……..

 
You must be logged in to post Login Register


Register? | Lost Your Password?

Search Forums:


 






Minimum search word length is 4 characters – Maximum search word length is 84 characters
Wildcard Usage:
*  matches any number of characters    %  matches exactly one character

မြန်မာနိုင်ငံမှာ မောင်းသူမဲ့လေယာဉ်(UAV Unmanned Aerial Vehicle) စမ်းသပ်ထုတ်လုပ်နေပြီးလား….

UserPost

11:41 am
February 10, 2012


manawphyulay

Member

posts 253

1
0

ဒီသတင်းကတော့ သျှမ်းသံတော်စင့်ကသတင်းပါ
မြန်မာစစ်တပ်မှာ မောင်းသူမဲ့လေယာဉ်သုံးနေပြီလားလို့ထင်မှတ်စရာရှိလာပါတယ်…

ကျိုင်းတုံမြို့နယ် လွယ်မွေအခြေစိုက် နအဖရေဒါ တပ်စခန်းမှဒီဇင်ဘာလအတွင်း အမည်မသိ UAV Unmanned Aerial Vehicle လေယာဉ် တွေ့ရှိပြီး နောက်ပိုင်း ယခုလ ၁ ရက်ကလည်း သျှမ်းပြည် တောင်ပိုင်း (နအဖ ၏ သျှမ်းပြည်လေတပ် စခန်းဌာနချုပ် တည်ရှိရာ) နမ့်ဇန်မြို့ ၌ အဆိုပါ လေယာဉ်မျိုးထပ်မံ တွေ့ရှိရကြောင်း SSA ခေါင်းဆောင်က ပြောဆိုသည်။
UAV လေယာဉ်

UAV လေယာဉ်
“ပြီးခဲ့တဲ့ ၂၁ ရက်က ကျိုင်းတုံလွယ်မွေမှာတခါ၊ အခုလ ၁ ရက်က နမ့်ဇန် မှာတခါထပ်တွေ့တယ်။ အမြင့်ပေ ၅ဝဝဝ လောက်မှာဘဲ။ UAV အမျိုးအစား အဖြူရောင်။ ကျိုင်းတုံမှာတွေ့တဲ့ဟာနဲ့အတူတူဘဲ။ နမ့်ဇန်မှာလဲနအဖရဲ့ရေဒါစခန်း ရှိတာကိုး။ လေယာဉ်က ဘယ်သူ့ဟာ လဲဆိုတာတော့ မသိဘူး” ဟု ဒုဗိုလ် ချုပ်ကြီး ယွက်စစ်က သျှမ်းသံ တော်ဆင့်သို့ ပြောပြ သည်။အဆိုပါ UAV Unmanned Aerial Vehicle စက်ဖြင့်ထိန်းချုပ်မောင်းနှင်သော လေယာဉ်မျိုး ထိုင်းနိုင်ငံ၌ ရှိသော်လည်း ထိုင်းအစိုးရက မသုံးဖြစ်သေးဟု နယ်စပ်လုံခြုံရေး ထိုင်းအရာရှိတဦးက ပြောပြသည်။

“ကျနော်တို့မှာ UAV လေယာဉ်တွေရှိပါတယ်။ ဒါပေမယ့် မသုံးရသေးဘူး။ လွန်ခဲ့တဲ့ ၄-၅ နှစ် ဒီလိုလေယာဉ်မျိုး သျှမ်းပြည် တောင်ပိုင်း ဟိုမိန်းမှာတခါ ဗမာအစိုးရက ပစ်ချခဲ့ဖူးတယ်။ အဲဒါလဲ ထိုင်းဟာမဟုတ်ဘူး။ ဗမာနဲ့အိမ်နီးချင်းဆိုရင် လာအို(လော) ကလွဲလို့ တရုတ် ရှိတယ်။ အိန္ဒိယရှိတယ်။ ဘယ်သူ့ဟာလဲတော့မသိဘူး” ဟု ပြော၏။

အဆိုပါလေယာဉ်မှာ သတင်းရယူဖို့သက်သက်သာသုံးပြီး နအဖစစ်စခန်း/စစ်ရေးပြင်ဆင်မှုအခြေအနေထောက်လှမ်း လိုခြင်း(သို့မဟုတ်) သျှမ်းပြည်အတွင်းဘိန်းစိုက်ခင်းများစုံစမ်းသိရှိခြင်းအတွက် လေယာဉ်ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သျှမ်းပြည် မူးယစ်ဆေးစောင့်ကြည့် လေ့လာရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းက သုံးသပ်ပြောဆိုကြသည်။
မြန်မာနိုင်ငံ၌ ရေဒါစခန်း ၇ ခုရှိရာ သျှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်း – လွယ်မွေတောင်၊ ကန်းရိုးတန်းတိုင်း – ငွေဆောင်၊ မြိတ်၊ အလယ် ပိုင်းတိုင်း – နတ်ရေကန်တောင်၊ တံတားဦး၊ နေပြည်တော်စစ်တိုင်း တောင်ညို နှင့် မြောက်ပိုင်းတိုင်း ကချင်ပြည်နယ် မိုးညှင်းတို့ဖြစ်သည်။ အဆိုပါ ရေဒါများမှာ ရုရှား၏ Second Hand ဖြစ်သော 1L117အမျိုးအစားများ ဖြစ်ကြ သည်ဟု နအဖလေကြောင်းအရာရှိများနှင့် နီးစပ်သည့် ကျိုင်းတုံဒေသခံတဦးက ပြောပြသည်။
UAV Unmanned Aerial Vehicle စက်ဖြင့်ထိန်းချုပ်မောင်းနှင်သော လေယာဉ်ကို ၁၉၈ဝ ပြည့်လွန်နှစ်များက British Inventor က စတင်ဒီဇိုင်းရေးဆွဲခဲ့ပြီး အမေရိကန်နိုင်ငံ General Atomics Aeronautical Systems Inc. က စတင်တီထွင် တည် ဆောက်ခဲ့ သည်ဟု ဝီခီပီဒီးယား၌ရေးသားဖော်ပြထားသည်။
၁၉၉ဝ ပြည့်တွင် အမေရိကန်လေကြောင်း USAF နှင့် CIA တို့ စတင် စမ်းသပ်ပျံသန်းခဲ့ပြီး အမေရိကန်စစ်တပ်က ၁၉၉၅ မှစ၍ တိုက် ပွဲများ၌ အသုံးပြုလာခဲ့သည်။ ထို့ပြင် အာဖဂန်နစ္စတန်၊ ပါကစ္စတန် ၊ဘော့စနီးယား၊ ဆားပီးယား၊ အီရတ်နှင့် ရေမင်တိုက်ပွဲများ၌ဆက် တိုက်အသုံးပြုလာခဲ့သည်။
လေယာဉ်တစီး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄့၅ သန်းဝန်းကျင်ရှိပြီး စက်အမျိုးအစား အလိုက် လေယာဉ်ပျံသန်းချိန် ၃၈ နာရီမှ ၃၃၆ နာရီအထိ ကြာမြင့်သည်ဟုလည်း ဖော်ပြထားသည်။ UAV Unmanned Aerial Vehicle လေယာဉ်ရှိသောနိုင်ငံများမှာ Argentina /Australia /Brazil /Canada /France /Germany/ Hong Kong / India/ Indonesia/ Italy /Japan/ Malaysia/ Mexico /New Zealand /Philipines /Québec /Singapore /South Korea/ Spain Taiwán /Thailand /United Kingdom/ United State /Vietnam တို့ဖြစ်ကြောင်း ဝီခီပီဒီးယား၌ဖော်ပြထားပါသည်။

Myanmar Aerospace Engineering University မှာ မောင့်သူမဲ့လေယာဉ် UAVပတမမျိုးဆက်သစ်တွေကိုသုတေသနပြုလုပ်နေတယ်လို့ဆိုပါတယ် ………–
သုတေသနပြုလုပ်နေတဲ့ UAV တိုက်ခုက်ရေးသုံးမဟုတ်ပဲ ထောက်လှမ်းရေးနဲ့ လေ့လာစောင့်ကြည် ပထမမျိုးဆက်ပုံစံဖြစ်ပါတယ်…………….
အေးချမ်း တည်ငြိမ်သော ဘ၀ကိုပိုင်ဆိုင်ပါစေ လို့ဆုတောင်းလိုက်ပါတယ်

မနောဖြူလေး

http://www.manawphyu.net

12:46 pm
February 10, 2012


kai

Admin

posts 182

2
0
နျူကလီးယားဆိုင်ရာ သုတေသနလုပ်ငန်း၊ ဓာတ်ရောင်ခြည်အန္တရာယ် ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်း၊ နျူကလီးယားစွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းရေးသုတေသနလုပ်ငန်းများနှင့် မောင်းသူမဲ့လေယာဉ်များ စမ်းသပ်ပျံသန်းမှု ဆောင်ရွက်နေကြောင်း သိရ PDF Print
Wednesday, 08 February 2012 14:14
AddThis Social Bookmark Button

နျူကလီးယားဆိုင်ရာ သုတေသနလုပ်ငန်း၊ ဓာတ်ရောင်ခြည်အန္တရာယ် ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်း၊ နျူကလီးယားစွန့်ပစ္စည်းများ စီမံထိန်းသိမ်းရေး သုတေသနလုပ်ငန်းများနှင့် မောင်းသူမဲ့လေယာဉ်များ စမ်းသပ်ပျံသန်းမှုများကို ဆောင်ရွက်နေကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာကိုကိုဦးက ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

နျူးကလီးယားဆိုင်ရာ သုတေသနသနလုပ်ငန်းများအနေဖြင့် ဓာတ် ရောင်ခြည်တိုင်းတာရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ နျူကလီးယား စက်ကိရိယာပစ္စည်းများ ပြုပြင်ထိန်းသိမ်းရေး သုတေသနလုပ်ငန်းများ Non Destructive Testing  သုတေသနလုပ်ငန်းများ၊ အစားအစာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် နျူကလီးယားစွန့်ပစ်ပစ္စည်းများ စီမံထိန်းသိမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

''လေကြောင်းဆိုင်ရာ သုတေသနလုပ်ငန်းများအနေနဲ့ကတော့ နိုင်ငံတော် အကျိုးပြုလုပ်ငန်းတွေမှာ ဘက်စုံအသုံးပြုနိုင်မယ့် မောင်းသူမဲ့လေယာဉ်တွေကို သုတေသနပြု တည်ဆောက်ခဲ့ပြီး စမ်းသပ်ပျံသန်းမှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ တည်ဆောက်ပြီးတဲ့လေယာဉ်တွေကိုလည်း အလိုအလျောက် ပျံသန်းမှုစနစ်နဲ့ ထိန်းကျောင်းပျံသန်းနိုင်ဖို့အတွက် လိုအပ်တဲ့ ထိန်းချုပ်မှုစနစ်တွေကိုလည်း သုတေသနပြုဆောင်ရွက် လျက်ရှိပါတယ်''ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာကိုကိုဦးက ဖေဖော်ဝါရီလ ၆ရက်နေ့၌ ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနလုပ်ငန်းများအဖြစ် ဇီဝနည်းပညာသုတေသန လုပ်ငန်းများ၊ နာနိုနည်းပညာ သုတေသနလုပ်ငန်းများ၊ Computer Numerical Control Machine သုတေသန လုပ်ငန်းများ၊ အင်ဂျင်ထုတ် လုပ်ရေး သုတေသနလုပ်ငန်းများ၊ ရေအားလျှပ်စစ် တာဘိုင်ထုတ်လုပ်ရေး သုတေသနလုပ်ငန်းများ၊ ဓာတ်ရောင်ခြည်ကာကွယ်ရေးနှင့် အသုံးချရေးဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုတေသနလုပ်ငန်းများ၊ ဒြပ်ပစ္စည်းဆိုင်ရာ သုတေသနလုပ်ငန်းများ၊ မောင်းသူမဲ့လေယာဉ် သုတေသနလုပ်ငန်းများ၊ ကွန်ပျူတာဆိုင်ရာ သုတေသနလုပ်ငန်းများဖြစ်ကြောင်း သိရသည်။

စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်း၊ ကုန်ချောနှင့် စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သဘာဝသယံဇာတများကို ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် သဘာဝပတ်ဝန်းကျင် ရှိ အန္တရာယ်ရှိနိုင်သော ပစ္စည်းများ၏ သက်ရောက်မှုများကို တိုင်းတာစမ်းသပ်စစ်ဆေးခြင်းစသည့် လုပ်ငန်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ခေတ်မီဓာတ်ခွဲစမ်းသပ်မှုများ ဆောင်ရွက်ပေးနိုင်မည့် အမျိုးသားဓာတ်ခွဲခန်းကို ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ၀ယ်ယူဖြည့်တင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

12:49 pm
February 10, 2012


kai

Admin

posts 182

3
0

အပေါ်က သတင်းက.. အီလဲဗဲင်းကပါ..။ အဲဒီသတင်းအောက်မှာ မန့်ထားတာလေးပါ ကူးတင်လိုက်ပါတယ်..။

ယူအက်စ်က.. ဒရုန်း(Drone)လုပ်နေသူတွေကို.. သိသာအောင်လို့…။ Wink

http://en.wikipedia.org/wiki/U…..al_vehicle

==

#18phyophyo86 2012-02-09 08:47

ဒီသတင်းကိုဖတ်ပြီး တကယ့်အဖြစ်မှန် စမ်းသပ်မှုကို ပြောပြချင်လို့ ဒီ comment လေးကို ရေးလိုက်တာပါ။ ကျွန်တော်က မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာ တက္ကသိုလ်က ကျောင်းပြီးထားပြီး ယခုလက်ရှိ
မောင်းသူမဲ့ လေယာဉ်စီမံကိန်းမှာ သုတေသနပြုလုပ်ခဲ့သူတစ်ဦးပါ။ မြန်မာနိုင်ငံရဲ့ လေကြောင်းပညာဟာ အများထင်ထားသလို အောက်ခြေအဆင့်မဟုတ်တော့ပါ အမှန်တကယ် မောင်းသူမဲ့လေယာဉ်ကို တည်ဆောက်ခဲ့ပြီး မိုင် 20 အကွာအဝေးကို စမ်းသပ်ပျံသန်းခဲ့ပြီး အောင်မြင်မှု ရရှိထားခြင်းဖြစ်ပါတယ်။ ပျံသန်းတဲ့နေရာမှာ Manual နဲ့ Auto pilot စနစ်နှစ်မျိုးလုံးကို အသုံးပြုခဲ့ပြီး မိမိသတ်မှတ်ထားတဲ့ waypoint ပေါ်မှာ တည့်မတ်စွာ အမြင့်ပေ 1800 ကျော်မှ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ပါတယ်။ အဲဒီ အောင်မြင်မှု ပြီးတဲ့နေ့မှာ ပျော်လွန်းလို့ အိပ်လို့တောင်မပျော်ပါဘူး.။ ဒီနေရာမှာ မောင်းသူမဲ့လေယာဉ်ဆိုတာကို အနည်းငယ် ရှင်းပြချင်ပါတယ်။ လက်ရှိကမ္ဘာပေါ်မှာ မောင်းသူမဲ့လေယာဉ်ပေါင်း များစွာရှိပါတယ်။ remote control စနစ်သုံး လေယာဉ်တွေနဲ့ အမှန်တကယ် မောင်းသူမဲ့လေယာဉ် ကွာခြားချက်ကတော့ လေယာဉ်ကိုယ်ထည်ကို တည်ဆောက်မှု၊ လေယာဉ်အချိုးအစားတွက်ချက်မှု၊ ၀န်အား တင်ဆောင်နိုင်မှု၊ ရုပ်သံအား ကြည်လင်ပျက်သားစွာ ရိုက်ယူနိုင်မှု၊ အလိုလျောက်ထိန်းချုပ်မှု၊ ခြေရာခံလိုက်နိုင်မှု၊ GIS ပုံများကို မြေပြင်နှင့် အချိန်တပြေးညီပေးပို့ကာ မြေပုံထုတ်ယူနိုင်မှု အစရှိတဲ့ ကွာခြားချက်တွေ ရှိကြပါတယ်။ မြန်မာနိုင်ငံမှာ တပ်မတော်လေက စမ်းသပ်တဲ့မောင်းသူမဲ့နဲ့ ယခုသိပ္ပံနှင့်နည်းပညာက စမ်းသပ်တဲ့မောင်းသူမဲ့ တူညီမှု မရှိပါဘူး။ တပ်မတော်စမ်းသပ်တာကို သိရှိခြင်း မရှိပေမယ့် သိပ္ပံနှင့်နည်းပညာက စမ်းသပ်တဲ့မောင်းသူမဲ့မှာ ထိန်းချုပ်တဲ့ servo, autopilot စနစ် စတာတွေကို နိုင်ငံခြားကနေ မှာယူပြီး software control စနစ်နဲ့ လေယာဉ်ကိုယ်ထည်တည်ဆောက်မှုစနစ်ကို မြန်မာနိုင်ငံသား လေကြောင်းတက္ကသိုလ်မှ ပါမောက္ခများကိုယ်တိုင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ ၀န်ကြီး အပြောင်းအလဲဖြစ်ပြီး engineer တွေ မျက်နှာသာပြန်ပေးခံရတာ ပထမဦးဆုံးအကြိမ်ပါ. အခုလက်ရှိ ၀န်ကြီးက RIT ကနေ 1971 မှာ ကျောင်းပြီးထားပြီး england တို့ germany တို့မှာ ပညာသင်ကြားခဲ့သူ တစ်ဦးဖြစ်တော့ သူရဲ့အားပေးခြင်းကလည်း အလွန်ကောင်းမွန်ပါတယ်။ သူကမြန်မာနိုင်ငံက engineer ပညာမှာ အောက်ကျခဲ့တာကို စိတ်မကောင်းဖြစ်ပြီး သူတို့လက်ထက်က RIT အောင်မြင်သလို ပြန်ပြီး အဆင့်မြင့်ချင်သူတစ်ဦးပါ။ ကျွန်တော်တို့ဟာ အရင် ၀န်ကြီးလက်ထက်က တော်တော် အဆဲခံပြီး ပံ့ပိုးမှုမရှိပဲ သုတေသနလုပ်ကြရပါတယ်။ laptop ကွန်ပျူတာ ၀ယ်ဖို့ စာတင်တောင် အဆဲခံပြီး desktop ကွန်ပျူတာနဲ့ လုပ်ခဲ့ကြရပါတယ်။ အခုအချိန်မှာ ၀န်ကြီးက လိုအပ်ချက်နဲ့ ဆောင်ရွက်ချက် ထပ်တူအချိုးကျအောင် ကူညီပေးသူပါ. ကျွန်တော်တို့ဟာ ပြည့်စုံမှုနဲ့အတူ အခုအချိန်မှာစတင် အကောင်အထည်ဖော်ခွင့်ရပါတယ်။ ကျောင်းပြီးကတည်းက သင်ထားတဲ့စာတွေ ဖတ်ခဲ့တဲ့စာတွေကို အခုမှ လက်တွေ့အသုံးချခွင့်ရပါတယ်။ လေကြောင်းနဲ့ ရေကြောင်းယှဉ်ရင် လေကြောင်းက အခြေအနေဆိုးခဲ့ပါတယ်… စနစ်ဆိုးတွေကြောင့်ပေါ့ ဒါပေမယ့် အခုအချိန်မှာ အားပေးမှုတွေနဲ့အတူ အောင်မြင်အသီးအပွင့်ကို ရရှိပါပြီ။ ကျွန်တော် စစ်သားမဟုတ်ပါ ၀န်ထမ်းလည်းမဟုတ်ပါ ကျောင်းပြီးလို့ လေကြောင်းအလုပ်ကို လုပ်ကိုင်ဖို့ ရည်ရွယ် ထားတဲ့ကျောင်းသားဟောင်းပါ အခုအချိန်မှာ ကျွန်တော်တို့လို ကျောင်းသားဟောင်းနဲ့ ဆရာတွေ စုစည်းပြီးသုတေသနလုပ်တာ ဒုံးလက်နက်တင်ပြီး လူသတ်ဖို့မဟုတ်ပါ။ ကျွန်တော်တို့ဟာ အဖက်ဖက်က နိမ့်ကနေတော့ အိမ်နီးချင်းထိုင်းနဲ့ အိန္ဒိယက တော်တော်လေးနှိမ်ပါတယ် သူတို့ကြောင့် အခုမြန်မာနိုင်ငံဟာ မြေပုံအသေးစိတ်ထုတ်နိုင်ခြင်း မရှိသေးပါဘူး အခုလေယာဉ်အောင်မြင်ပြီးတဲ့အတွက် ယခုထက်ပိုကောင်းတဲ့ လေယာဉ်တွေထုတ်ပြီး ကောင်းကင်ဓါတ်ပုံနဲ့ မြေပုံထုတ်ယူဖို့၊ မုန်တိုင်းခံဒေသတွေမှာ အသက်ရှင်သူတွေကို ရှာဖွေဖို့ နဲ့ အခြားလူသားအချင်းချင်းအကြိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် အခုလက်ရှိ ရရှိခဲ့တဲ့ အောင်မြင်မှုလေးကို ပိုမိုကောင်းမွန်အောင် ၀ိုင်းဝန်းကူညီပေးပြီး အားပေးကြပါလို့ အနူးအညွန့် မေတ္တာရပ်ခံပါတယ်…

1:26 pm
February 10, 2012


awra-cho

Member

posts 4

4
0

တစ်ကယ်ဆိုရင် တော့ ဝမ်းသာစရာပါ၊ ထိုင်းတို့ အိန္ဒိယ တို့က မြန်မာ နယ်စပ် ရောက်ရင် သူတို့စက်ကို ပိတ်ပြီး မြန်မာဘက်ကို ပုံထုတ် မပေးတော့၊ နယ်စပ် တွေကို မြေပုံ ဆွဲမရ(မတိကျ) ဘူးဖြစ်နေတာ ..တဲ့။ ကိုယ့်ဟာနဲ့ ကိုယ်ဆိုတော့ ကောင်းတာ ပေါ့။ ကိုယ်ပိုင် ဂြိုလ်တု ရအောင်လုပ်ရအုံးမယ်( အစတော့ ဝယ်ရမှာပေါ့။ နောက်တော့ မှ အင်း …ဝယ်ရမှာ ပါပဲလေ။)

1:51 pm
February 10, 2012


manawphyulay

Member

posts 253

5
0

အင်း ၀ယ်နိုင်ရင်တော့အကောင်းဆုံးပဲပေါ့… ကိုယ့်ဟာနဲ့ကိုယ်ကျတော့ သူများ အောက်မကျတော့ဘူးပေါ့။

မနောဖြူလေး

http://www.manawphyu.net

5:31 pm
February 10, 2012


three colors

New Member

posts 2

6
0

အမှန်တကယ်ဆို လေကြောင်းအင်အားဟာ မရှိမဖြစ်ပါ၊ လူအင်အားများတဲ့သောင်းကျန်းသူနဲ့တိုက်တဲ့နာမည်ကြီးတိုက်ပွဲတွေ အားလုံး လေကြောင်းကူလို့မရှူံးခဲ့(သို့)ပြန်သိမ်းနိုင်ခဲ့တာချည်းပဲ။ဒါတောင်တဘက်က လေယာဉ်မရှိလို့ပေါ့၊ဒါကြောင့် စစ်ရေးအတွက်ပါ သုံးသင့်တယ်၊မြန်မာ-အင်္ဂလိပ်စစ်မှာမြန်မာ ရှူံးတာ လက်နက်ချင် မတူလို့ဆိုတာ မမေ့သင့်။

ရေတပ်အတွက် ဒေါ်လာသန်း၂၀၀-၃၀၀ တန်တဲ့စစ်သင်္ဘောကြီးဝယ်မလား၊သန်း၂၀-၃၀ တန်စစ်လေယာဉ် ၁၀စီး ဝယ်မလား၊

ဟိုကောင်က ပစ်မှတ်သေကြီးပဲ။

12:57 pm
February 13, 2012


ကောင်းမြတ်သူ

New Member

posts 2

7
0

ဒါမျိုးတကယ်လုပ်နိုင်တယ်ဆိုရင်တော့ R & D ကိုသေသေချာချာလုပ်ပြီး၊ လူငယ်တွေကိုလက်ဆင့်ကမ်းခေါ်သင့်တယ်။ ဒီကုန်ကျမှုတွေကိုတော့စစ်အသုံးစရိတ်ခေါင်းစဉ်ထဲမှကောင်းမယ်ထင်တယ်။ ဒါမျိုးနည်းပညာအရပ်ရပ် စနစ်တကျဖွံ့ဖြိုးလာအောင် ပြုစုပျိုးထောင်ပေးသင့်ပါတယ်။

2:15 pm
February 15, 2012


ရဲစည်

နတ်သရဲကျေးရွာ၊ ပျဉ်းမနားမြို့နယ်။

New Member

posts 2

8
0

မြန်မာနိုင်ငံမှာ နူကလီးယားနဲ့ သက်ဆိုင်တဲ့ကိစ္စတွေက လုပ်နေတာကြာပါပြီ။ဂျပန်ကအဓိက နည်းပညာကူညီပေးနေပါတယ်။လေကြောင်းရန် စနစ်ကိုတော့ ရုရှားနဲ့ တရုတ်လုပ် စက်ပစ္စည်းတွေ အပေါ် မြောက်ကိုရီးယားက နည်းပညာ အဓိက ကူညီပေးပါတယ်။တိုင်းပြည်တစ်ခုမှာ စစ်တပ်ရဲ့ အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ် လိုအပ်ပါတယ်။တလွဲဆံပင်ကောင်းတွေကြောင့် အများရဲ့အထင်အမြင်သေးခြင်းခံနေရတာပါ။တစ်ချိန်က လေကြောင်းရန်က ဗိုလ်ချုပ်ကြီးတစ်ယောက်က ( သူကလေ့ကျင့်ရေး အရာရှိချုပ်ရာထူးပါ ရထားသူ ) ခြေလျင်တပ်က စစ်သားတွေကို "မင်းတို့ကို ၃မိုင်မနားတမ်း ပြေးနိုင်ရမယ်၊ ၅မိုင်အပြင်းချီတက်နိုင်ရမယ်၊ တနေ့မိုင် ၃၀ခရီးသွားနိုင်ရမယ် ဆိုတဲ့ ဆောင်ပုဒ်တွေပေးထားရတာက အခြားနိုင်ငံတွေက ဒုံးကျည်တွေနဲ့ ပစ်လာခဲ့ရင် အချိန်တိုအတွင်း လျင်လျင်မြန်မြန် ရှောင်သွားနိုင်ဖို့ကွ" ဆိုပြီး မိန့်ဖူးပါတယ် အလွန်ရယ်ချင်စရာ ကောင်းပါတယ်။နောက်တခုကတော့ UAV တွေကို မြန်မာပြည်ရဲ့ ဘိန်းစိုက်ခင်းတွေပေါ်မှာ ထောက်လှမ်းမှုတွေ လုပ်ဖို့ အရင်ကတည်းက ထားထားပါတယ်။တရုတ်က သိပေမဲ့ ကြားဝင်မပြောပါဘူး အကြောင်းတော့ရှိပါလိမ့်မယ်။ပြည်တွင်းသောင်းကျန်းသူကို နှိုမ်နှင်းရာမှာ အခုနောက်ပိုင်းမှာ စစ်တပ်အနေနဲ့ လေကြောင်းအသုံးပြုခွင့်မရှိပါဘူး။

11:54 am
February 19, 2012


Foreign Resident

Member

posts 52

9
0

three colors said ;
" လူအင်အားများတဲ့သောင်းကျန်းသူနဲ့တိုက်တဲ့နာမည်ကြီးတိုက်ပွဲတွေ အားလုံး
လေကြောင်းကူလို့မရှူံးခဲ့ ( သို့ ) ပြန်သိမ်းနိုင်ခဲ့တာချည်းပဲ "

ရှက်ဖို့ ကောင်းလိုက်တာဗျာ ။ တိုးတိုး ပြောကြပါဗျ ။
နိုင်ငံတကာ ဥပဒေ အရ ၊ ပြည်တွင်းစစ်မှာ Fixed Wing Aircraft လေယာဉ်ပျံ
သုံးခွင့် မရှိဘူးဗျ ။ ရဟတ်ယာဉ် အထိပဲ သုံးခွင့်ရှိတယ် ။

ခင်ဗျားတို့ ပြောနေတာနှင့်ပဲ မြန်မာ့တပ်မတော် လည်း
ယုတ်မာ စုတ်ပဲ့တဲ့ လစ်ဗျား က ကဒါဖီ ရဲ့ တပ် နှင့် ဆင်လာပြီ ။
တိုးတိုး လုပ်ပါဗျ ၊ ဟုတ်သာ ဟုတ်စေ ၊ လူမသိစေနှင့်ဗျ ။ Laugh


About the The Mandalay Gazette-Myanmar/Burma News Media Forum Network Forum

Forum Timezone: Asia/Rangoon

Most Users Ever Online: 94

Currently Online: ရွှေအိမ်စည်
6 Guests

Currently Browsing this Topic:
1 Guest

Forum Stats:

Groups: 1
Forums: 10
Topics: 787
Posts: 4399

Membership:

There are 8400 Members

There is 1 Admin

Top Posters:

ရွှေအိမ်စည် – 1316
ပေါက်ဖော် – 377
ဆူး – 323
MaMa – 275
manawphyulay – 253
windtalker – 161

Administrators: kai (182 Posts)