသေဝပ်ဆုံးသော လူမျိုးတစ် မျိုးဖြစ်သည်ဟု တစ်ကမ္ဘာလုံးကပင် ချီးမွှမ်းခြင်းကို ခံရလေသည်။
မြန်မာလူမျိုးတို့ လိုအပ်သောအချက် တစ်ရပ်မှာ လွယ်သောလမ်းကို လိုက်ခြင်းပင်ဖြစ်သည်။ ဒုက္ခမခံလို၊ သည်းခံလို၊
မစွန့်စားလို၊ သို့ရာတွင် ဒုက္ခမခံလို သောလူမျိုး။ သည်းမခံလိုသောလူမျိုး၊ မစွန့်စားလိုသောလူမျိုးတို့သည် မည်သည့်အခါမျှ မကြီးပွား
ခဲ့ကြ။ ရှေးကမြန်မာတို့သည် ဒုက္ခခံနိုင်ကြသည်။ စွန့်စားခဲ့ကြသည်။ ကြီးပွားခဲ့ကြသည်။ ယခုမြန်မာတို့၌ ထိုစိတ်ဓာတ်မျိုး တဖြည်းဖြည်း ပပြောက်လာပြီးနောက် ယခုခေတ်တွင်တဖန် ပြန်လည် ၍ စိတ်ဓာတ်သစ်များ ပေါ်ပေါက်စ ပြုလာလေပြီ။
ပညာတတ်မြန်မာ လူငယ်များသည် လွယ်သောလမ်းကို လိုကြသည်။ ထူးချွန်သော(သူများနှင့်မတူသော) လုပ်ငန်းသစ် အကြံသစ်
မကြံလိုကြပေ။
အခြားအချက်တစ်ရပ်ကား ကိုယ့်ကျိုးငဲ့လွန်း ခြင်းဖြစ်သည်။ ဦးဆောင် သူတို့သည် အများအကျိုးအတွက် ဆောင်ရွက်ပါသည်
ဟုဆိုကြသော်လည်း ကိုယ်ကျိုးကိုသာ အဓိကထားသည်ကို တွေ့နိုင်ပေသည်။
အခြားအချက် တစ်ရပ်ကား ဘာသာရေးကို အထူးလိုက်စား ခြင်းဖြစ်သည်။ ဘာသာရေးသည် လူတို့စိတ်ဓာတ်ကို နူးညံ့သိမ်မွေ့
ခြင်း၊ အကျင့်စာရိတ္တကေားမွန်စေခြင်း၊ တမလွန်၌ ကောင်းရာသို့လားစေခြင်း၊ စသည်တို့ကိုကောင်းစွာ ယုံကြည်ပါသည်။
အခြားအချက် တစ်ရပ်ကား စီးပွားရေးကို လစ်လျူရှုခြင်း ဖြစ်သည်။ စီးပွားရေးကို မြန်မာ တို့လောက် ဂရုမစိုက်သောလူမျိုးသည်
ကမ္ဘာပေါ်တွင် ရှိမည်မထင်။ အဝင်အထွက် ကို မျှတအောင် မသုံးစွဲတတ်ခြင်း၊ စီးပွားရေးမူလအခြေခံများ မလေ့လာခြင်း၊
စီးပွားရေးသည် အခြားအရေးများထက် အရေးကြီးကြောင်း ကို မသိခြင်း၊ အခြားလူမျိုးတို့ရဲ့ လုပ်ငန်းများကို အတုမခိုးတတ်ခြင်း၊
စသည်တို့သည် အလွန်အရေးကြီးသော ချို့ယွင်းချက် ဖြစ်ကြလေသည်။
အခြားချို့ယွင်းချက် တစ်ရပ်မှာ ဝန်တိုမိစ္ဆရိယ စိတ် များခြင်းပင် ဖြစ်သည်။ သူတစ်ဦးကောင်းစား လျှင် မနာလိုခြင်း၊ မပျက်
ပျက်အောင် ဖျက်ခြင်း စသောစိတ်တို့သည် မြန်မာ တို့၌ရှိကြသည်။
ချီးမြှောက်သင့်သောသူကို ချီးမြှောက်ရခြင်းသည် မင်္ဂလာ တရားတော် တစ်ရပ်ဖြစ်သည်ကို လစ်လျူပြု၍ ချီးမြှောက်သင့်သော
သူကို မချီးမြှောက်ခြင်း၊ ကဲ့ရဲ့သင့်သောသူကို အလွန်အကြူးကဲ့ရဲ့ ရှုတ်ချခြင်းသည် ကျွန်ုပ်တို့ မြန်မာ ၌ အလွန်များလျက်ရှိသည်။
ထို့ကြောင့်မြန်မာ တို့၌ ခေါင်းဆောင်ကောင်း မပေါ်ပေါက်ခြင်း၊ ထူးချွန်သူ ခေါင်းပါးခြင်း၊ စွန့်စားလိုသူ နည်းပါးခြင်း တို့သည်
ဖြစ်ပေါ်လာကြကုန်သည်။
အထက်ပါအချက်များ ကို သတိမူကြ၍ ပြင်ဆင်နိုင်ပါမူ ကျွန်ုပ်တို့ လုပ်ငန်းသည် ခရီးတွင်ပေလိမ့်မည်လော…….။
|
|
|
6:14 am February 22, 2012
| kai
| | |
| Admin
| posts 182 |  
|
|
|
အခြားအချက် တစ်ရပ်ကား ဘာသာရေးကို အထူးလိုက်စား ခြင်းဖြစ်သည်။ ဘာသာရေးသည် လူတို့စိတ်ဓာတ်ကို နူးညံ့သိမ်မွေ့
ခြင်း၊ အကျင့်စာရိတ္တကေားမွန်စေခြင်း၊ တမလွန်၌ ကောင်းရာသို့လားစေခြင်း၊ စသည်တို့ကိုကောင်းစွာ ယုံကြည်ပါသည်။
အခြားအချက် တစ်ရပ်ကား စီးပွားရေးကို လစ်လျူရှုခြင်း ဖြစ်သည်။ စီးပွားရေးကို မြန်မာ တို့လောက် ဂရုမစိုက်သောလူမျိုးသည်
ကမ္ဘာပေါ်တွင် ရှိမည်မထင်။
ဦးသန့်ရှိတုန်းက အဲလိုပြောခဲ့တယ်ဆိုရင်.. အခုခေတ်များ.. လူတွေ..လူတွေ..မြန်မာတွေ…
ယာစကာမျိုး၊ တညှိုးညှိုးနှင့်၊ ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား၊ လှည့်လည်သွားလျက်၊ မစားလေရ၊ ၀မ်းမဝ
နေကြတာတွေ့ရင်.. ဘာများပြောမလည်းမသိ…
အနိစ္စ၊ဒုက္ခ၊အနတ္တ… 
|
|
|
10:48 am February 22, 2012
| htoosan
| | |
| Member | posts 83 | |
|
|
ရွာပြင်မှာ သူကြီးကိုယ်တိုင်ပွဲ ဆူအောင် လုပ်နေပါတယ်ဗျို့….
|
|
|
9:06 pm February 22, 2012
| MaMa
| | |
| Member | posts 275 | |
|
|
သဂျီးရေ- ဘာသာရေးလိုက်စားတာ အပြစ်မဟုတ်ဘူးလို့ ထင်ပါတယ်။
အလုပ်ကိုကောင်းကောင်း မလုပ်ချင်ပဲ ဘာသာရေးယောင်ယောင်၊
လူမှုရေးယောင်ယောင် တွေကသာ ဆင်းရဲမွဲတေခြင်း တရားခံတွေ ဖြစ်ပါလိမ့်မယ်။ 
|
|
|
2:52 pm February 24, 2012
| ဆူး
| | |
| Member | posts 323 | |
|
|
ဘာသာရေးသာ တကယ် သိပြီး လုပ်မယ် ဆိုရင် ကလိန်ကကျစ်တွေတောင် ဖြစ်လာမှာ မဟုတ်ဘူး။
စီးပွာရေး လောက ကလိန်ကကျစ်တွေ အများကြီး ရှိနေတာ ဘယ်လို လုပ်မလဲ အရေခြုံ အယောင်ဆောင်တွေကြောင့် ဖြစ်နေကြတာ။
|
|
|
|
|
8:04 am February 25, 2012
| kai
| | |
| Admin
| posts 182 |  
|
|
|
Post edited 8:05 am – February 25, 2012 by kai
စီးပွားရေးရော.. နိုင်ငံရေးရော… စစ်ပွဲတွေရော.. လူသတ်တာတွေရော… လူကယ်တာတွေရော.. အားလုံးကို ချုပ်ကိုင်ထားတာ.. ဘာသာရေးပါ..။
တကယ်တော့ ဘာသာရေးဆိုတာ.. လူအချင်းချင်းထိန်းချုပ်နိုင်ဖို့.. လူတွေကပဲ.. ဖန်တီးထားတဲ့.. စံနစ်တခုပဲ..။
အလွန်အကျွံလုပ်ရင်.. အစွန်းရောက်သွားတတ်တယ်..။
အစွန်းရောက်တာက.. မကောင်းဘူး.။
|
|
|
3:52 pm February 25, 2012
| |
ဆူး
| | |
| Member | posts 323 | |
|
|
သဂျီးလည်း အစွန်း ရောက်နေတယ် အတွင်းပြန်ဝင်နေ.. မတော်ခြေချော် ပြုတ်ကျ သွားရင် ဆူပွက်နေတဲ့ ဆီပူအိုးထဲ ကျသွားမှ ဖြင့် ဒုက္ခများနေမယ်။
|
|
|
|
|
2:42 am February 26, 2012
| kai
| | |
| Admin
| posts 182 |  
|
|
|
အဲဒီငရဲနဲ့ခြောက်..ဘုံနဲ့မြှောက်တာကို.. ယုံကြည်နေတာကိုက..လူ့လောကရဲ့လက်တွေ့ဘ၀နဲ့လွတ်နေတာပဲ..။
ရှိတယ်/မရှိဘူးကြားလွတ်ကင်းအောင်နေကြည့်လိုက်ပါ…
သာယာတဲ့လောကကြီးကို မြင်ရလိမ့်မယ်…။
|
|
|
7:42 am February 26, 2012
| htoosan
| | |
| Member | posts 83 | |
|
|
အဟိ. . သူကြီးဘက်ကနေ ၀င်ဖွလိုက်ဦးမယ် ။နိုင်ငံခြားသားတွေပါ လာပြီး တရားတွေထိုင် တဲ့ နံမည်ကျော် တရားရိပ်သာ ကြီး တစ်ခုမှာ ကျောင်းတိုက်လုတဲ့ ဘုန်းကြီးနဲ့ ၊ အလှုငွေတွေ အလွဲသုံးစားလုပ်တာနဲ့ ၊ သှု့ဘုန်းကြီး ကိုယ့်ဘုန်းကြီးနဲ့ တရားဝင်သူများကြား စကားတွေများနေကြတာ လာထိုင်တဲ့ နိုင်ငံခြားသားများ ပါးစပ်အဟောင်းသားဖြစ်နေကြရပါတယ်။
ဘာသာရေးလုပ်တာတော့ လုပ်ပါရဲ့ ။ တကယ် မလိုက်နာ တာကလည်း ပြဿနာ တခု ။ 
|
|
|
1:16 pm February 26, 2012
| MaMa
| | |
| Member | posts 275 | |
|
|
အဲဒါကြောင့် တရာသိဖို့ထက် တရားရှိဖို့ အရေးကြီးတယ်လို့ ပြောတာပေါ့။
(ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့)
|
|
|
1:30 pm February 26, 2012
| ပေါက်ဖော်
| | ကမ္ဘာ့အပြင် | |
| Member | posts 377 | |
|
|
အောမီးတောဖော

|
|
|
|
|
5:57 pm February 26, 2012
| ရွှေဘိုသား
| | |
| Member | posts 16 | |
|
|
သွေးထွက်အောင်မှန်တဲ့စကားတွေပဲဗျာ ကျေးဇူးပါ ဦးသန့်အကြောင်းစာအုပ်တွေဖတ်ချင်နေတာနဲ့ အတော်ပဲ
|
|
|
8:07 pm February 26, 2012
| MaMa
| | |
| Member | posts 275 | |
|
|
ဦးသန့်စာတွေ တွေ့ရင် ထပ်တင်ပေးဦးမယ်။
အရင်ကတော့ ဦးသန့်စာတွေ အများကြီးပဲ ဖတ်ဖူးတယ်။ ဒ
ဒါပေမယ့် တခါတလေကျရင် ပြန်ရှာရင် တွေ့ချင်မှ တွေ့တတ်လို့
|
|