padonmarSeptember 11, 20122min34122
“Are you sleeping!” ဆိုတဲ့ကလေးသီချင်းလေးကို Alarm sound လုပ်ထားတဲ့ Cellphone က Alarm မြည်သံနဲ့အတူ ကျော်ကျော် နိုးထလာပါတယ်။ ဒီနေ့ တနင်္ဂနွေနေ့ဖြစ်ပေမယ့် ခါတိုင်းလို 8 နာရီ 9 နာရီထိ အိပ်နေလို့မဖြစ်ပါဘူး။ ဒီနေ့ အန်တီ မေအေးဦး တို့ရဲ့ 2000 Group က ယဉ်ကျေးလိမ္မာသင်တန်းနဲ့ အခမဲ့ ဆေးစစ်၊ ဆေးကုပေးခြင်းကို ရွှေပြည်သာ “ မြိုင် ” သီလရှင် စာသင်တိုက်မှာ လုပ်ဖို့ရှိပါတယ်။ ကျော်ကျော်က အဒေါ်တွေ၊ အမတွေဆီကနေ ဒီအဖွဲ့လေး သတင်းကြားပြီး ကြုံကြိုက်ရင် လုပ်အားပေးဖို့ ရည်ရွယ်ခဲ့ပါတယ်။ အခုတိုက်တိုက်ဆိုင်ဆိုင် သူကျောင်းပိတ်ရက်နဲ့ သင်တန်းကြုံကြိုက်ပြီဖြစ်လို့ ဘယ်လို လုပ်အား ပေးရပါ့မလဲ စဉ်းစားရင်း ကြိုပို့တာဝန်ယူပေးဖို့ […]


VictorySeptember 10, 20121min25616
ကိုယ့်စာကိုတော့မနှမြောပါဘူး။ ဗစ်ထရီရေးပေးတဲ့ ကော်မန့်လေးကိုနှမြောတယ်ဆိုတဲ့အစ်မရဲ့ မြှားတစင်းဟာ ပစ်မှတ် ဗဟိုကို ထိသွားပါတယ်ဗျာ။ (ဪ ~~ဒါ့ကြောင့်လဲ ကျော်ကြားပေတာကိုး) အကုန်တော့ …သည်၊၏ မလွဲဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်ပြောထားတဲ့ မူရင်းအကြောင်းအရာတွေကတော့အဲဒီဟာတွေပါဘဲ။ နှလုံးသားထဲရောက်သွားတဲ့ စာတပုဒ်မလို့ စိတ်နှလုံးကလဲကိုယ်ရေးလိုက်တာပြန်မှတ်မိနေတာလို့ ဆိုပါရစေ။ ပြန်ပြီးရေးပေးလိုက်ပါတယ်။   လေးစားခင်မင်ရသောအစ်မဒေါက်တာပဒုမ္မ္မာခင်ဗျား သည်စာလေးကိုဖတ်လိုက်ရတဲ့အချိန်မှာ ပထမတော့ အခုလိုဘဲတွေးပါတယ်။ (စာအရ တကယ့်ဖြစ်ရပ်လို့ယူဆပေမဲ့ ဒီနေရာမှာဇာတ်လမ်းလို့ရေးပါရစေ) သည်စာဟာ လိုက်နာအပ်တဲ့လူတို့ရဲ့ကျင့်ဝတ်တွေနဲ့ ဇာတ်လမ်းဆင်ထားတယ်။ လိုအပ်လို့ဆုံးမစကားဆိုသူနှင့် ဆုံးမခြင်းကိုနာခံလွယ်သူ နဲ့ဇာတ်လမ်းဆင်ထားတယ်။ မိမိကျရာတာဝန်ကိုကျေပွန်တတ်တဲ့စိတ်နဲ့ ကျေးဇူးတရားကိုအသိအမှတ်ပြုတတ်သူကိုဇာတ်လမ်းဆင်ထားတယ်။ ကိုယ့်စေတနာကိုယ့်အကျိုးပေးဆိုတဲ့စကားလေးကို လက်တွေ့ကျကျဖော်ထုတ်ပြပြီးဇာတ်လမ်းဆင်ထားတယ်။ ပြီးတော့မှ သည်စာထဲမှာ တလုံးမှရေးမထားပါဘဲ ထင်ထင်ရှားရှားကြီးကိုမြင်လိုက်ရတဲ့ စကားတခွန်းရှိတာကိုသတိထားမိသွားတယ်။ အဲဒါကတော့ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ “မေတ္တာ” ပါဘဲ။ […]


Mလုလင္September 10, 20122min40930
ဒီရက်ပိုင်းကတော့ အများသိတဲ့ အတိုင်း ပဲ …. ဟူး ………… ဆိုပြီး သက်ပျင်းမော ချရပါတယ်။ ဒီလိုပဲ .. မိုးတွင်းကလဲ ဖြစ် မိုးကလဲ ကြီး သွားရေးလာရေး က အနည်းငယ် ခက်ခဲ ဆိုတော့ ကာ .. အရောင်းအဝယ်တွေက ပါး လူတွေက အိမ်မှာ နား နဲ့ Taxi သမားတွေတော့ ကောင်းကောင်း နားကား တော့တာ ပါပဲ ..။ ဒီလ ထဲ အားလပ်ရက် ရယ် လို့ မရှိလောက် အောင် အလုပ်များနေလို့ ပိုစ့် ကလဲ တင်ချင် ဆိုတော့ ပုံဟောင်း လေးတွေ ပြန်ရှာ ကြည့်ဖြစ်တယ်..။ ပုံတွေ ပြန်ကြည့်ရင်း . […]


htet waySeptember 10, 20121min41926
မိန်းမတောင်းပွဲ ထက်ဝေး ရဲခေါင် မျိုးတင့် ဆိုတာက အသက် ၅ဝလောက်ရှိတဲ့ လူပျိုကြီး တစ်ယောက်ပါ။ဘာကြောင့် ခုထိ အိမ်ထောင်မကျလည်းဆိုတော့စိတ်ကြိုက်မတွေ့ဘူးတဲ့။သို့သော်အိမ်ထောင်မကျဖူးဘူး ဆိုပေမယ့်ချစ်သူအိမ်ထောင်ဘက်ဆိုင်ရာတွေကျွမ်းကျင်နှံစပ်ပါပေတယ်။ဘယ်ကောင်မလေးကဘယ်လို၊ဘယ်အမျိုးသမီးကလမ်းလျှောက်ရင်မြန်လို့ဘာစိတ်ဓါတ်သူအကုန်ပြောနိုင်တယ် ပေါင်းတာကလည်းလူငယ်တွေချည်းပဲ။ တခုပြောချင်တာကထူးထူးခြားခြားသူကအရွယ်ညက်နေတယ်။အရွယ်တင်တာ မဟုတ်ဘူးညက်တာ။သေးသေးညက်ညက်လို ညက်တာတော့ မဟုတ်ဘူး ။သူ့မှာက ပန်းနာရှိတော့ လက်ပြင်ကုန်းတယ်။သူခါးမှာအမြဲတမ်းအသက်ရှုကြပ်ရင်ရှူတဲ့ဗူးကချိတ်ထားရတယ် ။ စကားနည်းနည်းများများပြောရင်ဘဲသံလိုအသက်ရှူသံပြင်းပြီးတရှပ်ရှပ်ဖြစ်လာတယ်။ ရွာသာယာသပြေတန်းမှာကဈေးဆိုင်ကြီးကြီးမားမားမရှိဘူး။တဆိုင်ထဲရှိတယ်ရှိတဲ့ ဆိုင်က တရုပ်သွေး စပ်တာတဲ့ကြင်ဝှက်တို့ဆိုင်ပါ။ကိုကြင်ဝှက်မှာသမီး(၃)ယောက်ရှိတယ်အငယ်ဆုံးကောင်မလေးကတော်တော်ချောတယ်။ရဲခေါင်မျိုးတင့်ဈေးသွားဝယ်တယ် ဆိုရင်တန်ဖိုးနည်းတာလေးတွေဆို ပိုက်ဆံမယူဘူး ။တရွာလုံးမှာ ဘယ်သူ့ကိုမှဖေါ်ဖေါ်ရွေရွေ မရှိတဲ့ ခင်မေဆိုတဲ့ တရုတ်မလေးက ရဲခေါင်မျိုးတင့်ဆို ထိုင်စကားပြောတယ်။မဆန်းပေဘူးလား။ “ခင်မေကငါ့ဆိုအရေးပေးတယ်ကွ” ခင်မေလား..အင်းအသက်ငယ်ပေမယ့်လူတန်းစားခွဲခြားဆက်ဆံတတ်တယ်ဒါခင်မေနဲ့ပတ်သက်လို့ရဲခေါင်မျိုးတင့်ကအမြဲတမ်းပြောတတ်တဲ့စကားပါ။အမျိုးသမီးတွေကို ကြည့်တာနဲ့တာ်တော်ခွဲခြားနိုင်တယ် ဆိုလို့လူငယ်တွေကလည်းသူ့ဆိုပေါင်းသင်းလို့တစ်ချို့ဆိုသူကဒီကောင်မလေးမကြိုက်နဲ့ပုံကြည့်တာနဲ့သိတယ်ရီးစားများထားတဲ့ပုံဆိုပြီးရဲခေါင်မျိုးတင့်ပြောလိုက်ရင်လူငယ်တွေကနောက်ဆုတ်တော့တာပဲ။သူကအဲ့ဒီလိုလူငယ်တွေပေါ်မှာဩဇာကြီးပါတယ်။ ခင်မေကိုလည်းရွာထဲကလူငယ်တွေကကြိတ်ပိုးနေကြတယ်။ဒါပေမယ့် တိုင်ပင်ဖို့ ရဲခေါင်မျိုးတင့်ကို မေးတိုင်းတွန့်ဆုတ်နေတယ်မပြောချင်ပြောချင်နဲ့ “ဒီကောင်မလေးကအချစ်တွေဘာတွေစိတ်ဝင်စားမှာမဟုတ်ဘူး” လို့ပဲပြောပြီးနုတ်ဆိတ်နေတတ်တယ်။ရဲခေါင်မျိုးတင့်တို့ကရွာမှာနည်းနည်းတော့လူရည်လယ်တယ်ဆိုရမယ်။သူ့အမျိုးတွေကပုသိမ်မြို့ကြီးမှာရှိတယ် အိမ်မဲမြို့ပေါ်မှာရှိတယ်။ မကြာခဏ မြို့ပေါ်ရောက်တယ် ။တခြားတော့မဟုတ်ဘူးရင်ကြပ်လာရင်မချိမဆန့်ဖြစ်လာရင်မြို့ဆေးခန်းပြေးရတယ်လေ။ ရဲခေါင်မျိုးတင့်တို့ကခေသူတော့မဟုတ်ဘူးဒီလောက်ကျန်းမာရေးကချို့ယွင်းနေတာတောင်ကိုကမ်းတို့ကိုရင်စည်တို့နဲ့တွေ့ရင်တစ်ခွက်တစ်ဖလာတာ့ချတတ်သေးတယ်။ တစ်နေ့မှာရွာထိပ် ထန်းရည် ဆိုင်မှာ ထိုင်ပြီးဝိုင်းဖွဲ့နေတုန်းအမြည်းကိစ္စလိုလာတယ်အနီးဆုံးကထန်းရည်နဲ့လိုက်တာ ပဲကြီးလှော်ပဲသွားကိုကြင်ဝှက်ဆိုင်ဆိုတော့အသက်ငယ်တဲ့ကိုရင်စည်ကပြေးဝယ်မယ်လုပ်တော့ရဲခေါင်မျိုးတင့်ကနေပါစေကိုယ်သွားမယ်တဲ့။ဒီလူကလမ်းပြင်းပြင်းလျှောက်ရင်တောင်မောနေတဲ့လူကသွားမယ်ဆိုတော့လူငယ်တွေကလည်းဝို်င်းတားကြတယ်။ဒါပေမယ့်မရဘူးကိုရဲခေါင်ကတော့ရအောင်သွား […]


မြန်မာ့ ရုပ်ရှင် အကယ်ဒမီပေးပွဲ နီးလာလျှင် ဘယ်မင်းသမီး တော့ ဘယ်ကားမှ ရမည် ။ ဘယ်မင်းသားတော့ ဘယ်ကားမှာကောင်းသည် ။ ဘယ်ဒါရိုက်တာ ကတော့ ဘယ်လိုအစွမ်းပြထားသည်နှင့် တစ်ကြိုတွေ ထွက်လာသည် ။ နိုင်ငံခြားက အကယ်ဒမီပေးပွဲမှာ တော့ ဘယ်သူတွေ ဘယ်ကားတွေတော့ ပဏာမ ရွေးချယ်တဲ့ ထဲပါသည်ဖြင့် သတင်းထုတ်ပြန်၏ ။ ထိုထို သော အရာများကို အားကျစွာ ကထူးဆန်းတစ်ယောက် မန်းဂေဇက်ချစ်သူများစာပေဆု (ဩဂုတ်လ – ၂၀၁၂ )ကို ဖောက်သည် ချလိုက်ပေပြီ ။ တကယ်တော့ အန်တီပဒုမ္မာလိုလည်း ဇတ်က မကတတ် ။ ဦးဆာမိလိုလည်း ပြဇာတ် မရေးတတ် ။ ဦးဦးပါလေရာလိုလည်း ချက်ကျကျ မပြောတတ်သော ကထူးဆန်းကို ဘယ်နယ့် […]


zaw winSeptember 10, 20121min961
ဒို့နိုင်ငံမှာ ခေတ်သစ်ပြောင်းခဲ့ပြီ ဒို့ရင်ထဲမှာ အတွေးအခေါ်တွေပြောင်းခဲ့ပြီ နှစ်ပေါင်းများစွာ ဟိုလူ့ကိုညာ ဒီလူ့ကိုညာ မိမိကိုယ်ညာ ညာခဲ့ပေါင်းလည်းများခဲ့ပြီ ဒို့နိုင်ငံလည်း မွဲပြာကျခဲ့ပြီ ကိုယ့်နိုင်ငံကိုတိုးတက်စေဖို့ မိမိကိုယ်မိမိမညာဘဲ ကြိုးစားကြပါစို့ အလုပ်လုပ်ကြပါစို့ သူငယ်ချင်း။ မင်းသုတ 21:00 PM 10.9.2012


            ကျွန်တော်တို့ ဝတ္ထုတပုဒ်ဖြစ်စေ စာတပုဒ်ဖြစ်စေ ဖတ်ကြသောအခါ တစ်ခါတစ်ရံ ဖတ်ပြီးခဲ့သော စာမျက်နှာများကို ပြန်လှန်ဖတ်ရှု့တတ်ပါသည်။ ထိုသို့ဖတ်ရှု့ခြင်းဖြင့် ရှေ့ကဖေါ်ပြခဲ့သော အကြောင်းအရာများနှင့် နောက်ပိုင်းတွင်ဖတ်ရှု့ရသောအကြောင်းအရာများ ဆက်စပ်မိပြီးလျှင် ရှေ့နောက်ညီ အမြီးအမောက်တည့်သော စာတပုဒ်အဖြစ် ပို၍အရသာရှိလာတတ်ပါသည်။ သို့ရာတွင် ဘဝ၏စာမျက်နှာများကို နောက်ကြောင်းပြန်ဖတ်ရာတွင်မူ တမျိုးတဖုံ ဖြစ်သွားတတ်ပါသည်။ ရှေ့နောက်မညီညွတ်သည်ကိုတွေ့ရသည့်အခါ အရသာပျက်သွားတတ်ပါသည်။ ထိုသို့ဖြစ်ခဲ့လျှင်လဲ မည်သို့မျှမတတ်နိုင်တော့ပါ..။ ရှေ့က ရေးခဲ့သည်များရော  နောက်မှ ရေးခဲ့သည်များပါ ကိုယ်တိုင်ရေးခဲ့ခြင်းဖြစ်ပါသည်..။ ရေးခဲ့ပြီးသားလဲ ဖြစ်နေပါတော့သည်..။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်ခန့်က ကျွန်တော်သည် တက္ကသိုလ်မှ ထွက်လာသည်မှာမကြာသေးသော၊ လူ့လောကဝန်းကျင်ထဲသို့ တိုးဝင်လှမ်းလျှောက်ကာစ အပျံသင်ငှက်တကောင်ပမာဖြစ်ပါသည်..။ တနေ့သောအခါတွင် လူကြုံထည့်ပေးလိုက်သည့် ပစ္စည်းအထုပ်တစ်ထုပ်ကိုလက်တွင်ဆွဲလျှက် ပစ္စည်းရှင်ညွှန်းဆိုလိုက်သည့် လိပ်စာကိုရှာနေပါသည်..။ ထိုအခိုက်တွင် ဆယ့်လေးငါးနှစ်အရွယ် မိန်းမငယ်လေးတယောက်ကိုတွေ့သဖြင့် […]


မျက်စိစွေတာကို ဟိုယခင်တုန်းကတော့ ခပ်ပေါ့ပေါ့သာ သဘောထားခဲ့ဖူးပါတယ်။ ကျွန်မ သမီးလေးမွေးတော့ ကလေးက မွေးရာပါ မဆိုစလောက်ကလေး မျက်စိစွေနေခဲ့တယ်။ အိမ်နီးပါးချင်းတွေက ကလေးကြီးလာရင် အလိုလိုပျောက်ကင်းသွားမယ်လို့ အားပေးခဲ့တာကတစ်ကြောင်း၊ နေတာက နယ်မြို့ကလေးဆိုတော့ မျက်စိအထူးကုဆရာဝန် မရှိတာကတစ်ကြောင်း၊ ပေါ့ဆတာကလည်းတစ်ကြောင်း၊ ဒီလိုနဲ့ ကလေး အသက် ငါးနှစ်ပြည့်ချိန်အထိ ဆရာဝန်မပြခဲ့မိပါဘူး။ စိတ်ကိုလှည့်စားဖို့အတွက်များ ဖန်တီးနေခဲ့သလား အောက်မေ့ရအောင် ကလေးမျက်စိဟာ တော်ကြာကောင်းသွားလိုက်၊ တော်ကြာစွေလိုက်နဲ့ အမျိုးမျိုးအထွေထွေ ဖြစ်နေခဲ့တယ်။ မျက်ခွံပေါ်ကနေ သံပုရာသီးနဲ့ လှိမ့်ပေးရတယ် ပြောကြလို့ နှစ်ပေါက်အောင် သံပုရာသီးနဲ့ လှိမ့်ပေးခဲ့တယ်။ မနက်မနက်ဆိုရင် မျက်စိလေ့ကျင့်ခန်းဆိုပြီး ကလေးကို မျက်လုံးကစားခိုင်းခဲ့တယ်။ ဘယ်လိုပဲလုပ်လုပ် ကလေးမျက်စိဟာ စွေချိန်ကြာမြင့်ခဲ့ပါပြီ။ ကလေးရဲ့ အဖွားက မနေနိုင်တော့ဘဲ ရန်ကုန်ကမျက်စိအထူးကုဆရာဝန်ပြဖို့ စုံစမ်းပြီး နယ်မှာနေတဲ့ ကျွန်မတို့ သားအမိသားအဖ သုံးယောက်ကိုလှမ်းခေါ်၊ […]


alinsettSeptember 10, 20121min45319
ကျွန်တော်.. ချစ်သော ရွာသူရွာသားများ.ကို… ကျွန်တော် ဝန်ခံစရာလေးတွေ.ရှိလာပါပြီ။ ကျွန်တော်..ဂေဇက် ထဲမှာ… စာတွေ ရေးခဲ့တဲ ့ကာလ တလျှောက်… ကျွန်တော်.ရေးတဲ ့ပိုစ်တိုင်းလိုလိုကို… ဖတ်ရှု ကြ / ဝေဖန် ဆွေးနွေးကြ / အကြံတွေ ပြုကြ နဲ ့… အင်မတန် စိုစိုပြေပြေ ရှိခဲ့ပါတယ် ။ အဲင်္ဒီလို…. ကျွန်တော့်ကို နွေးထွေးစွာကြိုဆိုပြီး.. အသိမှတ်ပြု.လက်ခံပေးကြလို ့လည်း…. ကျွန်တော်..စာတွေ ဆက်ရေးဖို ့/ အတွေးတွေ.ကို ဆက်တွေးဖို ့..အားအင်တွေ..ပြန်လည်ရရှိပါတယ် ။ ဒါကြောင့်..ဒီလို… ကျွန်တော့်အတွေးနဲ ့ အရေးတွေကို… ဖတ်ရှု./ ဝေဖန် / ဆွေးနွေး./ အကြံပေးကြ သူများ..အားလုံးကို.ကျွန်တော်က ချစ်ခင်လေးစားစွာ.. ကျေးဇူးတင်နေပါတယ်နော် ။ ____________________ ကျွန်တော်..အလင်းဆက် ဟာ […]


အဇဋာSeptember 10, 20121min2408
သမ္မတဦးသိန်းစိန်၏ ကက်ဘိနက်အဖွဲ့ အပြောင်းအလဲတွင် ဒေါ်မြတ်မြတ်အုန်းခင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဖြစ်လာရာ နှစ်ပေါင်းခြောက်ဆယ်ကျော်တွင် ပထမဆုံး ပြည်ထောင်စုအဆင့် အမျိုးသမီး ဝန်ကြီး ခန့်အပ်ခံရခြင်း ဖြစ်သည်။ ဩဂုတ်လ ၄ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က  အတည်ပြုပေးခဲ့သော ဝန်ကြီးနှင့် ဒုတိယစာရင်းအရ ယခင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သော ဒေါ်မြတ်မြတ်အုန်းခင်မှာ ရာထူးတိုးကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဖြစ်သွားသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်ကစ၍ ယနေ့အထိ ရေတွက်လျှင် အာဏာသိမ်း စစ်အစိုးရများ အပါအဝင် အစိုးရ ခုနှစ်ခုမြောက်ဖြစ်နေချိန်တွင် ဗဟိုအစိုးရတွင် အမျိုးသမီးဝန်ကြီး ရရှိသည်မှာ ယခုတစ်ကြိမ်သာ ဖြစ်သည်။ “မြန်မာနိုင်ငံရဲ့ သမိုင်းမှာ၊ ကျွန်တော်ကြုံခဲ့သလောက် အမြင့်ဆုံးအနေနဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် အဖြစ် ဒေါ်ခင်ကြည် ဖြစ်ဖူးတာပဲရှိတယ်၊ ဒိအပြင်တော့ […]


ခင္ခSeptember 10, 20121min41125
အရက်သောက်ခြင်း နဲ့ ကျန်းမာရေး ရှု့ထောင့်။ xxx စိတ်ညစ်လို့ အရက်ကိုသောက်တယ် xxx အရက်သောက်တော့ စိတ်ပိုညစ်တယ် xxx အကြောင်းရှာတော့ xxx ခေါင်းမှာ ချာ ချာ လည် xxxx တစ်ခုဘဲသိတယ် xxxx လောကကြီးမှာ xxx ပိုက်ဆံမရှိရင် အော့ အေ့ xxx မျက်နှာငယ် xxxx ဂုဏ် ဂုဏ် ဂုဏ် xxx ဂုဏ်ဆိုတာငွေကိုခေါ်တယ် xxx ငွေကိုသာရေလိုသုံးရင် တပြည်လုံးမှာ လုပ်သမျှတင့်တယ် ——————။ ဒီနေ့ ခင်ခတစ်ယောက် မနက်နိုးထလို့ မျက်နှာလေးသစ်ပြီး အိမ်ရှေ့တံခါးဖွင့်လိုက်တာနဲ့ မနက်စောစောစီးစီး အခြေအနေမှန်နေတဲ့ အရက်အမူးသမားနှစ်ယောက် အိမ်ရှေ့လမ်းပေါ်က ဖြတ်လျှောက်သွားရင်း ဆိုသွားတဲ့ သီချင်းလေးကိုကြားလိုက်ရတာလေ။ အဲဒီမှာဘဲ အတွေးရလာပြီး တိုလီမိုလီစာပေစုထဲက သိချင်တာလေးတွေ ရှာရတာပေါ့။ […]


zipper johnSeptember 10, 20126min1171
Unless Apple has constructed a separate iPhone 5 model for Sprint’s 4G, the odds are that Sprint won’t have the iPhone until the iPhone 6. That’s not the news which Sprint users want to hear, but it’s the sobering reality of carrier and network politics. And that’s nothing compared to what T-Mobile users are facing. […]


kaiSeptember 10, 20121min93895
ရွာသူားများခင်ဗျား.. ပို့စ်ရေး.. ပုံတင်..ကော်မန့်ရေး.. စတာတွေမှာ ပြဿနာတွေရှိပါရင်.. အောက်မှာကော်မန့်နဲ့ ရေးစေလိုပါတယ်..။ သိသူတွေကလည်း.. ဖြေပေးသွားကြပါနော.. ကူညီကြပါခင်ဗျား..